Monday, July 11, 2022

တိုင်းပြည်အနာဂါတ် ရဲ့ မျှော်လင့်ချက် (6)



        အခန်းသော့ ဖွင့်လိုက်တာနဲ့ ဦးအေးချို ၊ ဒေါ်ဝါဝါဝင်းရွှေ နဲ့ ဒေါ်ခင်အေးလှိုင်တို့ ၃ ဦးဟာ အလွန်အမင်း အသက်ရှူကြပ်လာကြပြီး မူးမေ့လဲကျသွားပါတယ် ။ အဆင်သင့်ရောက်နှင့်ပြီးဖြစ်တဲ့ ဆေးရုံကားနဲ့  ခေါ်သွားရပါတယ် ။ 

        ဆေးရုံကားလည်း ထွက်သွားရော နောလေးဖောကို နဂါးမယ်တော်ဒေါ်နန်းဝေ ဝင်စီးပါတယ် ။ အရေးကြီး ပုဂ္ဂိုလ်နဲ့ ဦးဥာဏ်ထွန်းတို့ကို နဂါးမယ်တော်ပူးနေတဲ့ နော်လေးဖောက ပြောပါတယ် ။ သိုက်ပွဲ ၅ ရက်တင်ပေးရမည် ။ နော်လေးဖော ကိုယ်တိုင် ဆီမီးမပြတ်ထွန်းပေးရမည် ။ 9-3-1999 မှာ သိုက်ပွဲစွန့်၍ နောက်ရက်မှ ငွေထုတ်ကြပါ လို့ ပြောသွားပါတယ် ။ 

        6-3-1999 မှာ ဦးကျော်ဝင်းရဲ့ ဇာတာကို ကိုလှဌေးဆိုသူအား နောလေးဖောက တောင်းယူစေပြီး ပရောဟိတ်ထံ ပေးပို့ စစ်ဆေးခိုင်းပါတယ် ။ 

       ကိစ္စအားလုံး ဆောင်ရွက်ပြီးလို့ 9-3-1999  နံနက် 10 : 45 နာရီမှာ ပရောဟိတ်က ငွေတိုက်ဖွင့်ခိုင်းပြီး ဦးအေးချိုအား အမွှေးနံ့သာများ ဖြန်းစေပါတယ် ။  ပြီးတော့ ပရောဟိတ်က 

"သားတို့ မင်းတို့ ခိုင်းတာတွေလည်း လုပ်ပေးပြီးပါပြီ မင်းတို့ ထွက်ပေးကြပါတော့"

      အဲဒီလို ပြောလိုက်ပါတယ် ။ ပြောလည်းပြီးရော သဘာဝသိပ္ပံသမားတွေ လက်မခံနိုင်စရာ အဖြစ် အထူးအလုံပိတ်ထားတဲ့ အခန်းထဲက အနက်ရောင်မြွေ ၃ ကောင် ထွက်လာပါတယ် ။ ကျပ်လုံးခန့် တုတ်ပြီး ၃ ပေမျှ ရှည်ပါတယ် ။ 

         ဦးဥာဏ်ထွန်းရဲ့ မီးခံသေတ္တာထဲက နောက်ထပ်မြွေတကောင် ထပ်တွေ့ချိန်မှာ နော်လေးဖောလည်း ထိတ်လန့်ပြီး အပြင်းဖျားသွားပါတော့တယ် ။ ဆရာဝန်ခေါ်ကုရာမှာ ညနေရောက်တော့ အဖျားကျသွားပါတယ် ။ 

     နော်လေးဖောပေးတဲ့ ကိုကျော်ဝင်းဇာတာကို ပရောဟိတ်က စစ်ဆေးပြီး ကိုကျော်ဝင်းဟာ မဟာသမ္ဘဝ ဝင်စားသူဖြစ်ပြီး နော်လေးဖောက ဗေဒါရီ ဝင်စားသူလို့ ပြောသွားပါတယ် ။ 

        နော်လေးဖောရဲ့ အဖျားဟာ ပြန်တက်လာပြီး 11-3-1999 ထိ ၁၀၅° မကျတော့ပါဘူး အရေးကြီးပုဂ္ဂိုလ် လာကြည့်ပြီး ဆေးရုံတင်ခိုင်းပါတယ် ။ ပရောဟိတ်က တားမြစ်ပါတယ် ။ 

