ရှေးမြန်မာမင်းတွေ လက်ထက်တုန်းက သူကြီးတယောက် မြို့ပေါ်တက်လာတယ် ။ စျေးထဲမှာ လုယက်မှုဖြစ်နေတာ မြင်နေပေမယ့် သူ့အပိုင်နယ် မဟုတ်လို့ ဘာမှ မလုပ်ပဲ ကြည့်ပဲ နေသတဲ့ ။
လူတွေဝိုင်းဖမ်းလို့မိပြီး တရားရုံးရောက်တော့ သက်သေပါလာတဲ့ သူကြီးမင်းကို တရားသူကြီးက ခင်ဗျားက သူကြီးဖြစ်နေပြီး လက်ပိုက်ကြည့်နေရသလား မေးတော့ သူ့အပိုင်နယ် မဟုတ်လို့ပါဆိုပြီး ဆင်ခြေပေးတယ် ။
ဒီတော့ တရားသူကြီးက အာဏာပိုင်တို့မည်သည် ပြည်သူကို ကာကွယ်ပေးနိုင်ဖို့ အာဏာအပ်နှင်းထားခြင်း ခံရသူတွေဖြစ်ကြတယ် ။ မိမိမျက်စိရှေ့မှာ မတရားမှုမြင်ရလျှင် ကူညီရမည့် တာဝန်ရှိသည် ထို့ကြောင့် တာဝန်အပေါ် ဒေသအကြောင်းပြု ရှောင်လွှဲသည့် သူကြီးအား ဒဏ်ငွေ ၅၀၀ ဆောင်စေ ဆိုပြီး အမိန့်ချခဲ့တယ် ဗျ ။
ဖြစ်စဥ် ( ၂. )
ကုန်းဘောင်ခေတ်မှာ ယခုကာလ မြင်းခြံမြို့ရဲ့ အမှတ် ၁၉ ရပ်ကွက်က စွန်းလွန်းရွာ တဲ့ ။ အမှတ် ၁ ရပ်ကွက်က မန်ကျည်းပင်စုရွာ ဆိုပြီး ရှိခဲ့ပါတယ် ။ တနေ့တော့ ရွာ ၂ ရွာကြားထဲက ကိုင်းတောထဲမှာ လူသတ်မှုဖြစ်ပါရော ။
လူသတ်မှုမှာ တရားခံမပေါ်ရင် အပိုင်သူကြီးက ကျန်တဲ့ မိသားစုကို ငွေ ၆ ပိဿာလျှော်ကြေးပေးရမယ့် ဥပဒေရှိပါတယ် ။ ဒီတော့ သူကြီး ၂ ဦးလည်း သူတို့ အပိုင်မဟုတ်ပါဘူးဆိုပြီး ငြင်းကြတာပေါ့ ။ ငွေလျှော်ရမှာ စိုးလို့ပေါ့ဗျာ ။
ဘုရင်က ဖြေရှင်းဖို့ မြေတိုင်းစာရေးလွှတ်ပေးရတာပေါ့ ။ ဒီတော့ သူကြီး ၂ ယောက်လုံးက မြေတိုင်းစာရေးကို ငွေ ၂ ပိဿာစီပေးပြီး လာဘ်ထိုးပြတယ် ။ ဟိုငတိကလည်း ငွေယူပြီး ပလပ်မြေပါဘုရား လုပ်ပါရောလား ။ ဒီတော့မှ ရွာပုလဲဆိုတဲ့ မြစ်ဘေးရွာသူကြီးက သူ့ကို ရွာတည်ခွင့်ပေးပါ ငွေကို သူလျှော်ပါ့မယ်ဆိုပြီး ရွာတည်ခဲ့တယ် ။
မျဥ်းတားရင် ကျန်နေလို့ မျဥ်းကျန်ရွာလို့ ခေါ်ခဲ့ရာမှ မြင်းခြံလို့ ဖြစ်လာရတာပါပဲ ။ မြို့ရာဇဝင် ပြောချင်တာ မဟုတ်ပါဘူး ကုန်းဘောင်ခေတ်က ပြည်သူ့နစ်နာမှုအတွက် ပြဌာန်းခဲ့တဲ့ ဥပဒေကို ချီးကျူးချင်တာပါ ။
ဖြစ်စဥ် ( ၃. )
ယနေ့ အောင်မဂ်လာကားကြီးကွင်းထဲမှာ ပြင်ပ တက္ကစီတွေကို စည်းကမ်းဥပဒေ အကြောင်းပြုပြီး စည်ပင်ရဲ နဲ့ မော်တော်ပီကယ်တွေ အမဲဖျက်နေတဲ့ သတင်းတွေ အများအပြား ကြားလာရပါတယ် ။
