Thursday, July 14, 2022

မိမ္မလာ မှ လိမ္မာရင် အိမ်ပါမည် (၅)



          ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် မွန်လူငယ်တွေ အများစုလည်း လာရောက်ပြီး လုပ်အားပေးကြပါတယ် ။ တိုင်ူပြည်အတွက် မွန်ပြည်နယ်အတွက် ဂုဏ်ဆောင်နိုင်မယ့် ကိစ္စကြီးမို့ မွန်လက်နက်ကိုင်တွေဟာ လူသူမသိစေပဲ စေတနာနဲ့ လာရောက်ကူညီနေကြတာပါ ။

         ဒေသအာဏာပိုင်များလည်း အဆက်မပျက်လာရောက် ကြီးကြပ် ကူညီညီနေကြပါပြီ ။ မိမ္မာတောင်သမိုင်းမှာ ဒီတကြိမ်တူးဖော်မှုသည် အသန့်ရှင်းဆုံးရည်ရွယ်ချက် ၊ အရပ်ဖက်နဲ့ အစိုးရရဲ့ အကောင်းဆုံးပူးပေါင်းမှု ၊ သာသနာဦးသျှောင် ထေကြီးဝါကြီးများရဲ့ အကောင်းဆုံး လမ်းညွှန်မှုတို့နဲ့ ပြီးပြည့်စုံနေတာ အထူးခြားဆုံး သမိုင်းဝင်တူးဖော်မှုကြီးပါပဲ ။ 

          နိုင်ငံတော်က ကူညီသည်ဆိုရာမှာ ဘက်ဟိုး ၂ စီးနဲ့ ဆီပေပါ ၁၃ လုံးသာရှိပါတယ် ။ တနေ့ ၂၅ သိန်းခန့် ကုန်ကျစရိတ်ရှိပါတယ် ။ အကြွေးတင်ခံပြီး တူးဖော်နေတဲ့ ကိုအောင်တို့ကတော့ ဇွဲသန်ကာ အားမန်တင်းတူးလျှက်ပါပဲ ။

         ဒီအချိန်မှာ 8-2-2022 နေ့၌ ထူးခြားစွာ သဲဖြူဆရာတော်ကြီးကိုယ်တိုင် ကြွလာပါတယ် ။ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ လိုက်ပါလာပြီး အားလုံးကို ဆရာတော်ကြီးက ပစ္စည်းတွေ တွေ့လိမ့်မယ် ။ အားလုံး တိုင်းပြည်အတွက် ၊ ဘာသာ သာသနာအတွက် ညီညီညွတ်ညွတ်  အလုပ် လုပ်ကြပါလို့ မိန့်ကြားပြီး အတိုဆုံးလမ်းကြောင်းက ဒီနေရာမှာကွ ဆိုပြီး နေရာတခုကို ထပ်မံညွှန်ပြပါတယ် ။ 58 ပေ တူးရင် မင်းတို့ ရှာနေတဲ့ ပင်မလှုဏ်ဂူကြီးထဲ ရောက်ပြီလို့ မိန့်ကြားညွှန်ပြသွားပါတော့တယ် ။

        ဆရာတော်ကြီးနဲ့အတူ ပါလာကြတာတဲ့အထဲမှာ ခရိုနီ ဦးခင်ရွှေ နဲ့ သူ့လက်ဝေခံ မော်လမြိုင်က ဝက်မစားခရိုနီပေါက်စ တွေပဲ ဖြစ်ပါတယ် ။ ဦးခင်ရွှေကတော့ သူ့ထုံးစံအတိုင်း သူ့ဝသီကို ပြပါပြီ ။ 

          ကိုအောင်နဲ့တွေ့ပြီး သူ့ကို အဲဒီ တူးဖော်ခွင့် ရောင်းပေးပါတဲ့ ။ ကိုအောင်ကတော့ ရှင်းတယ် ခင်ဗျားနိုင်ငံတော်ကို အကုန်အပ်မှာလား အလကားပေးလိုက်မယ် ဆက်တူးပါဆိုတော့ ပါးစပ်ပိတ် ပြန်သွားလေရဲ့ ။ 

