Monday, July 11, 2022

တိုင်းပြည်အနာဂါတ် ရဲ့ မျှော်လင့်ချက် (8)



      သိုက်နန်းရှင်တို့ လက်စားချေပွဲဟာ အင်းစိန်ထောင်ထဲအထိ လိုက်လာလေပြီ ။
ကိုကျော်ဝင်းဟာ နှလုံးဖောက်စပြုလာပါပြီ ။ ဒါဟာ သိုက်ကဆုံးမခြင်း အစဆိုပြီး ယုံကြည်ထားတဲ့ ကိုကျော်ဝင်းဟာ ဦးအေးချိုကို မှာခဲ့ပါတယ် ။ သူသေဆုံးခဲ့ရင် နိုင်ငံခြားဘဏ်ရှိ သူပိုင် ငွေကြေးတွေကို နိုင်ငံတော်သို့ လွှဲအပ်ပေးဖို့ ဖြစ်ပါတယ် ။ 

          သူတွက်ဆထားသလိုပဲ 7-6-2008 မှာ ဦးကျော်ဝင်းဟာ ရုတ်တရက် နှလုံးခုန် ပုံမှန်မဟုတ်တော့ပဲ ဖောက်လာလို့ ထောင်ဆေးရုံသို့ ပို့ဆောင်ရပါပြီ ။ 15-6-2008 မှာ ကိုကျော်ဝင်းတယောက် သူဇနီးလောင်း နော်လေးဖော ရှိရာ အရပ်ဆီသို့ လိုက်ပါသွားရပါပြီ ။ 

           ကိုကျော်ဝင်းရဲ့ စျာပနကို ဦးအေးချိုရဲ့ သား ကိုစိန်အောင်မှ ကောင်းမွန်စွာ စီမံပြုလုပ်ပေးခဲ့ပါတယ် ။ 

     ထောင်ထဲမှာ တယောက်ထဲ ကျန်ခဲ့တဲ့ဦးအေးချိုကလည်း သူ့ကိုလည်း သိုက်ကဒဏ်ခတ်တော့မယ်ဆိုတာ သိရှိထားလို့ 22-6-2008 မှာ သူ့သား ကိုစိန်အောင်ထောင်ဝင်စာ လာတွေ့ချိန်မှာ ပြည့်စုံရှည်လျှားစွာ အမှာစကား ပြောပါတယ် ။ 

         သူ့သားအား ပြစ်ဒဏ်မကျစေလိုကြောင်း ဦးစွာပြောပါတယ် ။ နောက် ထိုငွေကြေးများနဲ့ ပတ်သပ်တဲ့ ကိစ္စတွေကို ဆက်မလုပ်တော့ရန် မှာကြားပါတယ် ။ 

      အသက်ရှင်သန်ရေးအတွက် လုံခြုံစွာနေထိုင်ရန် နဲ့ အချိန်ကျလာလျှင် ထိုငွေများအား နိုင်ငံတော်သို့ အားလုံးအပ်နှံ၍ နိုင်ငံတော်မှပေးမည့် ဆုကြေး နှင့် သူကောင်းပြုမှုကိုသာ သန့်ရှင်းစွာ ရယူရန် မှာကြားပါတယ် ။ 

     ကိုကျော်ဝင်း နဲ့ သူ့အတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးရန် မှာကြားပါတယ် ။ အရေးကြီးတဲ့ ဘဏ်များနဲ့ ပါတ်သပ်တဲ့ စာချုပ်စာတမ်းတွေ ဘယ်မှာ ရှိတယ်ဆိုတာကို ပြောမသွားပါဘူး ။ အချိန်တန်ရင် ရောက်လာမယ်လိမ့်မယ်ဆိုပြီး ထူးဆန်းစွာ ပြောသွားပါတယ် ။ 

        တိုက်ဆိုင်စွာပဲ နောက် တရက်ခြား 24-6-2008 မှာ ဦးအေးချိုလည်း အဆုတ် နဲ့ နှလုံး ဖောက်လာလို့ အင်းစိန်ထောင်ဆေးရုံမှာ ရုတ်တရက် ဆုံးပါးသွားရပါတယ် ။ 

      ကိုစိန်အောင်တယောက်လည်း အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဘယ်မှာလည်းဆိုတာ ပြောမသွားပဲ ဖခင် ဦးအေးချို သေဆုံးပြီးသွားတော့ အူကြောင်ကြောင်တော့ ဖြစ်သွားရမှာပါပဲ ။ 

       သို့သော် သူ့ဖခင် ပြောခဲ့တာ မှန်ကန်ကြောင်း လ အနည်းငယ်အကြာမှာ သူသိခဲ့ရပါတယ် ။ စာရွက်စာတမ်းတွေ သိမ်းဆည်းထားခဲ့တဲ့ ဦးအေးချို မိတ်ဆွေ ဦးရန်နိုင်ထွန်းက သူ့လူယုံ ဦးအောင်ခူး ရဲ့ ဇနီးထံမှ တဆင့် ကိုစိန်အောင် ဆီကို မူရင်းစာရွက်တွေ ပြသအပ်နှံခဲ့ပါတယ် ။ 

        အဲဒီ စါရွက်တွေ ရလာတော့ ကြံရာမရတဲ့ ကိုစိန်အောင်ဟာ စာရွက်စာတမ်းတွေ ယူပြီး ဦးအောင်ခူး ၊ ကိုမင်းဇော်တို့ နဲ့ အတူ 6-1-2009 မှာ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုကြည်ထံ သွားရောက်တွေ့ဆုံပြီး အကူညီတောင်းခံခဲ့ကြပါတယ် ။ 

