Saturday, July 16, 2022

အိပ်မက် လမ်းဆုံး



          မြန်မာပြည်မှာ တပ်မတော်ကို ဆန့်ကျင်ပြီး ပါတီတခုအတွက် အာဏာလုဖို့ စိတ်ကူးယဥ်ဖဲရိုက် အိပ်မက်မက်နေတဲ့ သူတွေအတွက် ဒါတွေသိဖို့လိုပါတယ် ။ 

       သူတို့အတွက် ခိုးသွင်းထားတဲ့ မောင်းပြန်ခေတ်မှီသေနတ် ၊ ပိုက်တို ပိုက်စနဲ့ လုပ်ထားကြတဲ့ ဘုရင့်နောင်လက်ထက်သုံး တူမီးအစုတ်လေးတွေ နဲ့ အဝေးပစ်ပါဆိုရင်း ကိုယ့်နားကျကွဲနေတဲ့ ပေမမှီ စံမမှီ လက်နက် ၊ ကိုယ့်လက်ထဲကိုယ်ကွဲ သေပွဲဝင်နေရတဲ့ လက်လုပ်ဗုံးလေးတွေနဲ့  ဆေးသမား လူမိုက် ကလေကချေတွေ ကျောရိုးထားတဲ့ လူ့စွမ်းအင် ပေါင်းစည်းထားတဲ့ ပျော့ပြဲပြဲ ဒမြသာသာ အဖွဲ့ကြီးရှိသပေါ့လေ ။ 

         ကျည်ဆံဖို့မရှိလို့ အလှူခံ ဂျွမ်းပြန်အောင်ခိုးပြီးမှ အကြွင်းအကျန်လေးနဲ့ စားသောက်တိုက်ခိုက်နေရတဲ့ သူတလူငါတမင်း ထောက်ပံံ့အုက်ချုပ်မှု သောက်ဆင့်နဲ့ မြန်မာ့တပ်မတော်ကို နိုင်အောင်တိုက်ဖို့ဆို ဘယ်လိုမှ မဖြစ်နိုင်မှန်း အားလုံးသိထားပြီးသားပါ ။ 

        ဒီတော့ သူတို့ပထွေး အမေရိကန် နဲ့ အနောက်အုပ်စုအားကိုးပြီး လေတိုက်စစ်ဆင်နေတုန်း မြန်မာရဲ့ မဟာမိတ် ရုရှားက အမေရိကန်နဲ့ ဥရောပကို ဗြောင်သိန်ခေါ်ပြီး ယူကရိန်းကို ဆော်ပစ်တယ် ။ 

         အမေရိကန်နဲ့ဥရောပလည်း ကျားမြင်တဲ့ ခွေးတွေလို အဝေးကပဲ ဟောင်ရဲတယ် ရုရှားကို တေ့တေ့ဆိုင်ဆိုင် မတိုက်ရဲဘူး ။ အဲသလိုသာ ယောကျာ်းပီသတဲ့ သတ္တိမရှိတာ လက်နက်ပေးပြီး မြှောက်ပေးလေရဲ့ ။ 

      အမြဲတမ်း စစ်အင်အား ၇ သိန်း နဲ့ ကမ္ဘာ့အဆင့် ၂၂ ရှိတဲ့ ယူကရိန်းတပ်မတော်ကို ရုရှားက အင်အား တသိန်းခွဲနဲ့ထိုးစစ်ဆင်တယ် ။ ဒုတိယကမ္ဘာစစ်လက်ကျန် ဒိတ်လွန်လက်နက်ဟောင်းတွေနဲ့ တိုက်တယ် ။ အနောက်အုပ်စုရဲ့ ခေတ်မှီလက်နက်တွေအစွမ်းကို သွေးတိုးစမ်းတဲ့ အခြေအနေပဲ ။ 

        ထုံးစံအတိုင်း မီဒီယာတွေမှာ ရုရှားရှုံးနေပြီး မြေပြင်မှာ ယူကရိန်းဘဝပျက်နေတယ် ။ ရုရှားက အမေရိကန် နဲ့ ဥရောပရဲ့ နိုင်ငံပေါင်း ၃၀ ကျော်ကို ကြားခံစစ်မလိုဘူး ဒဲ့ တိုက်ကြစို့ ဆိုပြီး စိန်ခေါ်လ်ုက်တယ် ။ သတ္တိခဲ အနောက်အုပ်စုကြီး ချက်ခြင်း နားလေးပြီး မကြားချင်ဟန်ဆောင်ကြရတော့တာပဲ ။ 

        ရုရှာရဲ့ Satan-2 နဲ့ 
Hypersonic missile နည်းပညာ ၂ ခုနဲ့တင် သွေးပျက်နေတဲ့ လေကျယ် အနောက်အုပ်စုအတွက် အသံမထွက်နိုင်တော့တာလဲမပြောနဲ့လေ ။ 

          Satan-2 ဆိုတဲ့ ရေအောက်ပစ် ICBM ကြီးကို ကမ္ဘာဖျက်လက်နက်လို့ တင်စားထားကြပါတယ် ။ သူက ရေအောက်မှာ ဖောက်ခွဲလိုက်ရင် တလုံးထဲနဲ့ အင်္ဂလန်လို တိုင်းပြည်ကို ပင်လယ်အောက် မြှပ်ပေးနိုင်တာကိုး ။ 

    နောက်ပြီး  Hypersonic missile နည်းပညာကလည်း 27 မက် အထိ မြန်ဆန်လွန်းတော့ ဖင်ခေါင်းကျယ်အမေရိကန်လည်း ဘယ်နေရာကနေ ဘယ်သူက ဘယ်အချိန် ပစ်လိုက်မှန်းမသိရပဲ သေချင်းဆိုး ဖြစ်သွားနိုင်တာကြောင့် ကြောက်နေတာ မဆန်းကျယ်ပါဘူး ။ 

