Monday, September 2, 2024

ပခုက္ကူ တပ်မ ၁၀၁ ရဲ့ ဥပေက္ခာ =========================


- ပခုက္ကူနဲ့ ၁၇ မိုင်အကွာ မှာ ဇီးကုန်း ပြည့်သူ့စစ်ရွာဟာ  (12-11-2023 ) မှာ အတိုက်ခံရပြီး အိမ်ခြေ၈၀ ကျော်မီးရှို့ခံရ ပသစ ၁ဦး သေဆုံး ဆိုင်ကယ်အစီး ၃၀ ကျော်နဲ့ ဖုန်း အလုံး ၄၀ ကျော်လုယက်ယူသွားခြင်း ခံခဲ့ရတယ် ။

- (25-6-2024) နေ့မှာ ၁၆မိုင် အကွာ မှာမန်ကျည်းကန်ပြည့်သူ့စစ်ရွာ၁၇ မိုင်အကွာ မှာ ရှင်မကန် ပြည့်သူ့စစ်ရွာ ၂ ရွာ အတိုက်ခံရပြီး အိမ်ခြေ ၇၀ ကျော်မီးရှို့ခံရ လူ၅၀ ကျော်ဖမ်းဆီး ပြည်သူစစ်၂ ယောက်နဲ့ ပြည်သူ ၄ ယောက်ကျဆုံးခဲ့ရပါတယ် ။

- '8-7-24 နေ့မှာ ပခုက္ကူမြို့နယ်အနောက်ဘက် ၁၂ မိုင်အကွာက မြို့ခင်းသာပြည့်သူစစ်ရွာ ၁၅ မိုင်အကွာ မှာ အောင်သာပြည်သူ့စစ်ရွာ တို့ အတိုက်ခံရပြီး ကျောင်းအုပ်ဆရာမကြီးနဲ့ လက်ထောက်ဆရာမ မိဘနှစ်ဦး l ပသစ တပ်ဖွဲ့ဝင်ရဲဘော် ၃ ဦးကျဆုံး l ပသစ ၂ ဦးနဲ့ ပြည်သူ ၈ ဦးအား ဖမ်းစီးသွားခြင်းခံရပါတယ် ။

- ရှင်မကန် ရွာ အတိုက်ခံရပီးမှ စစ်တပ်က ရောက်လာတယ် ။  G 1 ဆိုသူက PDF ကို ပြန်မတိုက်ရဘူးလို့ အမိန့်ပေးတယ် သူ့အမေလင်တော်နေသလားတော့ မသိဘူးဗျ ။

-  အောင်သာ ရွာအတိုက်ခံရပီးနောက်မှယလည်း လာတယ်ဗျ ။  ရွာကလူတွေ အားကိုးတကြီး မျှော်ခဲ့ရပေမယ့်  ၃နာရီလောက်နေပြီးတော့ ပသစ တွေတောင် မသိအောင်တိတ်တိတ်လေး ပြန်သွားလေရဲ့ အားကိုးရချက်ကွာ ။ ဒါနဲ့များ ပြည်သူတွေ ပူးပေါင်းကြပါတဲ့ အထက်ကအော်နေသလောက် ပခုက္ကူက ဖွတ်ကြားတွေ လုပ်ပေါက်နဲ့တော့ ခက်ပါ့ ။

-  ဇီးကုန်းနဲ့ ကပ်လျှက်က ဖလံအိုရွာ ကန်ပေါက်စု ရွာ ချောင်းခွ မြေနီတွင်း ရေကြည် ချိုင် ဗျင်း သဇင် သရက်တော ကြက်လျှာ မြစ်ခြေ ကျတ်ထိုး ကျပ်ပြည့် ချောင်းဆုံ ဆုံကုန်း သရက်ကန် ညောင်ကိုးသစ်စဘေအရှေ့ရွာ အနောက်ရွာ pdf တွေချည်းပဲ ။  ပြည့်သူ့စစ်ရွာတွေကို အဲကောင်တွေစုစုပြီးလာတိုက်တယ်ကြတာ တနယ်လုံးသိကြတယ် ။

- ပြန်တိုက်ချင်တဲ့ ပသစ တွေဆီမှာ လက်နက်က စခန်းတစ်ခုခြင်းကို မဖြစ်သလောက်ပဲ ပေးထားတယ် ။ ပိုဆိုးတာက  G1က လည်း သွားတိုက်ဖို့ ခွင့်မပြုဘူးတဲ့ဗျာ ။  လက်နက်ခဲယမ်းလည်း ထပ်ပြီးချမပေးသလို  ထောက်ပံ့မှုကလည်း မစို့မပို့နဲ့  မလုံလောက်ဘူးတဲ့ဗျ ။

