Monday, July 11, 2022

တိုင်းပြည်အနာဂါတ်ရဲ့ မျှော်လင့်ချက် (12)



         နောက်တက်လာတဲ့ သမ္မတဦးဝင်း​မြင့်ထံ ထပ်မံတင်ပြပြီး ဆက်လက်ကြိုးစားဖို့ ဆွေးနွေးကြရာမှာ ဦးအေးချိုရဲ့ သားက သူ့အဖေ မကြာခဏ လာပြီး နှိုးဆော်နေခြင်း နဲ့  22-2-2013 ရက်တုန်းက အဖြစ်အပျက်ကို ပြန်ပြောပြပါတယ် ။ 

          22-2-2013 မနက်မှာ ဦးသိန်းစိန်ဆီကို စာတွေတင်ပြီးတော့ သူ့နောက်ကို သူ့အဖေတပည့် ×××××လိုက်လာတယ်လို့ သတင်းရပါတယ် ။ 

      အဲဒီ ဦးအေးချိုတပည့် ဦး××××က နိုင်ငံတေယ်ကို ငွေတွေအပ်မယ်ဆိုခြင်းအား ကန့်ကွက်နေသူ ဖြစ်ပါတယ် ။ ဦးအေးချိုက သူ့အတွက်လည်း ပေးဝေထားဟန် ရှိပါတယ် ။ အဲဒါကြောင့် ကန့်ကွက်တားဆီးဖို့ သူ့မိတ်ဆွေ လင်မယား နှစ်ယောက်ရယ် ကားဒရိုင်ဘာ ရယ် လေးယောက်သား ရန်ကုန်ကနေ နေပြည်တော်ကို အမြန်လိုက်လာပါတယ် ။ 

       သူ့တို့နဲ့ မတွေ့ချင်တဲ့ ကိုစိန်အောင်က နေ့လည်မှာ ပြန်လာပါတယ် ။ ညနေ ၆ နာရီမှာ အမြန်လမ်းကနေ နေပြည်တော် အဝင် လမ်းခွဲကို အရောက် ဒရိုင်ဘာက ကားကို ရုတ်တရုတ် ဘရိတ်ဆောင့် အုပ်လိုက်တယ် ။ 

       ဒရိုင်ဘာဘေးက ဦး×××××ဟာ ရုတ်တရက် ထိုးရပ်သွားတဲ့ ကားပေါ်မှာ ရှေ့ကို ငိုက်ကျသွားရမယ့် အစား လည်ပင်းကို တစုံတဦးက နောက်လှန် ချိုးလိုက်သလို လည်ပင်ရိုးကျိုးပြီး လန်ကျသွားပါတယ် ။ 

     ဒရိုင်ဘာရဲ့ နှုတ်ကနေ သူ့လေသံ မဟုတ်ပဲ အင်မတန်ခြောက်ခြားဖွယ် ကောင်းတဲ့ အေးစက်တင်းမာခက်ထန်နေတဲ့ လေသံနဲ့ 

. "မင်း....အဲဒီလောက်လောဘ မကြီးနဲ့,မင်းကိုမသတ်ချင်လို့ပညာ
ပဲပေးလိုက်တာ"

       အဖော်ပါလာတဲ့ လင်မယားလည်း အလွန်ကြောက်သွားပြီး နေပြည်တော် မသွားရဲတော့ပဲ နီးစပ်ရာ ဆေးရုံမှာ ဝင်ကုသကြပါတယ် ။ မသေဖူးလို့ သိရပါတယ် ။ 

      အဲဒါ သူ့အဖေလက်ချက်လို့ ကိုစိန်အောင်က ပြောပါတယ် ။ ဒီတော့ သူ့အဖေ ဆန္ဒအတိုင်း သမ္မတအသစ်နဲ့ ဆက်ကြိုးစားကြပြန်တယ် ။ 

      30-3-2018 တွင် သမ္မတကြီး ဦးဝင်းမြင့်ထံ လွှဲပြောင်းလိပ်မူ၍ တင်ပြခဲ့သော်လည်း အကြောင်းမပြန်သဖြင့် 30-3-2018 တွင် သမ္မတကြီး၏ facebook messenger မှ တဆင့် ထပ်မံတင်ပြသော်လည်း ဆက်သွယ်လုပ်ဆောင်ခြင်း မရှိတော့ပါဖူး ။

        အဲဒါ နောက်ဆုံးသတင်းပဲ ဖြစ်ပါတယ် ။ သေချာတာကတော့ ဒီငွေတွေကို NLD အစိုးရ ထုတ်ယူလို့ အရသေးပါဘူး ။ ဘဏ်စာရွက်စာတမ်း မူရင်းတွေဟာ ယခုတိုင် ရှိနေလို့ ပိုင်ရှင်မပါပဲ မထုတ်ယူနိုင်ပါဘူး ။ 

         ယခုရေးနေသော ဖြစ်ရပ်များအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ တင်ပြတောင်းဆိုမည် ဆိုပါလျှင် တိုက်ရိုက်တွေ့ဆုံနိုင်အောင် စီစဥ်ပေးပါမည်ဟူသော မိတ်ဆွေများ ကိုလည်း ကျေးဇူးတင်ပါတယ် ။ 

