Sunday, July 3, 2022

ဖင်လုံမှ စင်ပေါ်တက်ကြပါ



မြင့်သိန်း
------
             ဆယ်တန်းတုန်းက  ငယ်သူငယ်ချင်း မြင့်သိန်းဆိုတာ အင်မတန် အရှက်ကြီးတယ် ၊ အနေအေးပေမယ့် ဒေါသလည်းကြီးပါတယ် ။ 

        တနေ့ စာသင်ခန်းထဲ ကျောင်းတက်စ ဆရာမ မဝင်လာခင်လေးမှာ လူစုံပြီး ဆူညံနေတာပေါ့ ။ မြင့်သိန်းက အင်မတန်ချော်ကြတတ်တဲ့ ဝက်ဝံတံဆိပ် ပုဆိုးသစ်လေးနဲ့ သူ့စာသင်ခုံမှာပဲ မတ်တပ်ရပ်ပြီး စကားထပြောတာကို နောက်တန်းက သောင်းတန်ညွှန့် နဲ့ စိုးဌေးတယောက်ယောက်ပဲဗျ ပုဆိုးကို ဆတ်ကနဲ ချွတ်ချလိုက်ပါတယ် ။ 

          မတ်တပ်ရပ်နေပေမယ့် စာရေးခုံကွယ်နေတာရယ် ၊ ကောင်မလေးတွေကလည်း ရှေ့ဖက်လှည့်ထိုင်နေကြတာရယ်ကြောင့် အနားက ယောကျာ်းလေး သူငယ်ချင်း နည်းနည်းပဲ သိပြီး ရီကြတာပါပဲ ။ 

       ဒါကိုပဲ အရှက်ကြီး ဒေါသကြီးတဲ့ မြင့်သိန်းက ပုဆိုးကို ခပ်တိုတိုကောက်ဝတ်ပြီး ဝုန်းကနဲ စာရေးခုံကြီးပေါ် ခုန်တက်ပြီး '' ဘယ်ကောင်ချွတ်တာလည်းကွ'' ဘာညာနဲ့ စိန်ခေါ်ပါရော ။ 

        သူပူညံ ပူညံလုပ်တော့မှ ဘာဖြစ်ပါလိမ့်ဆိုပြီး ကောင်မလေးတွေလည်း နောက်လှည့်ကြည့်ကြတာပေါ့ ။ အဲဒါ စာသင်ခုံပေါ်မှာ ထီးထီးကြီး မတ်တပ်ရပ်ပြီး ရှက်ရှက်နဲ့ စိန်ခေါ်နေတဲ့ မြင့်သိန်းကို တအံ့တသြဝိုင်းကြည့်နေတုန်း လူရှုပ်နှစ်ယောက် သောင်းတန်ညွှန့် နဲ့ စိုးဌေးပဲ တခါ ထပ်ပြီး ဆတ်ကနဲ ဆွဲချွတ်ပြန်ရောဗျို့ ။ 

       ဘာပြောကောင်းမလဲဗျာ ၊ ဟိုကောင်မြင့်သိန်း စာရေးခုံပေါ်မှာ ဖင်ပြောင်ကြီးဖြစ်ပြီး ကောင်မလေးတွေလည်း ''အမလေး '' '' ဟာ '' '' ဟယ် '' နဲ့ 18+ အငယ်စားလေးမြင်လိုက်ကြပြီး ယိမ်းတိုက်ထားသလို ရှေ့ဖက်ကို ချာကနဲ ပြန်လှည့်ကြပြီး ခေါင်းလေးတွေငုံ့ကာ တခစ်ခစ်ရီနေကြပါရော ။ 

       အရှက်ကြီးတဲ့ မြင့်သိန်းလည်း မင်းတို့တွေ့မယ်ဆိုပြီး တရားမသိပဲ ကြိမ်းမောင်းပြီး အိမ်ပြန်ပြေးပါရော ။ ဆရာမလာတော့ သိသွားပြီး တရားခံအဖြစ် ခြေဆော့လက်ဆော့ နာမည်ကြီး ကျနော့်ကိုပဲ စွတ်စွဲသဗျ ။ ( နာမည်ပျက်ရှိရင် မလွယ်ဘူးနော်)

          အဲဒါကြောင့် မြင့်သိန်း ၃ ရက်ကျောင်းမလာတော့ မင်းခေါ်လို့ရအောင်ခေါ်ခဲ့ရမယ် မရရင် တွေ့မယ်ဆိုလို့ မနည်းတောင်းပန် ချော့မော့ ပြန်ခေါ်ခဲ့ရတာ သတိရမိပါသေးရဲ့ဗျာ ။ 

