Monday, August 26, 2024

စိတ်ခံစားမှု နိုင်ငံရေး ===================


              မနေ့က ညပိုင်းမှ လိုင်းကြည့်မိပါတယ် ။ အချင်းချင်း နားလည်မှုလွဲပြီး ပြောနေတာလေးတွေ တွေ့ရပါတယ် ။ အမှန်အတိုင်းပြောရရင် ၂ ဖက်လုံးမှန်နေတာလည်း မြင်ရပါတယ် ။ တဦး နဲ့ တဦး ဆဲဆိုရန်တွေ့ခြင်းမပြုပဲ နားလည်မှုတွေနဲ့ ပြောဆိုနေကြတဲ့အတွက်လည်း ဝမ်းသာမိပါတယ် ။

            ပထမဆုံးလိုင်းပေါ်ကနေ သတင်းတင်နေတာ မိမိအားနည်းချက်ကို ရန်သူပါ သိစေ၍ ယင်းဒေသကို အားသွန်ခွန်စိုက် ဖျက်ဆီးနိုင်ရန် အချက်ပြသကဲ့သို့ ဖြစ်နေခြင်း ၊ အခြားဒေသရှိ မိမိဘက်တော်သားများပါ စိတ်ဓာတ်ကျဆင်းစေခြင်း ဆိုတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေလို့ သတိထားကြဖို့ ပြောချင်တာက လိုရင်း ပှှိုငျ့ ပဲ ဖြစ်ပါတယ် ။

        ဒီဖက်ကလည်း ရဲဘော်ရဲဘက်ချင်း စိတ်ပူလို့ ဖုန်းနဲ့သတင်းပေးတယ် ။ တာဝန်ရှိ တပ်မှူးတွေက အက်ရှင်မယူဘူး ။ ဒီတော့ စိတ်ပူရတာတဖက် ဒေါသထွက်ရတာ တဖက်နဲ့ လိုင်းပေါ်တက်အော်ရော ။ ဒါမှသာ အထက်က အမိန့်ပေးနိုင်မယ့် လူကြီးတွေဆီ တိုက်ရိုက်ရောက်ပြီး ချက်ခြင်း ကူညီနိုင်ဖို့ ရည်ရွယ်ချက်နဲ့ပေါ့  ။

         ဒါက ဖြစ်ပျက်နေကြရတဲ့ ပြဿနာတွေပါပဲ ။ ကဲ တချို့ ပြဿနာတွေမှာ အဲသလို ၂ ဖက်လုံးမှန်နေတာတွေ ရှိတတ်ပါတယ် ။ တဦး နဲ့ တဦး ငါမှန်တယ် သူမှန်တယ် လည်း အပြင်းအထန်ငြင်းနေကြတာမဟုတ်ပါဘူး ။

         ကျနော်ပြောချင်တာက ဒီလိုမျိုး ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို စုပေါင်း တွေးဆကြဖို့ပဲ ဖြစ်ပါတယ် ။ ဖြစ်ဖို့ကောင်းတာကတော့ ကျနော်ဖက်ကနေ သတင်းပို့ဖို့ ဒေသဆိုင်ရာ ခေါင်းဆောင်ရွေးဖို့ပါပဲ ။

             ရွေးမယ့်သူသည် စစ်ကိုင်းတိုင်းဆိုရင် ၅၅၀ ဆရာတော် ၊ မန်းတိုင်းဆိုရင် ပေါက်ဆရာတော် အစရှိသလိုပေါ့ တိုင်းသိပြည်သိ ပုဂ္ဂိုလ်တွေကို အနည်းဆုံးတိုင်းမှူးထံ တိုက်ရိုက်ပေးပို့ဖို့ စီမံထားကြရင် အဆိုပါ သတင်းပေါက်ကြားမှု ပြဿနာ ရှင်းပြီးဖြစ်နိုင်ပါတယ် ။

      နောက်တချက် တိုင်းမှူးထံ သတင်းပို့ခြင်း လုပ်ငန်းစဥ်အား မှတ်တမ်းတင်ထားရပါမယ် ။ တိုင်းမှူးမှ  တာဝန်မဲ့စွာ ဘာမှ ဆောင်ရွက်ခြင်းမရှိရင်တော့ ကစထမှူး ( တိုင်းမှူး ၃ ဦး၏ အခက်အရာရှိ) ၊ ညှိကွပ် ၊ တပ်ချုပ်ကြီး အစရှိတဲ့ အဆင့်တွေထိ သက်သေနဲ့တကွ တိုင်ကြားကြရပါမယ် ။
 
      အဲဒီလို တိုင်ရပြီဆိုရင်တော့ ကျနော်တို့ တညီတညာတည်း တလေသံတည်း နဲ့ ညီညာဖျဖျ ဆိုရှယ်မီဒီယာ ရှိသမျှ ပလက်ဖောင်းတွေနေ အော်ကြရပါမယ် ။ ဒါဆိုရင်တော့ တကြိမ်က နှစ်ကြိမ် ဥပေက္ခာပြုရဲမယ်မထင်ပါဘူး ။

          နိုင်ငံ့အရေးကို စိတ်ခံစားမှုနဲ့ မလုပ်ကြပဲ လုပ်သင့်တာကိုပဲ သပ်သပ်ရပ်ရပ်လုပ်ကြရမှာပါ ။ ညီညာမှ ပြည်သာရမှာမို့ မျိုးချစ် ညီအကိုတတွေ တွဲလက်ညီညီနဲ့ ဆက်လက်အားထည့် လုပ်ကိုင်ကြပါစို့ဗျာ ။

          ကိုရွှေမျိုးဝင်း

အကျဥ်းအကျပ်ဆိုတာ ဥာဏ်ပါရင် ကျော်လွှားလို့ ရနိုင်ပါတယ် .....

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...