Friday, July 8, 2022

ပတ္တမြား နဲ့ ရတနာသိုက်


- 1990 မှာ ၄၉၆ ကာရက် ပတ္တမြားအား နဝတ 

- 2013 မှာ ၁၉၀၇ ကာရက် ပတ္တမြားအား ဦးသိန်းစိန်

- 2022 မှာ 2789.25 ကာရက်  
ပတ္တမြားအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

         ပတ္တမြားတွေနိုင်ငံတော်က ရခဲ့တဲ့ သမိုင်းလေးပါ ။ 

       ယခုပတ္တမြားကိုလည်း တပ်ချုပ်ကြီးထံ လှူဒါန်းအပ်လိုကြောင်း သတင်းပို့တော့ နိုင်ငံတော်အဆင့် ရာဖြတ်များနဲ့ ပတ္တမြားအရည်အသွေးကို စစ်ဆေးကြပါတယ် ။ 

-   ပွတ်ချောအမျိုးအစားဖြစ်ခြင်း

- အရေးကြီးဆုံးထွက်ရှိရာဒေသ ဖြစ်တဲ့ ဇာတိက မိုးကုတ် ဖြစ်နေခြင်း (သီရိလင်္ကာထွက် ပတ္တမြားများဟာ တန်ကြေးနည်းပါးလို့ ပတ္တမြားဖြစ်သော်လည်း အလေးချိန်နဲ့ လော့လိုက် ရောင်းချရပါတယ်) ၊
 
- အမာဆင့် ၉ ရှိခြင်း ၊ (သိပ်သည်းဆ 3.99)

- ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင် (Red With Purplish tint)ဖြစ်ခြင်း

         တို့ကြောင့် နိုင်ငံ့ရတနာအဖြစ် လက်ခံနိုင်သော အချက်အလက်များ ပြည့်စုံသဖြင့် ရတနာပညာရှင်များရဲ့ ထောက်ခံမှုနဲ့ လက်ခံဖို့ ဆုံးဖြတ်ချက်ချပြီး တပ်ချုပ်ကြီးမှ လက်ခံ၍ နိုင်ငံတော်ပိုင်အဖြစ် ထိမ်းသိမ်းနိုင်ရန် ပြန်လည်လှူဒါန်းလိုက်ပါတယ် ။ 

         မျက်စေ့မလည်နဲ့နော် တပ်ချုပ်ကြီးဆီကတဆင့် တပ်မတော်ကိုလှူဒါန်းအပေါ် နပ်မတော်မှ လက်ဝါးကြီးမအုပ်ပဲ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် နိုင်ငံတော်သို့ ပြည်သူအများပိုင်အဖြစ် ပြန်လည်လှူဒါန်းတာကို ဆိုလိုပါတယ် ။ 

          ဖယောင်းသားဖြစ်နေပြီး ခရမ်းစွပ်အနီရောင်ဖြစ်လေတော့ ကာဘော်လိပ်ဆပ်ပြာရောင် ဖြစ်နေပါတယ် ။ အရေးကြီးတာနားမလည်ပဲ နီပိတ်လေးတွေ မနာလိုစိတ်နဲ့ ဝေဖန်နေတာရီစရာပါပဲ ။

         အကြမ်းဖျင်းအားဖြင့် ပတ္တမြားတွေရဲ့ တန်ဖိုးကို အမာဆင့်နဲ့ ပိုင်းဖြတ်ကြပါတယ် ။ အနာအဆာကိုတော့ ထားခဲ့လိုက်ပါအုံး အမာဆင့်တန်ဖိုးတွေ ကြည့်ပါ ။ 

         9.97 မှ 9.4 အထိ အရောင်ဖြာနေအောင် ထွက်နေလို့ ညဖက် ဓာတ်မီးလိုသုံးပြီး ဖားထွက်ရိုက်တယ်ဆိုတဲ့ ပုံပြင်ကြားဖူးမှာပါ ။ အဲဒီအဆင့် ပတ္တမြားဆိုရင်  ၁ ပေ ထိ အလင်းပြန်ရင် ၁ ကာရက်ကို ဒေါ်လာ ၅ သန်း ပေါက်ပါတယ် ။ ဂန္ဘီရသမားတွေကတော့ အကန် ပတ္တမြားလို့လဲခေါ်ကြပါတယ် ။

