Friday, July 15, 2022

မြစ်ဆုံ ရှင်းတမ်း



           ဧရာဝတီမြစ်ဆုံ သပွတ်အူကြီးကိုပြန်ပြီး လေ့လာကြည့်တော့ စိတ်ဝင်စားစရာတွေ တွေ့ရပြန်ပါတယ် ။ ဧရာဝတီမြစ်ဆုံကို ဇာတ်လမ်းစခဲ့တာ အေရှဝေါ်လ် ကုမ္ပဏီရဲ့ ပါတနာ တရုတ်တွေပဲ  ။ 

        သူတို့က အလွတ်သဘောနဲ့ လေ့လာပြီး စီးပွားရေးတွက်ခြေကိုက်နိုင်တယ် ဆိုတဲ့ ကောက်ချက်နဲ့ 6-7-2009 မှာ 
တရုတ်အစိုးရကို စတင် တင်ပြခဲ့ပါတယ် ။

       မြန်မာဖက်ကိုတော့ အေရှဝေါလ်က သူရသီဟ တင်အောင်မြင့်ဦးက တဆင့် ဦးမောင်အေး ဦးသန်းရွှေ တို့ထံကို သတင်းပို့
ပြီးဖြစ်နေခဲ့ပါပြီ ။ 

    ဦးသန်းရွှေ တရုတ်ပြည်ကို ခရီးသွားခဲ့တဲ့ ကာလမှာပဲ တရုတ်သမ္မတဟူကျင်းထောင် ကိုယ်တိုင် ကြိုဆိုခဲ့ကြပါတယ် ။ စီးပွါးရေး လုပ်ငန်းရှင်တွေပါ ဦးသန်းရွှေ
ခေါ်သွားလို့ သူ့အဖွဲ့ဟာ လူ ၈၁ ဦးအထိ ပါဝင်ခဲ့ပါတယ် ။ 

       တရုတ်အစိုးရဟာ မြစ်ဆုံအပါဝင် စီးပွါးရေးလုပ်ငန်း ၁၃ ခု ကိုစာချုပ်ချုပ်ဆိုခဲ့ကြပါတယ် ။ 
စာချုပ်ချုပ်ဆိုပြီးတာ နဲ့ တရုတ်တွေဟာ ခြေမြန် လက်မြန်ပဲ 
8-12-2009 မွာ မြစ်ဆုံလုပ်ငန်း စတင်ခဲ့ပါတယ် ။ 

        ရွာပေါင်း ၆၃ ရွာရွှေ့ပြောင်း ပေးခဲ့ရပြီး လူပေါင်း ၂၆၀၀၀ မှ ၃၈၀၀၀ ကြား ရှိမယ်လို့ ခန့်မှန်းကြပါတယ် ။ 

           မြစ်ဆုံစီမံကိန်းကနေ လျှပ်စစ်မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်ပါ့မယ် ။ အဲဒီကတဆက်ထဲ ချီဗွေငယ် ၊ ချီဗွေကြီး ၊ အူဆောက်  ၊ ခေါင်လန်ဖူး ၊ လိုင်ဇာ အစရှိတဲ့ 
နေရာ ၇ ခုမှာလည်း လျှပ်စစ်ထုတ်ဖို့ စီမံကိန်းတွေ ရေးဆွဲထားပြီး ဖြစ်ပါတယ် ။ 

        အဆိုပါ ၇ နေရာဟာ ရေစီးကြမ်းပြီး သွားလာလို့ မရအောင် ကျောက်ဆောင်တွေ ပေါများလှတဲ့ လူနေကျဲပါးသော မေခမြစ်
တလျှောက်မှာ ဖြစ်ပါတယ် 
မိုင်ပေါင်း ၁၄၀ မှ ၁၅၀ အတွင်း ရှည်လျှားတဲ့ မေခမြစ်ညှာမှာ  စုစုပေါင်း မဂ္ဂါဝပ် နှစ်သောင်း
အထိ ထုတ်လုပ်ဖို့ ရေးဆွဲထားတဲ့ စီမံကိန်းဖြစ်ပါတယ် ။ 