တက္ကစီ ဘုတ်မီးမလင်းလို့ ( နေ့ခင်းနော်) ဂိတ်ရှာဖို့ ကားရပ်လို့ ၊ ခရီးသည်မချရမယ့်နေရာ ရပ်ချလို့ အစရှိတဲ့ အကြောင်းပြချက်တွေနဲ့ ၃၀၀၀၀ိ ဒဏ်ငွေဆိုပြီး ဒါးပြတိုက်ယူနေကြပါတယ် ဆိုပြီး တက္ကစီသမားတွေ အော်နေကြပါတယ် ။
စည်းကမ်းကွ လို့ ဆင်ခြေပေးရင်လည်း ကားကွင်းထဲက အဲလို စည်းကမ်းဖောက်တဲ့ ကားတွေကိုတော့ တလ ၂၀၀၀၀ ပေးပြီး စည်းကမ်းဖောက်ခွင့် ပြုနေတာ ဘာသဘောလဲ မေးကြယုံပါပဲ ။
ဖဲ သုံးချပ်လူလိမ်တွေ ၊ ခါးပိုက်နှိုက်တွေ ၊ ဖာခန်းတွေ ကားကွင်းထဲ လက်ညှိုးထိုး မလွဲပါပဲ ။ ကားကွင်းလုံခြုံရေးရဲတွေ ပေါင်းစားနေကြလို့ မမြင်ကြတာပါ ။
ဒီထက်ဆိုးတာ ရှိသေးတယ် ကားကွင်းနဲ့ မျက်နှာခြင်းဆိုင်မှာ စဖရ အကူ ၂ ဆိုတဲ့ တပ်ဖွဲ့ကြီးလည်း ရှိတယ်ခင်ဗျ ။ အားကိုးရတယ်ဗျာ ရံဖန်ရံခါ သူ့ဝင်းပေါက်ရှေ့နား ဖဲ သုံးချပ် လိမ်နေကြတာတောင် လှည့်မကြည့်ဘူး ဗျ ။
စရဖ ကွ အဲဒါ ရဲ အလုပ်ဆိုပြီး ဆင်ခြေပေးလေ့ရှိပါတယ် ။ ကဲ ကျနော် ရှေ့က ပြောခဲ့တဲ့ အုပ်ချုပ်သူတို့အတွက် ရှေးခေတ် ဥပဒေသတွေ ပြန်ကြည့် ပါအုံး ။ တာဝန်ယူမှု တာဝန်ခံမှု ရှိနေတာ တွေ့ရပါလိမ့်မယ် ။
အခုခေတ်မှာဖြင့် ရစရာရှိလို ဆီလိုအပေါက်ရှာ စားမယ် ဝါးမယ် ၊ လုပ်စရာရှိရင် ရူးချင်ယောင်ဆောင်မယ်ဆိုတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကြောင့် ပြည်သူတွေ နစ်နာကြရသလို အစိုးရကို မုန်းတီးနေကြတာလည်း မဆန်းဘူးလို့ ပြောချင်ပါတယ် ။
အခုပြောတဲ့ ကားကြီးကွင်း ပြဿနာကိုသာ ချက်ခြင်းဖြေရှင်းပေးလိုက်ပါ ။ ဘယ်သူ့မှ တာဝန်ပေးမနေနဲ့ အနားက အကူ ၂ ဆိုတဲ့ ခေါင်းရှောင်တွေ တာဝန်ပေးလိုက် မိနစ်ပိုင်းအတွင် အကုန်ပေါ်တယ် ။ သူတို့ပါ ရောမလိမ်ရင်ပေါ့လေ ။
ရှေးက သူကြီးတွေရဲ့တာဝန်ယူရမယ့် အပိုင်း တာဝန်ခံရမယ့်အကြောင်းသိကြဖို့ နဲ့ ခေတ်သူကြီးများကိုလည်း ဒီလိုမျိုး ဥပဒေနဲ့ ပြန်လည်စည်းနှောင်ဖို့ လိုအပ်နေပြီလို့ တင်ပြချင်ပါတယ် ။
ကိုရွှေမျိုးဝင်း
ဒီလို စုဖွဲ့မှုမျိုးနဲ့ ပန်းတိုင်ရောက်္မယ် ထင်နေတာ အံ့ပါ့......
No comments:
Post a Comment