Monday, July 11, 2022

တိုင်းပြည်အနာဂါတ် ရဲ့ မျှော်လင့်ချက် (5)



        နော်လေးဖောဟာ ကိုကျော်ဝင်းနဲ့ တွေ့ခွင့်ပေးပါ သူလည်း ကရင်ပြည်နယ်ကို မပြန်တော့ပါဘူးလို့ တောင်းဆိုပါတယ် ။ 19-2-1999 မှာ ငွေထုတ်ပြီး 20-2-1999 မှာ ကိုကျော်ဝင်းနဲ့ တွေ့ချင်ပါတယ်လို့ တောင်းဆိုခဲ့ပါတယ် ။ ဦးဥာဏ်ထွန်းကိုလည်း ကန်တော့သွားပါတယ် ။

         16-2-1999 မှာ ဘဏ်သို့ ဦးအေးချို ၊ ဦးဥာဏ်ထွန်း နဲ့ နောလေးဖော တို့ သွားရောက်ပြီး ထုတ်ယူမယ့်ငွေ သိန်း ၁၅၀၀၀ ကို စစ်ဆေးပါတယ် ။ 

      ဘဏ်ဖက်ကလည်း ငွေထုတ်သူတွေရဲ့ ငွေထိမ်းသိမ်းမယ့် နေရာကို လိုက်လံစစ်ဆေးပါတယ် ။ လုံခြုံမှုမရှိသဖြင့် မြေတိုက်ခန်း နှင့် လုံခြုံရေးစနစ်ပါသော ခန်းအား အမြန်ဆောက်ခိုင်းပါတယ် ။ 
(ထိုစဉ်က တထောင်တန်သာ အကြီးဆုံးဖြစ်ပြီး ဆာလာအိတ် အပြည့်တွင် ပါကင်ငွေစက္ကူ မဟုတ်ပါက သိန်း ၂၀၀ သာ ဆန့်ပါသည် ။ သိန်း ၁၅၀၀၀ အတွက် ထိမ်းသိမ်းမယ့်နေရာ တွက်ကြည့်ကြပါဗျာ ။)

      မြေတိုက်ခန်း အမြန်ဆောက်ကြရာ 21-2-1999 မှာ ပြီးပါမယ် ။ ငွေတိုက်ဆောက်နေစဉ် 17-2-1999 မှာ ဦးအေးချိုက ကိုကျော်ဝင်းအား 

ကုမ္ပဏီဒါရိုက်တာကြေး  သိန်း ၁၆၀
ပုဂ္ဂလိကကြေး                သိန်း ၁၅၀
မေတ္တာကြေး                  သိန်း ၁၉၀

       စုစုပေါင်း သိန်း ၅၀၀ ရမည်ဖြစ်ပြီး မြေတိုက်ခန်းအား စောင့်ရှောက်ဖို့ တာဝန်ပေးထားပါတယ် ။ 

         22-2-1999 မှာ ဦးဥာဏ်ထွန်း ၊ ဦးအေးချို နဲ့ နော်လေးဖောတို့က ကံထရိုက် ဒေါ်ဝါဝါဝင်းရွှေ အပ်နှံသော မြေတိုက်ခန်းကို လက်ခံကြပါတယ် ။ 

      23-2-1999 တွင် ငွေထုတ်ယူခဲ့ကြပါတယ် ။ ဦးဥာဏ်ထွန်း၏ မိသားစု စာရင်း ပုံစံ၆၆ တွင် ပါဝင်သူများသာ နေခွင့်ပေး၍ VIP နော်လေးဖော မှ အပ ကျန်သူများမနေကြရပါ ။ 5-3-1999 တွင် ဝေစုခွဲကြမည်ဟု သတ်မှတ်ထားကြပါတယ် ။ နောလေးဖောကတော့ ကိုကျော်ဝင်းနှင့် လက်ထပ်ပြီး သြစတေးလျှသွားနေတော့မယ်လို့ ပြောပါပြီ ။

