Saturday, July 9, 2022

ခါးတောင်းတအားကျိုက်ပြီး ဖားပြုတ်ချောင်းရိုက်ခြင်း



နိုင်ငံတော်စီမံအုပ်ချုပ်ရေးးကောင်စီအမိန်အမှတ်၃၈၉/၂၂. ၆.၂၀၂၂ကိုထုတ်ပြန်လိုက်သည် ။

ပညာရေးဌာနလက်အောက်ရှိစာသင်ကျောင်းများတွင်ပညာသင်ကြားနေကြသောကျောင်းသား/ကျောင်းသူများကိုအောက်ပါစည်းကမ်းချက်များထုတ်ပြန်လိုက် သည်။

 နံပါတ်(၁)ကျောင်းအတွင်းဆေးလိပ်သောက်ခြင်းလုံးဝခွင့်မပြု၊

နံပါတ်(၂)ဆံပင်အရောင်ကာလာဆိုးခွင့်မပြု၊

နံပါတ်(၃)အဖြူအစိမ်းမှလွဲ၍အခြာဝတ်စုံဝတ်ဆင်ခွင့်မပြု၊

နံံပါတ်(၄)ဖုန်းများယူဆောင်ခွင့်မပြု၊  

အောက်ပါစည်ကမ်းချက်များကိုမလိုက်နာသည့်  မည်သည့်...
ကျောင်းသား/ကျောင်းသူမဆို ကျောင်းမှယာယီရပ်နားခြင်းခံရ
မည်။ 
                                 ပုံ
                         
                         အ မိန့်အရ
                                               အောင်လင်းဒွေး  
                                         (ဒုတိယဗိုလ်ချူပ်ကြီး)

************************

         ဒီအမိန့်စာကို တွေ့ရတော့ ကိုယ့်ရဲ့ ဆရာဘဝ အတွေ့အကြုံလေးကို သတိပြန်ရလာပါတယ် ။

          ဆယ်တန်းကျောင်းသားတွေထဲမှာ ရပ်ကျော်ရွာကျော် ကျောင်းသားဆိုးတယောက်ပါလေရဲ့ ။ ၇ တန်း ၈ တန်း ဆရာတွေက သတိပေးကြပါရဲ့ အဲဒီကောင်ကို သတိထားတဲ့ မိဘကလည်း မိုက်တိမိုက်ကန်းတွေမို့ အကြောင်းသိဆရာတွေက ရဲရဲတင်းတင်း မဆုံးမဝံ့လို့ အတော်ဆိုးသတဲ့ ။ 

         ဟုတ်တယ်ဗျ ဒီကျောင်းသားရဲ့ ဥပတိရုပ်နဲ့ မျက်လုံးကိုက မသန့်စင်ဘူး ။ ကျနော်က စာသင်တယ် နောက်တနေ့ စာပြန်မေးတယ် မရတဲ့သူဆော်ပလော်တီးတယ် ။ သူ့ရှေ့မှာ မရတဲ့သူတွေ ရှေ့ထွက်ခိုင်းပြီး ဆော်ပြီးပြီ ။ သူက အခန်းထောင့်ထဲက ထွက်မလာဘူး ပေတေတေကြီး ကြည့်နေတယ် ။ 

         ဟေ့ကောင် ထွက်ခဲ့ဆိုတော့ မထွက်ပဲ ငူငူကြီးကြည့်နေလေရဲ့ ။ တခါပဲခေါ်တယ် ထွက်မလာတာနဲ့ စီးထားတဲ့ သားရေဖိနပ် ခပ်လေးလေးနဲ့ မျက်နှာပစ်ပြီး သူရှိတဲ့ အခန်းထောင့်ပြေးသွားလိုက်တယ် ။ 

         ဖိနပ်ကို ငုံ့ရှောင်တုန်း ကျနော်ရောက်သွားပြီး လက်ထဲက ကြိမ်လုံးနဲ့ လေး ငါး ခြောက်ချက် ကျောကော့အောင် တွယ်ပစ်လိုက်တယ် ။ ပြီးတော့ ထွက်စမ်းဆိုပြီး ဆောင့်ဆွဲထုတ်လိုက်တယ် ။ 

