Monday, September 9, 2024

ပုတ်သင်ညိုများ သိထားကြစေချင်တယ်==============================



              မနက်အစောကြီး ဖုန်းလာလို့ ကြည့်မိတော့ မတွေ့တာကြာပြီဖြစ်တဲ့ ကိုကြီးစိုး လေ ။ စောစောစီးစီး ဘာစပ်စုမယ်မသိဘူး အတွေးနဲ့ ဖုန်းကိုင်လိုက်တော့.....

'' ငမျိုးရေ မင်းကို မေးစရာရှိလို့ ကွ ''

'' ထင်ပါတယ် အလကားနေရင်း ဘေလ်ကုန်ခံ မဆက်ဖူးလို့ ပြောဗျာ ဘာမေးမှာလဲ  ''

'' အခုတလော တို့ဘက်က အမြှောက်ပစ်ချက် နဲ့ ဗုံးကြဲတဲ့ တိုက်ခိုက်မှုတွေမှာ ပစ်မှတ်တွေကို တိတိကျကျ မှန်နေတဲ့ သတင်းတွေ ကြားနေရလို့ ကွ ''

'' အင်း ဟုတ်တယ်လေ ကိုကြီးစိုး အဲဒါ ဘာဖြစ်လို့လဲ ''

'' ငါ့ စိတ်ထဲ ထူးဆန်းနေလို့ ကွ နောက်ပြီး Guided ဗုံး လို့ သုံးနေတာ ဘာလဲ ကွ အရပ်သားနားလည်အောင် ပြောစမ်းပါအုံး ''

'' Guided ဗုံး မဟုတ်ဖူး သူအမြှောက်ကျည်ဆံပဲ ၁၅၅ မမ ထဲမှာ အဲဒီ ကျည်ဆံနဲ့ ထည့်ပစ်ရင် ပစ်မှတ်ကို ဆယ်ပေအကွာအတွင်း ထိအောင် ပစ်လို့ရသတဲ့ ဗျ GPS စံနစ်ပါတာကိုး ''

'' ဟ ဒီလောက်ကောင်းရင် အဲဒါနဲ့ပဲ တောက်လျှောက်ပစ်ပေါ့ ကွ သူပုန်ကုန်ဖို့ အရေးကြီးတာပဲ လေ ''

'' သူက စျေးကြီးတယ် ဗျ နောက်ပြီး တွက်ချက်ပစ်ရတာဆိုတော့ ၁၆ အလီလောက် ရရုံနဲ့ မတွက်တတ်ဖူးလေ အထူးလေ့ကျင့်ထားတဲ့ တပ်သားတွေပဲ ပစ်တတ်တာမျိုးဗျ ''

'' အေးကွာ ဘာပဲ ပြောပြော များများ ပစ်ဖို့တော့ လိုနေပြီကွ  ''

'' စျေးကြီးလို့ ချွေတာနေသလား မသိဘူး အရင်ကတော့ အဲဒီ Guided အမြှောက်ဆံတွေကို ကိုယ်တိုင်ထုတ်ဖို့ စမ်းသပ်နေတဲ့ သတင်းတွေတော့ ကြားဖူးတယ် ဗျ ''

'' လုပ်စမ်းပါကွာ ဖရီးဂိတ်တောင် ကိုယ်တိုင်ဖြစ်ကြသေးတာပဲ ဖြစ်လာမှာပါ ၊ နောက်ပြီး လေယာဥ် နဲ့ ဗုံးကြဲတာလည်း တိကျတယ်လို့ ကြားတယ်ကွ အဲဒါကလည်း ထူးခြားသလားလို့  ''

'' အင်း သူကလည်း ပစ်မှတ်လမ်းညွှန်မယ့် ဂြိုလ်တုအချက်ပြစနစ် ကောင်းရင် ကောင်းသလောက် ထိရောက်တာပေါ့ ဗျာ MIG 29 နဲ့ SU 30 တို့က စွမ်းဆောင်ရည် မြင့်ပါတယ် ''

'' ဟကောင် မြန်မာပိုင် ဂြိုလ်တု ရှိတယ်ဆိုကွ  ''

'' ဦးသိန်းစိန် လက်ထက်က ဂျပန်ကနေ ဂြိုလ်တုတလုံးဝယ်ပြီး ကိုယ်ပိုင်သုံးဖို့ ကြိုးစားခဲ့တယ် ၊ ရမယ့်အချိန်ကြတော့ NLD လက်ထက် ဒါကိုပဲ အမေရိကန် ကန့်ကွက်လို့ ပျက်ပြယ်သွားသတဲ့ ဗျာ ''

'' မဟုတ်ဖူးလေ အရင်ထဲက တလုံးရှိတယ်ဆို ''

'' အဲဒါ ကိုယ်ပိုင် မဟုတ်ဖူး ဗျ သူများဂြိုလ်တုထဲက အခန်းငှား သုံးရတာ ဆက်သွယ်ရေး ကွန်ယက်အတွက် သုံးဖို့ပဲ ၊ ပြောရရင်တော့ အခန်းအများကြီးပါတဲ့ ဂြိုလ်တုတလုံးရဲ့ အခန်းလေးတခန်းကို လပေးဌားရတဲ့ သဘောပဲ ''

'' ဒါဆိုလည်း ရုရှား နဲ့ လုပ်ပေါ့ကွာ ကဲ ထားပါကွာ အခု ဗုံးကြဲမှုတွေ တိကျလာတာ ဂြိုလ်တုက ပစ်မှတ် လမ်းညွှန်ပေးနေပြီလို့ မင်းထင်နေတာလား ''

'' တရုတ်က ကူညီနေပြီ ထင်တာပဲ ဗျ ၊ TNLA တို့ ပဒက်တို့ သူတို့အားကိုးတဲ့ ဒရုန်းတွေ ဖောဖောသီသီ မသုံးနိုင်တော့တာ တရုတ်ဖက်က သွေးကြောဖောက်ထားလို့ ဗျ သူ့စကားနားမထောင်လို့ TNLA ကို ပညာပြနေတာ သေချာပါတယ် ''

'' ဘာပဲပြောပြော သူတို့နားနေတဲ့ အရပ်သားတွေလည်း ရောသေကြမှာပဲကွ ''

'' ဒါတွေကြောင့် တပ်ချုပ်ကြီးက ကြိုပြောပြီး သတိပေးခဲ့တာပေါ့လေ သစ်ပုတ်ပင်မိုးကြိုးပစ်မှာသေချာလို့ ပုတ်သင်ညိုတွေ အဆစ်မပါရအောင် ပြောခဲ့တာလေ ''

'' အေးလေ သူပုန်နဲ့အတူနေမှတော့ သူပုန်ဆွေမျိုး သူပုန်အားကိုးတွေက 90 % နေမှာပါကွာ အရေးကြီးတာကတော့ သူပုန်မျိုးပြုတ်ဖို့ပဲကွ ''

'' ဒါဆိုလည်း ကိုယ်ပိုင်ဂြိုလ်တု အမြန်ရရှိရေး နဲ့ Guided ကျည်ဆံတွေ ထုတ်လုပ်တာ အောင်မြင်ပါစေလို့ ဆုတောင်းနေပေတော့ဗျာ ''

'' ok ကွာ ညနေမှ ပြန်ခေါ်တော့မယ်ကွာ ဒါပဲငမျိုးရေ ''

         ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...