         26-2-1999 မှာ ဖဒိုအောင်ဆန်း အပါအဝင် လူစုံရောက်လာပြီး နော်လေးဖော ပြည်ပသွားမှာကို ကန့်ကွက်ကြပါတယ် ။ အိမ်ထောင်ပြုပြီး ဒီမှာပဲနေ၍ ကရင်ပြည်နယ်ဖွံ့ဖြိုးရေး ကိစ္စတွေ လုပ်ပေးဖို့ တောင်းဆိုပါတယ် ။ နော်လေးဖောက နောက်နေ့ ဦးအေးချိုအိမ်လာခဲ့ကြပါလို့ ချိန်းလိုက်ပါတယ် ။ 

       28-2-1999 မှာ နော်လေးဖောက သူမကို ဗိုလ်မြရဲ့ လက်ကျန်အဖွဲ့က ရန်ကုန်ထိ လာပြီး စာပေးခြိမ်းခြောက်သွားကြောင်း ၊ နိုင်ငံတော်ကို အပ်လို့ဖြစ်ကြောင်း နဲ့ ၆ လ အတွင်း သတ်မယ်လို့ ရေးထားလို့ ပြည်ပသွားမယ် ကိုကျော်ဝင်းနဲ့ လက်တွဲပြီး ဖြစ်သမျှရင်ဆိုင်မယ်လို့ ဆုံးဖြတ်ရကြောင်း ပြောပါတယ် ။ 

          ငွေတိုက်သော့အား အစိုးရမှ 5-3-1999 နေ့မှ ပေးအပ်မည် ဖြစ်၍ 6-3-1999 နေ့မှ ကိုကျော်ဝင်းရဲ့ ဝေစုကို ပေးမယ်လို့ ပြောပါတယ် ။ ငွေရပြီး ၁၀ ရက်ကြာမှ နော်လေးဖော နဲ့ တွေ့ရမယ်လို့ ပြောလာပါတယ် ။ 

        3-3-1999 မှာ နော်လေးဖောအား ခြိမ်းခြောက်ထားသော ကရင်အဖွဲ့အား သူတို့ရှင်းလင်း ပေးမယ် မကြောက်နဲ့ လို့ အခြားအဖွဲ့ဖြစ်တဲ့ စောခိုင်ထွန်းတို့က အာမခံပါတယ် ။ ကရင်ပြည်နယ်ထွက် ပစ္စည်းတွေကို ကိုကျော်ဝင်း ဦးစီးပြီး နိုင်ငံခြားပို့နိုင်ကြဖို့ နော်လေးဖောက စီစဉ်ခိုင်းပါတယ် ။ 

         4-3-1999 မှာ ဝန်ကြီးကိုယ်တိုင် ငွေတိုက်ကို လာစစ်ဆေးပြီး နောက်တနေ့မှာ အရေးကြီး ပုဂ္ဂိုလ်ကြီးကိုယ်တိုင် ငွေတိုက်ဖွင့်ပေးမယ်လို့ ပြောသွားပါတယ် ။

      5-3-1999 မှာတော့ နေ့လည် ၁ နာရီခန့်မှာ ဆေးရုံကား အရင်ဆုံးရောက်လာပါတယ် ။ နောက် ၃ နာရီမှာ အရေးကြီးပုဂ္ဂိုလ်နဲ့ ဝန်ကြီးများ ၊ ဘဏ်ပိုင်ရှင်များ ၁၆ ဦးလောက် ရောက်လာပါတယ် ။ 

     ရှေးဦးစွာ ပရောဟိတ်ကြီးက ငွေတိုက်အား စည်းတားလိုက်ပါတယ် ။ အဲဒီအချိန်မှာပဲ လောက သဘာဝနဲ့ စဉ်းစားမရနိုင်တဲ့ ထူးခြားဆန်းပြားမှုတွေ ဆက်တိုက် တွေ့လာရပါပြီ ။ 

    ပထမဆုံး ဦးအေးချို ၊ ဒေါ်ခင်အေးလှိုင် နဲ့ ဒေါ်ဝါဝါဝင်းရွှေတို့ သုံးဦးစလုံးဟာ ဘာဖြစ်မှန်း မသိရပဲ ရုတ်တရက် ကောက်ခါငင်ခါ .............?

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...