Wednesday, September 4, 2024

အကြမ်းဖက်ဆိုလျှင် ===================



               မနေ့က နစက သတင်းထုတ်ပြန်ချက်အရ MNDAA ၊ TNLA ၊ AA တို့ သုံးဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေငြာလိုက်ပါတယ် ။

             ထူးခြားတာက KNU ၊ KIA ၊ KNPP တို့ ပါမလာတာကို သတိထားမိမှာပါ ။ ကဲ သူပုန်တွေပဲကွာ ကြေညာခြင်း မကြေညာခြင်းက ဘာကွာလို့လဲ ဆိုပြီး မေးစရာရှိပါတယ် ။

            အကြမ်းဖက်အဖြစ် ကြေညာလိုက်တာနဲ့ အဲဒီ အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှု မှန်သမျှကို အကြမ်းဖက်ပုဒ်မ နဲ့ တရားစွဲလို့ ရပါပြီ ။ မကြေညာရင် အလွန်ဆုံး ပုဒ်မ ၁၇ / ၁ နဲ့ ပဲ တရားစွဲလို့ ရမှာ ဖြစ်ပါတယ် ။ ပြစ်ဒဏ်ခြင်းက ကွာခြားပါတယ် ။

            နောက်တချက်က အကြမ်းဖက်ကြေညာလိုက်ရင် ဒီအဖွဲ့အစည်းတွေကို နိုင်ငံသားအဖြစ်က ပယ်ဖျက်သကဲ့သို့ ဖြစ်သွားပါတယ် ။ ၈၂ နိုင်ငံသား ဥပဒေအရ ဒီလို အကြမ်းဖက်အဖွဲ့ဝင်များအား နိုင်ငံသားအဖြစ်မှ စွန့်လွှတ်လိုက်ပါပြီလို့ အစိုးရအနေနဲ့ ကြေညာလို့ ရသွားပါပြီ ။

             ဒီလိုဆိုရင် နိုင်ငံခြားကို ဘယ်ခွေးတိုးပေါက်ကနေ ပြေးပြေး သူဟာ နိုင်ငံမဲ့ သူတောင်းစားသာသာ ဖြစ်သွားပါပြီ ။ အဲဒီ တပ်ဖွဲ့ဝင်တွေဟာ အိမ်နီးခြင်းတိုင်းပြည်တွေ ထွက်ပြေးလည်း အကြမ်းဖက်အဖြစ် ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ခြင်း ခံကြရပါမယ် ။

            နောက်ဆုံး အဲဒီ အကြမ်းဖက် တပ်ဖွဲ့တွေကို အစိုးရအနေနဲ့ ဘယ်လောက်ကြမ်းတမ်းတဲ့ ထိုးစစ်နဲ့ ချေမှုံးနေပါစေ လူ့အခွင့်အရေးတွေ ၊ လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှုတွေ လာပြောလို့ မရတော့ပါဘူး ။ ပြောလည်း ဂရုစိုက်စရာ မလိုတော့ပါဘူး ။ တယောက်မကျန် ချေမှုံးသတ်ဖြတ်လည်း ပြဿနာမရှိတော့ပါဘူး ။

           နောက်တချက်က အကြမ်းဖက်အဖြစ် ကြေညာခြင်း ခံထားရတဲ့ အဖွဲ့တွေဆီကို တခြားနိုင်ငံတွေကနေ ဘယ်လိုအကြောင်းပြချက်နဲ့မှ တရားဝင် ထောက်ပံ့လို့ မရတော့ပါဘူး ။ ခိုးပေးတာတော့ ရှိကောင်း ရှိပါ့မယ် ။

