Sunday, July 24, 2022

ပြောချင်တဲ့အကြောင်းများ



၁ ။ ပထမဆုံး ပြောချင်တာက ကျနော့်ပို့စ်နဲ့ပတ်သက်တဲ့ ကိစ္စပါ ။ ဟို...ယခင်ကတည်းက ရေးခဲ့သမျှ ကျနော် အောက်ကနေ မည်သည့်အမည်မျှ မရေးသည့်အပြင် ရှယ်ခြင်း ကော်ပီကူးခြင်း အတွက် လွတ်လပ်စွာလုပ်ဆောင်နိုင်ကြောင်း နဲ့ ယုတ်ဆွအဆုံး ကော်ပီသမား ခရက်ဒစ်ပင် မလိုကြောင်း မကြာခဏ ပြောဖူးပါတယ် ။ 

      နောက်တော့ NLD လက်ထက် တရားစွဲမှုတွေ များလာချိန်မှာ ကျနော့် ပို့စ် အတွက် သူတပါးဒုက္ခရောက်မှာ စိုးရိမ်လို့ ပို့စ် အောက်မှာ တာဝန်ခံတဲ့အနေနဲ့ မျိုးဝင်း လို့ ရေးပေးခဲ့ပါတယ် ။

        အဲဒီမှာပဲ မျိုးဝင်းဆိုတဲ့ ကျနော်မဟုတ်သော ပရိုဖိုင်မတူသည့် အခြားတကောင့်ကနေ ကျနော့် ပို့စ် တွေ ပြန်တင်နေပါတယ် ။ မူလတုန်းက ကျနော့် ပို့စ်ချည်း ပြန်တင်ရာမှ သူကိုယ်တိုင် ရေးသားလာသည့် ပို့စ် များမှာလည်း အောက်ကနေ မျိုးဝင်းလို့ပဲ ရေးပါတယ် ။ ဒီတော့ ကျနော်မရေးတဲ့ ပို့စ် အတွက် ကျနော်ပြဿနာအဖြစ်မခံနိုင်ပါဘူး ။ ထိုလူကိုလည်း ကျနော်ကန့်ကွက်ရန်အကြောင်းမရှိပါဘူး ။ ဒါနဲ့ သူနဲ့ကွဲလွဲစေရန် ကိုရွှေမျိုးဝင်းလို့ ကျနော်ကပဲ ပြောင်းရေးခဲ့တာ ယနေ့တိုင်ဖြစ်ပါတယ် ။ 

        ကိုရွှေမျိုးဝင်းဆိုပြီးတင်ရာမှာ ကျနော့် page နဲ့ ကျနော့် ACC မှ မတင်ပဲ တွေ့ရာ ရှယ်နေရင်လည်း ခင်ဗျားတို့အတွက် အန္တရာယ်များပါ့မယ် ။ မနေ့က တွေ့ရတဲ့ ပို့စ် ဆိုရင် သက်သေမရှိပဲ ပြဿနာဖြစ်နိုင်တဲ့ကိစ္စတွေ မြင်နေလို့ ကျနော် ပို့စ်တင်တားမြစ်လိုက်တာပါ ။ ချစ်မိတ်ဆွေများ သတိထားနိုင်ဖို့ပါခင်ဗျာ ၊ ဟာသ ပို့စ် ဗဟုသုတပို့စ် များဟာ ပြဿနာမရှိပေမယ့် အဲလို ပို့စ်ဆိုရင် ပြဿနာရှိနိုင်လို့ သတိထားကြပါဗျာ အတုနဲ့ညားပြီး မလိုအပ်ပဲဖြေရှင်းကြရပါ့မယ် ။

၂ ။ တနေ့က ကျနော် သရော်စာ တင်လိုက်တယ် ။ တဖက်တည်းသားခြင်းမို့ သိသူတွေသိပြီး မသိသူတွေ နေပါစေဆိုတဲ့သဘောနဲ့ တင်လိုက်ခြင်းပါ ။ နောက်မှ နောက်တပုဒ်နဲ့ ထပ်ရှင်းရတာ အကြောင်းရှိပါတယ် ။ 

        သရော်စာအကြောင်းပြုပြီး သူက တောရေးတောင်ရေး ဇဝေဇဝါဖြစ်အောင် ထပ်ရေးတော့ ပထမ ဟန်ငြိမ်းဦးက ထချဲတယ် ။ ညနေပိုင်းမှ ကျနော့်ဆီကို ကိုမျိုးဝင်းရေ ခင်ဗျားသရော်စာကို တကယ်မသိတဲ့ ပြည်သူတွေက ဒီလူ့ကို တကယ့်သားအရင်းလို့ ထင်မြင်ကုန်ပြီ ။ ဒီတော့ သူ့အတွက်လည်း မကောင်းဘူး အန္တရာယ်များတယ် ပြန်​ဖြီ​ပေးတဲ့ ပို့စ် တင်ပြီး ပြည်သူတွေကို ပြောပေးပါလို့ တာဝန်ရှိသူတွေက တောင်းဆိုလာတဲ့အတွက် ကျနော် ထပ်ရေးလိုက်ရပါတယ် ။ 

