Monday, August 26, 2024

စက္ကူ ထိပ်တုံး. ===============



            25-8-24 နေ့ မန္တလေး မှာ ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းပြောသွားတဲ့အထဲက အရေးကြီး အချက်အချို့ကို ကောက်ချက်ဆွဲရမယ်ဆိုရင်......

          '' နိုင်ငံအားမူလအခြေ အနေအတိုင်းပြန် လည် ရောက်ရှိရန်အတွက် လုပ်ဆောင်သင့် သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ''     

( ဒီစကားက တိုင်းပြည်ရဲ့ ခေါင်းဆောင်တဦး အနေနဲ့ ပြည်သူကို ကတိပေးတဲ့ စကားပါပဲ ။ မူလအတိုင်းဆိုတဲ့ စကားအရ လောက်ကိုင် ချင်းရွှေဟော် အစရှိတဲ့ ဒေသများသာမက နယ်စပ်စည်းအထိ သေချာပေါက် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ပါလိမ့်မယ် ။ လာရှိုး တိုက်္မှာလား ပေးလိုက်မှာလား ဆိုတဲ့ တရာဖိုး သုံးပုဒ်တန် မေးခွန်း အတွက် အဖြေပါ )

      '' ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်ခိုင်မာစွာဖြင့် ဆက် လက် ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ''

( ဒီစကားသည် ရွေးကောက်ပွဲ ကျင်းပမည် မကျင်းပမည် ကို ဒွိဟ မဖြစ်ကြရလေအောင် ထပ်ဆောင်း သတိပေးလိုက်တဲ့ စကားဖြစ်ပါတယ် ။ နိုင်ငံရေးပါတီများအတွက် မဂ်လာစကား ဖြစ်နေပြီး ရွေးကောက်ပွဲပြီးလျှင် တော်လှန်ရေးဆိုတဲ့ ခေါင်းစဥ်အောက်္မှ လုပ်စားနေသူတွေ ခွက်ပျောက်ကြရမယ့် အခြေအနေမို့ ဒီစကားကို အကောင်အထည် ဖော်ရပါ့မယ်)

     '' ပြည်သူများ၏ ပူးပေါငျးဆောငျရှက် မှုများရှိရန်လိုကြောင်း၊ ထို့ကြောင့်ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူပါသည့် လုံခြုံ ရေးစနစ်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေး စနစ်တွင်ပြည်သူများပါဝင်ပါက တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍ စည်း ကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ''

( ဒီစကားကို ကြည့်ပါ ပြည်သူပါဝင် ပူးပေါင်းမှသာ ရည်မှန်းချက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ကြောင်း သတိပေးထားတာပါ ။ ပြည်သူတွေအနေနဲ့ ငါနဲ့ ဘာဆိုင်လဲ တွေးပြီး ယာယီအားထည့် လုပ်ဆောင်ကြရမယ့် အကြမ်းဖက်နှိမ်နင်းရေး လုပ်ဆောင်ချက်ကို ပါဝင်ကူညီဖို့ သူမပါလို့ ငါမပါလို့ နဲ့ ကပ်တွက် ငြင်းဆန်နေရင်ဖြင့် နိုင်ငံသားတာဝန် မကျေပွန်ခြင်းသာမက ပြည်ဖျက် ဘက်တော်သားအဖြစ်ပါ သတ်မှတ်ချေမှုံးဖို့ လိုအပ်လိမ့်မယ်လို့ တင်ပြချင်ပါတယ်  )

             ဒီနေရာမှာ နစက အပေါ်ကိုလည်း ဝေဖန်ထောက်ပြ ချင်ပါသေးတယ် ။ ကာကွယ်ရေးအတွက် လူသူစုဆောင်းရာမှာ မျှတဖို့ အရေးကြီးပါတယ် ။ စနစ်တကျ မူဝါဒချပေးလိုက်ပါ ( ဒီနေ့ နက်ဖြန် အမြန်ဆုံး ချဖို့ အရေးကြီးပါတယ်) ။ ဘယ်လို အသက်အရွယ် ဘာတာဝန် (ဒေသတွင်း ရန်သူရှင်းလင်းရေးအတွက် ၊ ရပ်ကျေး အဝင်အထွက် ကင်းစောင့်ခြင်း ၊ ဧည့်စာရင်း၂၄ နာရီ ကြပ်မတ်စစ်ဆေးခြင်း )

