Tuesday, August 27, 2024

အတုယူနိုင်ဖို့. ============



                 ဒီနေ့ပဲ စစ်ကိုင်းတိုင်းထဲက အတုယူဖွယ် လုပ်ဆောင်ချက်တွေ သိလာရလို့ ဖောက်သည်ချချင်ပါတယ် ။ 

              စစ်ကိုင်းတိုင်းဆိုတာ အားလုံးသိတဲ့အတိုင်းပဲ မြန်မာပြည်မှာ ထကြွမှု အားအကောင်းဆုံး အစောဆုံးထကြွတဲ့ ဒေသဖြစ်ပါတယ် ။ အစောပိုင်းကာလ တာဝန်ယူကြရတဲ့ စစ်တိုင်းမှူးနဲ့ တိုင်းအုပ်ချုပ်ရေးမှူးတို့ စောက်ဖိုးမတန်မှု ၊ နစက ရဲ့ ကြီးကြပ်မှု ညံ့ဖျင်းခြင်းတို့ကြောင့် စစ်မီးစတောက်ခဲ့ရတဲ့ ဒေသဖြစ်ပါတယ် ။ 

           အဲဒီနေရာမှာပဲ ဘယ်လိုမှ မခံမရပ်နိုင်ဖြစ်လာတော့ ၅၅၀ ဆရာတော် ဦးဆောင်တဲ့ ပြည်သူ့စစ် ပေါက်စလေး စတင်မွေးဖွားလာပါတယ် ။ အသုံးမကျသူတဲ့ အုပ်ချုပ်သူတွေ ပြုတ်ကြ ပြောင်းကြပြီးနောက် ပြည်သူ့စစ်အင်အားလည်း အဆမတန် တောင့်တင်းလာပါတော့တယ် ။ 

          ယခုဆိုရင် ကန့်ဘလူက စခဲ့တဲ့ ပြည်သူ့စစ်အင်အားဟာ ကျွန်းလှ တန့်ဆည် မြို့နယ်များထိ လွှမ်းခြုံ စိုးမိုးလာနိုင်ခဲ့ပါတယ် ။ ဘယ်နေရာတွေ ဘယ်လောက်ပဲ သောင်းကျန်းခံရပါစေ အဆိုပါ စစ်ကိုင်းတိုင်းထဲက ဒေသလေးကတော့ အများအားဖြင့် အေးချမ်းနေပါတယ် ။ 

           ယခုဆိုရင် ၅၅၀ ဆရာတော်ရဲ့ အကြမ်းဖက်္နှိမ်နင်းရေး တပ်သားသစ် ၃၅၀ သင်တန်းတက်နေပြန်ပါပြီ ။ လစဥ် သင်တန်းအသစ်များကို ဖွင့်လှစ်သင်ကြားနေကြကြောင်း သိရလို့ ဝမ်းသာမိပါတယ် ။ 

        သင်တန်းသားများအတွက် ရိက္ခာ နဲ့ လက်နက်ခဲယမ်းတွေကိုလည်း တိုင်းဝန်ကြီးချုပ်နဲ့ စစ်တိုင်းမှူးကြီးတို့က ထောက်ပံ့ကူညီနေတယ်လို့ သိရပါတယ် ။ 

          တာဝန်ခွဲဝေမှုအရ ဝန်ကြီးချုပ်သည် ရိက္ခာ နဲ့ ငွေကြေး ပံ့ပိုးပြီး စစ်တိုင်းမှူးကတော့ သင်ကြားရေး နဲ့ လက်နက်ခဲယမ်း ကူညီပါတယ် ။ အုပ်ချုပ်ရေးပိုင်း နဲ့ တပ်မတော် ဒီလို ပူးပေါင်း ကူညီနေလို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသတွင်းတည်ငြိမ်မှု ဖော်ဆောင်နိုင်တာ လက်တွေ့ပါပဲ ။ 

