Friday, July 1, 2022

ပြည်ဖျက် မကြီးရဲ့ ယုတ်မာမှု


          ဒီအကြောင်းကို တစွန်းတစ သက်သေနဲ့တကွ သိထားကတည်းက ရေးချင်ပေမယ့် သတင်းဇစ်မြစ်ပိုင်ရှင် ကာယကံရှင်က မဖော်ထုတ်စေလိုတဲ့ အတွက် မျိုသိပ်ခဲ့ရပါတယ် ။ တနေ့ကမှ ကိုမျိုးရေးချင်ရေးပါဆိုလို့ ယခုတင်ပြလိုက်ရပါတယ် ။ 

         ဒေါ်စုကြည်ဟာ ခိုးဝင်အုပ်စုကြီးကို တိုင်းရင်းသားပေးချင်နေတာ အားလုံးအသိပါပဲ ။ သို့သော် ဦးနေဝင်းရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ နဲ့ ၂၀၀၈ ခြေ /ဥ အရ သူမဟာ စိတ်သွားတိုင်းကိုယ်မပါနိုင်ခဲ့ပါဘူး ။ 

         ၂၀၀၈ ခြေ/ဥ ကို ကာကွယ်စောင့်ရှောက်ရမယ်လို့ တပ်မတော်အား အတိအလင်း ဥပဒေပြဌာန်း တာဝန်ပေးထားတဲ့အတွက် တပ်မတော်ပြိုကွဲရေးကို တစိုက်မတ်မတ် ဆောင်ရွက်ပါတော့တယ် ။ 

        ထို့အတူ ခိုးဝင်တို့အတွက် တိုင်းရင်းသားစာရင်းဝင်နိုင်ရန် အခြားနည်းနဲ့ ကြောက်ခမန်းလိလိ ဆောင်ရွက်ထားပြန်ပါတယ် ။ အဲဒါကတော့ တိုင်းပြည်အပေါ် သစ္စာမရှိသော လဝက ဝန်ထမ်း အကြီးအကဲများနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ လူမျိုးဖျောက် အစီအမံကြီးပဲ ဖြစ်ပါတယ် ။ 

        မြို့နယ်အသီးသီးရှိ လူဦးရေ နဲ့ တိုင်းရင်းသားမျိုးနွယ် အချိုးအစား စာရင်းများအား ၂၀၁၉ မှာ ပြောင်းလဲပစ်ခဲ့ကြပါတယ် ။ 

        မြို့တိုင်းမှာ တိုင်းရင်းသားချည်း 99 % ကျော် နေထိုင်လျှက်ရှိကြောင်း (100 % မြို့တွေတောင်အများကြီး) စာရင်းလိမ်တွေနဲ့ လဝက ကနေ ပြုစုထားကြပါတယ် ။ နမူနာပြောရရင်...

- မိတ္ထီလာ တိုင်းရင်းသား 100%

- မြင်းခြံ တိုင်းရင်းသား 100 %

- လမ်းမတော် တိုင်းရင်းသား 99.45 %

       ဆိုပြီး ပြင်ဆင်ပေးထားပါပြီ ။ ကဲ တွက်ကြည့်ကြပါအုံး မိတ္ထီလာလို ရပ်ကွက် တခု ဗလီတလုံးရှိနေတဲ့ မြို့မှာ ခိုးဝင်တယောက်မှမရှိ ။ မြင်းခြံက မြို့လယ် ဗလီဝန်းထဲက ခိုးဝင်တွေ ဘယ်ပျောက် ။ နောက်ဆုံး လမ်းမတော်တောင် ခိုးဝင်က လူတရာ တယောက်မရှိဘူးဆိုပဲ ။ 

        တွေးကြည့်ရင် သိပ်ကြောက်စရာကောင်းတဲ့ လူမျိုးပြင်ဆင်မှုကြီးဆိုတာ တွေ့ရပါလိမ့်မယ် ။ ဒါကို နိုင်ငံတော်နဲ့ လူမျိုးအပေါ် အမှန်တကယ် ချစ်မြတ်နိုးသော ပုဂ္ဂိုလ်တဦးက သတင်းအစအနကြားပြီး ငွေကုန်ခံ စုံစမ်းလို့သာ သိကြရတာပါ ။ 

        အဓိက တာဝန်အရှိဆုံး လဝက နဲ့ ထွေအုပ်တွေက တရားဝင်ဖော်ကောင်လုပ်ခြင်း လုံးဝ မကြားမိသေးပါဘူး ။ အံ့သြစရာ နိုင်ငံနဲ့လူမျိုးအပေါ် သစ္စဖောက်မှုကြီးကို ဒေါ်စုကြည် စိတ်တိုင်းကြ လုပ်ပေးခဲ့တဲ့ အဆိုပါ လဝက လူကြီးများ ယနေ့ထိ ဘေးမသီ ရန်မခ ဖြစ်နေကြဆဲပါပဲ ။ 

      စိတ်ပူစရာတော့ မလိုပါဘူး ။  ဒါတွေကို နစက မသိဘူးလားဆိုတော့ သိပြီးသားတွေပါ ။ ဒီသက်သေတွေနဲ့အတူ ထိုစဥ်က အာဏာပါဝါ မရှိသော ယခုအစိုးရအဖွဲ့ဝင် ဝန်ကြီးများထံ သတင်းပေးပို့ခဲ့သလို တပ်ချုပ်ကြီးထံလည်း တင်ပြကြပြီးဖြစ်ပါတယ် ။ 

          အာဏာထိမ်းလိုက်ရတဲ့ အကြောင်းထဲမှာ မဲခိုးမှုပါသလို ၊ ဒီလိုမျိုး တိုင်းပြည်အပေါ် သစ္စာဖောက်မှုတွေလည်း ပါနေပါလိမ့်မယ် ။ သူလျှိုတွေ အစိုးရအဖွဲ့အတွင်းစည်းကနေ ငါးနှစ်လုံး တိုင်းပြည်လျှို့ဝှက်ချက်တွေ ရယူသွားကြတာလည်း အကြောင်းတခုပေါ့ ။ 

         ဒီတော့ ဒီစာရင်းလိမ် ကိစ္စအတွက် နစက အနေနဲ့ ဖြေရှင်းဖို့ သိပြီး လုပ်ပြီး ဖြစ်မှာသေချာပါတယ် ။ ကျနော်တို့ ဖော်ထုတ်ရေးသားရခြင်းက NLD ဘယ်လောက်ယုတ်မာခဲ့တယ်ဆိုတာ ပြည်သူတွေ သိနိုင်သလောက် များများသိကြဖို့ပဲ ရည်ရွယ်ခြင်းဖြစ်ပါတယ် ။ 

       နောက်တချက်က သတင်းထိမ်ချန်ထားတဲ့ လဝကတာဝန်ရှိသူများ နဲ့ ထွေအုပ်တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူရန် မေ့များနေသလားလို့ လှုပ်ခတ်ကြည့်ခြင်းလည်း ဖြစ်ပါတယ် ။ 

         ပူးတွဲပါ မြို့အချို့ကို လေ့လာကြည့်ပါ ကိုယ့်မြို့ရွာ စာရင်းထဲ ပါလာရင် ဟုတ်မဟုတ် သိကြရမှာပါပဲ ။ 

      ကိုရွှေမျိုးဝင်း

။      ။ အကောင့် နဲ့  page ကျသွားရင် ထပ်ဖွင့်မယ်ဗျာ ။

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...