      အဲဒီအချိန်မှာပဲ ငွေတိုက်ထဲက မြွေတကောင် ထပ်မံထွက်လာပြန်ပါတယ် ။ ကျန်မြွေတကောင်က ဒဏ်ရာတွေနဲ့ ထုတ်မရသေးဘူးလို့ ဆိုပါတယ် ။ ပရောဟိတ်စီမံကုသပေးလို့ နောလေးဖော သက်သာလာပြီး အစာတောင်းရာ ကြက်စွတ်ပြုတ် တိုက်ရပါတယ် ။ 

    ရေချိုးပြီး သေတမ်းစာရေးလိုသည်ဆိုသဖြင့် နိုင်ငံတော်တရားသူကြီး ၊ ကရင်အဖွဲ့ နဲ့ ဖာသာရှေ့မှာ သေတမ်းစာကို မှင်နီဖြင့် ရေးသားပါတယ် ။ အားလုံးစိတ်မကောင်း ဖြစ်ကြရပါပြီ ။ သူမဟာ လူစားလဲလို့ မရပါဘူးတဲ့ ပတ်သပ်သူအားလုံး ကောင်းစားစေရန် အသေခံ၍ လာပို့ရကြောင်း ပြောတော့ ပိုပြီး ဝမ်းနည်းကြရပါပြီ ။ 

       သူမဟာ ကိုကျော်ဝင်းကို အထူးတလည်မှာကြားသွားတာကတော့ သူမအတွက် ကိုကျော်ဝင်းကိုယ်တိုင် ၇ ရက် တိတိကောင်းမှုကုသိုလ် ပြုလုပ်ပေးပါတဲ့ ။ မမြင်တွေ့ရသေးသော အတိတ်ဘဝက ခင်ပွန်းအား အားကိုးတကြီး မှာတမ်းချွေသွားသည်မှာ ဝမ်းနည်းဖွယ် အတိဖြစ်ခဲ့ရပြန်ပါတယ် ။ 

      14-3-1999 မှာ နော်လေးဖောဟာ သူမ တပ်မက်တဲ့ ငွေကြေးများစွာ နဲ့ ဘဝ ဘဝ က သူမ ချစ်ခင်မြတ်နိုးခဲ့ရတဲ့ ခင်ပွန်းလောင်း ကိုကျော်ဝင်း ကို မမြင်လိုက်ရပဲ ကွယ်လွန်သွားခဲ့ရပါတယ် ။ 

     သူမအတွက် ထူးခြားချက်ကတော့ သူမရဲ့ ရုပ်အလောင်းကို 15-3-1999 မှာ ရဟတ်ယာဉ်နဲ့ တောထဲက နတ်နန်းအထိ ပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ 

    နာရေးပြီးတော့ စောခိုင်ထွန်းတို့က လူအားလုံးစုံမှ ငွေခွဲယူဖို့ တောင်းဆိုကြလို့ စောင့်ကြရပြန်ပါတယ် ။ 6-4-1999 မှာ ကရင် အဖွဲ့ တွေ ရန်ကုန်ရောက်လာပါပြီ ။ 

     7-4-1999 မှာ ခုံရုံးအဖွဲ့၌ ဆွေးနွေးရာ မပြေလည်၍ 11 - 4 - 1999 မှာ ထပ်တွေ့ကြပါတယ် ။ 21 - 4 - 1999 မှာ ငွေထုတ် ခွဲဝေယူရန် ဆုံးဖြတ်ပြီး ကိစ္စတခု ပြီးသွားပါတယ် ။ 

      ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးရေး စီမံကိန်း ၅ ခု ခွင့်ပြုထားပြီး ကိုကျော်ဝင်း အား တာဝန်ပေးလို့ နောက်ထပ်တဦး အားဖြည့်ပြီး ကိုကျော်ဝင်း တာဝန်ယူထားရပါတယ် ။

          13-4-1999 မှာ Rich Home ကုမ္ပဏီ အတွက် ငွေစာရင်းဖွင့်ခွင့် ရပါပြီ ။ ကရင်အဖွဲ့ပြန်သွားပြီး ဦးအေးချိုလည်း စင်္ကာပူတွင် ဟော်တယ် ၂ လုံးဆောက်ရန် ထွက်ခွာသွားပါတယ် ။ 

        21-4-1999 မှာ အထူးအစည်းအဝေးခေါ် ပြီး ကရင်စီမံကိန်း ၅ခု နဲ့ ဒလ စီမံကိန်းအတွက် သီးသန့်ငွေစာရင်းဖွင့်ခွင့်ပေးပါတယ် ။ 

