Wednesday, September 4, 2024

MNDAA ရဲ့လာရာ နဲ့ လားရာ =======================



            ကိုးကန့်လို့ ခေါ်တဲ့ MNDAA ဟာ မူကတည်းက တရုတ် မြန်မာ နယ်စပ်က ကိုယ်ပိုင်ယဥ်ကျေးမှုမရှိပဲ တရုတ်ယဥ်ကျေးမှုနဲ့ ကြီးပြင်းလာတဲ့ လူမျိုးစုဖြစ်ပါတယ် ။ မူလတုန်းက ရွာကိုးရွာပဲ ရှိလို့ ရှမ်းလို ကောင်ကန့် လို့ ခေါ်ခဲ့ရာမှ ကိုးကန့် ဖြစ်လာရပါတယ် ။

         တရုတ်စကားပြော ကိုးကန့်တွေဟာ သိန္ဒီစော်ဘွားရဲ့ ပိုင်နက်နယ်မြေအတွင်း ရှိနေပြီး သိန္ဓီစော်ဘွားထံ အခွန်ထမ်းဆောင်ရတဲ့ မျိုးနွယ်စု ဖြစ်ပါတယ် ။

          အခွင့်အရေး ရလာတိုင်း ပုန်ကန်လေ့ရှိတဲ့ သူပုန်မျိုးနွယ်စုဖြစ်ပါတယ် ။ MNDAA ကို ဖုန်ကြားရှင်က စတင်ထူထောင်ခဲ့ပါတယ် ။ နောက်တော့ 2009 မှာ ဖုန်ကြားရှင်ကို ကိုးကန့်ကနေ မောင်းထုတ်လို့ KIA နယ်မြေထဲမှာ အခြေချခဲ့ရပါတယ် ။
။ မြန်မာအစိုးရ အဆက်ဆက် နဲ့ တပ်မတော်ရဲ့ မူဝါဒ အမှားများကတော့ အဲဒီ MNDAA ကို အမြစ်မဖြတ်ပဲ ပြန်လည်ကြီးထွားလာအောင် မွေးမြူထားခဲ့ကြတာပါပဲ ။

            အလွန်လွဲမှားတဲ့ သူပုန်မွေးမြူရေးကို ၂၀၂၁ အာဏာထိမ်းပြီးသည်ထိ ဆောင်ရွက်ခဲ့ကြပါတယ် ။ မိမိတပ်စခန်းများ အတိုက်ခံရသော်လည်း အစွယ်မရှိတဲ့ ကျားအိုပမာ တပ်မတော်က ရန်သူ့ဌာနချုပ်များကို မတိုက်ခိုက်ပါဘူး ဆိုတဲ့  မူဝါဒချမှတ်ခဲ့တာ အံ့အားသင့်စရာပါပဲ ။

           ဒီတော့ သူပုန်အပေါင်း သူတော်ကောင်းတို့ကလည်း နယ်စပ်ဒေသရှိ တပ်စခန်းငယ်များအား သာလွန်အင်အားများ စုဖွဲ့ပြီး အကြိမ်ကြိမ် လာတိုက်ကြပါတယ် ။ ကူရာမဲ့ တပ်စခန်းငယ်ရှိ ရဲဘော်များ ကျဆုံးခဲ့ကြရတာ မနည်းလှပါဘူး ။

          ဟုတ်ကဲ့ မြန်မာ့တပ်မတော်ကြီးကတော့ စိတ်ပါတဲ့အချိန် မိမိစခန်းငယ်တွေ ပြန်တိုက်ယူလိုက် ၊ တနှစ်တခါ စစ်ကားလေး ရိုက်ပြလိုက်နဲ့ သာယာနေတာပါပဲ ။ ရန်သူကို လက်စားချေဖို့ နဲနဲလေးမှ စိတ်ကူးမရှိခဲ့ကြပါဘူး ။

        ရန်သူတွေလည်း ပိုမိုရဲတင်းလာပြီး NCA ကို ချီးကုန်းစက္ကူလောက်တောင် တန်ဖိုးမထားတော့ပဲ လူသစ်စု နယ်မြေချဲ့ နဲ့ လက်နက်ခဲယမ်းစု စစ်ပြင်နေကြပါတယ် ။

           တပ်မတော်ရဲ့ ပေါ့ဆမှုမြားကတော့ အံ့အားသင့်လောက်ပါတယ် ။ ၁၀၂၇ ပထမလှိုင်းမှာ လောက်ကိုင်လို စစ်ဌာနချုပ်ကြီး ပါသွားတာတောင် ဂေါက်ရိုက်မပျက်ကြပါဘူး ။ ဘာဆို ဘာတခုမှ မပြင်ဆင်ကြပါဘူး ရှက်လည်း မရှက် ၊ လက်စားချေ လိုစိတ်လည်း မရှိကြသေးပါဘူး ။

           ဒီလောက် ကျက်သရေတုန်းနေမှတော့ ရန်သူက ရှေ့တိုးပြီပေါ့လေ ။ ဒီလိုနဲ့  ၁၀၂၇ ဒုတိယလှိုင်းစစ်ပွဲမှာ လားရှိုးနဲ့ ရှမ်းမြောက်တခွင် ကုန်သလောက် အသိမ်းခံလိုက်ရမှ တပ်မတော်လည်း ခွေးလိုးခံရတဲ့ ကျားလို စစ်ကို စစ်နဲ့ တူအောင်တိုက်မှ ရတော့မယ်လို့ သိသွားဟန်တူပါတယ် ။

                MNDAA ဟာ လူမျိုးမတူသလို ယဥ်ကျေးမှုမတူတဲ့အတွက် သူတို့ သိမ်းပိုက်ခံရတဲ့ နယ်မြေတွေကို ရက်စက်စွာ အုပ်ချုပ်နေပါတယ် ။ ဘာသာရေး စော်ကားမှု ၊ လူမှုရေးစော်ကားမှုတွှကို အကြိမ်ကြိမ် ပြုလုပ်ပြီး ဗမာလူမျိုးစုကြီးကို ပုဆိုးလှန်ပြနေပါတယ် ။

            ဒီလောက် သစ္စာမဲ့ ယုတ်မာ ရက်စက်တဲ့ MNDAA ကို မြန်မာ့တပ်မတော်က အကြမ်းဖက်အဖြစ် ကြေညာပြီး ချေမှုံးဖို့ ပြင်ဆင်နေပါပြီ ။ မကြာခင်ကာလအတွင်း ဗမာ့တပ်မတော်ရဲ့ မူလလက်ဟောင်း စွမ်းရည်သတ္တိ နဲ့ ရက်စက်တဲ့ တိုက်ကွက်တွေကို မြင်တွေ့ရပါတော့မယ် ။

           ဒါကတော့ MNDAA ရဲ့ မူလ လာရာလမ်းကြောင်း နဲ့ သူ့ရဲ့လားရာတို့ အခြေအနေဖြစ်ပါတယ် ။ ဗမာတို့ရဲ့ မွေးရာပါ ရဲစွမ်းသတ္တိ နဲ့ လုပ်ရည်ကိုင်ရည်ကို ပြကြရဖို့ အချိန်ကြလာပါပြီ ။  တပ်မတော်သားများ အမျိုး ဘာသာ သာသနာ ရဲ့ ဂုဏ်ကို ဆောင်ယူနိုင်ပြီး ရန်သူကို ညက်ညက်ကျေအောင် ချေမှုံးကြပါလို့ တောင်းဆိုချင်ပါတယ် ။

        ကိုရွှေမျိုးဝင်း


No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...