         မျက်နှာငယ်လေးနဲ့ မော့ကြည့်လေရဲ့ ။ တခန်းလုံး တိတ်ဆိတ်နေလေရဲ့ ။ မင်း အခုပြန်တော့ မိဘတွေခေါ်ခဲ့ ပါမလာရင် ပြန်မလာနဲ့တော့လို့ ပြောလိုက်တယ် ။ 

        မိဘတွေ ခေါ်လာတယ် ခပ်တင်းတင်းပဲ ပြောပြလိုက်တယ် ခင်ဗျားတို့ သားကြောင့်တော့ ကျောင်းတကျောင်းလုံးရဲ့ စီမံအုပ်ချုပ်မှုကို အပျက်ဆီးမခံနိုင်ဘူး ။ ဆိုဆုံးမတာ နာခံမယ်လို့ ကတိပေးနိုင်ရင် ပြန်ပြီးလက်ခံမယ် ၊ ကတိမပေးနိုင်ရင် ကြိုက်တဲ့ကျောင်းပြောင်းပေတော့ ကျောင်းထွက်လက်မှတ် ပေးလိုက်မယ် ၊ နောက်ပြီး ဒီပြဿနာက ကျုပ်နဲ့ပဲ ဆိုင်တယ်မကျေနပ်ရင် သောကြာနေ့ဆို မြို့ပြန်တယ် ခင်ဗျားတို့ လမ်းမှာ ကြိုက်တဲ့နေရာက စောင့်နေ ဦးသူလုက်ကြရုံပဲ ကဲ စဥ်းစား ဆိုပြီး ပြောလိုက်တယ် ။ 

          ကန်တော့တောင်းပန်ပြီး ကျောင်းဆက်ထားသွားပါတယ် ။ ပွဲပြီးမီးသေ နောက်ဆို တယောက်မှ မလှုပ်ရဲတော့ဘူး ။ 

       နောက်တခါဖြစ်ရတာက ဆေးလိပ် ၊ ကွမ်း ပြဿနာပဲ ။ ကျောင်းသားကြီးတွေဆိုတော့ ဆေးလိပ် ကွမ်း စမ်းသပ်နေတဲ့အရွယ်တွေပဲ ။ အညာ တောရွာတွေဆိုတော့ အဖိုးအဖွားတွေကိုယ်တိုင် ပြောင်းဖူးဆေးလိပ်ကြီးတွေ တငေါ့ငေါ့နဲ့ကိုးဗျ ။ ကွမ်းအစ်ဆိုလည်း အိမ်တိုင်းရှိနေတာလေ ။ 

        တနေ့ ကျောင်းထဲမှာ ဆေးလိပ် ကွမ်း မစားဖို့ မသောက်ဖို့ သတိပေးတယ် ။ ကွယ်ရာခိုးသောက်ကြတာပါပဲ ။ ကျောင်းသားကြီး ငါးယောက် နောက်ဖေးမှာ ခိုးသောက်တယ် မိတယ် ။ မရိုက်သေးဘူး နောက်တနေ့ တကျောင်းလုံး အလံအလေးပြုပြီးမှ အားလုံးရှေ့မှာ အဲဒီ ငါးယောက်ကို ခေါ်ပြီး ကောင်းကောင်းဆော်ပလော်တီးပစ်လိုက်တယ် ။

'' မင်းတို့ ပျက်စီးတာ အကြောင်းမဟုတ်ပေမယ့် နောက်လူတွေ အတုခိုးမပျက်စီးရအောင် ထိမ်းသိမ်းကြပ်မတ်ရမယ့်တာဝန်ငါတိူ့မှာ ရှိတယ် ၊ မင်းတို့မိဘတွေက မင်းတို့ဘဝအတွက် စာသင်ဖို့ချည်း အပ်နှံထားတာမဟုတ်ဖူး အတွေးမှန် အမြင်မှန် လမ်းကြောင်းမှန်တွေကို သင်ပြနိုင်ဖို့ ငါတို့ကို ဘုရားစင်ပေါ်တင်ပြီး အပ်ထားတာ ဒါကြောင့်ဆုံးမရတာ ရှင်းလား ''

