Friday, July 22, 2022

မင်းသားကြီး များသို့😂😂



          ကျနော် မင်းသားကြီးလို့ ရည်ညွှန်းပြီး ခေါ်ခဲ့တဲ့ နိုင်ငံသိ မင်းသားအစစ် ။

           မင်းသားကြီးလို့ မိမိကိုယ့်ကိုရည်ညွှန်းပြီး fb ACC ပရိုဖိုင်ဖွင့်ထားတဲ့ တပ်ချုပ်ကြီးရဲ့သားကြီး (သူ့ကိုယ်သူ ပြောနေသူ) ။

         တချိန်က အကောင့်တွေကုန်ကောင် အပိတ်ခံရချိန်မှာ မင်းသားကြီးဆိုတဲ့ ACC ကို ကျနော့်အားပေးပြီး ရေးစေခဲ့တဲ့ အတွက် ဘာမှ မဟုတ်တဲ့ မျိုးဝင်းလည်း မင်းသားကြီး ဖြစ်ခဲ့ဖူးပါတယ် ဗျ ။ အပေါ့မတွက်နဲ့နော်😁😁😁   

         သို့သော် နိုင်ငံကျော်မင်းသားအစစ် မင်းသားကြီး နဲ့ တပ်ချုပ်ကြီးရဲ့သားကြီး မင်းသားကြီးတို့ နဲ့ ယှဥ်ကြည့်တော့ မျက်နှာငယ်ရတဲ့ မင်းသားကြီးအတုပေါ့ဗျာ ။ ဒါပေမယ့် fb မှာ နာမည်လေးကြီးချင်တော့ ဒီလိုပဲ ကပ်ရပ် ကြံဖန် ဘေးတွဲရတာပေါ့လေ ဒါလေးကိုတော့ မင်းသားကြီးအစစ်နှစ်ယောက် နားလည်ပေးကြပါခင်ဗျ ။ 

         ဒီလို စကားပလ္လင်ခံရတာက fb စာမျက်နှာမှာ အဆိုပါ မင်းသားကြီးနှစ်လက် တိုက်ပွဲဖြစ်နေကြတာတွေ့ရလို့ပါပဲ ။ ဒီတိုက်ပဲဲကြားထဲမှာ ကျနော်အမည်ကို ရည်ညွှန်းပြီး တပ်ချုပ်ကြီးရဲ့သားကြီးက ( ဟုတ်မဟုတ် တော့ မသိ) လမ်းညွှန်ဆုံးမထားတာ တွေ့ရလို့ ဒီ ပို့စ် လေး ရေးမိတာပါ ။ 

        မင်းသားကြီးအစစ် ပြဿနာတက်နေတယ် ကြားပေမယ့် ဘေလ်မရှိလို့ သူ live လွှင့်တာ မကြည့်နိုင်ပါဘူးဗျာ ။ နောက်မှ အကြံပေါက်ပြီး မဖြစ်ဖြစ်အောင် ကြံဖန်ဘေလ်ဖိုးရှာ နားထောင်ရသပေါ့လေ ။ 

        ထင်တဲ့အတိုင်းအကွက်တွေ့ရလေပါပြီ ။ ဒီတော့ လူထုအနေနဲ့ မင်းသားကြီးရဲ့ live ကို ငါကဲ့သို့ ဘေလ်ဖိုးကုန်မှာစိုးပြီး မကြည့်ရသူတွေ များနေမှာပဲလို့ တွေးမိပြီး မိမိသဘောပေါက်သလောက်လေး ဆရာကြီးလုပ်ပြီး ပို့စ် တင်မိပါရောဗျ ။

      နောက်ပြီးစဥ်းစားမိတယ် အင်း...မင်းသားကြီးလို သူဌေးတယောက် အပေါင်းအသင်းစုံသူတယောက် ဖြေရှင်းရခက်နေတာ ပြဿနာရှာသူရဲ့ နောက်ကွယ်က အကောင်ကြီးကြီး ရှိနေလို့ပဲ နေမှာဆိုပြီး ရမ်းတုတ်ကာ ပို့စ် တပုဒ် ထပ်တင်လိုက်ပါတယ် ။ 

( ကျနော့်ကို တပ်ချုပ်ကြီးရဲ့သားကြီးက မင်းသတ္တိရှိရင် အမည်တပ်ရေးလို့ ဝေဖန်ထောက်ပြတာ အဲလို ရမ်းတုတ်လို့ခင်ဗျ ။ ကျေးဇူးတင်တယ်ဗျာ တပ်ချုပ်ကြီးရဲ့ သားကြီးဖြစ်နေပြီး ပမွှား ငမျိုးဝင်းကို ဆွဲစေ့မသွားပဲ အခုလို သတိပေးရုံ ပေးခဲ့တာကိုပါ)

      အမှန်က မင်းသားအစစ်ကြီးရဲ့ အမှုက တလကျော်နေပြီဗျ ။ ညီလေး ကျော်စွာ ညီလေးဟန်ငြိမ်းဦး ကိုဝင်းမော် (ရွှေသံစဥ်)  တို့ အပါအဝင် မျိုးချစ် ညီအကိုမောင်နှမတွေ ကြိုးစားနေတာ ကြာခဲ့ပါပြီကောခင်ဗျာ ။ 

