Monday, July 11, 2022

တိုင်းပြည်အနာဂါတ်ရဲ့ မျှော်လင့်ချက် (2)



         ဖာသာတို့ဟာ တောင်ငူမှာ ယုံထောင်ကြောင်မိ ဖြစ်ပြီး အုပ်စုလိုက်အဖမ်းခံခဲ့ရပါတယ် ။ ဖာသာ ၊ ဦးဝမ်းတီး ယိုးဒယား ၂ ယောက်တို့ကို ကျပ်သိန်း တထောင် နဲ့ အတူ ဖမ်းဆီးခဲ့ပါတယ် ။ 

    အံ့သြစရာ ကံကြမ္မာအရ မောင်မောင်ဇော်က လွဲပြီး ကျန်သူတွေအားလုံး တရားရုံးရင်ဆိုင်နေရစဉ်မှာပဲ ဝမ်းလျှောပြီး သေကုန်ကြရပါတယ် ။ 

         2-5-1995 ရတနာများရောင်းချရာမှာ အဆင်ပြေစေရန်အတွက် ရတနာများ ရယူခဲ့သော ဒုံဇရစ် ငရုတ်ကောင်းမြောင်း အနီးမှာ ယစ်ပူဇော်ပွဲ ပြုလုပ်ခဲ့ကြပါတယ် ။ သူတို့ဟာ သိုက်တူးစဉ်က ကရင်နည်းဖြင့် သိုက်စောင့်များအား ချုပိနှောင်ထားခဲ့ကြရပါတယ် ။ 

      အဲဒါကြောင့် 5-5-1995 နဲ့ 6-5-1995 ထိ ၂ ရက်တိတိ ချုပ်နှောင်ခဲ့တဲ့ သိုက်စောင့်တွေကို လွှတ်ပေးရင်း ဆိတ်ကောင်ရေ ၄၇ ကောင်ကို သတ်ပြီး ပူဇော်ခဲ့ကြပါတယ် ။ 

         အဲဒီနောက် စောမိုးခိုင် ညီမဖြစ်သူ နောလေးဖောတို့က ပစ္စည်းရောင်းရငွေတွေကို ကရင်လက်နက်ကိုင်အဖွဲ့တွေ နဲ့ ဝေစုခွဲကြရာမှ မကျေနပ်မှုတွေ  ဖြစ်ခဲ့ကြပါတယ် ။ တောထဲက ယစ်ပူဇော်ပြီး ပြန်လာတော့ နော်လေးဖောတို့ မိသားစုတွေအားလုံးအသတ်ခံကြရပါတယ် ။ နော်လေးဖော နဲ့ သူ့မောင်တယောက်ပဲ လွတ်ခဲ့ကြပါတယ် ။

      တောင်ငူကိစ္စကြောင့် လုံခြုံရေးစိတ်မချတဲ့ အတွက် ဦးခင်မောင်ဇော်ရဲ့ အိမ်က ပစ္စည်းတွေကို သူ့မိတ်ဆွေ ကျောင်းဆရာဦးခင်မောင်လတ်ဆီကို အပ်နှံသိမ်းဆည်းစေခဲ့ပါတယ် ။ 

      အမှုစစ်ရင်း တနွယ်ငင် တစဉ်ပါ ဆိုသလို ပတ္တမြားကိစ္စတွေပါ ပေါ်သွားပြီး ဦးခင်မောင်ဇော် ၊ ဦးအေးချို နဲ့ စေမိုးခိုင်တို့လည်း အမှုရင်ဆိုင်ကြရပါပြီ ။ သက်သေခံတွေ ရှာကြပေမယ့် နေရာရွှေ့ထားလို့ ဘာမှ မတွေ့ကြပါဘူး ။ မရမ်းကုန်းတရားကုန်းမှာ အမှုရင်ဆိုင်စဉ် ရှေ့နေအဖြစ် ဦးအောင်ဇော် နှင့် ဦးဥာဏ်ထွန်း ( ဗိုလ်လက်ျာ၏သား) တို့က ဆောင်ရွက်ခဲ့ပါတယ် ။

          အမှုရင်ဆိုင်နေစဉ် 19-7-1995 မှာ ဦးအေးချိုရဲ့ ဆရာ ဦးတင်ငွေ နဲ့ ပစ္စည်းထိမ်းထားသူ ဆရာကြီးဦးခင်မောင်လတ်တို့က စိန်ကဒ် ၁၁ ကဒ်ယူပြီး မန္တလေး မှာ ဟာရွှန် နှင့် မူဆယ်မှ ဦးစောလွင်တို့အကူအညီ  နဲ့ တရုတ်ပစ္စည်း ၁၄ မျိုးတင်သွင်းလာကြပါတယ် ။ 

          အဲဒီမှာ ဟာရွန်က လိမ်ပြန်ပါရော ။ ပြဿနာပေါင်းစုံတက်ပြီး နိုင်ငံတော်က ပစ္စည်းတွေ သိမ်းသွားခဲ့ပါတယ် ။ ဦးစောလွင်တို့ လင်မယားနှစ်ယောက်လုံးလဲ အမှုရင်ဆိုင်နေစဉ် ရန်ကုန်မှာ သေဆုံးခဲ့ပါတယ် ။ 

