Monday, July 11, 2022

တိုင်းပြည်အနာဂါတ်ရဲ့မျှော်လင့်ချက် (11)



       သမ္မတကြီး ဦးသိန်းစိန်ဟာ သူ့ဆီရောက်လာတဲ့ ထူးခြားသော စာနှစ်စောင် နဲ့ ပတ်သက်ပြီး လိုအပ်တာတွေ ၊ သိလိုသည်များကို ထပ်မံမေးမြန်း အတည်ပြုပြီးနောက် တရစပ် ကြိုးစားပါတော့တယ် ။ 

         အဲလို ဆောင်ရွက်လာရင်း 1-9-2014 မှ 11-9-2014 အထိ ဂျာမဏီ ၊ နယ်သာလန် ၊ ဆွစ်ဇာလန် ခရီးစဥ်မှာ ဥရောပသမဂ္ဂခေါင်းဆောင်များ ၊ ဆွစ်ဇာလန် သမ္မ Dr Didier Burkhalter တို့နှင့် တွေ့ဆုံပြီး အဆိုပါ ဘဏ်အပ်ငွေများ အတွက် အပြင်းအထန် ဆွေးနွေးခဲ့ပါတယ် ။ 

        လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ကြီးအား ကမ္ဘာက အသိအမှတ်ပြုရလောက်အောင် တရားမျှတ သန့်ရှင်းအောင် ဆောင်ရွက်ပေးနိုင်လျှင် ယင်းငွေကိစ္စအား ကူညီဆောင်ရွက် ပေးကြပါမည် ဟု ကတိကဝတ်ပေးကြပါတယ် ။ 

       သူတို့ဖက်က အကြောင်းပြချက် ၂ ခုကတော့

(က) 2010 ရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ခြင်း

(ခ) ဦးသိန်းစိန် အစိုးရသည် အရပ်သား အစိုးရ စစ်စစ်မဟုတ်ခြင်း 

      ဆိုတဲ့ အချက်နဲ့ ငြင်းပယ်ခဲ့ပါတယ် ။ ထို့ကြောင့် သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ၂ နှစ်တိုင် အပြင်းအထန် ကြိုးစားခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့ကြပါဖူး ။ 

       ၂၀၁၅ ရွေးကောက်ပွဲကို အသန့်ရှင်းဆုံး ကျင်းပခဲ့ပြီး အနိုင်ရခဲ့တဲ့ NLD ပါတီကို 30-3-2016 မှာ ချောမွေ့စွာ အာဏာလွှဲပြောင်းပေးခဲ့ပါတယ် ။ နိုင်ငံတော် သမ္မတသည်ကား ဦးထင်ကျော် ဖြစ်သွားရပါပြီ ။ 

       ထို့ကြောင့် သမ္မတသစ် ဦးထင်ကျော်ထံသို့ ဤသို့ ထပ်မံ ဆက်သွယ် ကြိုးစားခဲ့ရပြန်ပါတယ် ။           

သို့
   ဦးထင်ကျော်
   နိုင်ငံတော်သမ္မတ
   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
   နေပြည်တော်။
                    ၂၀၁၆၊မေလ(၄)ရက်

အကြောင်းအရာ။  အမွေဆက်ခံသူဦးစိန်အောင်
မှ ပြည်သူ့ဘဏ္ဍာအဖြစ် နိုင်ငံတော်သမ္မတထံလွှဲ
ပြောင်းပေးအပ်ခြင်းနှင့်ကော်မတီတစ် ရပ်ဖွဲ့စည်း
ပေးပါရန်တင်ပြခြင်း။
================================
၁။၂၀၁၆၊မတ်လ(၃)ရက်နေ့တွင် ပူးတွဲပါ ငွေများအား ပြည်ထောင် စုလွှတ်တော် ၊ အမျိုးသား
လွှတ်တော်နှင့်ပြည်သူ့လွှတ်တော်၊လွှတ်တော်
   သုံးရပ်ထံသို့လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

၂။အ မွေဆက်ခံသူဦးစိန်အောင်သည်၊၎င်းသက်
   ရှိထင်ရှားရှိစဉ်အထိသာထိုငွေများကိုထုတ်ယူ
   နိုင် ခွင့်ရှိမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံသားတစ်ဦးအ
   နေဖြင့်၎င်း၏တာဝန်အား ကျေပွန်စွာဖြင့် ထမ်း
   ဆောင်သွားလိုကြောင်းသို့မဟုတ်ပါက၎င်းနှင့်
   ၎င်း၏မိသားစု အပါအဝင် နိုင်ငံတော် အတွက်
   စေတနာမှန်ဖြင့်ကူညီဆောင်ရွက်ပေးနေသည့်
   ပုဂ္ဂိုလ်အချို့တို့ အ ပေါ် မ မျှော်လင့်သောဘေး
   အန္တရာယ်များကြုံတွေ့လာရပါကနိုင် ငံတော်အ
   တွက်ဆုံးရှုံးမှုကြီးတစ် ရပ်ဖြစ်သွားရမည်ကို စိုး
   ရိမ်မိကြောင်း။

