Friday, September 13, 2024

နိုင်ငံရေး အကင်းအညှာ ====================



                     တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရဆိုတာ ပြည်သူတွေ ယုံကြည်အားကိုးဖို့ အရမ်းအရေးကြီးပါတယ် ။ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အကျိုးအမြတ် ရကြတဲ့ လုပ်ငန်း ရှိသလို အရှုံးခံလုပ်ပေးကြရတဲ့ လုပ်ငန်းမျိုးလည်း ရှိရမှာပါပဲ ။     

           
               အရှုံးခံလုပ်ကြရတဲ့ လုပ်ငန်းထဲမှာ ပညာရေး ကျန်းမာရေး ကဏ္ဍတွေနဲ့ အတူ အရှုံးခံသင့်တဲ့ လုပ်ငန်းတွေ ရှိပါတယ် ။ သယ်ယူပို့ဆောင်ရေးကဏ္ဍ နဲ့ လျှပ်စစ်ကဏ္ဍလိုမျိုး တပြည်လုံးအပေါ် သကျရောက်မှု အားကြီးတဲ့ ကဏ္ဍတွေပဲ ဖြစ်ပါတယ် ။

                  နစက အနေနဲ့ ပြည်သူချစ်မယ့် ဆောင်ရွက်ချက်တွေကိုသာ မလုပ်တတ်သေးတာဗျ ၊ ပြည်သူမုန်းမယ့် ဆောင်ရွက်ချက်ဆို အတော်လုပ်ပြတတ်တာ တွေ့နေရပါတယ် ။

            ဆက်သွယ်ရေးကဏ္ဍအတွက် ဖုန်း ဒေတာတွေ စျေးတက်အောင် အမိန့်အာဏာနဲ့ ဆောင်ရွက်ပြီး ပြည်သူကို ဒုက္ခပေးတယ် ။ အခုလည်း မီတာခတွေ ၂ ဆကနေ ၃ ဆ တိုးလာပြန်ပြီ ။ မရေးတော့ဘူးလို့ စိတ်ကူးထားပေမယ့် နစ်နာသူတွေ လာပြောကြတာ များနေလို့ ရေးလိုက်တာပါ ။

           ဘာတဲ့... အရှုံးပေါ်နေတာ တနှစ်ကို ဘီလီယံ ၃၀၀ လောက် ရှိလို့ပါဆိုတဲ့ လျှပ်စစ်ဝန်ကြီးဌာန ။ ခင်ဗျားတို့ကို မေးချင်ပါတယ်.....

  -  အခု PDF တွေ စိုးမိုးထားတဲ့ နယ်တွေကို လျှပ်စစ်မီတာခ မကောက်ပဲ ဘာလို့ မီးဆက်ပြီးပေးနေရတာလဲ.... ?    

- 11 KB ကြိုးသည် အများဆုံး ၇ မိုင်လောက်သာ ဆွဲလို့ရပါလျှက် ၁၂ မိုင်ကျော်ထိ သွယ်တန်းခွင့်ပြုပြီး လျှပ်စစ်အလေအလွှင့်များအောင် စီမံနေတာ ခင်ဗျားတို့ ဝန်ကြီးဌာနပဲ မဟုတ်ပါလား.... ?

- လျှပ်စစ်ခိုးယူနေတဲ့ လုပ်ငန်းရှင်တွေကို မသိကျိုးနွံပြုပြီး ပေါင်းစားနေကြတာတွေကို မဖမ်းဆီးပဲ ဥပေက္ခာပြုထားတာကရော ခင်ဗျားတို့မှာ တာဝန်မရှိတော့ဘူးလား..... ?