      တိုင်းပြည်အတွက် ပြည်သူအတွက် ရည်မှန်းထားတဲ့ ဧရာမသိုက်ကြီးကို လောဘဇောနဲ့ လာနှိုက်ဖို့ ကြိုးစားခဲ့တဲ့ ဇေကမ္ဘာလည်း ကံကြီးထိုက်ပါပြီ ။ မိမ္မလာမှ ပြန်လာပြီး မကြာခင် နစက မှ ဖမ်းဆီးတရားစွဲခြင်းခံလိုက်ရပါတော့တယ် ။ 

         သဲဖြူဆရာတော်ကြီးရဲ့ ပစ္စည်းတွေ တွေ့လိမ့်မယ်ဆိုတဲ့ မိန့်ကြားချက်အပြီးမှာ လူ့စိတ်ငဘောများလည်း ပေါ်လာကြရပါပြီ ။ ကျနော်အမည်မဖော်လိုတဲ့ ဒေသခံ နှစ်ဦးဟာ ပစ္စည်းတွေတွေ့ရင် အနည်းငယ်လောက်တော့ သူတို့အရင်ယူပါစေလို့ လာညှိကြပါတယ် ။ 

       ကိုယ်ကျိုးအတွက် ပစ္စည်းတမှုံ ခိုးယူမိရင် မိမ္မလာမြေထုနဲ့အညီ ငရဲခံပါ့မယ်လို့ မြေကိုင်ကြိမ်ခံရပြီး သစ္စာဆိုထားတဲ့ ကိုအောင် ဘယ်လက်ခံပါ့မလဲ ။ ဒါလည်း လူ့သဘာဝမို့ရယ် တောသူတောင်သား အရိုးခံတွေရဲ့ နိုင်ငံတော်မှ ချီးမြှင့်နိုင်မယ့် ပမာဏရယ်ကို မခန့်မှန်း မသိရှိလို့သာ ဒီလိုတောင်းဆိုကြတာလို့ နားလည်ယူဆမိပါရဲ့ ။

    သူတို့ကလည်း ဒီသိုက်ရဲ့ လမ်းစ စတင်ခဲ့သူတွေမို့ တန်ဖိုးကြီးတဲ့ လူတွေအဖြစ် သတ်မှတ်ထားကြရမှာပါပဲ ။ ချီးမြှင့်ကြရမှာပါပဲ ။ စိတ်မကောင်းစရာက ဒီလူတွေဟာ အဲဒီနေ့ကစပြီး လုပ်ငန်းဂွင်ကို စွန့်သွားပါတော့တယ် ။

          နေပြည်တော်ကလွတ်ထားတဲ့ ဘူမိပညာရှင်ဦးအောင်မင်းနဲ့ အဖွဲ့ကတော့ တိုင်းထွာရေးစက်တွေနဲ့ စမ်းသပ်နေပါတယ် ။ လှိုဏ်ခေါင်းရှည်ကြီးပဲတွေ့ရတယ် သတ္တုတော့ စမ်းသပ်မရဘူးလို့ ပြောပါတယ် ။

       ကိုအောင်က သတ္တုကို ကျွန်းတိုင်တွေနဲ့ ခြောက်ဖက်လုံးကာရံထားပြီး ကတ္တရာလောင်း ထပ်အုပ်ထားရင် စက်မှာ သတ္တုပေါ်မလားမေးတော့ မပေါ်နိုင်ဘူးတဲ့ စက်တွေကလည်း အိုဟောင်းနေတဲ့ အန်းဒိတ်တွေလို့ ဖြေပါတယ် ။ 

        ဆရာတော်ကြီး ပြန်သွားပြီးနောက် နယ်လုံဝန်ကြီးလာပါတယ် ။ သူနဲ့အတူ မော်လမြိုင်မှာ သရဲလေးကောင်လို့ နာမည်ကြီးနေတဲ့ ဦးခင်ရွှေတပည့် ခရိုနီ တဦးနဲ့ လူမျိုးခြား ပါလာလေ့ရှိပြီး တူးဖော်ရေးကို လာကြည့်ကြပါတယ် ။ 

