Thursday, September 5, 2024

မန္တလေး - လွှိုင်ကော် နဲ့ စစ်ရေးအခြေအနေ. ===================



              မနေ့က မန္တလေး မှာ ရှော့တိုက်ဒုံး ၇ လုံး ကွဲတယ် ။ တဖက်မီဒီယာတွေ အကြီးအကျယ် ဝါဒဖြန့်နေကြတာ အခုပဲ မန္တလေးမြို့ကြီး အုန်းအုန်းကြွက်ကြွက် ထွက်ပြေးနေသလိုလို ၊ ထိုးစစ်ကြီးတခုပဲ ဆင်နွဲနေသလိုလို ပါပဲ ။

         ဖြစ်စဥ်အမှန်ကတော့ အားလုံးသိပြီးသားပါပဲ ။ သူတို့ဖက်က ဆိုက်ဝါးကို မြင်အောင် ကြည့်ကြဖို့ပါပဲ ။ ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတာဟာ လုံခြုံရေးတွေ သိပ်ညံ့လို့ဆိုပြီး အပြစ်တင်မယ်ဆိုရင်လည်း မှားပါတယ် ။

         ရှော့တိုက်ဒုံးဆိုတာ ငယ်ငယ်က ဗျောက်အိုးဖောက် မီးရှူးလွှတ်ကြသလို ပြေးချင်ရာပြေး ကျချင်ရာကျ ပစ်ရတဲ့ အမျိုးအစားဖြစ်ပြီး လက္မ ၂၀ ဝန်းကျင်ပဲ ရှိတဲ့ ပစ္စည်းမို့ သိုဝှက်ရတာ လွယ်ပါတယ် ။ သဲအိတ်ပေါ်တင်ပြီး နောက်ကနေ မီးရှို့ ပစ်ရတာဆိုတော့ နေရာသတ်မှတ်ချက်လည်း မရှိဘူးလေ ။ ဖမ်းရခက်ပါတယ် ။

             မန္တလေးကိစ္စပြီးရင် လွှိုင်ကော်ကြည့်ပါ ။ တပ်ချုပ်ကြီး လွှိုင်ကော်ကို သွားတယ် ။ တောင်ကြီးကနေ ကားတန်းနဲ့ သွားတာပါ ။ လေယာဥ်နဲ့ မဟုတ်ပါဘူး ပြောချင်တာက အဲဒီလမ်းကြောင်းရဲ့ လုံခြုံရေးနဲ့ နယ်မြေစိုးမိုးမှုကို သူ့အသက်နဲ့ရင်းပြီး ယုံကြည်ကြောင်း ပြခဲ့တာပါ ။

                လွှိုင်ကော်မြို့ပေါ်ကိုလည်း ကားနဲ့ပဲ လှည့်လည်စစ်ဆေးသွားတာပါ ။ သူပုန်တွေက ၁၂၀ မမ နဲ့ ၃ ချက်ပစ်တယ်လို့ ဆိုပါတယ် ။ တဖက်သတင်းတွေကတော့ မြို့ထဲလှည့်နေတုန်း ပစ်သလိုလို ဝါဒဖြန့်ပေမယ့် ဒီဖက်က သတင်းအရတော့ ပြန်သွားပြီးမှ ပစ်တာလို့ ဆိုပါတယ် ။

         တပ်ချုပ်ကြီးရှိနေစဥ် ပစ်တာဆိုတဲ့ သတင်းက ဖြစ်နိုင်ချေနည်းပါတယ် ။ လေတပ်က တောက်လျှောက် နယ်မြေစိုးမိုး အကဲကြည့် လုံခြုံရေးပေးထားတာမို့ အဲဒီအချိန် ပစ်ရင် ပစ်တဲ့နေရာကို သေချာပေါက် စက္ကန့်ပိုင်းအတွင်း တန်ပြန်ချေမှုံးကြမှာပါ ။ ၁၂၀ မမ ဆိုတာ ကျိုက်ထီးရိုးသေနတ်လို မပြီး ပြေးလို့ ရတာမျိုးမှ မဟုတ်တာလေ ။

            ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်သူပုန်နဲ့ ပဒက်တွေအတွက် ဆင့်စပက် အနာလုပ်နေရတဲ့ အခြေအနေထိ ဆိုးဝါးနေပြီလို့ ကောက်ချက်ချမိပါတယ် ။ အရင်ကလို အလံတွေထူ video ဖိုင်တွေတင်တဲ့ အနေအထားကနေ ဗျောက်အိုးဖောက်ပြပြီး နိုင်နေပြီ တိုက်နေပြီ လုပ်ပြနေရတဲ့ အခြေအနေထိ ယိုင်ရွဲ့နေကြတာကို မြင်ကြည့်ကြစမ်းပါဗျာ ။

