Monday, August 26, 2024

ခိုင်မာတဲ့ စိတ်ဓာတ် ဟူသည် =======================


                2021 တုန်းက ကျနော့်အကောင့်ထဲကို မိန်းကလေးတယောက် fri ဖြစ်နေရင်း သူတင်တဲ့ ဟာသ Tik Tok လေးတွေ ကြည့်ရပါတယ် ။ အဝန်အစား လွန်လွန်ကျူးကျူး ဝတ်တာလည်းမဟုတ် ဟာသဆန်ဆန် သူ့ဘာသာ ပျော်ပျော်ပါးပါ ကခုန်နေတာတွေ တွေ့နေရပါတယ် ။ နောက်မှ သိရတာက သူကနာမည်ကြီး Tik Tok ဆယ်လီတဲ့ ။

              တနေ့က ကျနော် Tik Tok ဖွင့်ပြီး သုံးကြည့်ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီကောင်မလေး သွေးကင်ဆာနဲ့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတက်လာပါတယ် ။ ဒါကတော့ သိပ်မဆန်းပါဘူး သခ်ါရသဘာဝကိုးဗျ ။

          ဆန်းတာက ဒီကောင်မလေး မသေခင် ဆေးရုံတက်ပြီး ကတုံးတုံး  သွေးသွင်းနေရတဲ့ အခြေအနေထိ ကျန်းမာရေးဆိုးဝါးနေပေမယ့် သူမကတော့ ရီစရာတွေ ပြောနေ နောက်နေတုန်းဗျ ။ သွေးသွင်းပိုက် တန်းလန်းနဲ့တောင် Tik Tok ဆော့ပြဘိုက်သေးတယ် ။ 

         လူတွေကို ပျော်စေချင်တဲ့ သူ့ရဲ့ စေတနာ နဲ့ သေလောက်တဲ့ဝေဒနာဆိုးကို အရီအပြုံးမပျက် ရင်ဆိုင်သွားနိုင်တဲ့ သတ္တိဟာ အင်မတန် အံ့သြလောက်ပါတယ် ။

             နောက်ထပ် ကျနော်အံ့သြရတဲ့ မျိူးချစ် မိန်းကလေး fri တယောက်ကတော့ အများသိကြတဲ့ စက်ာပူက စစ်မေဦးပါပဲ ။ မိုးကုတ်သူစစ်မေဦးတယောက် မိုးကုတ်ကျခါနီး အချိန်တုန်းက ကျနော့်ဆီ ဆက်သွယ်ပြီး အခြေအနေ စုံစမ်းပါတယ် ။

           ကျနော်စုံစမ်းပေမယ့် ဖုန်းအဆက်အသွယ် မရတဲ့အတွက် သူသိချင်တဲ့ သတင်း ကျနော်မပေးနိုင်ခဲ့ပါဘူ ။ မိသားစုအတွက် သူ့ရင်ထဲ ဘယ်လောက်ပူပင်နေရမယ်ဆိုတာ စာနာမိပါတယ် ။ စိတ်ပူပေမယ့် သူမရဲ့ တပ်မတော်အပေါ်ထားတဲ့ ယုံကြည်ချက် နဲ့ ချစ်ခင်စိတ်ကတော့ လျော့မသွားပါဘူး လို့ ပြောခဲ့တာလည်း ရင်နင့်သွားခဲ့မိတာ အမှန်ပါပဲ ။

          မိုးကုတ်လည်း ကျသွားရော ကျနော့်အကောင့်လည်း ကျ စစ်မေဦးနဲ့ အဆက်အသွယ်လည်း ပျက်သွားရပါတယ် ။ မနေ့က Tik Tok မှာ စစ်မေဦးအကောင့် ပြန်တွေ့ပါတယ် ။ သူလည်း ဘာမှ မဖြစ်သလို Tik Tok ဆော့ပြီး ကနေလေရဲ့ ။

             ကျမမိသားစုအတွက် အရမ်းစိတ်ပူတယ် ဒါပေမယ့် ရန်သူတွေ ဝမ်းသာအောင်တော့ စိတ်ညစ်ပြမနေချက်ဘူး ဆိုတဲ့ စကားကို ပြန်ကြားယောင်ရင်း သြော် စစ်မေဦး ဆိုတာ ဒီလိုမျိုး အာဂအမျိုးသမီး သူရဲကောင်းပါလို့ လေးစားမိပါတယ် ။

           အပေါ်က Tik Tok ဆယ်လီအမည်က ဟေမာန်ဇော် ( ဟေမာဝင်း) တဲ့ ။ သူ့ရဲ့ ပရိတ်သပ်အပေါ် ပျော်ရွှင်စေလိုတဲ့ စေတနာ နဲ့ ခိုင်မာတဲ့ စိတ်ဓာတ် ။ ညီမလေး စစ်မေဦးရဲ့ မိသားစုအသက်အတွက် စိတ်နာမယ်ဆို နာလောက်တဲ့ တပ်မတော်ကို စိတ်မနာ စိတ်ဓာတ်မကျပဲ စွဲမြဲတဲ့ ယုံကြည်ချက် နဲ့ ကြံ့ခိုင်တဲ့ စိတ်ထား ။

               မိန်းကလေး နှစ်ယောက်ရဲ့ ခိုင်မာတည်ကြည်တဲ့ စိတ်ထားတွေကို တွေ့ရတော့ တပ်မတော်အပေါ် ထောက်ခံပါတယ် ဆိုတဲ့ လူအချို့ရဲ့ အလျော့ပေး လက်မြောက်ချင်တဲ့ သဘောထားတွေကို ပြောင်းသင့်ပြီလို့ ပြောချင်ပါတယ် ။

          မနေ့က ကြားခဲ့ရတဲ့ သတင်းအရတော့ တပ်ချုပ်ကြီးက စစ်တိုင်းမှူး အသီးသီကို ၂ လအတွင်း မိမိတာဝန်ကျ စစ်တိုင်းများအတွင်း သောင်းကျန်းသူ ရှင်းလင်းရေးဆောင်ရွက်ရန် အမိန့်ပေးထားတယ်လို့ ကြားသိရပါတယ် ။

             အများမျှော်လင့်နေတဲ့ လားရှိုးအတွက်တော့ မကြာမှီလာပါလိမ့်မည် ။ ခန့်မှန်းအရတော့ ပွင့်လင်းရာသီ မိုးအကုန်ဖြစ်နိုင်ပါတယ် ။ မိုးတိမ်တွေရဲ့ အနှောက်အယှက်ကြောင့် လေကြောင်းစိုးမိုးမှု အခက်မတွေ့စေရန် တွက်ဆထားကြမှာပါ ။

         ကဲ ကျနော်တို့လည်း အပေါ်က မိန်းကလေး နှစ်ဥိးကို အတုယူပြီး ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ တပ်မတော် အောင်ပွဲကို စောင့်ဆိုင်း ဝန်းရံကြပါစို့ ဗျာ ။

         ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...