        ဟော်တယ် ဇွဲကပင် ဆိုတာ ဘာအံအဝင်မှာ ရှိတယ် ။ ပိုင်ရှင်က အခုအမည်ပေါက် နန္ဒာလှိုင်ဖြစ်နေပြီ ။ စပြီး အမည်ဖောက်တည်ဆောက်ခဲ့သူက အထက်က ပြောထားတဲ့ ခရိုနီပဲ ။ 

       ရာဇာမင်းလိုင်း အုံနာ လူမျိုးခြားနဲ့ အဲဒီအပါအဝင် ခရိုနီ ၄ ယောက်ကို မော်လမြိုင်ရဲ့ ကြီးလေးကြီး (သို့) သရဲလေးကောင်လို့ ခေါ်ကြတယ် ။ သူတို့ဟာ လာသမျှ တိုင်းမှူးကအစ ဝန်ကြီးချုပ်ထိ အိတ်ကပ်ထဲ ထည့်ထားကြတယ်လို့ နာမည်ကြီးလှပါတယ် ။ 

        အားလုံးအကဲခတ်နေကြတဲ့ တူးဖော်ရေးလုပ်ငန်းကြီးသည် ဆရာတော် မိန့်ဆိုသကဲ့သို့ ၅၈ ပေ ရောက်ခါနီး ( ဘူမိအဖွဲ့ တိုင်းထွာချက် ပေ ၆၀) တရက်စာအလိုမှာပဲ နယ်လုံ ဝန်ကြီး အမိန့်အရ ဆိုပြီး တူးဖော်ခွင့်ကို ရပ်ဆိုင်းစေခဲ့ပါတယ် ။ နှုတ်မိန့်နဲ့ ရပ်ဆိုင်းစေပြီးနောက်မှ ဝန်ကြီးချုပ်က စာထုတ်ပြန်တယ် ။ 

        ထုတ်ပြန်စာသည် ယခု ဘူမိတိုင်းတာရေးအဖွဲ့ရဲ့ အစီရင်စာအရ လှိုဏ်ခေါင်းသာတွေ့ရခြင်း နဲ့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးလို့ ဆိုတဲ့ အဓိက အချက်နှစ်ချက်နဲ့ ပိတ်ပင်တားဆီးခဲ့ပါတယ် ။ ကိုအောင်ထံပေးပို့တဲ့ စာသည် သူတို့ရဲ့ သဘောထားမှတ်ချက်ကို နစက ထံ တင်ပြထားသော စာမျှသာဖြစ်၍ နစက ဆုံးဖြတ်ချက် လုံးဝမဟုတ်ကြောင်း တွေ့ရှိရပါသည် ။ 

        ဒီမျှမကပါဘူး မူလက သဘောတူလို့ တူးခဲ့ကြတဲ့ ခြံရှင်တွေကလည်း လျှော်ကြေးတောင်းကြပါတယ် ။ ထူးခြားချက်က ပြည်နည်အစည်းအဝေးမှာ တူးဖော်ခွင့်ကို ကန့်ကွက်ခဲ့တဲ့ တဦးတည်းသော ပြည်နယ်ဝန်ကြီးကတော့ စီးပွားရေးဝန်ကြိး နိုင်လယ်တမ ဖြစ်ပါတယ် ။

        ယခုခြံရှင်တွေက သူ့အမျိုးတွေချည်းဖြစ်ပါတယ် ။ လျှော်ကြေး မပေးရင် ပြည်နယ်အစိုးရက တရားစွဲမယ်လို့တောင် ခြိမ်းခြောက်ထားပါတယ် ။ 

     ကိုအောင်တို့ အဖြစ်က တိုင်းပြည်ကို ကြီးပွားဖို့ ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွား အငှားကျောင်းရင်း တဖက်ကမ်းက ရွှေတောင်ကြီးလည်း မြင်နေရပြီ ၊ ဘုရင်ကလည်း ယူစေလို့ ခွင့်ပြုလိုက်ပြီ ။ ဒါပေမယ့် ကုတို့ဆိပ်မှူးက လှေမဖြတ်ရ ဆိုပြီး ဘုရင့်အမိန့်ကို ယုတ်မာစွာ ပိတ်ပင်တဲ့ အဖြစ်နဲ့ ကြုံနေရသလို ဖြစ်နေပါတယ် ။ 

