Thursday, August 22, 2024

ဆေးမီးတို ===========



               ကျနော်တို့ တိုင်းပြည်ဟာ အခုဆိုရင် အဖက်ဖက်က တိုက်ခိုက်ခံနေရတဲ့ တိုင်းပြည်ဖြစ်ပါတယ် ။ အထူးသဖြင့် စစ်ရေး ဲဲနဲ့ တကွ အတူပါလာသော အစစ အရာရာ ရှားပါးခြင်း ငွေကြောင်းဖောင်းပွခြင်းတို့လည်း ပါဝင်နေတာ တွေ့ရပါတယ် ။ 

                   အင်တိုက် အားတိုက် ဖျက်ဆီးခံနေရတဲ့ အထဲမှာ အတ္တကြီး
လွန်းတဲ့ ဝိသမလောဘသား ထိပ်ထိပ်ကျဲ သူဌေးကြီးတွေ ပါဝင်ပတ်သပ်နေလို့ အရေးယူခဲ့တာ အားလုံးအသိပါပဲ ။ 

             ယခု လတ်တလော လောင်စာဆီ ပြဿနာကို ကြည့်ပါ ။ ဒေါ်လာစျေးတက်လို့ ဆိုပြီး ဆီသဘော်ရောက်နေတာတောင် ဆိပ်ကမ်းကပ် မချခိုင်းပဲ ရှုံးမှာစိုးလို့ ဆီ အပျက်ခံနေကြပါတယ် ။ ဝယ်မရတဲ့ ပြည်သူတွေက ဝိုင်းအော်တော့ အစိုးရကနေ ဒေါ်လာ သန်း ၁၀၀ ကို ပေါက်စျေးရဲ့ ထက်ဝက်ခန့်နဲ့ ရောင်းချပေးပြီး ဆီကုန်သည်တွေကို အကျိုးရှိစေခဲ့ပြန်ပါတယ် ။ 

           အမှန်ကတော့ မြတ်တုန်းက ငတ်ကြီးကျခဲ့တဲ့ ဆီကုန်သည်တွေ ရှုံးလည်း ခံကြပေါ့ဗျာ ။ အစိုးရအနေနဲ့လည်း ပြည်သူ့ငွေသုံးပြီး ပြည်သူအဆင်ပြေရေး စီစဥ်ပေးရတာ မှန်ပေမယ့် ဒီအလုပ်က ရေရှည်အဆင်မပြေပဲ လောင်စာဆီကုန်သည်သာ အကျိုးရှိနေတာကို သတိပြုသင့်ပါပြီ ။ 

         နောက်တခါ သပိတ်မှောက်ကြရင် ဒီလောင်စာဆီကနေ စတင်ကြလိမ့်မယ်ဆိုတာ တွက်ဆကြည့်ရင် သိနိုင်ပါတယ် ။ စဥ်းစားမိသလောက် ပြောကြည့်ရရင်တော့ လောင်စာဆီ လက်ကျန် နည်းပြီဆိုတာနဲ့ အစိုးရက မိမိအစီအစဥ် နဲ့ မိမိငွေကြေးဖြင့် ကြိုတင် ဝယ်ယူထားသင့်ပါတယ် ။ 

          သိုလှောင်ကန်များ အသစ်တည်ဆောက်ခြင်း ၊ လောင်စာဆီကုန်သည်များပိုင် လှောင်ကန်များအား ယာယီ အခမဲ့ အသုံးပြုခြင်း ( ယင်းတို့ ဆီမသွင်းနိုင်သောကြောင့် နိုင်ငံတော်မှ အရေးပေါ် လိုအပ်ချက်အရ) ၊ဆောင်ရွက်ရန် စဥ်းစားသင့်ပါပြီ ။
        
             သိုလှောင်ပြီး ရှိပါလျှက် ညစ်ပတ်ထိမ်းသိမ်းထားလျှင် အစိုးရဆီ ထည့်တာနဲ့ သိနိုင်ပါပြီ ။ ထိုသို့လိမ်ညာခြင်းအား ဖော်ထုတ်ရမိလျှင် စစ်ဆေးရန်တာဝန်ရှိသူများ နှင့် ပိုင်ရှင်တို့၏ ပိုင်ဆိုင်မှုများကိုပါ သိမ်းယူပြီး ပြစ်ဒဏ်ကြီးကြီး ချမှတ်လိုက်ပါက နောက်နောင် မသမာမှု ပပျောက်သွားပါမည် ။ 

        လောင်စာဆိကိစ္စကတဆင့် နိုင်ငံတော် ပြိုကွဲရေး ၊ အရံငွေကြေး ( ဒေါ်လာ) ချိနဲ့ရေး အထိ တဖက်္မှစနစ်တကျ ဆောင်ရွက်နေခြင်း အပေါ် ယခုလို ဆေးမိးတို နည်းလောက်နဲ့ ဖြေရှင်းနေရင်ဖြင့် '' တတိတတိ ငအိ ကျားချီ '' ဖြစ်ကြရပါလိမ့်မယ် ။ 

           ကိုရွှေမျိုးဝင်း
တချို့လုပ်ရပ်တွေက မှန်သလိုလိုနဲ့ ကြာမှ မှားမှန်းသိချိန် နောက်ကြနေရော.....

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...