Wednesday, August 21, 2024

အမြစ်စွဲအောင် မလုပ်နဲ့===================



            ကျနော့် page ကျသွားပြန်ပါပြီ ရှာနေသူတွေ အတွက် သတင်းပေးတာပါ ။ ထပ်ဖွင့်ပြီးမှ လင့် ချပေးပါ့မယ် ။

          ဒီနေ့ ပြောစရာရှိတာက မနေ့က လားရှိုးအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပြီ ဆိုကာ တက်လာတဲ့ သတင်းကြောင့်ပါပဲ ။ အမှန်အတိုင်း ပြောရရင် လူပြောသူပြောများနေတဲ့ ဆင်ဖြူရှင် ဘာညာ ဆိုတာ ဘယ်တော့ စမယ် မသိပါဘူး ။

            လတ်တလောတော့ ရှမ်းမြောက်မှာ စစ်ကြောင်းတွေ ထိုးနေတာလည်း တွေ့ရပါတယ် ။ အရေးကြီးတာက လားရှိုးအတွက် လက်စားချေ ထိုးစစ်ဆင် ပြန်သိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ် ။ အခုလို ရန်သူက ခပ်တည်တည် နဲ့ အုတ်မြစ်ချနေတာကို အလှကြည့်နေရတာကိုက တပ်မတော်အတွက် အတော်လေး ကြက်သရေတုံးတဲ့ ကိစ္စအဖြစ် ရှုမြင်မိကြသူ တွေ အများကြီး ဖြစ်နေကြပါပြီ ။

               အစိုးရ ပြန်ကြားရေးကလည်း အရေးမပါတဲ့ သစ်ပင်စိုက်ပွဲ နဲ့ ဆိုကရေးတီးပွဲ အားကစားပွဲ သတင်းတွေသာ လှိုင်လှိုင်ကြီး ထုတ်လွှင့်ပြနေတာခင်ဗျ ၊ အခုလို ပြည်သူတွေကြား လိပ်ခဲတင်းတင်း ဖြစ်နေတဲ့ ပြဿနာကျတော့ တခြားဂြိုလ်မှာ ဖြစ်နေတဲ့ ပြဿနာကဲ့သို့ တစက်လေးမှ သတင်းမထုတ်ပြန်ဘူး ခင်ဗျ ။

               မင်းကလဲကွာ နစက အနေနဲ့ လုပ်စရာရှိတာ လုပ်မှာပါလို့ ဖြေတွေးလည်း တွေးမိပါတယ် ။ သို့သော် ရာနှုံးပြည့် မယုံမိတာက လွန်ခဲ့တဲ့ ၃ နှစ်ထဲက လုပ်သင့်တဲ့အလုပ်ကို အခုချိန်ထိ အီလေးဆွဲ လုပ်ပြနေတဲ့ အကျင့်ဆိုးကြောင့် ပါပဲ ။

             ဘယ်လို ဆင်ခြေတွေပေး ၊ ဘယ်လိုလူတွေအပေါ် အပြစ်ပုံ လွှဲချနေကြပါစေ အဓိကကျတဲ့ နစက ရဲ့ လုပ်သင့်တာ မလုပ် မလုပ်သင့်တာ လုပ်ခဲ့တဲ့အတွက် ယနေ့လို ပြဿနာ ဖြစ်ခဲ့ရတာ ငြင်းစရာမလိုတဲ့ အဖြေမှန်ပါခင်ဗျား ။

           ပြောချင်တာကတော့ ယခု ဖွဲ့စည်းထားတဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ဘယ်တော့ မြေပြင်ပေါ် စဖွဲ့ကြမှာလဲ...?
မလုပ်နိုင်သေးရင်လည်း လက်ရှိ ဌာနေ ပြည်သူ့စစ်တွေကို အဆင့်မှီလက်နက် ချက်ခြင်း တပ်ဆင်ပေးစေလိုပါတယ် ။ ပြည်သူတွေက နစက ရဲ့ အီလေးဆွဲတဲ့ အကျင့်ကြောင့် ဘဝပျက်နေကြပါပြီ ။
( နောက် ၃ နှစ်ကြာမှဆိုရင်ဖြင့် ဆွမ်းသွတ်ဖို့ ဘုန်းကြီးတောင် ကျန်မှာ မဟုတ်ဖူးနော်)

            လာရှိုးအပါအဝင် ရှမ်းမြောက်အတွက် ဘယ်ကာလမှာ ဘာလုပ်ပြမယ်ဆိုတဲ့ ( အချိန်အတိအကျပြောရန်မဆိုလို) နိုင်ငံတော်အဆင့် ကတိစကား ပြည်သူတွေ ကြားချင်နေပါပြီ ။ ဖြစ်နိုင်ရင် ဒီနေ့ မနက်ဖြန် လားရှိုးကို မြေပြင်တပ်မသွားနိုင်ရင်တောင် လေယာဉ်နဲ့ အုပ်လိုက် သမ စေချင်နေပါတယ် ။

( ဖမ်းဆီးခံ စစ်သည်တွေ အတွက် လုပ်မဖြစ်သေးရင်လည်း အကျိုးအကြောင်း ပြည်သူကို တရားဝင် ရှင်းပြစေလိုပါတယ်)

          ကိုရွှေမျိုးဝင်း

ဆင်ကို မပြီး မတင်နိုင်မှန်းသိတယ် ၊ ခြေလှမ်းအချ မမှားအောင် ကူညီဖေးမပြီး အတူရှိကြောင်း အချက်ပြနေတာပါ

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...