ဝင်းမြင့်
-----
              ကျနော့်အဖေ နဲ့ အမေ သွေးသားသောင်းကျန်းလို့ လူဖြစ်လာရတာ ကျေးဇူးအထူးတင်စရာမရှိဘူး ကျနော့်ကျေးဇူးရှင်က ဒေါ်အောင်ဆန်းစုကြည်ပဲဆိုတဲ့ လူစုတ်ပဲ့ကြီး ။ 

           သူ့ဘာသာ လွှတ်တော်ဥက္ကဌကြီးလုပ်ပြီး တောပြော တောင်ပြော ဗရမ်းဗတာပြောနေတုန်းက ဘယ်သူမှ မဝေဖန်ကြပါဘူး ။ ဟော ထမီခြုံ သမ္မတလည်း ဖြစ်လာရော ဝါးခယ်မ ဇာတ်လမ်းတွေ ပေါ်လာပါရောလားဗျာ ။ 

       သူ့ဘာသာ ထိုင်နေရင် အကောင်းသား စင်ပေါ်ထပြလိုက်တော့မှ ချိုချိုတွေရော ပိုပိုတွေရော ဇာတ်လမ်းစုံသွားတဲ့အပြင် ကြယ်စင်တို့ လမင်းတို့ပါ အဆစ်ပါလာသေးတယ်ဗျာ အံ့ဖွယ်ပဲနော ။ 

ပိုင်သက်ကျော်
---------
                ဂရုဏာသံလေးနဲ့ ဒုက္ခိတ အဆိုတော်လေးဆိုပြီး အားပေးလိုက်ကြတာ ဝက်ဝက်ကွဲပေါ့ ။ အချိန်တန်တော့ ထမီခြုံပြီး သူပုန်အားပေးလုပ်ပြတယ် ။ အမှုဖြစ်တယ် သူ့အကြောင်း ဘာမှ မသိကြရသေးဘူး ။ 

         ထောင်ဒဏ် ၃ နှစ်ချလိုက်မှပဲ လက်မပါတဲ့ ပိုင်သက်ကျော်က မိန်းမ ၃ ယောက်တောင် ရှိသတဲ့ ဆိုပြီး သတင်းထွက်လာတော့တာပါပဲ ။ ဒီသတင်းကြားရတော့ fri ထဲက အဖြစ်မရှိတဲ့ သူကြီးသေနတ်တွေကို အ အုံးဟ ဆိုပြီး နဘန်ကျင်းချင်လာတယ်ဗျာ 😁😁😁 ဂရုဏာဒေါသောတွေပေါ့ဗျာ ။ 

         ကျနော်ပြောချင်တာက သူလိုကိုယ်လို သာမန်အရပ်သားတွေကို ပြောချင်တာ မဟုတ်ပါဘူး ။ နိုင်ငံရေးစင်မြင့်ပေါ် တက်မယ့်သူတွေကို သတိပေးချင်တာပါဗျာ ။ 

         သူတပါးထက် ပိုမြင့်တဲ့နေရာမှာ တာဝန်ယူချင်လို့ ကျိုးစားနေကြတာ မှန်ပေမယ့် အထက်ပါ ဖြစ်ရပ်လေးတွေကို နမူနာကြည့်ထားဖို့တော့ လိုပါမယ် ။ 

       မိမိရဲ့နောက်ကြောင်း ရာဇဝင် ( လူမှုရေး ပညာရေး စီးပွားရေး) သန့်ရှင်းရဲ့လား အရင်စီစစ်ကြစေလိုပါတယ် ။ ဘဝကို ဖြစ်လို ကပျစ်ညစ်ကျယ် ဖြတ်သန်းလာပြီးမှ အနာအဆာတွေ မပေါ်လောက်ဖူး ထင်ပြီး စင်ပေါ်တက်မလာနဲ့ဗျ အချိန်ကျလာတာနဲ့ မြင့်သိန်းခုံပေါ်မှာ ဖင်ပြောင်ဘဝနဲ့ အရှက်ကွဲသလို ဖြစ်နေမှာစိုးလို့ပါပဲ ။ 

        မင်းကရော ဘယ်လောက်ကောင်းနေလို့လဲဆိုပြီး ကြေးတန်းမတိုက်နဲ့ဗျ ၊ ကိုယ့်အကြောင်းကို သုံးသပ်ပြီး ရပ်ကွက်လူကြီး လျှာထားတာတောင် ငြင်းခဲ့ဖူးပါ့ဗျာ ။ ကျနော်က ကိုယ့်အ​ကြောင်းကိုယ်သိပြီး အရှက်ရှိလို့လေ ။

         ကိုရွှေမျိုးဝင်း

(ဒီလိုလူမျိုးကို ထမ်းတင်ပြီး မြေတောင်မြှောက်ပေးမိရင်တော့....)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...