             အဓိကကျတဲ့ အထက်ပါ ဆုံးရှုံးမှုကြီးရဲ့ အခြေခံအကြောင်းကြီး ၃ မျိုးအတွက် ဝန်ကြီးဌာနမှာ တာဝန်ရှိပေမယ့် လုံးဝ တာဝန်မယူပဲ ပြည်သူ့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် စီမံနေတာကိုတော့ ရှုံ့ချကြရမှာပါပဲ ။   

     
                 စားဝတ်နေရေးအတွက် စစ်မီးလျှံကြားမှာ အလုပ်အကိုင် အကြပ်အတည်း ၊ ကုန်စျေးနှုံးအဆမတန် တက်နေတဲ့ ပြဿနာ ၊ ကုန်စည်စီးဆင်းမှု ကမောက်ကမ ဖြစ်နေတဲ့ ကာလဆိုးကြီးဆိုတာ အားလုံးအသိပါပဲ ။

              အဲဒါကိုမှ မထောက်မညှာ မဖြစ်သလောက် တတ်တာပါဆိုပြီး ခပ်ပေါ့ပေါ့ ပြောသွားတဲ့ တာဝန်ရှိပုဂ္ဂိုလ်ဆိုသူဟာ စျေးထဲက ကုန်ပစ္စည်းကို ဆိုက်ကားနင်း ငွေရှာဖူးသူမဟုတ်လို့ရယ် စာနာစိတ်မရှိသူ ဖြစ်လို့ရယ်တို့ကြောင့် လွယ်လွယ်ပြောတဲ့ အဖျင်းစကားပါပဲ ။

           နစက အနေနဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပ အာဏာလွှဲပြီးရင် ပြီးသွားမှာပါ ။ ဒီတနှစ် ဘီလီယံ ၃၀၀ အရှုံးခံတော့ ဘာဖြစ်မှာလဲ...? ခင်ဗျားတို့က တော်တော်လေးကို  ပြည်သူမုန်းအောင် စီမံခန့်ခွဲတတ်သူတွေပါပဲ ။

  
        အခြေအနေ အချိန်အခါ မကြည့်ပဲ လုပ်ချင်တာတွေ လုပ်ခဲ့ကြလို့ တိုင်းပြည်လည်း ပျက်လုခမန်း ဖြစ်နေပြီ ။ တိုင်းပြည်လည်း မီးပုံထဲရောက်အောင် ခင်ဗျားတို့ တလွဲတွေ စီမံခန့်ခွဲခဲ့ပြီးပြီ ။  အခုထိ ရတဲ့ အပေါက်ကနေ ဒုက္ခထပ်ပေးနေတုန်းပဲလား ။

              ဝန်ကြီးတွေပြောသမျှယုံ ၊ ဝန်ထမ်းဆိုးတွေနေရာပေး ၊ အောက်ခြေမှာ ဘာတွေဖြစ်နေသလဲ ပြန်မကြည့်ရင်တော့ သမိုင်းအမဲစက်တွေ ဖြက်မရဖွဈပါလိမျ့မယျ ။ မလောက်မင စားနေရရှာတဲ့ ပြည်သူ့ထမင်းအိုးထဲက ထမင်းလေးကို တဇွန်းလေး လာနှိုက်စားတာလည်း သိသာတယ်ဗျ ။ 

           ဒီလိုခေတ်ပျက်ကာလကြီးမှာ ပြည်သူကို ကိုယ့်ဖက်ပါလာအောင် ကျိုးစားစည်းရုံးရမယ့်အစား   နိုင်ငံရေးအကင်းမပါးတာလား စာနာစိတ် မရှိတာလား ၂ မျိုးလုံးလားမသိဘူး ညံ့တာကတော့ အတော်ညံ့တယ် ဗျာ ။

          ဆက်လည်း မပြောချင်တော့ပါဘူးဗျာ ။

           ကိုရွှေမျိုးဝင်း

ပညာသားပါပါ နဲ့ ဥာဏ်သုံးတတ်ရင် ကင်မရာမန်းကိုပါ အုပ်စုထဲမှာ ပါအောင် ရိုက်လို့ရတယ် .... အရေးကြီးတာ ပညာပါတဲ့ ဥာဏ်ရှိဖို့ဆိုတာ သိဖို့....

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...