၃။သို့ဖြစ်ပါ၍ ကွယ်လွန်သွားကြပြီဖြစ်သောအလှူ
   ရှင်များ၏ဆန္ဒနှင့်အညီ နိုင်ငံတော်၏အကျိုးအား
   ဆောင်ရွက်နိုင်ရန်၊နိုင်ငံတော်မှ ဖွဲ့စည်းပေးသော 
   ကော်မတီတစ်ရပ်၏ ရှေ့မှောက်တွင် အဆိုပါနိုင် 
   ငံခြားငွေများနှင့် ပတ်သက်သည့် သက်သေခံစာ
   ရွက်စာတမ်းများအား၎င်းအနေဖြင့်လက်ရောက်
   လွှဲပြောင်းပေးအပ်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးပါ
   ရန်တင်ပြလာခဲ့ပါသည်။

၄။၎င်းအနေဖြင့် နိုင်ငံတော်သမ္မတကြီးထံ လွှဲအပ်
   သည့်တင်ပြစာအား၊ ရန်ကုန်ဗဟိုစာတိုက်ကြီးမှ
   တစ်ဆင့်တရားဝင်မှတ်ပုံတင်၍ယနေ့ပေးပို့လိုက်
   ပြီဖြစ်ပါသည်။

၅။အ မွေဆက်ခံသူ ဦးစိန်အောင် မှ ယ နေ့  ပေး ပို့
   လိုက်သောနိုင်ငံတော်သမ္မတကြီးထံလွှဲအပ်တင်
   ပြစာအား လိုအပ်သလို အရေးယူဆောင်ရွက်နိုင်
   ရန်လေးစားစွာဖြင့်ထပ်မံပေးပို့တင်ပြအပ်ပါသည်။

မိတ်တူကို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ပြည်ထောင်စုလွှတ်တော်ရုံး
အမျိုးသားလွှတ်တော်ရုံး
ပြည်သူ့လွှတ်တော်ရုံး
ပြည်ထောင်စုတရားသူကြီးချုပ်ရုံး
ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုရှေ့နေချုပ်ရုံး
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ပူးတွဲပါ
******
~နိုင်ငံတော်သမ္မတထံလွှဲအပ်စာ(၄-၅-၂၀၁၆)
~လွှတ်တော်သုံးရပ်ထံလွှဲအပ်စာ(၃-၃-၂၀၁၆)
~ဦးကျော်ဝင်း၏ USD26,000,000,000,000
  Gold CDS Certificate(Swiss Bank)
  (ကွယ်လွန်)
~ဦးအေးချို၏ USD 8,000,000,000,000
  Gold CDS Certificate(Swiss Bank)
  (ကွယ်လွန်)
~ဦးရန်နိုင်ထွန်း၏ USD 45,000,000,000
  Promissory Note(Barclays Bank)
  (လက်ရှိအသက်ရှင်ဆဲ)
~ကျွန်ုပ်တို့၏အဓိကရည်မှန်းချက်(၅)ရပ်

     (၂၀၁၆၊မေလ ၀၄၁၄၀၀)

           အဲဒီလို စနစ်တကျ ထပ်မံကြိုးစားခဲ့ပေမယ့် သမ္မတကြီး ဦးထင်ကျော် နားသွားသည်အထိ မည်သည့်လှုပ်ရှားမှုကိုမှ မသိရှိရပဲ သမ္မတကြီး ဦးဝင်းမြင့်လက်ထက် ရောက်ခဲ့ရပြန်ပါတယ် ။ 

      အမွေခံတွေ ဘာဆက်လုပ်ကြမလဲ ၊ ကုန်ကြထားတဲ့ စရိတ်စကများကလည်း သိန်း ထောင်သောင်းချီ၍ ကုန်ထားကြလေပြီ ။ သူတို့ကတော့ မရှိမဲ့ ရှိမဲ့ လက်ကျန်ခွန်အားလေးတွေ နဲ့ ဆက်လက် ရုန်းကန်လှုပ်ရှားကြမလား ဆိုတာ စဥ်းစား ဆုံးဖြတ်ကြပါပြီ ။ ကဲ ဘာဆက်လုပ်ကြမလဲ.........?

          ကို​ရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...