- တိကျတဲ့ သတင်းအရ စဘေအနောက်ရွာတောင်ခြေမှာ PDF စခန်းရှိတယ် ဖမ်းထားတဲ့သူတွေကိုလည်းအဲမှာထားတယ် ။ အဲဒီစခန်းမှာ  ဗုံးခိုကျင်းတွေ နက်နက်တူးထားတယ် ။  မိုင်းတွေ အထပ်ထပ်ထောင်ထားတယ် ။ အဲဒါကို ပြည်သူ့စစ်က သွားတိုက်မယ်ဆိုတော့လည်း အဆိုပါ G1 ကို ခွင့်မပြုဘူး ။ သူလည်း သွားမတိုက်ဘူး ဘာလဲ PDF မွေးမြူရေး လုပ်နေတဲ့ ဖရဲသီးလား သိချင်မိပါရဲ့ ။

- အခုဆိုရင် ဖလံအို ကန်ပေါက်စု မှာလည်း ပြည်သူမရှိတော့ဘူး ။  ဇီးကုန်း ရှင်မကန် ပသစ စခန်းတွေကို PDF တွေက drone နဲ့လာလာချနေတယ် ။ ပြန်တိုက်ချင်တဲ့ ပသစ တွေကို တိုက်ခွင့်မပေးတော့ ရှင်မကန် ပသစ စခန်းက ၂၅ ယောက်လောက် ထွက်ကုန်တယ် ။

-  စခန်းလည်းသိနေတာ ပခုက္ကူG1 ကသူတို့လည်းသွားရှင်းမပေးဘူး ပသစတွေလည်း မရှင်းခိုင်းဘူးတမင်မွေးစားနေတာထင်လို့ကို မကျေနပ်လို့ ထွက်ကုန်တာပါ ။

- အောင်သာအတိုက်ခံရခါနီးတုန်းက မီဒီယာကနေ ကိုကျော်စိုးဦး တအားအော်လို့  တပ်က နောက်နေ့လာသေးတယ် ။ စလည်းတိုက်ရော ပသစတွေကို အသိမပေးပဲ ပြန်ပြေးတယ်တဲ့ဗျာ ။

- လက်နက်ကောင်းနဲ့ တိုက်ခွင့်သာပေးလိုက်ပါ ပြည့်သူစစ်တွေမညံ့ပါဘူး ။  ဖလံအိုရွာ တိုက်ပွဲတုန်းက မြင်းခြံသား နိုင်ငံရေးမှူးဆိုတဲ့ကောင် အလောင်းတောင်ရပါတယ် ။

- ရှင်မကန် တိုက်ပွဲ မှာလည်း drone သမားတစ်ယောက် ရွာသားတစ်ယောက်က လက်ထဲက ဓားနဲ့ပဲ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ် ။

- အောင်သာတိုက်ပွဲမှာ ပြည်သူ့စစ်တွေ ရဲရဲရင့်ရင့် ခုခံခဲ့လို့ စခန်းအနားတောင် မကပ်နိုင်ပါဘူး ။ 

- ပခုက္ကူက တပ်မ ၁၀၁ ကတော့ တိုက်ပွဲပြီးရင် ရောက်လာပြီ ။ လက်နက် ဘယ်လောက်ပါသွားသလဲ ။ လူ ဘယ်နှစ်ယောက်သေလဲ ဆိုတဲ့ သတင်းမေးပြီး ပြန်သွားတာ ထုံးစံဖြစ်နေတယ်တဲ့ ။ အားကိုးရတဲ့ တပ်မတော်က တိုက်ခိုက်ရေးတပ်မကြီးပါပဲဗျာ ။

       ကဲ ပခုက္ကူ အခြေအနေနဲ့ ၁၀၁ ရဲ့ လုပ်ဆောင်ချက်များကတော့ မြန်မာ့တပ်မတော်ရဲ့ စွမ်းရည်သတ္တိကို ဂုဏ်သရေကင်းမဲ့စေပြီး နစကရဲ့ ပြည်သူတွေနဲ့ ပူးပေါင်းမယ့် မူဝါဒကို ခြေနဲ့ နင်းဖျက်နေတာနဲ့ အတူတူပါပဲ ခင်ဗျာ ။ တာဝန်ရှိ စစ်တိုင်းမှူးနဲ့တကွ အထက်အဆင့်ဆင့် လူကြီးမင်းများ သိရှိပြီး ပြုပြင်နိုင်ကြပါစေဗျာ ။

      ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...