       ပြည်နယ်အစိုးရရဲ့ ယုတ်မာမှုက မြေပြန်ဖို့ရန်ဆိုပြီးတောင် လျှော်ကြေးတောင်းလိုက်ပါသေးတယ် ။ ဒီဖြစ်စဥ်အပေါ် ဒေသခံပြည်သူတွေ မကျေနပ်ကြပါဘူး ။ မွန်လက်နက်ကိုင်အဖွဲ့ကိုယ်တိုင် နစကထံသို့ ပြည်နယ်အစိုးရရဲ့ မရိုးသားတဲ့ လုပ်ရပ်အပေါ် စာပို့တိုင်ကြားထားပါတယ် ။

      ဒီတော့ ဖြစ်စဥ်တခုလုံးကို ခြုံငုံစဥ်းစားရမယ်ဆိုရင်....

- ဘူမိအဖွဲ့ရဲ့ မသေချာတဲ့ ( စွမ်းရည်နိမ့် တိုင်းတာရေးစက်) အပေါ် အမှီပြုခြင်း ။
{ ဘူမိခေါင်းဆောင် ဦးအောင်မင်းကိုယ်တိုင် ဖုံးဖိထားသော သတ္တုပစ္စည်းကို စက်ဖြင့်တိုင်းထွာမရကြောင်း ကိုအောင်အား ပြောထားပါတယ် ။ }

- သဘာဝပတ်ဝန်းကျင် ဆိုတာ အပေါ်မှာ ပြောသလင်းခါပြီးမှ ပေ ၄၀ အနက်တူးနေတာကို ကန့်ကွက်အကြောင်းပြနေတာ မရိုးသားခြင်း

- နစက ရဲ့ တူးဖော်ခွင့်ပြုထားခြင်းအား ပြည်နယ်အဆင့်မှ နစကထံတင်ပြခြင်းအပေါ် နစကရဲ့ သဘောထားမှတ်ချက် ပြန်မကျလာသေးပဲ ယင်းစာနဲ့ ဥပဒေမဲ့ အာဏာတလွဲသုံး ရပ်ဆိုင်းစေခြင်း

( တရက်လုပ်ရင် အဖြေပေါ်မှာကြောင့် အချိန်မှီ မတော်မတရား ပြုကျင့် ရပ်ဆိုင်းစေခြင်းလို့ ယူဆပါတယ်)

- ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လုပ်ကွက်သို့ လာရောက်တိုင်း မဆီမဆိုင် မော်လမြိုင်ခရိုနီများအား အကြောင်းမဲ့ခေါ်လာခြင်း

( လုပ်ကွက်ရဲ့ မျှော်လင့်ချက်ကို စျေးကွက်ဖွင့်လို၍ စျေးခေါ်ကောင်းရန် သက်သေပြလိုခြင်းလို့ ယူဆပါတယ်)

- ဦးခင်ရွှေမှ သူ့အားလုပ်ပိုင်ခွင့်ရောင်းချရန် ကမ်းလှမ်းခြင်း ၊ ယခုလာသူခရိုနီအချို့ဟာ ဦးခင်ရွှေ နဲ့ ဦးရွှေမန်း အုပ်စုမှ ဖြစ်နေခြင်း 

- သေချာသည့် ဘူမိတိုင်းတာချက်အရ လှိုဏ်ဂူရှိကြောင်းကို ဥ​ပေက္ခာပြုပြီး မသေချာသည့် တိုင်းတာရေးစက်အဖြေကိုသာ အမအရယူ၍ တိုင်းပြည်တခုလုံးအတွက် အရေးပါလှသော အဖိုးတန် ရတနာသိုက်ကြီးအား မျက်မြင်တွေ့ရမည့် အခွင့်အရေးကို မရိုးဖြောင့်စွာတားဆီးခြင်း