      အများပြည်သူ သိချင်နေတဲ့ အကျိုးအမြတ်ခွဲတမ်း ကိစ္စတွေကို ဒီလို တွေ့ရပါတယ် ။ 
ဒါတွေကတော့ လျှပ်စစ်ဝန်ကြီးဟောင်း ကိုယ်တိုင် ပြောခဲ့တာတွေ ဖြစ်ပါတယ် ။ 

အမြတ်ခွန်      10 %
ကုန်သွယ်ခွန်   10 %
မြေငှါးရမ်းခ    15 % 
{ တရုတ်တွေကတော့ အရင်းမဲ့ အမြတ်လို့ ပြောပါတယ်}
အဲဒါကတော့ မလွဲမသွေရမယ့် အခွန်အခ ဖြစ်ပါတယ် ။ 
ဒီအပြင် လျှပ်စစ် 10 % ( ၆၀၀ မဂ္ဂါဝပ်) အခမဲ့ ရရှိပါမယ် ။ 

        အရင်းအဖြစ် 10 % ထည့်ဝင်ထား၍ ထုတ်လုပ်ထားသော လျှပ်စစ် မှ ကျန် 90 % 
ရောင်းချပြီး အသားတင်အမြတ် 10 % ထပ်ရပါမယ်
( မမြတ်လျှင် မရပါဘူး )
အရင်း %  ကို မြင်သာအောင် ပြရမယ်ဆိုရင် ...

တရုတ်               85 %
မြန်မာအစိုးရ      10 %
အေရှဝေါလ်          5 %  ဆိုပြီး တွေ့ရပါမယ် ။ 

     မြစ်ဆုံ စီမံကိန်း တခုတည်းမှ နှစ်ပေါင်း ၅၀ တွက် မြန်မာအစိုးရက US$  54 ဘီလီယံ 
ရနိုင်မယ်လို့ တွက်ထားပါတယ် ။ 

       နှစ် ၅၀ ပြည့်ရင် မြန်မာက အလုံးစုံပိုင်မယ် ။ 

        တမံတခုရဲ့ အာမခံသက်တမ်းက နှစ် ၁၀၀ ရှိပြီး လျှပ်စစ်စက်ရုံတွေကတော့ ပြင်သုံးနေရင် ဘီလူးချောင်းက နှစ် ၆၀ ကျော်နေတဲ့ စက်ရုံတောင် မဂ္ဂါဝပ်အပြည့် ထွက်နေတုန်းပါပဲ 
တဲ့ ။

      ကောင်းပါပြီ ဒါဆိုရင် ဧရာဝတီမြစ်ဆုံ စီမံကိန်းဆိုတာ 
မြန်မာအစိုးရက 10 % ထဲ ယူပြီး တရုတ်ကို အလကားပေးထားတာ မဟုတ်ကြောင်း ရှင်းလောက်ပါပြီ ။ 

        နောက်ထပ် သိလိုကြတာ ဘာကြောင့် လုပ်ခဲ့ကြသလဲ ? 
ဦးသိန်းစိန်က ဘာကြောင့်ရပ်ဆိုင်းခဲ့သလဲ ? 

    ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ် ။ 

       စစ်အစိုးရတုန်းက လျှပ်စစ် ရည်မှန်းချက် ရှိခဲ့ပါတယ် ။ 
2030 မှာ မြန်မာ တနိုင်ငံလုံးအတွက် မဂ္ဂါဝပ် 14000 ပြည့်မှီရမယ်ဆိုတဲ့ ရည်မှန်းချက်ပါပဲ ။
မဂ္ဂါဝပ် ၃၀၀၀ ကျော်သာ ထုတ်ထားနိုင်သေးတဲ့ ကာလက ရည်မှန်းချက်အရ မြစ်ဆုံကို 
စတင်ခဲ့ကြတာပါပဲ  ။ 

    နောက်ပြီး အရေးကြီးတဲ့ အချက်က စစ်အစိုးရ ဖြစ်နေတာပါပဲ ။ တိုင်းပြည်အတွက် လိုအပ်တယ်လို့ သူတို့ယူဆတဲ့ ကိစ္စတွေကို ဖြစ်အောင်လုပ်လေ့ရှိတဲ့ ထုံးစံအတိုင်း ပြည်သူ့ဆန္ဒတွေ ဘာတွေ စဉ်းစားစရာ မလိုပဲ လုပ်ငန်း စတင်ခဲ့တာ ဖြစ်ပါတယ် ။ 

