Monday, September 2, 2024

သတိထားရမယ့် အချက် =======================


              အခုဆိုရင် အနယ်နယ် အရပ်ရပ်မှာ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့တွေ စုစည်းနေကြပါပြီ ။ ဒီနေရာမှာ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အဖွဲ့ဝင် နဲ့ ဥက္ကဌ ရွေးချယ်မူတွေ တူသလားတော့ မသိရပါဘူး ။

            မြို့နယ်အဆင့်ဆိုရင် မြို့နယ်ထွေအုပ် အုပ်ချုပ်ရေးမှူးသည် ဥက္ကဌ ၊ ရပ်ကျေးအဆင့်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသည် ဥက္ကဌ ဆိုပြီး ဖွဲ့ထားတဲ့ ဒေသများလည်း တွေ့နေရလို့ ယိုပေါက် ဟာပေါက်အတွက် တင်ပြလိုက်ရပါတယ် ။

         သိရသလောက်ကတော့ ကျေးရွာ အုပ်စု တစုလျှင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၅၀ နှုံး အရံ ၁၀၀ ဆိုပြီး သတ်မှတ်စုဖွဲ့ရပါမယ် ။ ကျေးရွာအုပ်စု တစုဆိုလျှင် ပျဥ်းမျှ ၅ ရွာ ခန့်ရှိပါတယ် ။ တရွာကို တပ်ဖွဲ့ဝင် ၁၀ ဦး နဲ့ အရံ ၂၀ နှုံး ဖြစ်ပါတယ် ။

           အရံဆိုတာကတော့ စာရင်းသွင်းထားတဲ့ အဆင့်ပဲ ဖြစ်မှာပါ ။ တကယ့်လက်နက်ကိုင်ရမှာက ၁၀ ဦးပဲ ဖြစ်ပါတယ် ။ ဒီတော့ ဒီတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ဖျက်ရေး ဥက္ကဌ က ချုပ်ကိုင်ရမှာ ဖြစ်ပါတယ် ။

          တမြို့နယ်လုံးဆိုရင် မနည်းမနော အင်အားစုကြီး ဖြစ်ပါလိမ့်မယ် ။ အဲဒီ အင်အားစုကြီးကို မြို့နယ် အရပ်သား ထွေအုပ် အုပ်ချုပ်ရေးမှူးထံ အပ်နှံပေးရပါလိမ့်မယ် ။ မေးခွန်းတွေ လာပါပြီ.....

- အရပ်သားမြို့နယ်ထွေအုပ်များကို ရာနှုံးပြည့် ယုံကြည်နေရပါပြီလား...?

- အလားတူပဲ သေနတ် ၁၀ လက် ကိုင်ထားရတဲ့ တပ်စိတ်အဆင့် ကို အုပ်ချုပ်ရမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ရပ်တည်ချက်နဲ့ ကိုယ်ကျင့်တရားကို စိတ်ချရပြီလား.....?

            ဒါတွေ အရင် စဥ်းစားပြီးမှ အရေးကြီးတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့၏ ကြီးကြပ်သူ ရာထူးကို ခန့်ထားဖို့ သင့်မယ်ထင်ပါတယ် ။ ဒီတော့ စိတ်အချရဆုံး နည်းလမ်းကတော့ ယင်းတပ်ဖွဲ့အတွက် မြို့နယ်ထွေအုပ်အဆင့်တွင် အဖွဲ့ဝင်အဖြစ် ပါရှိနေသော ဗိုလ်မှူးအားလည်းကောင်း ၊ ရပ်ကျေး အဆင့်တွင် သင့်တော်သော သစ္စာရှိ စစ်မှုထမ်းဟောင်း တဦးဦးကို လည်းကောင်း ရွေးချယ် ကြီးကြပ်စေသင့်ပါတယ် ။

           ယခုလို စေ့စပ်စွာ စဥ်းစား ခန့်ထားနိုင်မှသာလျှင် ဒုတိယလောက်ကိုင် ၊ ဒုတိယ သက်န်းညီနောင် မဖြစ်ကြရမှာပါ ။ ယခု စစ်ရေး အခြေအနေအရ အရေးတကြီး လုပ်ဆောင်ရန် မလိုအပ်ဟု ယူဆပါက အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့  ဖွဲ့စည်းပုံအား ပြန်လည်သုံးသပ်ပြီး တနိုင်ငံလုံးအတွက် မူဝါဒ ချမှတ်ပေးစေလိုပါတယ် ။

         တပ်သားစုဆောင်တာက အစ ကာလာခွဲဖို့ အရေးကြီးပါတယ် ။ မဟုတ်ရင် အနီးကပ်ကြီးကြပ်ရသူတွေအတွက် သေနတ်ပြောင်းက ပြန်လှည့်လာရင် ကိုယ်ကျိုး နည်းကုန်ပါလိမ့်မယ် ။ ကြိုတင် ပြင်ဆင် အောင်ပွဲဝင်နိုင်ကြပါစေ ဗျာ ။

        ကိုရွှေမျိုးဝင်း

စက်ဘီးလေး ဝန်ပေါ့အောင် ဆိုင်ကယ်ဝယ်လိုက်ပါတယ် အဝယ်မတတ်လို့ ဒီလို ဖြစ်နေမှဖြင့်.......

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...