       အခုဆို ရုရှာက ကြောက်နေတဲ့သူတွေကို ထပ်ဖြဲခြောက်ပြလိုက်ပြန်ပြီ ။ ကြည့်လေ 8-7-2022 မှာ K-329 Belgorod နျူကလီယား ရေငုတ်
သင်္ဘောကြီးတပ်တော်ဝင်လိုက်တယ် ။ 

        ထူးခြားချက်က ရေငုပ်သဘော်မဟုတ်ဖူး နျူကလီယားထိပ်ဖူးတပ် Poseidon တော်ပီဒို ၆ လုံးပဲဖြစ်ပါတယ် ။ တိုပီဒိုက ကိုယ်ပိုင် နျူကလီယားပါဝါနဲ့မောင်းနှင်ပြီး ကီလိုမီတာ တစ်သောင်း (မိုင် ၆၀၀၀)ကျော် အကွာအဝေးက ပစ်မှတ်
ကို ဦးတည်ကာရေအနက် မီတာတစ်ထောင်မှ 100 knots မြန်နှုန်းနဲ့ တိတ်တဆိတ် တိုက်ခိုက်နိုင်စွမ်း ရှိတာကြောင့် သွေးပျက်လောက်တဲ့ ခြောက်ခြားဖွယ်လက်နက်ဖြစ်ပါတယ် ။ 

       အနောက်အုပ်စု ဖင်တုန်အောင်ကြောက်နေတဲ့ Satan-2 ဆိုတဲ့ ရေအောက်ပစ် ICBM ကြီးထက်တောင် အများကြီးကြောက်စရာကောင်းလှတော့ တွေးကြည့်နိုင်လောက်ပါပြီ ။ 

         K-329 Belgorod တပ်တော်ဝင်လို့ ထနေတဲ့ ကြက်သီးမွှေးညှင်း အရှိန်မပြေပဲ အကြောက်မပြေခင် ရုရှားက နောက်တကွက် ထပ်ပြလိုက်ပြန်ပါရောလား ။ 

       Russia Kalina Project ကို 2011 က စတင်သုတေသနပြုလုပ်ခဲ့ရာမှ ယခု 2022 မှာ အောင်မြင်စွာ အသုံးပြုနိုင်ပြီလို့ ထကြေညာလိုက်တာဟာ အနောက်အုပ်စုအတွက်တော့ 
အရှိုက်အထိုးခံရလို့ အသက်ရှူမှားနေချိန်မှာ ဇတ်ပေါ်ဒါးတင်ခံလိုက်ရတာပါပဲ ။    

         Kalina Project ဆိုတာ လေဆာလက်နက်ပါပဲ ။ သူ့တာဝန်က ရန်သူရဲ့ ဒရုန်းတွေ ၊ လေယာဥ်တွေ ၊ တိုက်ချင်းပစ် ဒုံးတွေကို လေဆာနဲ့ ပစ်ချဖို့တင် မကပါဘူး ရန်သူ့ရဲ့ ဂြိုလ်တုတွေကိုပါ ထာဝရ ကန်းသွားအောင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ် ။ 

      လှုပ်ရှားနိုင်တဲ့ ယဥ်တင်လေဆာလက်နက်အဆင့်ထိ ထုတ်မယ်လို့ ပြောချိန်မှာ စစ်ရေးလေ့လာသူတွေ သဘောပေါက်ကြတာက ထုတ်ပြီးနေပြီဆိုတဲ့ အချက်ပါပဲ ။ 

        ယူကရိန်းက ဒရုန်းတွေ ပစ်ချခံရတာ နဲ့ အစ္စရေးရဲ့ F 35 လေယာဥ်က ဗုံးတွေဖြုတ်ချမရဖြစ်ခဲ့တာ Kalina ကြောင့်ဆိုတာ တွက်ဆမိတော့ လက်ဦးမှုယူပြီး တိုက်ရကောင်းမလားဆိုတဲ့ စိတ်ကူးတို့လည်း ပျက်ပြယ်သွားရပြန်ပါပြီ ။ 

       Hypersonic missile နဲ့ ရွာလည်နေတဲ့ အနောက်အုပ်အတွက်တော့ တိုက်ခိုက်ရေး ဒုံးတွေအပြင် ဂြိုလ်တုကိုပါ ဂျမ်ဘာလုပ် ဆင်ဆာဖြတ်တောက် အသက်မဲ့စေမယ့် Kalina လေဆာလက်နက်ကြောင့် ဝက်ဝံကြီးကို ရန်စဖို့ နေနေသာသာ ကိုယ့်တာကို လုံအောင်ကာဖို့ဆိုတာတောင် မဖြစ်နိုင်တော့မှန်း သိသွားကြပါပြီ ။ 

       ပြည်တွင်းက အကြမ်းဖက် စိတ်ကူးယဥ်သမားတွေရဲ့ ရွှေတောင်ကြီး ပြိုနေတာ ပြင်ပကမ္ဘာမှာ တကယ့်ဖြစ်ရပ်ပါပဲ ။ ဒါပေမယ့် fb ကမ္ဘာမှာတော့ ငါတို့နိုင်ပြီ အော်ရင်း ဆေးသမားအကြမ်းဖက်လေးတွေ အားတင်းအိပ်မက်ဆက်မက်နေကြလေရဲ့ ။

       တကယ်တန်းကြတော့ လူယုတ်မာတို့အိပ်မက်က လမ်းဆုံးနေပြီဖြစ်ပါတယ် ။ 

       ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...