     အဲဒီလို နဲ့ ဦးအေးချိုသား ကိုစိန်အောင်တယောက် ဘဏ်စာရင်းစာချုပ်တွေနဲ့ ရွာလည်နေရသလို အိန္ဒိယမှာ ရှိတဲ့ ဦးရွှေခိုင်လည်း ဦးအေးချို သေဆုံးသွားလို့ ရွာလည်ရပြန်ပါတယ် ။ 

         Rezerve Bank of India ဘဏ်ကြီးမှာ USD 65 ဘီလီယံကို ဦးရွှေခိုင်ရဲ့ အမည်ပေါက် လွှဲအပ်ထားတာ မှန်ပေမယ့် ထပ်ဆင့်လက်မှတ် ထိုးပေးရမယ့် အဆင့်အတွက် ဦးအေးချို သေဆုံးသွားလို့ သူ့လက်မှတ်မပါလို့ ဦးရွှေခိုင် ငွေထုတ်မရ ဖြစ်နေပြန်ပါပြီ ။ 

       ဒီလိုနဲ့ မြန်မာနိုင်ငံမှာလည်း ဦးသိန်းစိန်အစိုးရ တက်လာရပါပြီ ။ ဦးရွှေခိုင်ကတော့ ငွေထုတ်ရရေးအတွက် အိန္ဒိယရဲ့ နာမည်ကျော် TA TA ကုမ္ပဏီ နဲ့ ချိတ်ဆက်ပြန်ပါတယ် ။ 

      TA  TA က ငွေရှိမရှိ စုံစမ်းကြည့်တော့ ရှိကြောင်းသိသွားပါတယ် ။ ဒီတော့ သူတို့က ညှိနှိုင်းပါတယ် ။ ဘဏ်မှ ငွေများထုတ်ယူရရှိခဲ့လျှင် 

၁ ။ USD 19 ဘီလီယံအား အိန္ဒိယနိုင်ငံအတွင်း ရင်နှီးမြှပ်နှံရမည် ၊

၂ ။ USD  13 ဘီလီယံအား TA TA မှာ မြှပ်နှံရမည်လို့ ကတိတောင်းပါတယ် ။ 

    အဲဒီအချိန်မှာပဲ ဦးရွှေခိုင်ရဲ့ မိတ်ဆွေ ဦးချစ်အုန်း ဆိုသူဟာ အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဓျစ်ဂန္ဒီရဲ့ ဇနီး မစ္စဆိုနီယာဂန္ဒီ နဲ့ အဆက်အသွယ် ရရှိခဲ့ပါတယ် ။ 

    အိန္ဒိယအစိုးရဟာ အထက်ပါ သဘောတူညီထားတဲ့ အချက် ၂ ချက်အရ  USD 19 ဘီလီယံ ရင်းနှီးမြှပ်မှာ ဖြစ်တဲ့အတွက် ဦးရွှေခိုင်ရဲ့ မိတ်ဆွေ ဦးချစ်အုံးကိုပင် တလေးတစား နဲ့ ကတ်ဘိနက်သို့ မဖြစ်မနေ အလည်လာရန် ဖိတ်ခေါ်ခဲ့ပါတယ် ။ 

       အဲလိုနဲ့ ဦးရွှေခိုင်ဟာ ငွေထုတ်မယ့် နောက်ဆုံးအဆင့်ကို ရောက်ရှိလာပါပြီ ။ ဘဏ်က နောက်ဆုံးတောင်းဆိုတဲ့ အချက်ကတော့ ဦးအေးချိုရဲ့ မျိုးဗီဇ (DNA) တူညီသော သား သမီးအရင်း ကိုယ်တိုင် DNA စစ်ဆေးခံရန် နဲ့ မြန်မာနိုင်ငံတော်သမ္မတ၏ ထောက်ခံချက်ပါလျှင် ထုတ်ယူခွင့်ပေးမယ် လို့ အကြောင်းပြန်လိုက်ရာ ဦးရွှေခိုင်တယောက် အခြေအနေမကောင်းတော့ပဲ နောက်ပြန်ဆုတ်ခဲ့ရပါတယ် ။ 

       ဦးရွှေခိုင်တယောက် ဒုက္ခရောက်နေသလိုပဲ ဒေါ်အေမီဝင်းလည်း ဒုက္ခရောက်နေပါတယ် ။ ဒါပေမယ့် တရားရုံးချုပ်ရှေ့နေဖြစ်သူ ဒေါ်အေမီဝင်းဟာ 28-1-2012 မှာ အမွေဆက်ခံရန်လျှောက်ထားသည့် စာချုပ်စာတမ်းသက်သေခံတခုကို ရှေ့နေဦးလှဝင်းထံမှ ရယူပါတယ် ။ 

     အဲဒီနောက် 25-8-2012 မှာ ဆွစ်ဘဏ်ဆီသို့ ငွေစာရင်းအမှတ် ( Account Number - AF 52 EE 52 - 134 D -4399-A01E-2B83547CA671) ဖြင့် ငွေထုတ်ပေးရန် စာဖြင့်ရေးသားညွှန်ကြားသော (Order) တစောင်ကို ဆွစ်ဘဏ်သို့ အီးမေးပို့လိုက်ပါတယ် ။ 

     ဆွစ်ဘဏ်က ငွေစာရင်း အမှတ်စဉ်အား စစ်ဆေးကြည့်ရာ မှန်ကန်ကြောင်း နဲ့ ငွေသားများလည်း ရှိနေကြောင်း အကြောင်းပြန်ပါတယ် ။ ဘဏ်ရဲ့ အကျိုးဆောင်ခ ပေးသွင်းရန် နဲ့ ........?

         ကို​ရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...