Monday, September 2, 2024

မျက်စေ့အောက်က ဖရဲသီး =========================



             '' ဆို က ရေး တီး '' သတင်းတွေ ကြားနေရတော့မှ မရေးဖြစ်သေးတဲ့ ဖရဲသီးသတင်း သတိပြန်ရလာပါတယ် ။ ယဥ်ကျေးမှုဝန်ကြီးဌာနထဲက ဖရဲသီးတွေပေါ့ဗျာ ။ ရီစရာပြောရရင်တော့ ခေါင်းပေါင်းတွေ နဲ့ ပွဲလမ်းသဘင်ရှိတိုင်း သွားဖြီး ခွက်တိုက်လုပ်နေကြရတဲ့ ဖရဲသီးလောက်ကိုက်တွေဗျ ။

          ယဥ်ကျေးမှုဌာနမှာ ညွှန်ချုပ်က ဦးညွှန့်ဝင်း တဲ့ ။ အနုပညာအဆင့်ကတော့ ပညာရှင်အဆင့်မရှိပဲ နှမ်းဖြူးကောင်းသူလို့ နာမည်ကြီးနေပါတယ် ။
         ပွဲလမ်းကြီးတခုအတွက် ယိမ်းတိုက်တာကနေ အစီအစဥ်တခုလုံးကို နောက်ကွယ်က လက်တွေ့ ကျွမ်းကြင်စွာ စီမံနေကြတဲ့ ဝန်ထမ်းတွေကတော့ တကယ့်ပညာရှင် အဆင့်တွေလို့ သိရပါတယ် ။

          ဒီညွှန်ချုပ်ဖြစ်သူက အဲလို အမှန်တကယ် ကျွမ်းကြင်တဲ့ ပညာရှင်တွေအပေါ် အပြန်အလှန်လေးစားမှု မပေးပဲ ငါလူကြီးပဲ ဆိုတဲ့ အတ္တ မာန နဲ့ ချိုးချိူးဖဲ့ဖဲ့ နှိမ့်နှိမ့်ချချ လူအများရှေ့မှာ အော်ဟစ် ငေါက်ငမ်းလေ့ ရှိပါတယ် ။

        အထူးသဖြင့်ကတော့ Non CDM သမားဝန်ထမ်းများအပေါ် အလွန်အကျွံ ဖိအားပေးနေသောကြောင့် မျက်ရေနဲ့မျက်ခွက် ဖြစ်နေကြရသော ဝန်ထမ်းကောင်းတွေ အများကြီးရှိနေပါပြီ ။

       နောက်ထပ် သတင်းဆိုးကတော့ သူဦးစားပေးနေတဲ့ ဝန်ထမ်းအချို့က ရဲရဲတောက် မေမေ့သား သမီးတွေ ဖြစ်နေတာပါပဲ ။ ဘယ်သူတွေလည်း ဆိုတော့.....

ဦးဥာဏ်ဝင်း   ( လက်ညွှန်  )
ဒေါ်မြင့်မြင့်ဌေး ( ဦး / ရှိ ဦးဥာဏ်ဝင်း ဇနီး)
ဒေါ်ကြူကြူဆွေ ( လက်ညွှန်)

        တို့ ပဲ ဖြစ်ပါတယ် ။ သူတို့ ၃ ဦးဟာ နေ့စဥ်နေ့တိုင်း နီပိတ်တို့ရဲ့ ဝါဒဖြန့် သတင်းများ ဖတ်ရှုပြီး ရုံးအတွင်းမှာပဲ ဒီနေ့တော့ စစ်ခွေးတွေ ဘယ်လောက်သေပြီ ဆိုတဲ့ သတင်းမျိုးတွေကို နေ့တိုင်း အားပါးတရ ပြောဆို ဝမ်းသာနေကြလေ့ ရှိပါတယ် ။ ကြားသိတဲ့ ဝန်ထမ်းလည်း ရှိပါတယ် ။

         ယခုဖော်ပြချက်များအတွက် စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်ပါက ဝန်ထမ်းတဦးခြင်းအား သီးခြားခေါ်ယူ စစ်ဆေးခြင်းဖြင့် ( ထွက်ဆိုချက်များအား တခြားလူ မသိစေရန်)  အမှန်တရားများ ပေါ်ပေါက်လာပါလိမ့်မယ် ။

         လူကြီးမင်းများ ၊ နိုင်ငံခြား သံတမန် များ နဲ့ အထူးဧည့်သည်တော်များ အပါအဝင် အရေးကြီး ပုဂ္ဂိုလ်များအတွက် အမြဲတမ်း ဧည့်ခံဖျော်ဖြေရင်း အနီးကပ်ဆုံးနေကြရပါသော ဤယဥ်ကျေးမှု ဝန်ကြီးဌာနတွင်း၌ ဤမျှသော ဖရဲသီးအင်အားစုဖြင့် ကြီးမားသော အဖျက်လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါက ခပ်ညံ့ညံ့ စရဖ မပြောနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့လို အဖွဲ့ပင် ကယ်နိုင်မှာ မဟုတ်ပါဘူး ။

          ကျော်မကောင်း ကြားမကောင်း ကိစ္စများ မဖြစ်ပေါ်နိုင်စေရန် ဒီသတင်းအပေါ် အတည်ပြု စစ်ဆေးဖယ်ရှားဖို့ အရေးကြီးနေပါတယ် ။ ယခု ဖော်ပြပါ ဖရဲသီးများအား မိမိ မသိပါဘူး ၊ သို့သော် တိုင်းပြည်အတွက်တော့ လူကြီးမင်းများ သိဖို့လိုအပ်မယ်ထင်လို့ တင်ပြခြင်းသာဖြစ်ပါတယ် ။

     ယုံချင်ယုံ မယုံချင်နေ မည်သူ့အပေါ်မျှ ချစ်ခြင်း မုန်းခြင်း မရှိပါဘူး ။ တိုင်းပြည်ကိုတော့ အသက်ထက်ပိုချစ်ပါတယ် ။

        ကိုရွှေမျိုးဝင်း

စစ်ရေးကိစ္စတွေကတော့ အတော်အတန် ရင်အေးရပြီးမို့ ဖရဲသီး နဲ့ အဂတိအလှည့်မို့ ပျော်နေကြတဲ့ မသမာသူတွေ အတွက်.......

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...