      30-4-1999 တွင် ကျောက်မျက် နဲ့ အခွန်ဘဏ္ဍာမှ စာရင်းရှင်းပြီးဖြစ်၍ ကျန်ငွေများထုတ်ယူခွင့်ပေးပါတယ် ။ 

     1-5-1999 တွင် ကရင်စီမံကိန်းအား ကရင်များသာ လုပ်မည်ဟု ဆုံးဖြတ်ကြသည် ။ ကိုကျော်အား ဦးအေးချိုက စင်္ကာပူသို့ စေလွှတ်ခဲ့ပါတယ် ။ 

        10-5-1999 မှာ ပက်စပို့စ် သက်တမ်းတိုးရန်ပြောပြီး 17-5-1999 မှာ ကိုကျော်ဝင်း အတွက်ငွေထုတ်ယူဖို့ ဦးအေးချိုက ပြောပါတယ် ။ 

      12-5-1999 မှာ ဦးအေးချို နဲ့ ဦးဥာဏ်ထွန်းတို့ကို   ကျမ်းကျိန်အစစ်ခံစေပါတယ် ။ 17-5-1999 မှာ နိုင်ငံခြားဘဏ်များရှိ ငွေစာရင်းများအား နဲ့ စာချုပ်စာတမ်းများအား အပ်နှံထားစေပါတယ် ။ 

      17 - 5 - 1999 မှာ ကရင်အဖွဲ့က လူ ၇၀ နဲ့ ငွေထုတ်ဖို့ ရောက်လာပါပြီ ။ 21 - 5 - 1999 မှာ သူတို့ ငွေထုတ်ကြရပါမယ် ။ 

    ကိုကျော်ဝင်းရဲ့ စင်္ကာပူ ခရီးစဉ်ပျက်သွားပြီး ကရင်အဖွဲ့လည်း 24-5-1999 မှာ ငွေထုတ်ပြီး ပြန်သွားပါတယ် ။ 

     31-5-1999 မှာ အရေးကြီး ပုဂ္ဂိုလ်က ဝန်ကြီးအား ဦးအေးချိုတို့အပေါ် ထပ်မံမစစ်ဆေးရန်နဲ့ ပြဿနာ ဖြစ်ခဲ့လျှင် ဦးအေးချို တာဝန်သာ ဖြစ်လိမ့်မယ်လို့ မှာကြားပါတယ် ။ 

      6-6-1999 မှာ အရေးကြီးပုဂ္ဂိုလ်က FEC ထုတ်ယူခွင့်ပြုလိုက်ပါတယ် ။ 10-6-1999 မှာ FEC ပေးဖို့ ခေါ်ပြောပြီး 11 ရက်နေ့မှာ 

Rich Home  $ 3 သန်း + FEC 5 သိန်း
ဦးဥာဏ်ထွန်း       ကျပ်သိန်း 1500
ဒေါ်ခင်အေးလှိုင်                     500
ဒေါ်မူမူအေး                            500
ဒေါ်သန္တာဖြူ                           500
ဦးအေးချို / ကိုကျော်ဝင်း      2300

     ရရှိခဲ့ကြပါတယ် ။ 

     20 ရက်နေ့မှာ မူမူအေးနဲ့ သန္တဖြူတို့က သိန်း ၅၀၀ ပဲ ရသေးတာကို မကျေနပ်လို့ အမွေခွဲပေးရန် တိုင်ကြားပါတယ် ။ ကိစ္စမများစေရန် FEC ၅ သိန်း နဲ့ ကျပ်သိန်း ၅၃၀၀ ပေးလိုက်ကြပါတယ် ။ 

   ဦးဥာဏ်ထွန်းကတော့ သေသွားတဲ့ သားရဲ့ မိန်းမဖြစ်သူ သန္တဖြူကြောင့် မျက်ရည်ကျခဲ့ရပါတယ် ။ လက်ကျန် USD 3 သန်းကိုတော့ ဦးဥာဏ်ထွန်း ၊ ဦးအေးချို နဲ့ ကိုကျော်ဝင်းတို့ 1 သန်းစီယူရန် အမိန့်ချလိုက်ပါတယ် ။ 

    ဆွစ်ဘဏ်ရှိ USD ဘီလီယံပေါင်း များစွာအတွက် မူမူအေး ၊ သန္တာဖြူ ၊ ဦးကျော်ဝင်း တို့အား USD 1 ဘီလီယံစီ ခွဲဝေပေးဖို့ သဘောတူခဲ့ပါတယ် ။ ဒါပေမယ့် ငွေများထုတ်ယူမှာတော့ ..........?

          ကို​ရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...