Monday, September 9, 2024
မကွေးက တရားခံ =================
မကွေးက ငွေရှာကြမ်းနေတာ ဘယ်သူတွေလဲ... သိထားတာတွေ နဲ့ ကွာခြားနေပြီလား...
ကျနော့်ဆီကို သတင်းတခုလာပေးပါတယ် ။ ဟုတ်မှန်ခဲ့ရင် နစကရဲ့ ပြည်သူ့စစ်စီမံကိန်းကို နာမည်ပျက်စေဖို့ ကိုယ်ကျိုးရှားသူတွေကို အရအမိ ဖမ်းနိုင်မှာ ဖြစ်လို့ တင်ပြလိုက်ရပါတယ် ။ ရွာတွေထိ စုံစမ်းရင် ပေါ်ပေါက်မှာပါ ။
မကွေမြို့နယ်ထဲက ညောင်ပင်ရွာသားတွေကို အရင်လထဲတုန်းက ပသစ အတွက် ၂ ဦး ခေါ်သွားလို့ တဦး ၇၅ သိန်းနဲ့ ပြန်ရွေးခဲ့ရသတဲ့ ။
မကြာဘူး ပြီးခဲ့တဲ့ တပတ်ကပဲ ဒီညောင်ပင်ရွာက ၂ ယောက်ထပ်ဆွဲတယ် ။ တယောက်ကို သိန်း ၆၀ နဲ့ ပြန်ရွေးခဲ့ရပြီး တယောက်ကတော့ မရခဲ့ဘူးတဲ့ ။ အခု ရပ်စောက်ကို ရောက်သွားပြီလို့ ဆိုပါတယ် ။ ခမရ ၃၀၁ တပ်အနား သွားရွေးရကြောင်း ပြောပါတယ် ။
ဒီနေ့ အခြေအနေ ထပ်ကြည့်အုံး တည်ပင်ကန်ပေါက်ရွာကို ဝင်လာပြီး လူ ၃ ယောက် ကြိုးတုတ်ဖမ်းထားသတဲ့ ။ ဘယ်သူတွေလဲ ဆိုတော့ ..
ဦးဘိုဌေး ( အုပ်ချုပ်ရေးမှုးဟောင်း)
ဦးမောင်ဆန်း
အောင်မျိုးသူ
သူတို့သုံးဦးကို ဖမ်းထားကြပြန်တယ် ။ ဘယ်ကဖမ်းတာလဲ ရပ်ကျေး အုပ်ချုပ်ရေးမှူးလား ဆိုတော့ မဟုတ်ဖူးတဲ့ ။ စစ်တပ်ကတဲ့ ဗျာ ။ ကဲ အခု 9-9-2024 ည ၇ နာရီလောက်ထိ ရွာထဲမှာ ရှိနေတုန်းပါပဲ ။
ဒီလို ဥပဒေမဲ့ လုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို စီစစ်အရေးယူနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြလိုက်ရပါတယ် ။ အရေးမယူရင်လည်း ကျုပ်တို့ ပြည်သူတွေ ပုလင်းတူဗူးဆို့ အထက်အရာရှိတွေကိုပါ ထပ်တိုင်ကြသေးတာပေါ့ ဗျာ ။
ကိုရွှေမျိုးဝင်း
Subscribe to:
Post Comments (Atom)
ယှဉ်ကြည့်ကြခြင်း ==================
ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...
-
ပြည်သူတွေကလည်း ကုမ္ပဏီတွေနဲ့ အတူ ပါလာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ နဲ့ ခေတ်မှီ လူသုံးကုန်တွေ ဖောဖောသီသီ သုံးစွဲလာကြရတော့ သ...
-
ကျနော့် page ကျသွားပြန်ပါပြီ ရှာနေသူတွေ အတွက် သတင်းပေးတာပါ ။ ထပ်ဖွင့်ပြီးမှ လင့် ချပေးပါ့မယ် ။ ဒီနေ့ ပြောစရာရှိတာက မနေ...
-
ကွန်မြူနစ် နဲ့ ဗိုလ်ချုပ် အကွဲအပြဲက ဒီလိုဗျ ။ ဖက်ဆစ်ဆန့်ကျင်ရေးမှာ မူလတုန်းက ဗိုလ်ချုပ်က မပါခဲ့ပေမယ့် ဖက်ဆစ်တို့ လက်နက်ချရန် လေးလခွဲ င...
No comments:
Post a Comment