Monday, July 18, 2022

ဟန့် စစ်



        ယခု ယာယီသမ္မ ဦးမြင့်ဆွေတိုင်းမှူးဘဝတုန်းက ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိလစာက ၁၅၀၀၀၀ိ ဝန်းကျင်ပေါ့ ။ အဲဒီ အချိန်က ကားတစီး သိန်းတထောင် ဝန်းကျင် ဖုန်းတလုံး သိန်း ၅၀ လောက်တန်တဲ့အချိန် ။ 

         စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွားရေး ဘာတခုမှ ဆက်နွယ်ပတ်သက်ခြင်းမရှိတဲ့ လူရွယ်လူချမ်းသာတဦးက တိုင်းမှူးအဆင့်ကို ဖားယားပြီး ဘာလက်ဆောင်မှ မပေးခဲ့ပေမယ့် အဆိုပါ လစာနည်း လုပ်ပိုင်ခွင့်နည်းပါးလှတဲ့ ဗိုလ်ကြီးအဆင့်တွေကို ကားတစီးစီ နဲ့ ဖုန်းတလုံးစီ ပေးထားတယ် ။ 

        ဖုန်းက တာဝန်ချိန်မှာ သတင်းစီးဆင်းမှု မြန်ဆန်ဖို့ အထောက်အကူပြုစေဖို့ နဲ့ ကားကတော့ သွားရေးလာရေးအတွက် လွယ်ကူစေဖို့ ကူညီပေးခဲ့တာပါ ။ ဒီလိုလုပ်ပေးတာ စီးပွားရေးနဲ့လုံးဝမပတ်သပ်ပဲ တမင်ကို တပ်မတော်အပေါ် ချစ်ခင်လေးစားစိတ်နဲ့ အရာရှိငယ်တွေကို ကူညီတာပါ ။   

        သူ့တပည့် အရာရှိငယ်တွေ ကားတွေ ဖုန်းတွေနဲ့မို့ မေးကြည့်တော့ အကြောင်းစုံသိသွားပြီး လူရွယ်သူဌေးကို တိုင်းမှူးကခေါ်ပြောတယ် ။ မင်းပေးမထားနဲ့နော် ငါ့တပည့်တွေက ဆိုးတယ် မင်းကားတွေကို တိုက်မိလိုက်မယ် တဲ့ ။ 

      သူပြောသလိုပါပဲ တိုက်မိကြတာပေါ့ ။ အကိုရေ ဘယ်နားမှာ ကားတိုက်မိလို့ ထားခဲ့တယ် ပြင်ပေးပါအုံး ဆိုလည်း အပြုံးမပျက် သွားယူပြီး ပြင်ပေးခဲ့တာပါပဲ ။ 

       အဲဒီထဲမှာ လူရွယ်သူ​ဌေး မပေးခဲ့တဲ့ အရာရှိတယောက်ရှိပါတယ် ။ သူ့ငယ်သူငယ်ချင်း အကြောင်းသိ အရာရှိတယောက်ကိုပေါ့ ။ အဲဒီအရာရှိက လူရွယ်သူဌေးရဲ့ အသိ သူဌေးတယောက်ရဲ့ သမက်ဆိုတော့ ပြည့်စုံသူအဖြစ် သတ်မှတ်ပြီး မပေးခဲ့တာပါပဲ ။ 

          အဲဒီလိုနဲ့ လူရွယ်သူဌေးလည်း မေ့မေ့ပျောက်ပျောက်နေခဲ့ပေမယ့် အစောက သူဌေးသမက် အရာရှိကတော့ တပ်မတော်ရဲ့ အရေးကြီးတဲ့ ထိပ်ပိုင်းရာထူးရလာချိန်ထိ မေ့နိုင်ဟန်မတူပါဘူး ။ 

        အဲဒီ လူရွယ်သူဌေးကတော့ မင်းသားကြီး မင်းအုပ်စိုးပါပဲ ။ ယနေ့ ဖြစ်ပေါ်နေတဲ့ လုပ်ကြံဇတ်ခင်းပြီး မင်းသားကြီးအပေါ် အကောက်ကြံအမှုဆင် တရားစွဲခြင်း ကိစ္စအတွက် နောက်ကွယ်က လက်မည်းကြီးကတော့ အထက်က သူဌေးသမက် တပ်မတော်အရာရှိပဲ ဖြစ်ပါတယ် ။

      ရဲစခန်းမှာ အမှုလာဖွင့်တော့ အဆိုပါ အရာရှိကြီးရဲ့ PSO ကိုယ်တိုင် ပါလာခဲ့တာ သက်သေတချက် ဖြစ်ပါတယ် ။ နောက်ထပ်သက်သေကတော့ လိူအပ်မှ ထုတ်ဖော်ပါတော့မယ် ။ 

       အထက်ပါဖြစ်စဥ်ကို ပြောပြရတာက သမိုင်းနောက်ကြောင်းအရ ကျနော်တို့ ဘယ်လောက်ထိ စုံစမ်းရမိထားသလဲဆိုတာ ကာယကံရှင် အရာရှိကြီး ရိပ်စားမိအောင် ရေးပြထားတာပါ ။ 

        ယခုကိစ္စအပေါ်မှာလည်း ဖရဲသီးလုပ်ရပ်မဟုတ်ပဲ ပုဂ္ဂိုလ်ရေးလုပ်ရပ်အဖြစ်သာ ရှုမြင်နေသေး၍ အမည်နဲ့ ရာထူးကို ချန်လှပ်ထားပါတယ် ။ ဒါမှသာ နှစ်ဖင်လုံးအတွက် ဆုတ်သာတက်သာ ဖြစ်ကြရမှာပါ ။ 

        တပ်မတော်ထောက်ခံသူ အမာခံ ကိုကျော်စွာအား အမှုဖွင့်စဥ်က ညှိနှိုင်းပြေလည်ဖူးပါတယ် ။ ယခုလည်း ညှိနှ်ိုင်းပြေလည်စေချင်ပါတယ် ။ ဘယ်သူမှ မနစ်နာစေချင်ပါဘူး ။ 

       ဒီဖြစ်စဥ်ကိုလည်း လူကြီးအသိုင်းအဝိုင်း သိသွားကြပါပြီ ။ အချိန်တန်လို့ ကိုယ့်ဆူးကို မထွင်ခဲ့ရင်တော့ မိမိထိုက်နဲ့ မိမိကံပါပဲ ။ 

        ကျနော် မင်းသားကြီးကို ကတိပေးထားသလို စုံစမ်းမေးမြန်း အသိပေး တင်ပြလိုက်ပါပြီ ။ အမှန်တရားဆိုတာ ရေရှည်ဖုံးကွယ်လို့ မရနိုင်ပါဘူး ။ 

      ယခု ပို့စ် သည် တဖက်ရန်သူအား အိ​ဒ္နြေမပျက် သိက္ခာရှိရှိ ခွယစစ်ဆင်နိုင်ရန် '' ဟန့်စစ်'' သဘော တင်ပြလိုက်တာပါ ။ ကျနော်တို့ တိုက်စစ်အဖြစ် မထိုးနှက်ချင်ပါဘူး ။ အချင်းချင်း အမြန်ဆုံး အချိန်မှီ ပြေလည်ကြပါစေ ။

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...