Monday, September 2, 2024

ဘာသာရေးကို မတို့ကြပါနဲ့ ========================


                ယခုရက်ပိုင်းမှာ ခရစ်ယာန်အသိုင်းအဝိုင်းထဲက အစွန်းရောက် အချို့ရဲ့ အပြောအဆို အပြုအမူတွေကြောင့် ဗမာဗုဒ္ဓဘာသာဝင် အပေါင်းတို့ ဒေါသထွက်နေကြရပါပြီ ။

             ကျနော်တို့ မိတ်ဆွေတွေထဲမှာလည်း အင်မတန် ချစ်ခင်လေးစားဖွယ် ခရစ်ယာန်ဘာသာဝင်တွေ များစွာရှိနေပါတယ်  ။ သူတို့လို အေးဆေးစွာ မိမိဘာသာ တရား မိမိဘာသာ စောက့်ရှောက်ကိုးကွယ်နေကြရင်တော့ ပြောစရာမလိုပါဘူး ။

          သို့သော် အစွန်းရောက် ခရစ်ယာန်များရဲ့ ဗုဒ္ဓဘာသာအပေါ်  တရားအနှစ်သာရမသိပါပဲ နှိမ့်ချစော်ကား ပြစ်တင်ဝေဖန်နေမှုများအပေါ်၌လည်းကောင်း ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဘုရား စေတီများအား ဖျက်ဆီး စော်ကားခြင်း ၊ ဓလေ့ထုံးစံများအား ဖောက်ဖျက်ကျူးလွန် စိန်ခေါ်ခြင်း များ ခပ်စိတ်စိတ် ပြုလုပ်လာကြတာ မြင်နေရပါပြီ ။

          ဒီအပြုအမူတွေရဲ့ အဓိက တရားခံဟာ ခရစတောန်အစွန်းရောက်တွေ လက်ချက်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ သိပေမယ့် ဘာသာတရားကိစ္စဆိုတော့ ခရစ်ယာန်အားလုံး အပေါ်မှာ မင်းတို့က ဒီလိုလား ဆိုတဲ့ အမြင်ကို ဗမာဗုဒ္ဓဘာသာဝင်တွေ မြင်တဲ့အချိန်ရောက်သွားရင် လားရာ မကောင်းဖြစ်မှာ ကျိန်းသေပါတယ် ။

           အေးဆေးစွာ နေတတ်တဲ့ ဗမာတွေ သွေးပူလာရင် ဘာလုပ်တတ်သလဲဆိုတာ အားလုံးသိကြပါတယ် ။ အခုချိန်မှာ ဗမာတွေဟာ နိုင်ငံရေး စစ်ရေး စီးပွားရေး ကိစ္စများကြောင့် အထွေထွေ မကျေနပ်မှုတွေ ကြီးထွားနေချိန်ဖြစ်ပါတယ် ။

         ဒီကာလမှာ ဘာသာရေးပြဿနာအား စိတ်ထွက်ပေါက်အဖြစ် ပေါက်ကွဲကြရင်ဖြင့် လူနည်းစု ခရစ်ယာန်တို့ အများကြီး နစ်နာပါလိမ့်မယ် ။ ပြည်ပ ခရစ်ယာန်အသိုင်းအဝိုင်းက နောက်မှ အော်ကြမှာပါ ခင်ဗျားတို့က ပထမဆုံး နစ်နာဆုံးရှုံးကြရမှာပါ ။

          ပြောချင်တာကတော့ မိတ်ဆွေခရစ်ယာန်များ အနေနဲ့ ယခု ဗုဒ္ဓဘာသာအပေါ် စော်ကားနေကြသော ရွှေခေါင်းလောင်း အမည်ရှိ တရားဟောဆရာ နဲ့ ကချင်အဆိုတော် မိုင်းမိုင်ဆိုင်း လို အဆိုတော် အစရှိတဲ့ စော်ကားနေသူတွေကို တားမြစ်ကြဖို့ လိုပါတယ် ။

             ယခုအချိန် ဘာသာရေး ပြဿနာဖြစ်ခဲ့ပါက ရှိသမျှ ဒေါသထွက်စရာ ကိစ္စအားလုံးအတွက် စုပြုံထွက်လာကြမှာ သေချာလို့ ခါတိုင်းလို ဟေးလားဝါးလားနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး ။ သတိပြုမိစေချင်ပါတယ် ။

        နစက အနေနဲ့လည်း မိမိပိုင်နက်နယ်မြေများအား အမြန်ဆုံး ပြန်လည် ရယူရန် အားထုတ်ကြစေလိုပါတယ် ။ ရန်သူ့လက်အောက်ရှိ နယ်မြေအသီးသီးက ဘုရားစေတီ သာသနာ့အဆောက်အဦးများဟာ နေ့ရှိသရွှေ့ စော်ကားခံနေရတာ ရင်နာစရာကောင်းပါတယ် ။

            ပြန်လည်သိမ်းပိုက်ရန် တရက်နောက်ကျလျှင် တရက် ယင်းဒေသရှိ သယံဇာတများနဲ့ လူအင်အားများဟာ ရန်သူအတွက် ရင်းမြစ်ထောက်ပံ့ပေးနေရာ ရောက်နေပါတယ် ။ ပြည်သူများရဲ့ ဆန္ဒကတော့ ကဏ္ဍပေါင်းစုံကနေ ဗမာလူမျိုးတွေ အပေါ် စော်ကားပြနေတဲ့ သူပုန်တွေကို ရပ်တည်စရာ မြေပြင်မရှိအောင် အပြတ်အသတ် အမြန်ဆုံး ရှင်းလင်းချေမှုံးပေးစေလိုပါတယ် ။

            ကိုရွှေမျိုးဝင်း

စိန်လုံတောင်ပေါ်ရှိဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဘုရားစေတီပုထိုးများပေါ်သို့ဖိနပ်နဲ့ တက်ရောက်စော်ကားခဲ့သော ကချင်သူပုန်မ Mai Mai Seng

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...