Monday, July 11, 2022

တိုင်းပြည်အနာဂါတ် ရဲ့ မျှော်လင့်ချက် (4)



       နော်လေးဖောက ဓာတ်ပုံတွေက ဦးအေးချိုရဲ့ မိတ်ဆွေ ကိုကျော်ဝင်းကို လက်ညှိုးထိုးပြပြီး ဒီလူဟာ သူမရဲ့ ဘဝဟောင်းက ယောကျာ်းဖြစ်ကြောင်း ဒါကြောင့် ဒီလူနဲ့ လက်ထက်မယ်လို့ ရုတ်တရက် ပြောလိုက်ပါတယ် ။ 

       အလွန်အံ့သြသွားရတဲ့ ဦးအေးချိုလည်း 26-12-1998 မှာ ပြန်လာပြီး သူ့မိတ်ဆွေ ကိုကျော်ဝင်းကို အကျိုးအကြောင်း ပြောလိုက်ပါတယ် ။

       ကာယကံရှင် ကိုကျော်ဝင်းကတော့ အရမ်းကြီး အံ့သြနေတဲ့ လက္ခဏာမပြပါဘူး ။ ဦးအေးချိုက ကိုကျော်ဝင်းရဲ့  ဆန္ဒကို မေးတော့ 

"ဒီကိစ္စကို   ကျနော်သိပြီးသား 1995 ကတည်းက နော်လေးဖော နာမည် ကြားလိုက်ရတော့ ဆရာတွေ( ကိုကျော်ဝင်းကိုးကွယ်တဲ့ ဘိုးတော်)တွေက ပြောထားပါတယ် ။ ကျနော်မယားဟောင်း တနေ့ သူမနဲ့ လက်ထက်ရမယ်ဆိုတာ ပြောခဲ့လို့ ကျနော်မငြင်းပါဘူး လက်ထက်ပါ့မယ်"

       ကိုကျော်ဝင်းဆီက အဖြေကြားရတော့ ဦးအေးချိုလည်း စိတ်ချမ်းသာသွားရပါပြီ ။ ဒါနဲ့ နောလေးဖောထံ သတင်းကောင်း ပြန်ကြားလိုက်ပါတယ် ။ နော်လေးဖောကတော့ ရှင်းတယ် ခင်ဗျ သတင်းစကားလည်း ကြားပြီးရော လက်ကျန် ဆွေမျိုးတွေကို ချက်ခြင်း အသိပေးပြီး လက်ထက်ဖို့ စီစဉ်ပါတယ် ။ 

        29-12-1998 မှာ လက်ထက်မယ်ဆိုပြီး အားချင်း စီမံပါတော့တယ် ။ အတော်မလွယ်တဲ့ ကရင်မပဲ ဗျ ။ ဦးအေးချိုတို့ ဦးဥာဏ်ထွန်းတို့က နေပါအုံး 5-1-1999 မှာ ငွေထုတ်ယူပြီး 14-1-1999 မှ ထက်ထပ်ပါလို့ အတင်းတားယူရသတဲ့ ။(လူပျိုကြီးတွေ အားနာတယ် ဗျာ 😁😁😁)

       ကိုကျော်ဝင်းလည်း မိဘဆွေမျိုးတွေကို အကြောင်းကြားခွင့်တောင်းလုပ်ထားရပါပြီ ။ 5-1-1999 မှာ ငွေထုတ်ဖို့ စီစဉ်ထားပေမယ့် ဒလ စီမံကိန်းအတွက် MICB ကို USD 5 သန်း အရင်သွင်းပါဆိုလို့ 7-1-1999 မှာ သွင်းခဲ့ကြပြီး ကုမ္ပဏီ ဖွဲ့စည်းပုံ ပြင်ဆင်ခဲ့ကြပါတယ် ။ 