        အစရှိတဲ့ အချက်တွေကို တွေ့ရှိရပါတယ် ။ 

        ဘယ်လိုပဲဖြစ်နေပါစေ ကျနော်တွေးမိတာကတော့ ကျနော်တို့တိုင်းပြည် ချမ်းသာလာပါတော့မယ် ။

-  ပထမဆုံး ပြည်ပဘဏ် အပ်နှံငွေများအတွက် အနောက်အုပ်စုရဲ့ ညစ်ပတ်မှုမှ မကျော်ဖြတ်နိုင်သော အနေအထားမှသည် ယခု ကမ္ဘာ့ပါဝါ အပြောင်းမှာ အားထည့်လုပ်ဆောင်လျှင် ရနိုင်မည့်အခြေအနေသို့ ရွှေ့လာပါပြီ ။    

- နောက်တချက်ကတော့ နစက ပတ္တမြားကြီး လက်ဝယ်သို့ လိုလားစွာ အပ်နှံခြင်းကြောင့် မမျှော်လင့်ပဲ နိုင်ငံရတနာတခု တိုးပွားလာခြင်း ။

(လူတယောက်ချမ်းသာရန်အတွက် နေ့ချင်းညချင်း ဝုန်းဒိုင်းနဲ့ ဒီနေ့ငမွဲ နက်ဖြန် သူဌေး ဆိုပြီး ဖြစ်လာတာမဟုတ်ပါဘူး ၊ ယခု နစက ပတ္တမြားဝင်လာသလို တန်ဖိုးကြီးပစ္စည်းလေး တခုစ နှစ်ခုစ အစပြုရလာပြီးမှ ချမ်းသာလာရတာပါ)

- ယခု တားဆီးခံနေရတဲ့ မိမ္မလာရတနာသိုက်အတွက် နစက ပတ္တမြားသည် အစပြု လာဘ်ကောင်လို့ ဆိုနိုင်ပါတယ် ။ မိမ္မလာအတွက် ဖြစ်ရပ်မှန်ကို နစက သိရှိဖို့ လိုအပ်ပါပြီ ။ 

( မရိုးဖြောင့်သော မွန်ပြည်နယ် အစိုးရ အစီရင်ခံဖြင့် လမ်းမဆုံးစေချင်ပါဘူး ။ ဦးနေဝင်းခေတ် မျက်မှန်ကြီးတင်ဦး ၊ ဒေါ်စုကြည်ခေတ် Dr အေးဇံတို့လို လူယုတ်မာတွေကြောင့် နိုင်ငံနစ်နာခဲ့ရပြီးပါပြီ ။ ယခု နစက ခေတ်မှာ ဒုတိယတင်ဦး ဒုတိယအေးဇံတို့ မရိုးဖြောင့်သောအကြံဖြင့် ကြံစည်လုပ်​ဆောင်နေတာကို နစက အာဏာစက်နဲ့ ချေဖျက်ဖို့ လိုအပ်နေပါပြီ)

         တိုင်းပြည်အတွက် အနစ်ခံ ဆောင်ရွက်ခဲ့သော ကိုအောင် နဲ့ ပံ့ပိုးသူများ ၊ မူလဇစ် သတင်းလမ်းကြောင်း ဂျပန်ဗိုလ်ချုပ်ရဲ့လူယုံတော် ဦးတင်လှ သား ကိုကျော်ဟိန်း နဲ့ တူ ကိုဝင်းလှိုင် ၊ ဂျပန်ဗိုလ်ချုပ်ရဲ့ တိတ်တိတ်ပုန်းသားအဆက် ကိုနိုင်ထွန်းနဲ့ အဖွဲ့တို့အား ဆက်လက် လက်စသတ် တူးဖော်ခွင့်ကို နစကရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်စေသင့်ပါတယ် ။ 

     အောင်မြင်လျှင် တိုင်းပြည်ရဲ့ ကာကွယ်ရေး စီးပွားရေး လူမှုရေး ဘာသာရေးအားလုံးဟာ ပုတ်သင်ညိုအဆင့်မှ ဂေါ်ဇီလာအဆင့်သို့ မလွှဲမသေရောက်ရှိမြင့်မားသွားပါလိမ့်မယ် ။ 

       ထိုအခါ နိုင်ငံ့ဂုဏ်ဆောင် သမိုင်းဝင်အဖွဲ့သားများအား နိုင်ငံတော်မှ ထိုက်တန်သော ဂုဏ်ပြုမှုများနဲ့ ချီးမြှောက်ပေးကမ်းရင် မှတ်တမ်းတင်ထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ် ။ 

      ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...