       ဒါနဲ့ကျနော်ထပ်ရေးလိုက်ရပါတယ် ။ တဖက်တည်းသားခြင်း အရှက်ခွဲတာ မဟုတ်ဘူး ။ သူ့အန္တရာယ်ကို ကာကွယ်ပေးခဲ့တာပါ ။ ကျနော့်မှာ သက်သေတွေရှိတယ်နော် ။ ကျနော်တကယ်ဆော်ခြင်ရင် ပို့စ် နှစ်ခု မလိုဘူးဗျ ။ 

      ဒါတွေပြောပြနေတာ အခုမနက် တက်လာတဲ့သတင်းအရ သူ ပြဿနာတက်နေပြီလို့ ဖတ်မိလို့ပါ ( ဟုတ်မဟုတ် ကျနော်မသိရသေးပါဘူး ) ။ ပြဿနာတက်နေရင်လည်း တပ်ထောက်ခံသူမို့ အကျယ်မချဲ့ပဲ ပြောဆိုဆုံးမပြီးတဲ့အဆင့်နဲ့ပဲ အမြန်ဆုံးပြေလည်စေချင်ပါတယ် ။ အမှားကင်းသူမရှိပါဘူး ကျနော်တို့လည်း စင်းလုံးချောမဟုတ်ပါဘူး ။ အကြမ်းဖက်တွေတောင် ခွင့်လွှတ်နေသေးတာမို့ အမှန်တကယ် ပြဿနာတက်နေရင်လည်း ခွင့်လွတ်ပေးရပါမယ် ။ 

၃ ။ ကျနော့်မှာ အကောင့်တွေ မရေနိုင်အောင် ရှိခဲ့တာ အားလုံးအသိပါပဲ ။ ယခု သုံးနေတဲ့ messenger သည် ဘယ်အကောင့်က messenger မှန်း ကျနော်ကိုယ်တိုင်မသိတော့ပါဘူး ။ page က messenger ကလည်း သုံးရတာ အဆင်မပြေပါဘူး ဇော်ဂျီ နဲ့ ယူနီကုတ် လွဲနေရင် စာဖတ်မရပါဘူး ။

      ကော်ပီ ပို့စ်တခုမှာ လူတယောက် မန့်ထားတာတွေရပါတယ် ၊ ကျနော့်ကို ဘယ်လိုဆက်သွယ်ရမလဲဆိုပြီးမေးပါတယ် တယောက်က ဖြေတယ် မေးမနေနဲ့ မာနကြီးတယ် ဆိုလားပဲ ။

        ပြောခဲ့ဖူးသလို ကျနော်မသုံးတဲ့ messenger ကနေ ဆက်သွယ်နေလဲ ကျနော်မသိပါဘူး ။ နောက်ပြီး ကျနော်က အားလုံးသိနေတဲ့ superman လည်း မဟုတ်ပါဘူး ။ အကူညီတောင်းလာတိုင်းလည်း မိမိနားလည်ကူညီနိုင်တာကလွဲရင် ကူညီနိုင်စွမ်းမရှိပါဘူး ။ 

       နောက်ပြီး ပုဂ္ဂိလိက ပြဿနာတွေကိုလည်း ကူညီဖို့ခက်ပါတယ် ။ အစိုးရမူဝါဒနဲ့ ပတ်သက်နေရင်တမျိုးပေါ့ဗျာ ။ အရပ်ထဲအကြွေးတောင်းမရတာမျိုးကို ကျနော်ဘယ်လိုကူညီရမလဲ ။ ရာထူးတိုးမပါတာ ဘယ်လိုကူညီရမလဲ ။ ခက်လှပါတယ်ခင်ဗျ ။ 

       မီးစိမ်းနေတယ် ပြန်မပြောဘူး မလုပ်နဲ့ဗျ စာရေး စာဖတ်နေရင်လည်း ကျနော် မပြောနိုင်ဘူးဗျ ။ လာသမျှ ပြောနေရင်လည်း အခြားအလုပ် လုပ်ချိန်မရှိတော့ဘူးဗျ ။ ဒါကြောင့် အခြေအနေအရ အားလုံးကို တုန့်ပြန်မှု မပေးနိုင်တာဖြစ်ပါတယ် ။ 

၄ ။ အခုဆို ကျနော်ရေးမယ့် အပိုင်း ၂ ကို စောင့်နေကြတာ သိပါတယ် ။ ကျနော်တို့က ဒါမျိုးရေးမယ်ဆိုရင် ပထမဆုံး လူကြီးတွေဆီ သတင်းပေးလေ့ရှိပါတယ် ။ စိတ်ဝင်စားတယ် မှန်ကန်တယ်ဆိုရင် အက်ရှင်ယူဖို့ အချိန်ပေးရပါတယ် ။ မဟုတ်ရင် ပြေးကုန်မှာပေါ့ဗျာ ။ 

         သတိပေးသလို ဖြစ်မှာစိုးရိမ်ရလို့ အချိန်ဆွဲနေတာပါ ကျနော် ညနေပိုင်း တင်ပါ့မယ် ။ ပြေးတာ မပြေးတာ ကျနော့်အလုပ်မဟုတ်တော့ပါဘူး ။ 

      ကျနော်ရှင်းပြချင်လေးတွေကို ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ။ ကျနော့် ပို့စ် တွေကို အားလုံးဖြစ်စေ ၊ တစိတ်တပိုင်းဖြစ်စေ ခရက်ဒစ်မလိုပဲ (စာအုပ်ထုတ်ခြင်းမှအပ) လွတ်လပ်စွာ အသုံးနိုင်ပါတယ် ။ 

      ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...