         10-1-1999 မှာ နော်လေးဖောရဲ့ အိမ်မှာ သူမရဲ့ ကရင်ရွာက အုပ်ထိမ်းသူများ နဲ့ ဦးအေးချို ၊ ဦးဥာဏ်ထွန်း တို့နဲ့အတူ သတို့သားလောင်း ကိုကျော်ဝင်းကို တွေ့ဆုံကြပါတယ် ။ ကရင်တွေရဲ့ ရိုးရာပညာနဲ့ ကိုကျော်ဝင်းကို စစ်ဆေးပြီး သဘောတူကြောင်း ပြောကြပါတယ် ။ 

       ကိုကျော်ဝင်း နဲ့ နော်လေးဖောအတွက် အမွှေဝေစုလည်း ပေးကြပါတယ် ။ ကိုကျော်ဝင်းက သတို့သမီး နော်လေးဖောအား တွေ့ခွင့်တောင်းရာ အချိန်မကျသေးလို့ တွေ့ခွင့်မပြုသေးကြောင်း ပြောကြပါတယ် ။ 

      16-1-1999 မှာ တန်ဖိုးကြီး ပတ္တမြားကြီးနဲ့ ပတ်သပ်ပြီး နိုင်ငံတော်မှ ဦးအေးချို နဲ့ ဦးဥာဏ်ထွန်းတို့ကို ခေါ်ယူ မေးမြန်းပြီး ပြသနာများ ရှင်းလင်းပြီး ဖြစ်သဖြင့် ခွင့်ပြုခဲ့ပါတယ် ။ 

        17-1-1999 မှာ နောလေးဖောရဲ့ အမျိုးတွေ ပြန်သွားကြပါတယ် ။ ရွာနားက တောထဲရှိ နတ်ကွန်းကို ပြန်လည်ပြင်ဆင်ရမယ်လို့ ပြောသွားကြပါတယ် ။ 

      ထူးဆန်းစွာပဲ 22-1-1999 မှာ နတ်နန်းဆောက်နေရင်း နောလေးဖောရဲ့ ဘကြီး ဦးစီပီတန်းဟာ သေဆုံးခဲ့ရပြန်ပါတယ် ။ 

      26-1-1999 မှာ နော်လေးဖော နဲ့ ဖဒိုအောင်ဆန်းတို့ ရောက်လာပြီး 27-1-1999 မှာ 

- နိုင်ငံတော် တာဝန်ရှိသူများ 

- နော်လေးဖော ၊ ဖဒိုအောင်ဆန်း ၊ ကရင်အဖွဲ့

- ဦးဥာဏ်ထွန်း ၊ ဦးအေးချို

- ဒေါ်စန္ဒာဝင်း ၊ ဦးကျော်ထင်ရဲ့သမီး

    လူစုံတက်စုံ ဆွေးနွေးကြပါတယ် ။ ဦးဥာဏ်ထွန်း နဲ့ နော်လေးဖောတို့ စကားများကြပေမယ့် ညှိနှိုင်းပေးကြလို့ အဆင်ပြေသွားပါတယ် ။ 

       28-1-1999 မှာ ဦးဥာဏ်ထွန်းက ကိုကျော်ဝင်း နဲ့ နော်လေးဖော ထက်မထပ်ဖို့ တားမြစ်ပါတယ် ။ အကယ်၍ လက်ထပ်ခဲ့လျှင် ရန်ကုန် RH ကုမ္ပမှာဏီမှာပဲ နေရမယ်လို့ တောင်းဆိုပါတယ် ။ 

      30 - 1 - 1999ဒီကိစ္စနဲ့ပတ်သပ်ပြီး ကိုကျော်ဝင်းက သု့မိတ်ဆွေရင်း ဦးအေးချိုကို  ပြောခဲ့ပါတယ် ။ 