       အင်မတန်တွေ့ရခဲပါတယ် ၊ ကရင်ပြည်နယ်က သိုက်တူးပြီးရောင်းစားခဲ့တဲ့ ဆွဇ်ဘဏ်က ထရီလီယံပေါင်းများစွာသော ဒေါ်လာတွေ ယနေ့ထိထုတ်မရသေးတာ ပုံပြင်မဟုတ်ပါဘူး ။ အဲဒီ အကန်ပတ္တမြားတွေ ပါလို့ တန်ဖိုးအများကြီးရခဲ့ကြတာပါ ။

        နောက်တဆင့်က ရေနီဂွမ်းစွဲလို့ခေါ်ပါတယ် ။ ရေထဲထည့်ရင် ရေတွေနီသွားတယ် ဂွမ်းနဲ့အုပ်ရင် ဂွမ်းတွေနီသွားတယ် ။ သူက အမာဆင့် 9.1 ကနေ 9.3 ထိ ရှိနိုင်ပါတယ် ။ စျေးကွက်မှာ ၁ ကာရက်ကို ဒေါ်လာ ၁ သန်း ပေါက်ပါတယ် ။ နာမည်ကျော် ပတ္တမြားငမောက်ဆိုတာ ရေနီဂွမ်းဆွဲ အဆင့်ပါပဲ ။ 

        ဒီတော့ ယနေ့ နစက ပတ္တမြားကြီးသည် အမာဆင့် ၉ အထိရှိနေပါတယ် ။ ပတ္တမြားကို အိမ်မြှောင်မျက်လုံးလောက် သွေးပြီးသားမြင်ဖူးသူတွေကတော့ ဖရောင်းသားကပ်နေပြီး မသွေးရသေး အရောင်မတင်ရသေးတဲ့ အရိုင်းတုံး ကြည့်ပြီး ဟာသ လုပ်နေကြတာ ဗဟုသုတ ဆင်းရဲကြလို့ပါပဲ ။ 

         အကယ်၍ သွေးပြီး အရောင်တင်လို့ ဂေါ်ကြိုးတွေ စုံလင်စွာပါခဲ့ရင်တော့ ဘယ်လောက်တန်မယ်ဆိုတာ ရာဖြတ်တောင် ခန့်မှန်းလို့ ခက်ခဲပါလိမ့်မယ် ။ ဒါတွေကတော့ ကျနော်သိထားသလောက် ပတ္တမြားအကြောင်းပါပဲ ။ မိမိအတွေ့အကြုံ မဖြစ်သလောက်လေးမို့ အမှားပါခဲ့ရင်လည်း ပညာရှင်တွေ မန့်ခဲ့ရင် ပြီးပြည်စုံတဲ့ ဗဟုသုတရပါလိမ့်မယ် ။ 

        နောက်တခု အမေးများနေတဲ့ ဂျပန်ရတနာသိုက် တူးဖော်နေတဲ့သတင်းမှာ ယခင်က နားသွားပြီလို့ ကျနော်တင်ခဲ့ဖူးပါတယ် ။ 

       ဝမ်းသာစရာသတင်းကို သူတို့ထပ်ပေးလာပါတယ် ။ ကိုမျိုးရေ နားနေတာက အပြီးလက်လျှော့တာ မဟုတ်ပါဘူးတဲ့ ။ လိုအပ်မယ့်ငွေကြေးကို နိုင်ငံတော်က ချပေးတော့မှာဖြစ်လို့ ဘက်ဂျက်အကျစောင့်ဆိုင်းနေလို့ပါတဲ့ ။ 

       ဒါကလည်း တကယ့်ကို မင်္ဂလာသတင်းမို့ ဖြန့်ချီပေးလိုက်ရပါတယ် ။ မြန်မာပြည်ကြီး ကံဇာတာတွေ စဥ်ဆက်မပျက် တက်လာပါစေဗျာ ။ 

         ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...