Saturday, July 9, 2022

ကွီးစိုးရဲ့ သံသယ


         ကိုစိုးကတော့ ထုံးစံအတိုင်းလက်ဖက်ရည်တိုက်ပြီး ပြဿနာစရှာလာပါတယ် ။

'' ငမျိုးရေ မင်းရေးတဲ့ အထဲက ငါ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတဲ့ သံသယတွေကို မေးချင်တယ် ကွ ''

'' မေးပါဗျာ ရပါ့ ''

'' ပုဏ္ဏကတိုက်ထဲမှာ ပါတဲ့ ပါပဓာတ်လှိုင်းတွေကြောင့် ရောဂါကူးစက်လာတာမျိုး ၊ အရောင်းအဝယ်မကောင်းတာမျိုးက ဟုတ်ပါ့မလား ကွ ''

''OK ကျနော်ပြောမယ့် နမူနာကို သေချာနားထောင်နော် ခင်ဗျား ရွှေတိဂုံလို ၊ မဟာမြတ်မုနိလို ၊ ရွှေစည်းခုံလို ဘုရားတွေကို ရောက်ဖူးတယ်မဟုတ်လား ''

'' ရောက်ဖူးတာပေါ့ ကွ ''

'' ဘုရားရိပ်ရောက်တော့ ဘယ်လိုခံစားရသလဲ ဗျ ''

'' ရင်ထဲမှာ အေးမြသွားရတာတော့ အမှန်ပဲ ကွ ''

'' အဲဒါ အေးမြမှုလှိုင်းတွေ ရိုက်ခတ်နေလို့ဗျ ဘုရားတွေပေါ်မှာ သူတော်စင်တွေ မေတ္တာပို့ကြတာ နှစ်ပေါင်းမနည်းမနော လူပေါင်း သန်းပေါင်းများစွာရှိနေလေတော့ အဲဒီကောင်းမြတ်တဲ့ မေတ္တာလှိုင်းတွေက ဘုရားစေတီပေါ်မှာ ရိုက်ခတ်နေလို့ အေးမြနေတာဗျ ''

'' ဟိုက် ဒါကတော့ သဘာဝကျတယ် ဟ ''

'' ဘုရားစေတီတွေဆီ လူသူကင်းရှင်းချိန် သွားကြည့် တိတ်ဆိတ်အေးချမ်းကြည်နူးမှုကို ပိုပြီးခံစားရတတ်တယ် အဲဒါ အနီးနားက wave တွေက ကိုယ်တယောက်အပေါ်မှာပဲ သက်ရောက်နေလို့အားကြီးတဲ့သဘောဗျ ''

'' ဒါဆို ပြောင်းပြန်အဖြစ် ပါပဓာတ်တွေက မိမိတယောက်ထဲ သက်ရောက်နေရင် အဆိုးတွေကို ပိုပြီးခံစားရတဲ့ သဘောပေါ့လေ ''

'' မှန်တာပေါ့ ဗျာ ဟုတ်မဟုတ်ကတော့ ဘုရားသွားကျောင်းတက်လုပ်ဖူးတဲ့ သူတော်ကောင်းတွေ သိကြမှာပါ ''

'' ထားပါ ထားပါ မသိဘူးပြောရင်လည်း လူယုတ်မာဖြစ်အုံးမယ် ၊ နောက်တခုသိချင်တာက မင်းပြောထားတဲ့ ကာဘော်လစ်ဆပ်ပြာအရောင် ပတ္တမြားကြီးက တကယ်တန်ဖိုးကြီးသလား ကွ ''

'' ကျနော်တို့တိုင်းပြည်က ကမ္ဘာမှာ တွင်းထွက်နဲ့ပတ်သက်ရင် ပတ္တမြားက နာမည်ကြီးတယ် ၊ ဒီတော့ ပတ္တမြားကို နိုင်ငံ့ဂုဏ်ဆောင် ပြယုတ်အဖြစ် ကြော်ငြာပြီး ကမ္ဘာသိထုတ်ပြဖို့အတွက် အဆင့်ဆင့်သော နေရာတွေကနေ များပြားလှတဲ့ ရတနာပစ္စည်း ကျွမ်းကြင်သူတွေနဲ့ ခေတ်မှီအလင်းယိုင်ညွှန်ကိန်း တိုင်းတာစက်တွေ ၊ သိပ်သည်းဆတိုင်းတာတဲ့ စက်တွေနဲ့ အကြိမ်ကြိမ်စစ်ဆေးပြီးမှ တရားဝင် ထုတ်ကြွားတာဗျ နစက ကို အရူးမှတ်နေလား ဗျာ ''

'' ဟိုဖက်က ဝါဒအမျိုးမျိုး ဖြန့်နေကြတာကိုး ကွ ''

'' စောက်ရူးတွေပြောတာနဲ့ ခင်ဗျားက ပေါကြောင်ကြောင်နဲ့ သံသယဖြစ်နေစရာလား ဗျ နိုင်ငံတော်ပွဲတွေ ကျောက်မျက်ပြပွဲတွေမှာ နိုင်ငံတကာက ရတနာကုန်သည်တွေကို နိုင်ငံ့ဂုဏ်ဆောင်အဖြစ် ပြနေရမယ့်ပစ္စည်းကို တန်ဖိုးမရှိတဲ့ အပေါစားနဲ့ ပြလို့ ရမလားဗျာ  ''

'' သေချာအောင် မေးကြည့်ရတာပေါ့ ကွ ဘာပဲပြောပြော လူပိန်းအမြင်မှာတော့ ကာဘော်လစ်ဆပ်ပြာအရောင်ကြီးလေ... ''

