Tuesday, August 27, 2024

တွံ့တေးသိန်းတန် နဲ့ ချစ်စံပယ် ========================



               နိုင်ငံကျော် အဆိုတော်ကြီး တွံ့တေးသိန်းတန်တယောက် အောင်မြင်ကျော်ကြားလာသလောက် အိမ်ထောင်ရေးက အဆင်မပြေဖြစ်လာပါတယ် ။ ငယ်လင် ငယ်မယားချင်း အဆင်မပြေတော့ အရက်သောက်တာ လွန်ကျူးလာပါရော ။ 

          နောက်တော့ အိမ်ထောင်ကွဲပြီး သူ့ရဲ့ ပရိတ်သပ်ကြိုက်လွန်းတဲ့ အသံပါ ပျက်သွားပြီးနောက်ပိုင်း ဘဝကိုအရှုံးပေးပြီး တွံ့တေးပြန်သွားရပါတယ် ။ 

           မြန်မာ့အသံမှာ ဝန်ထမ်းလုပ်ခဲ့စဥ်က တရုံးထဲအတူ အလုပ်လုပ်ခဲ့ရတဲ့ ချစ်စံပယ်က တွံ့တေးကို လိုက်လာပြီး အားပေးဖေးမကာ နောက်တဖန်ကျိုးစားဖို့ လာခေါ်ပါတယ် ။ 

          
           ဒါနဲ့ သူလည်း  ချစ်စံပယ်ရဲ့ စေတနာကို လေးစားပြီး အရက်ဖြတ် ပြန်လည်ပြင်ဆင်ကာ ရန်ကုန်အနုပညာလောကသို့ နောက်တကြိမ်ပြန်လာပါတယ် ။ နာမည်ကြီးတေးရေးဆရာတွေကလည်း ဝမ်းသားစွာ ကြိုဆိုပြီး ကူညီကြပါတယ် ။ 

          မူလကတည်းက အရည်အချင်းရှိပြီးသား တွံ့တေးသိန်းတန်ဟာ တောက်ပြောင်လာဖို့ အဆင်သင့်ဖြစ်ချိန်မှာပဲ နာမည်ကျော် ရွှေမင်းသမီးနဲ့ လူပျက်လေးမောင်ရွှေရိုး စုံတွဲသီချင်းကို ချစ်စံပယ် နဲ့ သီဆိုပြီး လျှမ်းလျှမ်းတောက် ပြန်ဖြစ်လာရပါတယ် ။

           သူ့ဘဝကို နိမ့်ကျချိန်မှာ ဖေးမကူညီလမ်းပြခဲ့သူ ချစ်စံပယ်ကို တွံ့တေးသိန်းတန်က တသက်တာ ကူညီစောင့်ရှောက်နိုင်ရန်  လက်ထက်ခဲ့ပါတယ် ။ 

        
          ဒီဇတ်လမ်းနဲ့ဆက်စပ်ပြီး ကျနော်တို့ တိုင်းပြည်ရဲ့ အဖြစ်အပျက်ကို ချိတ်ဆက်တွေးမိပြန်ပါတယ် ။ 

            ကျနော်တို့ တပ်မတော်ဟာ အရည်အချင်း အပြည့်ရှိခဲ့တဲ့ တပ်မတော်ကြီးပါပဲ ။ သို့သော် နှစ်ပေါင်းများစွာ စီးပွားသမားများနဲ့ တွဲဖက်ပြီး စိတ်ဓာတ်ရေးရာ ခံယူချက်များ ယိုယွင်းခဲ့ကြရတာ ငြင်းမရတော့ပါဘူး ။ 

             ဘေးထွက်ဆိုးကြိုးအဖြစ် ယနေ့ ကြုံတွေ့နေရတဲ့ စစ်ဆင် စစ်တက် အတတ်ပညာများ ညံ့ဖျင်းလာရပြီး စိတ်ဓာတ်များပါ ပျော့ညံ့လာကြပါတယ် ။ ဒီလိုပြောလို့ စိတ်မဆိုးကြစေချင်ပါဘူး ။ 

           အလံဖြူထောင် လက်နက်ချတယ်ဆိုတာ မြန်မာ့စစ်သမိုင်းမှာ တပ်စု တပ်စိတ် အဆင့်တောင် အင်မတန်ရှားလှပါတယ် ။ အခုတော့ ကျော်မကောင်း ကြားမကောင်း စစ်ဌာနချုပ်ကအစ ( လောက်ကိုင်)( ကော့ကရိတ်) ဖြစ်ခဲ့ကြတာ အားလုံးအသိပါပဲ ။ 

           ယခုအချိန်ကတော့ တပ်မတော်အနေနဲ့ ........

-  ကိိုသိန်းတန် အရက်ဖြတ်သလို ကိုယ်ကျိုးစီးပွားတွေ ဖြတ်ကြပါ ။

-  ကိုသိန်းတန်က သူ့အရည်အချင်းကို သူ့ဘာသာပြန်လည် ဖော်ထုတ်သလို တပ်မတော်လည်း မိမိအရည်အချင်းကို မိမိဖော်ထုတ်ပြကြပါ ။

- ကိုသိန်းတန်က ကူညီဖေးမသူ ချစ်စံပယ်ရဲ့ စကားကို နားထောင်သလို တပ်မတော်လည်း ချစ်တဲ့ပြည်သူတွေရဲ့ စကားကို အာရုံစိုက်ကြပါ  ။ 

- ကိုသိန်းတန်က မပေါင်းသင့်တော့တဲ့ မယားကြီးကို ရှင်းရှင်းပြတ်ပြတ် ဖြတ်ခဲ့သလို တပ်မတော်အနေနဲ့ မကောင်းတဲ့ ဝန်ထမ်း ဖရဲသီးတွေကို ကင်းအောင် ဆောင်ရွက်ပါ ။

- ကိုသိန်းတန်က သူနိမ့်ပါးစဥ် ဖေးမကူညီခဲ့တဲ့ ချစ်စံပယ်ကို တသက်တာ ဖေးမကူညီခဲ့သလို တပ်မတော်အနေနဲ့လည်း မိမိဘက်တော်သား ပြည်သူ့စစ်များကို လက်နက်ကောင်းတပ်ဆင်ပေးခြင်း ၊ စားရေရိက္ခာ ထောက်ပံ့ခြင်း ၊ စစ်ကူ ပစ်ကူများ အချိန်မှီ ပေးပို့ကူညီခြင်းတို့ဖြင့် တုန့်ပြန်မေတ္တာပြသစေလိုပါတယ် ခင်ဗျား ။ 

        ကိုရွှေမျိုးဝင်း


( စိတ်ဝင်စားဖို့ ကောင်းတဲ့ မန့် လေးတွေ လူကြီးမင်းများအတွက် ပြပေးလိုက်ပါတယ် ၊ မိတ်ဆွေတို့ရဲ့ မန့်တွေကို အမည်တွေ ဖျက်ပြီး တင်လိုက်ပါတယ် ၊ နောက်နောင်ကိုလည်း အရှိတရားကို မန့်ပေးကြစေလိုပါတယ်)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...