          ဒါမှသာ ဘက်လိုက်ခြင်း ငွေကြေးအကြံအဖန်လုပ်ခြင်းများ နည်းပါးသွားပါလိမ့်မယ် ။ ဖြစ်နိုင်ရင် ရှိသမျှ အိမ်ထောင်စုများမှ မိန်းမသားချည်း ရှိသော မိသားစုများ ၊ အရွယ်ရောက် ယောကျာ်းသား မရှိသော အိမ်ထောင်စုများမှ အပ တအိမ်တယောက်က် အနည်းဆုံး ဆင့်ခေါ်သင့်ပါတယ် ။ ဆင်းရဲချမ်းသာမရွေး ဆင့်ခေါ်လိုက်မယ်ဆိုရင် လာဘ်စားတဲ့ ပြဿနာ မရှိနိုင်ပါဘူ ။

            အရေးကြီးဆုံးကတော့ နစက ရဲ့ပြည့်စုံတဲ့ ညွှန်ကြားချက် နဲ့ လုပ်ဆောင်မှု ရှိမရှိ ပြန်လည်စစ်ဆေးခြင်း အပြစ်ပေးအရေးယူခြင်း မရှိခဲ့တဲ့ အားနည်းချက်တွေ ပြုပြင်ဖို့ လိုအပ်နေတာပါပဲ ။ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကြောင်းပြုပြီး လုပ်စားနေကြတာ ကျော်မကောင်း ကြားမကောင်း ဖြစ်နေပါတယ် ။ ဒီလို မကောင်းတဲ့ အဆိုးကြော့သံသယာကို စောစီးစွာ ဖြတ်တောက်ဖို့ နစက အနေနဲ့ တာဝန်ပျက်ကွက်နေတယ်လို့ ဝေဖန်ချင်ပါတယ် ။

         နောက်ဆုံးတချက် ဝေဖန်ချင်တာကတော့ သူပုန်တွေနဲ့ ပတ်သက်ရင် နစကအနေနဲ့ NCA ကို ဘုရားတဆူ ဂူတလုံး လုပ်လွန်းနေတာ တွေ့နေရပါတယ် ။ တကယ်တမ်းကျတော့ သူပုန်အများစုက NCA ကို တန်ဖိုးမထားကြပါဘူး ။

            ရန်ကုန်လာလိုက် နေပြည်တော်လာလိုက် ထားတဲ့ဟိုတယ်မှာဇိမ်ခံ ဧည့်ခံတဲ့ အရက်ကောင်းမျိုးစုံ သောက်စားပြီး လုပ်ချင်ရာ လုပ်နေကြတာ အားလုံးအသိပါပဲ ။ အစိုးရကသာ NCA အတိုင်း NCA အတိုင်း နဲ့ ကိုယ့်ခြေထောက်ကို ထိပ်တုံးခတ်ပြီး ဖင်ဂျပ်စွဲအောင် ထိုင်နေခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး ။

       နစက အနေနဲ့ ရန်သူက NCA ကို စက္ကူစုတ်လို သဘောထားပြီး သောက်ရေးမစိုက်ရင် ကိုယ်ကလည်း NCA ကို ချီးကုန်းစက္ကူလုပ်ပစ်ဖို့ လိုအပ်နေပါပြီ ။ စက္ကူနဲ့ မိမိကိုယ် မိမိ ခြေထိပ်ခတ်ထားတာကို ဂုဏ်ယူနေရမယ့် ကာလမဟုတ်တော့ဘူးလို့ သတိပြုမိစေချင်ပါပြီ ။

         ကိုရွှေမျိုးဝင်း

ကိုယ်ပြုစုနေတဲ့ အပင် ရှင်သန်ဖွံ့ဖြိုးနိုင်မလားဆိုတာ သတိမထားပဲ သူခိုးအားပေး လုပ်မိနေမှဖြင့်....

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...