             နောက်ထပ်သတင်းအချို့ကတော့ ပြင်ဦးလွင်ဝန်းကျင်က TNLA စိုးမိုးထားတဲ့ ရွာတွေကို တပ်မတော်က မြေပြင်ရှင်းလင်းရေး ဆောင်ရွက်ပြီး သိမ်းပိုက်နေပါပြီ ။ တကယ်တိုက်တော့ တကယ်ပြေးနေရတာ ပလောင်ဘိန်းစား နဲ့ ပဒက် တွေပဲဆိုတာ သေချာပါတယ် ။

              စစ်ကိုင်း နဲ့ မကွေးနယ်ထဲမှာ အချို့ ပဒက်စခန်းတွေကို လိုက်ရှင်းလင်းနေသလို မိမိပြည်သူ့စစ် ရွာတွေကို ရိက္ခာခဲယမ်း ထောက်ပံ့မှုတွေ မရောက်သေးဘူးလို့ ဆိုပါတယ် ။

         ရိက္ခာကို လေကြောင်းနဲ့ ပို့တဲ့နေရာမှာ မြေပြင်က သတ်မှတ်ဧရိယာအတွင်း ရန်သူကင်းရှင်းဖို့ အရေးကြီးပါတယ် ။ မြေပြင်က ထွက်တိုက်ဖို့ ခက်ခဲနေရင် mi 35 လောက်နဲ့ ပစ်ရှင်းရှင်းပြီး ချပေးလို့ ရနိုင်ပါတယ် ။

        တာဝန်ကျေပဲ သွားပြီး ချမရလို့ ပြန်ခဲ့တယ်ဆိုရင်တော့ တခုခု လွဲနေပြီလို့ ပြောချင်ပါတယ် ။ ပြည်သူတွေ ဝိုင်းအော်ထားရတဲ့ ပခုက္ကူ ၁၀၁ က သူဌေး G1 ကြီး ရဲ့ သတင်းလည်း ဘာထူးခြားမှုမှ မရှိဘူးနဲ့ တူပါရဲ့ ။ မထူးခြားရင်တော့ သူ့အထက်က လူကြီးပါ ထူးခြားမယ့်အဆင့်ထိ သတင်းပို့ကြည့်ကြတာပေါ့ ဗျာ ။

            တနိုင်ငံလုံးအနှံ့ လေ့လာကြည့်မယ်ဆိုရင် တပ်မတော်က အပေါင်းလက္ခဏာတွေ အများကြီးတွေ့နေရပါတယ် ။ မယုံဘူး ဆိုသူတွေ သူတို့ဖက်က အလံတလူလူ နဲ့ သတင်းတွေ ၊ ငိုချင်းချ သတင်းတွေ နဲ့ ၊ အလှူခံသတင်းတွေ ဖတ်ကြည့်ပါ ။

          KNU ဖက်က ဒဏ်ရာရထားတဲ့သူတွေကို တဲကြီးထဲမှာ ကုနေတဲ့ video ဖိုင်ကြည့်ပြီး ဘာသတင်းမှ မကြားရပဲ တပ်မတော်က ဘယ်လိုဆော်နေပြီလဲ ဆိုတာ သိဖို့ကောင်းပါပြီ ။

            တပ်ချုပ်ကြီးရဲ့ တောင်ကြီးမိန့်ခွန်း နဲ့ လွှိုင်ကော်မိန့်ခွန်းများအား လေ့လာကြည့်ခြင်းအားဖြင့် တန်ပြန်ထိုးစစ်ကြီး ဆင်နွဲဖို့ အသင့်ဖြစ်နေပြီး အချို့ဒေသတွေမှာ စတင်နေပြီလို့ တွက်ဆလို့ ရပါတယ် ။

          ၂၀၂၁ အာဏာမထိမ်းခင် ကာလများမှာ ငြင်းခုန်နေကြရတာ မှတ်မိကြမှာပါ ။ ကျနော်ကတော့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုတွေ တပ်ချုပ်ကြီးရဲ့ မိန့်ခွန်းတွေ  ကြည့်တာနဲ့ အာဏာထိမ်းဖို့ ၁၀၀ % ပါလို့ ပြောခဲ့ပါတယ် ။

           ယခုလည်း တပ်မတော်ရဲ့ ကြိုတင်ပြင်ဆင်မှုများ ၊ သတင်းထုတ်ပြန်မှုများ နဲ့ တပ်ချုပ်ကြီးရဲ့ မိန့်ခွန်းများအား လေ့လာခြင်းဖြင့် မိမိမြို့ရွာများအား ပြန်လည်ထိမ်းချုပ် သိမ်းပိုက်ရန်မှာလည်း ၁၀၀ % ပါလို့ ပြောချင်ပါတယ် ။

         ကိုရွှေမျိုးဝင်း


No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...