Friday, August 30, 2024
လာပြန်ပြီ နောက်တမျိုး =====================
ပြည်ချစ်ဆရာတော်ကြီး ဖြစ်တဲ့ ၅၅၀ ဆရာတော်ကြီးကတော့ ပဒက်တွေ သွေးတက်အောင် လုပ်ချလိုက်ပြန်ပါပြီ ။
အထူးကွန်မန်ဒို ချေမှုံးရေးတပ်ဆိုပြီး ထပ်မံ လေ့ကျင့်ပေးနေလေရဲ့ ။
ဒီတခါ လေ့ကျင့်ရာမှာ ထူးခြားတာက လက်ရုံးရည်တင် မကဘူး နှလုံးရည်ပါ တခါတည်း ပါအောင်ဆိုပြီး စိတ်လေ့ကျင့်ရေးအဖြစ် တရားထိုင်ခြင်း တရားနာခြင်း တွေပါ စနစ်တကျ လေ့ကျင့်နေကြလေရဲ့ ။
ဘယ်နေရာမှာ ဘာတာဝန်ပေးဖို့ ရည်ရွယ်လေ့ကျင့်နေပါသလဲ ဘုရား ဆိုတော့ ဒါတော့ စစ်ရဲ့သဘောအရ လှို့ဝှက်ထားချင်လို့ပါ ဒကာကြီးလို့ မိန့်တော်မူလို့ ထပ်မမေးခဲ့တော့ပါဘူး ။ စိတ်ထဲမှာတော့ အထူးလေ့ကျင့်နေမှတော့ ထူးတဲ့ နေရာ သုံးဖို့ပဲလို့ ယူဆမိပါတယ် ။
ရှေ့တန်းမှာ တပ်မတော်နဲ့ အတူ လက်တွဲတိုက်ခိုက်နေတဲ့ ပြည်သူ့စစ်တွေ အများအပြား ရှိနေသလို တခြားနယ်တွေကိုလည်း အင်အား ထောင်ဂဏန်း သွားရောက် အားဖြည့်တိုက်ခိုက်ပေးနေသတဲ့ ဗျာ ။
ယခု အထူးတိုက်ခိုက်ရေး သင်တန်းသား ၄၀၀ ကျော်ကိုလည်း စစ်ကိုင်းတိုင်း အစိုးရက စားနပ်ရိက္ခာ ထောက်ပံ့ကူညီပါတယ်လို့ ပြောပါတယ် ဗျာ ။
စစ်တိုင်းအသီးသီးက အုပ်ချုပ်သူတွေ ဒီလို အလိုက်တသိ ထောက်ပံ့ကြရင်ဖြင့် ပြည်တွင်းပဒက်တို့အတွက် တပ်မတော်အင်အားတောင် မလိုပါဘူးဗျာ ။ ကိုယ့်ဘာသာ ဆော်လို့ ရတာပေါ့ ဗျာ ။
တဆက်တည်း အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့မယ့် ကိစ္စ ပြောချင်ပါတယ် ။ အသက် ၃၅ မှ ၆၅ အထိ ဆိုတာ မှားလည်းမှားပြီး မှန်လည်း မှန်ပါတယ် ။ အဲဒါက တရားဝင်စာထုတ်ထားခြင်း မရှိပါဘူး သို့သော် ၃၅ အထိ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်နေတဲ့အတွက် ဒီလို ပိုင်းခြားခေါ်မှသာ အဆင်ပြေမှာမို့ပါပဲ ။
နောက်ပြီးအရမ်းလဲ စိတ်မပူနဲ့ လူတိုင်းမခေါ်ဘူး ။ စိတ်ချရတဲ့ လူဖြစ်ရမယ် စီးပွားရေး အရ မှီခိုသူတွေ ရှိတဲ့သူ မဖြစ်ရန်လိုမယ် ။ လူနည်းနည်း နဲ့ ကျစ်ကျစ်လစ်လစ် ပဲ ဖွဲ့စည်းမှာလို့ ကြားသိရပါတယ် ။
ကိုရွှေမျိုးဝင်း
Subscribe to:
Post Comments (Atom)
ယှဉ်ကြည့်ကြခြင်း ==================
ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...
-
ပြည်သူတွေကလည်း ကုမ္ပဏီတွေနဲ့ အတူ ပါလာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ နဲ့ ခေတ်မှီ လူသုံးကုန်တွေ ဖောဖောသီသီ သုံးစွဲလာကြရတော့ သ...
-
ကျနော့် page ကျသွားပြန်ပါပြီ ရှာနေသူတွေ အတွက် သတင်းပေးတာပါ ။ ထပ်ဖွင့်ပြီးမှ လင့် ချပေးပါ့မယ် ။ ဒီနေ့ ပြောစရာရှိတာက မနေ...
-
ကွန်မြူနစ် နဲ့ ဗိုလ်ချုပ် အကွဲအပြဲက ဒီလိုဗျ ။ ဖက်ဆစ်ဆန့်ကျင်ရေးမှာ မူလတုန်းက ဗိုလ်ချုပ်က မပါခဲ့ပေမယ့် ဖက်ဆစ်တို့ လက်နက်ချရန် လေးလခွဲ င...
No comments:
Post a Comment