        စနစ်ပြောင်းသွားတဲ့ ဦးသိန်းစိန်လက်ထက်မှာ မတူတော့ပါဘူး ။ အုပ်ချုပ်တဲ့ စနစ်အရ ပြည်သူ့ဆန္ဒကို အလေးထားရတဲ့ စနစ်ဖြစ်နေတော့ မြစ်ဆုံကို ရပ်ပေးလိုက်ပါတယ် ။ မြစ်ဆုံအတွက် ကန့်ကွက်မှုတွေက 
ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေလို့ပါပဲ ။ 

        ဒေါ်စုကြည်ကိုယ်တိုင် ဧရာဝတီအသနားခံစာ ဘာညာ ဆိုပြီး 11-8-2011 မှာ စာတမ်းတွေဘာတွေ ထုတ်ခဲ့သေးသကိုး ဗျ ။ 
( အခုမှ ရူးချင်ယောင်ဆောင်နေတာပါ)

       ကဲ ဦးသိန်းစိန် လက်ထက် ရပ်ထားတဲ့ ဧရာဝတီကို လျှော်ကြေးပေးရမယ်ဆိုပြီး ဖွနေတာလည်း တွေ့ရပြန်ပါတယ် ။ 

        ဦးသိန်းစိန်အစိုးရလက်ထက်က လျှပ်စစ် ဒု ဝန်ကြီး ဦးမော်သာထွေး ပြောသွားတာ
ကတော့ ရှင်းပါတယ် ။ စာချုပ်မှာ အလျှော်ပေးရမယ်ဆိုတဲ့ အချက် မပါပါဘူး တဲ့ ဗျာ ။ 

           တရုတ်ကလည်း ကုန်ကျစရိတ် မတောင်းပါဘူးတဲ့ ။ ကြားကနေ နိုင်ငံရေးကစားချင်လို့ ဖွနေကြခြင်း ဖြစ်ပါတယ် ။ 

       ဦးသိန်းစိန်က မေခ မြစ်ညှာက စီမံကိန်းတွေ ဆက်လုပ်ဖို့ အကြံပြုသတဲ့ ။ 

         ချီဗွေငယ် တည်ဆောက်ပြီး မဂ္ဂါဝပ် ၉၉ ၊မိုးကောင်း နဲ့ မြစ်ကြီးနားကို ဖြန့်ဝေနေပါပြီ ။ 
ချီဗွေကြီးဆိုရင် မဂ္ဂါဝပ် ၁၀၀၀ ကျော် ထွက်ပါမယ် ။ 

       အကြံပေးနေကြတာကတော့ 
မြစ်ဆုံကို ပြန်လေ့လာပါ တဲ့ ။ 

- စီးပွါးရေးတွက်ခြေကိုက်မှု တကယ်ရှိသလား ? 

- မရှိရင် တရုတ်က ဘာကြောင့် လုပ်ချင်နေတာလဲ ? 
(ဆည်နဲ့ မြန်မာကို ခြိမ်းခြောက်ဖို့လားပေါ့)

- ဒါမှမဟုတ် မြစ်ဆုံကြောင့် မြန်မာပြည် ဖွံ့ဖြိုးလာပြီး တရုတ်နဲ့ပူးပေါင်းသွားမှာ စိုးရိမ်နေတဲ့ အနောက်အုပ်စုရဲ့  အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး 
လက်သပ်မွေးထားတဲ့ မီဒီယာတွေကနေ ဝါဒဖြန့် ပိတ်ပင် ဆန့်ကျင်စေသလား ?