          ကြားသိရတဲ့ သတင်းများအရ ပဲခူးတိုင်း မကွေးတိုင်း များမှာတော့ ပြည်သူ့စစ်များအပေါ် ထောက်ပံ့ကူညီမှု အားနည်းနေသေးတယ်လို့ ကြားသိရပါတယ် ။ စစ်ကိုင်းတိုင်း နမူနာအတိုင်း ဝန်ကြီးချုပ် နဲ့ စစ်တိုင်းမှူးတို့ ကပ်တွက်မနေပဲ လက်တွဲ ကူညီဖို့ ကောင်းပါတယ် ။ 

        ကြားနေရတဲ့ သတင်းတွေအရ ပြည်သူ့စစ်များအပေါ် ပြန်မကြည့်တဲ့ ပဲခူးတိုင်း နဲ့ မကွေးတိုင်းရှိ ဝန်ကြီးချုပ် နဲ့ စစ်တိုင်းမှူးတို့အား ပြည်သူတို့က စောင့်ကြည့် နားစွင့်နေကြပါပြီ ။ မကူညီရင်တော့ ဆက်လက်ပြီး ပြင်းထန်စွာ ဝေဖန်ထောက်ပြ တိုင်ကြားကြရပါလိမ့်မယ် ။ 

         တဆက်တည်း ပြောပြချင်တာကတော့ ယခု DVB ကနေ ၅၅၀ ဆရာတော်အား ရွှေဝါရောင်ကိုယ်တော်များမှ လူဝတ်လဲရန် တိုက်တွန်းကြောင်း ဘာညာနဲ့ မတန်မရာ ပြောနေပြန်ပါတယ် ။ 

          ၂၀၂၁ အရေးအခင်းမှာ ဘယ် ရွှေဝါရောင် ကိုယ်တော်မှ မပါတော့ပါဘူ ။ ထူးထူးခြားခြာ သက်န်းကျွန်းဖက်က ကိုယ်တော်တပါးပဲ ပါဝင်နေတာ တွေ့ရပါတယ် ။ အဲဒီ ကိုယ်တော်ကလည်း ရွှေဝါရောင်သာဆိုတယ် နောက်ပိုင်းကာလတွေ ထောင်ကလွတ်လာပြီး ကုလားတွေနဲ့ ပလူးပလဲလုပ် ကုလားစာတွေ စားပြီး ပြဿနာရှာလာပါတယ် ။ 

         ရွှေဝါရောင် ဦးဆောင်ဆရာတော်ကြီးတွေကို ဆန့်ကျင်လာလို့ ဘယ်ရွှေဝါရောင်ဆရာတော်ကမှ သူ့ကို အဖက်မလုပ်ကြတော့ပါဘူး ။ ဒါကြောင့် ကုလားတွေဆီက ငွေကြေးရယူပြီး ကုလားအကြိုက် NLD အကြိုက် လုပ်ပြရင်း ၂၀၂၁ မှာ အဖမ်းခံရတာပါ ။ သိရသလောက် မလွတ်သေးပါဘူး ။ 

        ယခု ကံဆောင်သပိတ်မှောက်တယ် ဘာညာ ဆိုတဲ့ ရွှေဝါရောင် အမည်ခံ အတုများဟာ နိုင်ငံရေးတိုက်ကွက်အတွက် ဖန်တီးထားတဲ့ အယောင်ဆောင်များသာ ဖြစ်ပါတယ် ။ မယုံကြည်ရင်တော့ ရွှေဝါရောင် ဦးဆောင်ဆရာတော်ကြီးများထံ မေးမြန်းကြည့်ကြပါ ။ 

          အတုအယောင် ဂယောက်ခြောက်ခြား နိုင်ငံရေးဘုံကျွန် သက်န်းဝတ်တွေ ပြောဆိုဝေဖန်နေတာကို ၅၅၀ ဆရာတော်လို ပုဂ္ဂိုလ်မျိုးကလည်း ဂရုတစိုက် ဖြေရှင်းနေမှာ မဟုတ်တဲ့ အတွက် ကြားထဲကပဲ ကြုံတုန်း ရှင်းပြလိုက်ရခြင်း ဖြစ်ပါတယ် ။ 

         ဆရာတော် နှင့်တကွ တိုင်းပြည်ချစ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ ။ 

       ကိုရွှေမျိုးဝင်း

၅၅၀ ဆရာတော်၏ အကြမ်းဖက် နှိမ်နင်းရေး သင်တန်းသားများ

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...