Friday, August 30, 2024

ချိန်ခွင်ရှာ ပြောင်းနေပြီ ====================



                လေလှိုင်းထဲနေ အဆမတန် အောင်ပွဲခံနေကြတဲ့ ပဒက်လေးတွေ အသံတိတ်ချိန် စတင်လာပါပြီ ။

         ပထမဆုံး တရုတ်ဖက်ကနေ နယ်စပ်ဂိတ်တွေ ပိတ်လိုက်တယ် ။ နောက် တရုတ်မြန်မာ နယ်စပ်မှာ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှု လာလုပ်ကြတယ် ။ နောက်ထပ် MNDAA TNLA UWSA. နဲ့ NUG တို့ရဲ့ ငွေစာရင်းတွေ ပိတ်တယ် ။ အခုနောက်ဆုံး TNLA ကို တိုက်ပွဲ မဖော်ဆောင်ဖို့ ဖိအားပေး တားမြစ်လာတယ် ။

           ဒါတွေက နိုင်ငံရေးပါဝါရဲ့ ကစားပွဲ ရလာဒ်တွေလို့ ဆိုရပါမယ် ။ စစ်ရေးချိန်ခွင်ကို တချက် လေ့လာကြည့်ရမယ်ဆိုရင်လည်း စစ်မျက်နှာ အသီးသီးကို ကြည့်ကြပါစို့ ။

         စိုးရိမ်စရာအကောင်းဆုံး ကံကြီးကုန်းရွာ ပြည်သူ့စစ်အတိုက်ခံရတဲ့ ပွဲစဥ် ကြည့်ပါ ။ အင်အားထောင်ချီပြီး စုဖွဲ့ထားတဲ့ KIA နဲ့ ကျွန်ပဒက်တို့ တိုက်စစ်ကို ကျေးရွာတရွာကနေ ၃ ရက်ထိ အနိုင်မခံ အရှုံးမပေးပဲ တိုက်ခဲ့ကြတာ ချီးမွမ်းစရာပါပဲ ။

         လေကြောင်းပစ်ကူ နဲ့ မုံရွာက လက်နက်ကြီး ပစ်ကူကြောင့် စိတ်ဓာတ်ခွန်အားတက်ကြွစေခဲ့တာလည်း အရေးကြီးတဲ့ အချက်ပါပဲ ။ တပြည်လုံးစိတ်ပူပြီး စောင့်ကြည့်ခဲ့ရတဲ့ ကံကြီးကုန်းကျေးရွာ တိုက်ပွဲကတော့ ရန်သူတို့ အကျအဆုံးများစွာနဲ့ ဖရိုဖရဲ ထွက်ပြေးကြရပါပြီ ။ စစ်ကူစစ်ကြောင်းများ ရောက်လာပြီး ချေမှုံးနိုင်ခဲ့ခြင်းကြောင့် စိတ်အေးကြရပါပြီ ။

           နောက်ထပ် အရေးကြီး စစ်မျက်နှာ တောင်ခမ်းတိုက်ပွဲလည်း ယနေ့ ပြီးသလောက် ဖြစ်သွားပါပြီ ။ စစ်ကူစစ်ကြောင်းများ ရောက်ရှိပြီလို့ သိရသလို ရန်သူများကိုလည်း အမြောက်အများ ကျဆုံး ဒဏ်ရာရအောင် ကောင်းမွန်စွာ ဆုံးမပေးလိုက်နိုင်ကြောင်း မဂ်လာသတင်းရရှိထားပါတယ် ။

             နောက်ထပ် သံတွဲသတင်းကတော့ AA တို့ရဲ့ တပ်မတော်မှ ဇီဝဗုံး ဓာတုဗုံး သုံးနေပါပြီ ၊ ပြည်သူတွေ သေနေပါပြီ ၊ ပြည်သူတွေ ဆေးဝါးပြတ်လပ်နေပါပြီ အော်နေပြီဆို သဘောပေါက်ကြပါတော့ ။ ဓာတ်ခဲစုတ်တို့ မရှုမလှ စုတ်ပြတ်နေရင် ဒီအသံထွက်လာတာ ကလင်ဒါကျ ဖြစ်နေပါပြီ ။ အထူး မှတ်ချက်ချရန် မလိုတော့ပါဘူး ။

           လေတထွားထွား နဲ့ ကိုရွှေကရင် KNU တိုရော အနေအထား ဘယ်လို ရှိနေလည်း ကြည့်ပါ ။ ဟိုနားလာဆွလိုက် သူတို့နာရေးကိစ္စလုပ်လိုက် ၊ ဒီနားလာဆွလိုက် ဘုရားသခင်ထံ အလည်သွားလိုက်နဲ့ ဝလချီးလည်နေပါတယ် ။

          ကယားကတော့ စာရင်းပျောက် အင်းပျောက် ဖြစ်နေပါပြီ ။ တချိန်က လွိုင်ကော်မြို့ပေါ်တက် ဖင်ခေါင်းကျယ်ခဲ့သမျှ တပ်မတော်က တကယ်ချတော့ တောကြိုအုံကြား ပြန်ပြေးနေကြလို့ သူတို့တပ်ဖွဲ့စည်းပုံ ပျက်နေပါပြီ ။ ကယားဖက်က ဆရာဝန် ဖမ်းမိတော့ စစ်ကြောရေးဝင်လိုက်တာ သေဆုံး ပြတ်တောက် ဒုက္ခိတ စာရင်း 3 G နဲ့ အပြည့်တဲ့ ။ တွက်သာကြည့်ပေတော့ ။

             စစ်မျက်နှာ အသီးသီးမှာ စစ်ရေးချိန်ခွင်ရှာ ပြောင်းနေပါပြီ ။ မိုးကုန်တာနဲ့ မကြာခင် တပ်မတော်ရဲ့ ထိုးစစ်အစစ်ကို မြင်ကြရမှာ သေချာပါတယ် ။ အလှည့်ကျမနွဲ့စတမ်း လို့ပဲ ပြောထားပါမယ် ။

         ပြည်မက PDF ပြဿနာက သူတို့ရဲ့ ပထွေး သခင် သူပုန်တွေ ဘဝပျက်တာနဲ့ ပုရွက်ဆိတ်အုပ် ဆင်သေးပန်းခံရလို ဖရိုဖရဲ ဖြစ်သွားမှာ 100 % မို့ ခေါင်းထဲထည့်စရာကို မလိုဘူးလို့ သုံးသပ်မိပါတယ် ။

          ကဲ စစ်သတင်းမှန်တွေဖတ်ပြီး မျိုးချစ်အပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေဗျာ ။

   
            ကိုရွှေမျိုးဝင်း

ပြည်ဖျက် ပဒက်တို့အတွက် တက်လမ်း.....


No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...