       ဆိုပြီး တကျောင်းလုံးရှေ့မှာ ဆုံးမလိုက်တယ် ။ နောက်နောင် ကျောင်းထဲမှာ ဆေးလိပ်မီးခိုး တမှုံမမြင်ရတော့ဘူး ။ 

        ဒါတွေက ၁၉၉၈ လောက်က အတွေ့အကြုံလေးတွေပါပဲ ။ အခုအဲဒီလို ဆို ဆုံးမခွင့်တွေဟာ NLD တက်လာပြီးနောက် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပိတ်ပင်ခံလိုက်ရပါတယ် ။ 

       ကျောင်းသားတွေကို အရှက်ရအောင် နှုတ်ဖြင့်မဆုံးမရ ၊ နာကြင်အောင်တုတ်ဖြင့် မရိုက်ရ ဆိုပြီး အမိန့်ထုတ်လိုက်တော့ PDF ဆိုတဲ့ လူယုတ်မာတွေ မွေးပေးတော့တာပါပဲ ။ 

         အပေါ်က နစက ထုတ်ပြန်တဲ့ အမိန့် အမှတ် ၃၈၉ / ၂၀၂၂ ကသာ တကယ်အစစ်ဆိုရင်တော့ လူရီစရာဖြစ်နေပါပြီ ။ 

       တကယ်ထုတ်ပြန်ရမှာက ဆရာတွေကို သင့်တော်သော  လုပ်ပိုင်ခွင့် ဆုံးမပိုင်ခွင့်
(သားသမီးချင်း ကိုယ်ချင်းစာစိတ်ဖြင့် အလွန်အကျွံမဟုတ်သော) ကို တရားဝင် ပြန်ပေးတဲ့ အမိန့် ညွှန်ကြားချက်ဖြစ်ပါတယ် ။ 

        ကျောင်းစည်းကမ်းအတွက် ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကိုတော့ဖြင့် ပညာရေးဝန်ကြားဌာနမှသာ ထုတ်ပြန်သင့်တယ်လို့ ယူဆမိပါတယ် ။ 

       နစက အနေနဲ့....

- အကြမ်းဖက် ဆူပူသောင်းကျန်းမှုများ ၊ 

- တိုင်းပြည်အနှံ့သောင်းကျန်းနေသော လောင်းကစားမှုများ ( ရပ်ကျေး မြို့နယ် ထွေအုပ်များနဲ့ ရဲများ လာဘ်စားပြီး ခွင့်ပြုထားမှုများ) ၊

- အကြံအဖန် ဆိုင်ကယ်ဖမ်း ငွေတောင်းပြန်လွှတ် ၊ စစ်ဆေးရေးဂိတ်ဖွင့် ငွေတောင်းနေမှုများ

- PDF အကြောင်းပြုပြီး မဖြစ်လောက်သော သာမန်ပြည်သူများအား ဖမ်းဆီးငွေညစ်နေမှုများ

- ဌာနဆိုင်ရာအသီးသီးရှိ ဖရဲသီးပြဿနာများအပေါ် အားစိုက်ဖြေရှင်းသင့်ပါတယ် ။ 

        ယခုလို သာမန်ကျောင်းစည်းကမ်းကိစ္စလောက်ကို ပုံ အောင်လင်းဒွေးဆိုပြီး ထလုပ်ပြတာ ကျနော့်အမြင်တော့ အားထည့်ပြီး ခါးတောင်းတအားကျိုက်ခါ ဖားပြုတ်ချောင်းရိုက်ဖို့ ကြိုးစားပြနေတာလို့ပဲ ဝေဖန်ထောက်ပြချင်ပါတယ် ။ 

        ကိုရွှေမျိုးဝင်း

(တကယ်လိုနေတာ ဘာလဲဆိုတာ သိဖို့ကောင်းနေပါပြီ ဒီလောက်နဲ့တာဝန်ကျေပြနေတဲ့ ဒီလိုအဖွဲ့အတွက် ညွှန်ကြားချက်ပဲ လိုနေတာ ဗျ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...