       ယခင်ကြိုးစားခဲ့ကြသော ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ထားပါတယ် ။ အားလုံးအဆင်ပြေသော အချိန်တွင် တွေ့ဆုံတင်ပြနိုင်ရန် ချိတ်ဆက်ကြိုးစားသွားပါ့မယ် ။

     အဓိက ကျတဲ့ တားမြစ်မှုမှာ အမေရိကန် နှင့် ဥရောပသမဂ္ဂတို့ လက်ချက်ဖြစ်ပါတယ် ။ တပ်ချုပ်ကြီးအနေနဲ့ ရုရှား နဲ့ တရုတ် တို့ရဲ့ ပံ့ပိုးမှုနှင့် ကြိုးစားလျှင် ရနိုင်ခြေ ရှိပါတယ် ။ မိမိနှင့် အတူ အခိုင်အမာ ရပ်နေတာက ပိုင်ရှင် နိုင်ငံ အစစ် ဆိုတဲ့ အချက်ကြောင့် တနေ့ နေ့ ရကို ရလိမ့်မယ်လို့ ယုံကြည် မိပါတယ် ။ 

       ဒီနေရာမှာ ကျနော့်မိတ်ဆွေသစ်တွေ နားမလည်းနိုင်သေးတဲ့ အကန်ပတ္တမြားရဲ့ သဘောကို အမြည်းသဘော ပြောချင်ပါတယ် ။ 

     မြတ်စွာဘုရားက ပတ္တမြားအကြောင်း ဟောပြောရာမှာ လူ့ပြည်က ပတ္တမြားထက် ၊ နဂါးပြည်က ပတ္တမြားက ပိုကောင်း၏ ၊ နဂါးပြည်က ပတ္တမြားထက် စကြ်ာဝတေးမင်းရဲ့ ပတ္တမြားက ပိုကောင်း၏ လို့ ဆိုခဲ့ဖူးပါတယ် ။

     ယခု အကန်ပတ္တမြားသည် တွင်းထွက်ပစ္စည်း မဟုတ်ပဲ အင်မတန်ကြီးမားသော သက်တော်ရှည်မြွေကြီးများ၏ ဦးခေါင်းတွင်း ၌ တွေ့ရသော ပစ္စည်းလို့ မှတ်သားဖူးပါတယ် ။ အမာဆင့် 9.9 အထိ စိန်အဆင့်ဖြစ်နေသော ပတ္တမြားဟာ ဘုရားဟောခဲ့တဲ့ နဂါးပြည်က ပတ္တမြားဆိုတဲ့ သဘောနဲ့ သက်တော်ရှည် မြွေကြီးတွေကို ချိတ်ဆက် တွေးတောကြည့်ရင် သဘာဝ ကျ မကျ ချင့်ချိန် နိုင်ပါလိမ့်မယ် ။ 

       မြွေခေါင်းထဲမှာ အစိုင်အခဲ မရှိဖူးလို့ ငြင်းလိုပါက ယနေ့ မဟူရာကျောက်ကဲ့သို့ နက်မှောင်နေသော ရတနာတန်းဝင် ပစ္စည်းအား တောကြီးမြွေဟောက်တို့၏ ဦးခေါင်းတွင်းမှ မကြာခဏ ရရှိပြီး အရောင်းအဝယ်လုပ်နေကြခြင်းအား ဂူးဂဲလ်မှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ် ။ 

          စိတ်ရှည်စွာ ဖတ်ရှုခဲ့သူအပေါင်း ယုံကြည်ခြင်း မယုံကြည်ခြင်း အပေါ် မိမိ အသိဥာဏ်နှင့် သုံးသပ်နိုင်ပါပြီ ။ ယခုဖြစ်စဥ်အားလုံးဟာ ဦးသိန်းစိန်ရဲ့ ဝန်ကြီးတွေ သိထားကြသလို နာမည်ကျော် ဦးစိုးမောင် ကိုယ်တိုင် တရားဥပဒေနဲ့ ပါတ်သက်ပြီး အကြံပေး လမ်းညွှန်ခဲ့ကြောင်း ၊ စုံစမ်းနိုင်ပါကြောင်း နိဂုံးချုပ် ပြောကြားလိုက်ပါရစေ ဗျာ ။ 

          ဖတ်ရှုသူအပေါင်း ချမ်းမြေ့ကြပါစေ ။ 

         ကို​ရွှေမျိုးဝင်း

(ကျနော့်ရဲ့ ရေးသား တင်ပြမှုကို မကြိုက်နှစ်သက်သူများ မူရင်းပို့စ်ကို လေ့လာနိုင်ကြဖို့ ပူးတွဲ ပြသထားပါတယ် ၊ ကျနော်ကတော့ ကျနော့်မူအရ အကောင်းဆုံးကြိုးစား ပြီး အရှင်းဆုံး ဖြစ်အောင် အားထုတ်ခဲ့ခြင်း ဖြစ်ပါတယ် ။)

      မူရင်းလင့်

https://m.facebook.com/story.php?story_fbid=2279106192407625&id=100009247984867

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...