 -အန္တရာယ် များတယ်ထင်ရင် တမံအမြင့်လျှော့ ရေလှောင်ဧရိယာ လျှော့ပြီး လုပ်ကြမလား ? အဲဒီလိုတွေ ပြောထားကြပါတယ် ။ 

     ဒီအချက်အလက်တွေဟာ လျှို့ဝှက်ချက်တွေ မဟုတ်လို့ NLD အစိုးရက ချပြလို့ ရပါတယ် တဲ့ ။ သူတို့ဘာသာ ချမပြရဲတာဟာ ယခင်က မြစ်ဆုံကို စစ်ဗိုလ်ချုပ်တွေ ရောင်းစားပစ်တာ တို့ တရုတ်ကို အလကား
ပေးပစ်တာ တို့ ဆိုတာ မဟုတ်မှန်ပဲ သူတို့ လိမ်ညာခဲ့တွေကို ပြည်သူတွေ သိသွားမှာ ကြောက်လို့တာ ချမပြတာပါ တဲ့ ။ 

      အဲဒီ မြစ်ဆုံ စာချုပ်ကိုသာမက ဦးနုလက်ထက်က စာချုပ်တွေအထိ အားလုံးသော ကတ်ဘိနက်စာရွက်စာတမ်းတွေကို လေ့လာလို့ ရပါတယ် ။ 

         မြစ်ဆုံစာချုပ်ကိုတော့ လျှပ်စစ်ဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အစိုးရအဖွဲ့ရုံး နဲ့ ရှေ့နေချုပ်ရုံးတွေ မှာ တောင်းကြည့်လို့ 
ရနိုင်ပါကြောင်း ယခင် အစိုးရ ဝန်ကြီးများက ပြောထားပါတယ် ။

      ဒါတွေကတော့ ကျနော်လေ့လာမိသလောက် ဧရာဝတီမြစ်ဆုံရဲ့  စတင်ဖြစ်ပေါ်ပုံ ၊ လုပ်ငန်းအကောင်အထည်ဖော်ပုံ ၊ လုပ်ငန်းရပ်တံ့သွားပုံ ၊ အရင်းထည့်ဝင်မှု အချိုး ၊ ရပိုင်ခွင့်ခွဲတမ်း ရဲ့ မှတ်တမ်းများ ဖြစ်ပါတယ် ။ 

        ဧရာဝတီမြစ်ဆုံ လုပ်သင့် မလုပ်သင့် ၊ တိုင်းပြည်အတွက် လျှပ်စစ်မထုတ်သင့် ထုတ်သင့် စတဲ့ ကိစ္စရပ်တွေကိုတော့ မဝေဖန်တတ်ပါဘူး ။ ပညာရှင်များရဲ့ ကဏ္ဍ ဖြစ်ပါပြီ ဗျာ ။ 

       နိဂုံးချုပ် ပြောချင်တာက 

- မြစ်ဆုံကို ဗိုလ်ချုပ်ကြီးတွေ လုပ်ခဲ့တာဟာ ကိုယ်ကျိုးသက်သက် မဟုတ်ပဲ တကယ်လိုအပ်နေတဲ့ လျှပ်စစ်ကဏ္ဍအတွက် လုပ်ခဲ့ကြခြင်း 

- တရုတ်အား အလကားမတ်တင်း လုပ်ခွင့်ပေးခဲ့ခြင်း မဟုတ်ပဲ တိုင်းပြည်အတွထိုက်တန်သော အချိုးကျဝေစု ခွဲတမ်း ရအောင် စီမံခဲ့ခြင်း 

- ဦးသိန်းစိန်ဟာ ပြည်သူ့အသံ နဲ့ ပြည်သူ့ဆန္ဒကို ဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုတာ သိရှိစေလိုခြင်း 

- စကားအား လှည့်ပတ် လိမ်ညာပြောဆိုတတ်သော ဒေါ်စုကြည်၏ မြစ်ဆုံနဲ့ ပတ်သက်တဲ့ လိမ်ညာနေမှုများအား ပြည်သူတွေ သိရှိနားလည်စေခြင်း တို့ အတွက် ရေးသားခြင်း ဖြစ်ပါတယ် ။

 ကို​ရွှေမျိုးဝင်း

https://www.facebook.com/1714873481881560/videos/1396130753878306/

https://www.facebook.com/jason.minnaing/videos/3096944997065618/

https://www.facebook.com/100045758540938/videos/136571484544802/

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...