Wednesday, August 28, 2024

မြန်မြန် များများ ကြမ်းကြမ်း =========================



               တပ်မတော်က တိုက်ပွဲတွေ ဖော်ဆောင်ရာမှာ မြင်နေကြားနေရတဲ့ အချက်တွေအရသုံးသပ်ကြည့်ရမယ်ဆိုရင် စစ်အောင်နိုင်ဖို့ အချက်တွေနဲ့ ကွဲလွဲနေတာမျိုးတွေလည်း တွေ့နေရပါတယ် ။ 

           ဥပမာ လေယာဥ်နဲ့ ဗုံးကြဲတယ် ဆိုပါစို့ ဟုတ်ကဲ့ တစ်စီး နှစ်စီးလောက် နဲ့ ဟိုနားပျောက်တိ ပျောက်ကြား ဒီနား ပျောက်တိပျောက်ကြား ကြဲနေတာပဲ မြင်တွေ့နေရပါတယ် ။ 

        လေယာဥ်တွေ အုပ်လိုက်သွားပြီး တကြိမ်တည်းနဲ့ ရှိသမျှ ဧရိယာအပြည့် ကြဲချဖျက်ဆီးမှသာ ထိရောက်မှု အဆများစွာ တက်လာမယ်လို့ ထင်မြင်မိပါတယ် ။ မကြဲနိုင်ရင် မကြဲနဲ့ ကြဲပီဆိုရင်လည်း ထောင်းလမောင်းထအောင် ကြဲချပစ်လိုက်ပါ ။ 

          အခုဟာက သူပုန်ကို လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ပေးနေသလောက်ပဲ လုပ်နေကြတာ မြင်နေရပါတယ် ။ 

           နောက်ပြီး မိမိစခန်းတွေကို ရန်သူလာတိုက်ပြီဆိုရင် သတင်းကြိုရထားလဲ မိမိဖက်က လက်ဦးမှုယူပြီး အလုံးအရင်းနဲ ပြန်တိုက်ဖို့ ကြိုးစားတာ မတွေ့ရသလောက်ပါပဲ ။ အောက်က လှိမ့်ပိန့်ခံနေရမှ လေယာဥ်နဲ့ ဗုံးကြဲ လေယာဥ်ပြန်ထွက်သွားတော့ ဟိုက ပြန်တိုက် စခန်းကျ နဲ့ သံသရာလည်နေတဲ့ အရှုံးစစ်ဗျူဟာကို ဘာကြောင့် မပြင်နိုင်တာလဲ တွေးမရပါဘူး ။ 

         တကယ်ဆိုရင် တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေ နဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်တွေ လေကြောင်းချီ တပ်တွေ အသင့်လုပ်ထားပြီး အချိန်နဲ့ တပြေးညီ ပြန်တိုက်ကြဖို့ မစီမံတတ်ကြတော့ဘူးလို့ မေးစရာဖြစ်နေပါတယ် ။ 

            မိမိစစ်တိုင်းအတွင်း အထူးလှုပ်ရှားမှု တပ်ရင်းတွေ ထပ်ဖွဲ့ ( ပသစ ပူးပေါင်းအင်အားနှင့် ) အတိုက်ခံရမယ့် စခန်းနဲ့ အနီးဆုံးထိ ကြိုတင်တပ်ဖြန့် တပ်ဖျောက် ထား ၊ လာတိုက်ရင် အတွင်းအပြင် စစ်မျက်နှာ  ၂ ဖက်ကနေ ဖိချေတိုက်ဆိုတဲ့ ရှေးခေတ် ဗျူဟာလောက်ကို ဗျူဟာမှူးတွေ မသိလောက်အောင် တုံးနေကြပြီလား မေးစရာဖြစ်နေပါပြီ ။ 

                အင်အားများများ နဲ့ မြန်မြန် ပြန်တိုက်ပြီး ကြမ်းကြမ်းကိုင်တွယ်ဖို့ လိုနေချိန်မှာ အထက်ကိုဖားယားပြီး ဂေါက်ရိုက် ဘီယာသောက် KTV သွားနေတဲ့ တပ်မှူးတွေထက် မိုက်ကပ်ညစ်ကျယ် လုပ်ရဲ ကိုင်ရဲ တပ်မှူးတွေကို နေရာမှန်ပြန်ပေး ဖို့ ကောင်းနေပါပြီ ။ 

            မိမိစခန်းတခု အတိုက်ခံရပြီ ဆိုတာနဲ့ ချက်ခြင်း လေကြောင်းစစ်ကူ လက်နက်ကြီး ပစ်ကူတွေ အသင့်ဖြစ်နေအောင် ကြိုတင်မစီမံတတ်ကြတော့ဘူးလား မေးချင်လာပါတယ် ။ 

            မြေပြန့်ဒေသကိုတောင် အဲသလို မစီမံနိုင်ရင်တော့ သက်ဆိုင်ရာ စစ်တိုင်းမှူးများ ဗျူဟာမှူးများ ရဲ့ အရည်အချင်းအတွက် အခြေခံ စစ်ရေးပြသင်တန်း ၆ လ မှ စပြီး ပြန်လည် သင်ကြားလေ့ကျင့်ပေးဖို့ လိုအပ်နေပါပြီ ။ သင်ထားသမျှတွေက KTV မာဆတ် ဂေါက်ကွင်း တွေထဲ ပျောက်ကုန်ပြီလေ ။ 

         ကိုရွှေမျိုးဝင်း

ဒီလိုမျိုး စောက်ဖျင်း စီမံခန့်ခွဲမှုမျိုးနဲ့ စစ်ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူးနော်.....


No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...