"ကိုအေးချိုရေ ဦးဥာဏ်ထွန်းက နော်လေးဖော နဲ့ ကျနော့်ကိစ္စကို ကန့်ကွက်နေတယ် ။ ကျနော်နဲ့သူက ငွေအတွက် လက်ထပ်တာ မဟုတ်ပါဖူး ကရင်ပြည်နယ်မှာ သာသနာပြုနိုင်ကြဖို့ လက်ထပ်တာပါ သူဆက်ပြီး တားနေရင် မမြင်နိုင်တဲ့ ဘေးဒုက္ခတွေနဲ့ သူကြုံရလိမ့်မယ် သတိပေးလိုက်ပါအုံး ဗျာ "

        အဲလိုပြောပြီး နောက်ရက် 31-1-1999 မှာပဲ နော်လေးဖောက ကိုကျော်ဝင်းကို ကုမ္ပဏီက ထုတ်လိုက်ပါ ။ သူမနဲ့ လက်ထက်ပြီး Marticolour Co.Ltd ထောင်မယ်လို့ ဦးအေးချိုကို ပြောပါတယ် ။

         ဦးအေးချိုက ကိုကျော်ဝင်းရဲ့ ဆန္ဒကို မေးမြန်ရာ ကိုကျော်ဝင်းကလည်း ကုမ္ပဏီမှ ထွက်ပြီး ကရင်ပြည်နယ် သွားမယ်လို့ အဖြေပြန်ပေးလိုက်ပါတယ် ။ ဦးဥာဏ်ထွန်းတယောက် ဒေါသထွက်ရုံမှ တပါး ဘာမှ မတတ်နိုင်ပဲ ကုမ္ပဏီ ဖွဲ့စည်းပုံပြင်ဆင်ခဲ့ရပါတယ် ။ 

      10-2-1999 မှာ နော်လေးဖော အဖွဲ့ရန်ကုန်ကို လာကြပါတယ် ။ ဘဏ္ဍာအခွန်မှ ဗဟိုဘဏ်သို့ ငွေထုတ်ရန် စာရင်းတင်ပေး၍  12-2-1999 မှာ ငွေသိန်းပေါင်း 7500 ကို တုံကင် နံပါတ် ၁၂ နဲ့ ထုတ်ခွင့် ရလိုက်ပါတယ် ။ 

       11 - 2 - 1999 နေ့မှာ နှုတ်ထွက်သွားတဲ့ ကိုကျော်ဝင်းကို ကုမ္ပဏီမှာ ပြန်ခန့်ပါတယ် ။ 12 - 2 - 1999 မှာ နာမည်ကြီးနေတဲ့ နော်လေးဖော နဲ့ စေခိုင်ထွန်းတို့ကို သီးသန့်ထားပြီး ပြည်ထောင်စုအလံသယ်တဲ့ အခမ်းအနားမှာ ပွဲထုတ်ပါတယ် ။ 

     ကိုကျော်ဝင်းလဲ အလံသယ်နေတဲ့ နော်လေးဖော ဓာတ်ပုံကို ဦးအေးချိုပြလို့ ယခုမှ မြင်ဖူးသွားပါတယ် ။ 

      15-2-1999 နေ့မှာ နောလေးဖောဟာ ကရင်ပြည်နယ်ကို ပြန်မသွားတော့ပဲ သူမ နဲ့ ကိုကျော်ဝင်းတို့ရဲ့  လက်ထပ်မယ့် အရေးကို ကဖျက်ကရ လုပ်နေတဲ့ ဦးဥာဏ်ဝင်းဆီကို ရောက်လာပါတယ် ။ ကရင်မ ပီပီ ရိုးသားပွင့်လင်းတဲ့ နောလေးဖောဟာ ဦးဥာဏ်ထွန်းကို တွေ့တာ နဲ့ ............?

      ကို​ရွှေမျိုးဝင်း

   ယုံကြည်ဖွယ် မရှိတဲ့ သာမန်ပြည်သူတွေ အတွက် ခိုင်လုံတဲ့ အထောက်အထား တချို့ ပူးတွဲ တင်ပြလိုက်ရပါတယ် ၊ လင့်ကို ဝင်ကြည့်ကြပါ ။

https://m.facebook.com/story.php?story_fbid=2340222189629358&id=100009247984867

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...