'' ခင်ဗျားနားလည်အောင် ဥပမာပေးရရင် တနေ့က သင်ဇာဝင့်ကျော် အဖမ်းခံရတဲ့ ပုံ နဲ့ ရင်မောက်ဖင်ကောက် မိတ်ကပ်လူး ဟိုဖော်ဒီဖော် ကော့ပျံပြထားတဲ့ ပုံ ယှဥ်ကြည့်လေ ''

'' အင်း အဲသလို ယှဥ်ကြည့်ရင်တော့ ကွာတာ အမှန်ပဲငမျိုးရေ သူ့ page က တင်လိုက်တဲ့ ပုံတွေကြောင့် ငါဆို များလိုက်ရတဲ့ အကုသိုလ်တွေ အလုံးလိုက် အထွေးလိုက်ပဲ ဟေ့ ဘာပြောကောင်းမလဲ ''

'' အင်း အဲသလိုပဲ အခု နစက ပတ္တမြားကို အချုပ်ထဲက သင်ဇာလို မြင်ကြည့် ၊ ပြီးရင် မိတ်ကပ်လိမ်း မှန်ထိုး ကော့ပျံနေတဲ့ ဟိုဖော်ဒီဖော် ပုံနဲ့ မှန်းကြည့် နစက ပတ္တမြားရဲ့ အလှကို ခင်ဗျားမြင်လာလိမ့်မယ် ''

'' တောက်...အခုမှ ကွင်းကွင်းကွက်ကွက် သဘောပေါက်တော့တယ် ဟေ့ ''

'' သိတယ် ခင်ဗျားလို သူကြီးသေနတ်တွေက အများကြီးပါ သန်ရာသန်ရာနဲ့ ဥပမာပေးမှ သိကြတာလေ ''

'' လုပ်ပြီကွာ ထားလိုက်အုံး မင်းထဲမှာ မန့်ထားတာတွေ့တယ် ဘာတွေ တွေ့တွေ့ ပြည်သူမခံစားရဘူးတို့ ပြည်သူတွေဆင်းရဲနေတာတို့ ကလည်း မေးချင်စရာပဲ ကွ ''

'' အဲလိုတွေ တွေ့ထားလို့ ခင်ဗျားသွားလာနေတဲ့ လမ်းတံတားတွေ ၊ သုံးစွဲနေတဲ့ လျှပ်စစ်တွေ ၊ ကျောင်းဆောင်တွေ ၊ ဆေးရုံတွေ ၊ ကာကွယ်ရေးအတွက် ခေတ်မှီ ယာဥ်တွေ လက်နက်တွေ ဖြစ်ထွန်းလာရတာပေါ့ ဗျာ ''

'' ပြည်သူတွေက သူတို့မခံစားရဘူး ပြောနေကြလို့လေ ''

'' ရွာအတွက် လမ်းလေးခင်းပေးပါ ၊ လျှပ်စစ်မီးလုပ်ပေးပါ ၊ ဆေးရုံဆောက်ပေးပါ ၊ ကျောင်းဆောက်ပေးပါဆိုပြီး တောင်းဆိုမှုတွေကို ထိုက်သလောက်လုပ်ပေးနိုင်တာ အဲဒါတွေကြောင့်ဗျ ၊ တယောက်ခြင်း တမိသားစုခြင်းအတွက် ရော့ဒါက ပတ္တမြားရောင်းလို့ ဆန်းတဗူးဆီ ၊ ရော့ဒါက သဘာဝဓာတ်ငွေ့ရောင်းလို့ မီးခြစ်တလုံးစီ ၊ ရော့ဒါက ကြေးနီရောင်းလို့ ဝါယာကြိုး တကိုက်စီ ဆိုပြီး ပေးလို့ ဖြစ်မလားဗျ ''

'' ဒါတွေ တွေ့လည်း ပြည်သူတွေ မွဲနေတာပဲ ဆိုတာကရော ''

'' မွဲရခြင်းအကြောင်းတွေ အများကြီးထဲက အစိုးရအသုံးမကျလို့ ဆိုတဲ့ အကြောင်းပြချက်က 30 % ရှိရင် ကိုယ်တိုင်ပြင်ဖို့လိုနေတာက 70 % လောက်ရှိမယ်ဗျ ''

'' အင်း ဒါလည်း ဟုတ်တာပဲ ကွ ဘာပဲပြောပြော တိုင်းပြည်အတွက် ရလာတာကို ဝမ်းသာပေးနိုင်သူအများကြီးရှိနေတာလည်း အားတက်စရာပဲ ကွ ''

'' yes အဲဒါ တိုင်းပြည်ကို တကယ်ချစ်တဲ့သူတွေမို့ အဲသလို ဝမ်းသာပေးနိုင်ကြတာသေချာတယ် ၊ ငါတို့လည်းရတာ မဟုတ်ဖူး ဆိုပြီးသဘောထားနေရင်လည်း ကိုယ့်စိတ်နဲ့ကို ဝမ်းသာမှုကင်းမဲ့တာမို့ နေကြပေါ့ဗျာ ဒါပဲပြောစရာရှိတော့တယ် ''

'' OK OK မရှင်းတဲ့ သံသယတွေ ရှင်းသွားပြီကွာ မရှင်း​သေးဘူးပြောလည်း လူညံ့ဖြစ်လိုက် လူယုတ်မာဖြစ်လိုက်နဲ့ ဆိုတော့ မသက်သာဘူး ပြန်ကြစို့ကွာ''

       ကိုရွှေမျိုးဝင်း

(သူတပါးကို ဝေဖန်ဖို့ဆိုရင် ကိုယ်တိုင် နွား နဲ့ မြင်း ကွဲကွဲပြားပြား သိအောင် အရင်ကျိုးစာဖို့ လိုပါ့မယ်)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...