       သို့သော် မြန်မာပြည်ရဲ့ တည်ဆဲဥပဒေများအရ အချိန်ယူဆောင်ရွက်နေလို့ ကြာမြင့်ချိန်မှာ ကျနော်က နှမ်းဖြူးခဲ့တာပါခင်ဗျာ ။ 

        ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို 

- ရှေ့က အားထုတ်ဝန်းရံပေးခဲ့ကြတဲ့ မျိုးချစ်တွေရဲ့ စုပေါင်းအားထုတ်ဝန်းရံမှု   

- မင်းသား​ကြီး (အစစ်) ရဲ့ ရိုးသားမှန်ကန်တဲ့ ဖြေရှင်းမှု

- နစက ရဲ့ ဥပဒေနဲ့ အညီ ဖော်ထုတ်အရေးယူဆောင်ရွက်မှု

       တွေကြောင့် အဖြစ်မှန်ကို ပြန်လည်စစ်ဆေးချိန်နဲ့ တိုက်ဆိုင်သွားခဲ့ရပါတယ်ခင်ဗျ ။ 

       ဒါကိုပဲ တချိူ့ကလည်း ကျနော်ရေးမှပဲ အဖြစ်မှန်ပေါ်သလိုလို ဘာလိုလိုနဲ့ ပြောကြတာပေါ့လေ ။ ကျနော်လည်း ငါတော့ အချောင်နာမည်ကြီးပြီကွဆိုပြီး မှိန်းနေတာပေါ့ ။ 

       ဒါပေမယ့် အခုချိန်ကျတော့မှ တကယ့်မင်းသားကြီးနှစ်ယောက်ကြား ညှပ်သလိုဖြစ်နေပြီဆိုတာ သိလိုက်ရလို့ မင်းသားကြီးအတုကျနော် အိပ်မပျော်တော့ဘူးခင်ဗျ ။ 

       ကျနော်က နိုင်ငံကျော် မင်းသားအစစ်ကို မကြောက်ဖူးဗျ ။ သူက လူမိုက်လို့ဆိုနိုင်ပေမယ့် ကျနော့်ကို ဒုက္ခပေးမှာမဟုတ်ဖူးဆိုတာ သေချာတယ်ဗျ ။ ဘာကြောင့်လဲဆိုတော့ သူတောင် ယောင်တောင်တောင်နဲ့ ကျေးဇူးပါကိုမျိုးဝင်းရယ် ဘာညာနဲ့ ခေါင်းစဥ်တပ်ပြီး ကျနော့်ပို့စ် ရှယ်ထားတာ တွေ့ရတာကိုးဗျ ။

       ကျနော်တကယ်ကြောက်တာ တပ်ချုပ်ကြီးရဲ့သားကြီးကို ကြောက်တာပါခင်ဗျ ။ သူ့ဆီမှာ တိုင်းပြည်အတွက် အသက်ပေးရဲတဲ့ မျိုးချစ်လူငယ်တွေ စုစည်းပြီး တနိုင်ငံလုံး ပတ်သွား စောင့်ရှောက်နေသတဲ့ ။ 
(စစ်ကိုင်းတိုင်းက ပြည်သူတွေ စိတ်ချမ်းသာပေတော့ တပ်ချုပ်ကြီးရဲ့ သားကြီးကိုယ်တိုင် သူ့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့ကြီးနဲ့ ချီတက်လာပါလိမ့်မယ်)

      နောက်ပြီး သူက လက်ရှိတပ်ချုပ်ကြီးရဲ့ အချစ်ဆုံးသားကြီးဆိုတော့ကား တပ်မတော် ဗိုလ်ချုပ်ကြီးတွေက သူ့မျက်နှာသာပေးတာ ခံချင်လို့ ကျနော်လို ကျောထောက်နောက်ခံမရှိတဲ့ အညတရလေးကို အမှုံ့ချေလိုက်ရင် မချိမဆန့် ခံရမှာကိုးဗျ ။ 

( တပ်ချုပ်ကြီးရဲ့ အချစ်ဆုံးသားကြီးကတော့ အဲသလို မလုပ်လောက်ပါဘူးလေ သူက နိုင်ငံသိ ဆယ်တစ်လီကိုး ဗျ)  

       ကျနော်ပြောချင်တာက မင်းသားကြီး အစစ်တွေဖြစ်တဲ့ လူကြီးမင်းတို့ နှစ်ယောက်အနေနဲ့ တချိန်က မင်းသားကြီးအတုလေး မျိုးဝင်းကို သက်ညှာပေးဖို့ပါပဲ ခင်ဗျ ။ 

       ရှင်မောဂ္ဂလန် ကိုယ်တော်မြတ်ကြီးတောင် မာန်နတ်က ဒုက္ခပေးလို့ ဘဝတသိန်းက တူဝရီး တော်ခဲ့ဖူးတာ သတိပေးပြီး ဆွေမျိုးစပ်ပြေငြိမ်းခဲ့ရသလို တချိန်က မင်းသားကြီးအတု မျိုးဝင်းကိုလည်း ပြေငြိမ်းပေးပါခင်ဗျ ။ 

         ကိုရွှေမျိုးဝင်း

( တခါတလေ ဒီလိုမျိုးလေး အတွေးဝင်မိတာကို နားလည်နိုင်ပါစေဗျာ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...