       ဆရာကြီး ဦးခင်မောင်လတ်လည်း မန္တလေးမှာ ဆုံးပါးသွားရပြန်ပါတယ် ။ ( တိုက်ဆိုင်တာက နောင်မှာ ဦးခင်မောင်ဇော် နဲ့ တပည့်မောင်မောင်ဇော်တို့လည်း မိခင်ဌာနအလုပ်အတွက် နောင်ချိုသတ္တုတွင်းမှာ နိုင်ငံခြား နဲ့ ဖက်စပ်လုပ်နေရင်း ကံတူကျိုးပေး ဆရာတပည့် ၂ ယောက်လုံး သတ္တုတွင်းထဲမှာပဲ သေဆုံးခဲ့ရပြန်ပါတယ် ။ 

      ကရင်လူလည် စောမိုးခိုင်ကတော့ ပတ္တမြားအတု ၂ လုံးနဲ့ အဖမ်းခံပြပြီး တရားရင်ဆိုင်ခဲ့ပါတယ် ။ သက်သေခံပစ္စည်း မရှိခြင်း နဲ့ ရှေ့နေတွေကောင်းတော့ 1-8-1995 မှာ အမှုပိတ်နိုင်ခဲ့ပါတယ် ။ 

       အမှုရင်ဆိုင်ရင်း ကြားသိခဲ့ရတာကတော့ စောမိုးခိုင် နဲ့ သူ့အမျိုးတွေ လာရောင်းတဲ့ ပစ္စည်းတွေထဲမှာ ဘုရားဌာပနာတွေ  ပါတယ်ဆိုတဲ့ အချက်ကို ထိတ်လန့်ဖွယ် သိခဲ့ကြရပါတယ် ။ 

       ပစ္စည်းတွေဟာ ဦးအေးချိုလက်ဝယ် ပြန်လည်ရယူပြီးနောက် လက်ဝယ်ရှိနေတဲ့ ပတ္တမြားတွေထဲက ရည်အသွေး အကောင်းဆုံး ၂ လုံးကို 1996 ဇူလှိုင်လထဲမှာ ထုတ်ရောင်းခဲ့ကြပါတယ် ။ 

     စျေးကတော့ USD 70 ဘီလီယံ ရခဲ့ပါတယ် ။ ခက်တာက ငွေစာရင်းကို နိုင်ငံခြားမှာပဲ ဖွင့်ပေးထားလို့ ဦးအေးချိုကိုယ်တိုင် လက်မှတ်ရေးထိုးပေးပြီးမှ ထုတ်လို့ ရနိုင်ပါ့မယ် ။ အဓိကပြဿနာက ဦးအေးချိုမှာ ပစ္စည်းတွေပဲ ရှိနေပြီး ငွေမရှိပဲ ဖြစ်နေသတဲ့ ။ သြော် ဖြစ်ပုံက တဖက်ကမ်းက ရွှေတုံးတွေ အလကားယူရမှာကို ကုတို့ခ မရှိသလို ဖြစ်နေပါပြီ ။ 

       ဒီလိုနဲ့ ငွေစာရင်းဖွင့်ထားတဲ့ ဘဏ်နဲ့ ညှိနှိုင်းရင်း  1-1-1997 မှာ မြဝတီဘဏ် USD 60 သန်း ပို့ပေးပါတယ် ။ ယင်းငွေများအား ထုတ်ယူခွင့်ရရှိရန် ဦးကျော်ဝင်းတို့ဟာ ကော်မတီဖွဲ့ပြီး ဆောင်ရွက်ခဲ့ကြပါတယ် ။ ဒါပေမယ့် ကုမ္ပဏီမရှိ လုပ်ငန်းမရှိ အခွန်ဆောင်ထားခြင်း မရှိလို့ ထုတ်မရခဲ့ကြပါဘူး ။ 

       ကဲ မရနိုင်သေးတဲ့ ပြည်ပဘဏ်ထဲက ငွေတွေထက် လက်ဝယ်ကျန်ရှိနေသေးတဲ့ ပစ္စည်းများစွာထဲက အချို့ကို ထပ်ရောင်းကြဖို့ ဦးအေးချိုတို့ ဆုံးဖြတ်ကြပါတယ် ။ 

       ဒုတိယအကြိမ်အဖြစ် ပတ္တမြား ၂၇ လုံး ၊ ပတ္တမြားလည်ဆွဲ တကုံး ၊ သာသနာပိုင် ပတ္တမြားကြီး တလုံးတို့ကို ရောင်းချဖို့ စီစဉ်ကြပြန်ပါတယ် ။ အဲဒီပစ္စည်းတွေကို ဝယ်နိုင်သူတွေကတော့ ရေနံသူဌေး ဆော်ဒီတွေပဲ ဖြစ်ပါတယ် ။ 

    ဦးဥာဏ်ထွန်း ၊ ဦးအေးချို ၊ နော်လေးဖော တို့မှ ရောင်းချပေးခဲ့ပါတယ် ။ ဦးကျော်ဝင်းတို့ အဖွဲ့ကတော့ အရောင်းအဝယ်ကိစ္စ အစည်းအဝေးမှတ်တမ်း ပြုစုကြရပါတယ် ။ ဒီမှတ်တမ်းအရ ရောင်းရငွေကတော့ မျက်လုံးပြူးစရာ ပမာဏပဲ ဖြစ်ပါတယ် ။ ဘယ်လောက်လဲ ဆိုတော့ ...........?

        ကို​ရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...