           နောက်ထက် ဘာကြောင့် နစက အနေနဲ့ အခုမှ ကြေညာရသလဲ ဆိုတာ တွေးကြည့်ကြပါစို့ ။ နစက အနေနဲ့ အရှက်တကွဲ ဖြစ်ခဲ့ရတဲ့ ရှမ်းမြောက်တိုက်ပွဲများ ၊ ရခိုင်တိုက်ပွဲများကြောင့် ပုံပျက်ပန်းပျက် ဖြစ်ခဲ့ကြရတာ အားလုံး အသိပါပဲ ။

           ဒီကာလတွေမှာ ပြည်သူအပေါင်းရဲ့ ငိုကြွေးသံတွေ ၊ အားမလိုအားမရ ဆဲဆို ဝေဖန်နေကြတာတွေ ၊ အနှိမ့်ချခံ အစော်ကားခံနေတာတွေကို အံကြိတ်ခံနေကြရမှာ သေချာပါတယ် ။

         တပ်မတော်အနေနဲ့ ကျဆင်းနေတဲ့ စစ်ရေးသိက္ခာ ၊ နိုင်ငံရေးသိက္ခာများ အတွက်လည်းကောင်း ၊ မိမိရဲ့ ကျဆုံးရဲဘော်များနဲ့ နယ်မြေများအတွက်လည်းကောင်း ၊ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးထားကြရတဲ့ ပြည်သူများအတွက်လည်းကောင်း ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားရပါပြီ ။

         တပ်တွင်းသစ္စာဖောက်များ ဖယ်ရှားခြင်း ၊ မတန်မရာ နေရာရထားသူများ စီစစ်ခြင်း ၊ နောက်ကြောင်းအေးစေရန် ပြည်သူ့စစ် နဲ့ အကြမ်းဖက်နှိမ်နင်းရေးကဲ့သို့ တပ်များ စုစည်းတည်ဆောက်ခြင်း ၊ တန်ပြန်ထိုးစစ်ကြီးအတွက် စစ်မျက်နှာ အများအပြား၌ တပြိုင်နက်တည်း ခုခံခြင်း ချေမှုံးခြင်း ဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်း ၊ လူအင်အား လက်နက်ခဲယမ်းအင်အား လောင်စာဆီကအစ ပြည့်စုံစေရန် စီမံဖြည့်တင်းခြင်း အစရှိတဲ့ အလုပ်တွေကို သိုသိုသိပ်သိပ် ဆောင်ရွက်ကြရပါတယ် ။

           နစ်နာမှုများကြောင့် စိတ်မရှည်သော ပြည်သူများရဲ့ ဆဲဆို ဝေဖန်မှုများကိုခံနေကြရင်း လုပ်စရာရှိတာတွေကို လုပ်ဆောင်ခဲ့ကြရပါတယ် ။

             ဒီလိုနဲ့ စစ်အောင်နိုင်ရေးအတွက် အရေးကြီးတဲ့ အခြေခံအချက်အလက်တွေ ဖြည့်တင်းပြီးအောင် ဆောင်ရွက်ရင်း တန်ပြန်တိုက်စစ်အတွက် စစ်မျက်နှာ ရွေးချယ်ရပြန်ပါတယ် ။

            ကယား ကရင် နဲ့ ကချင်တို့ကို ဒုတိယ ဦးစားပေးအနေနဲ့ ချန်လှပ်ထားပြီး ရှမ်းမြောက် နဲ့ ရခိုင်ကို ချေမှုံးဖို့ ပြင်ဆင်ခဲ့ကြပါတယ် ။ ယခု 2-9-2024 နေ့မှာ အကြမ်းဖက်ကြေညာချက် ထုတ်လိုက်တာက အပျင်းပြေထုတ်ပြန်တာ မဟုတ်ပါဘူး ။

         ပြည်သူတွေ မျှော်လင့်နေတဲ့ တန်ပြန်ထိုးစစ်အတွက် အဆင်သင့်ဖြစ်နေပြီ မို့ မိမိစိတ်တိုင်းကျ ချေမှုံးနိုင်ရန် ကြိုတင်ကြေညာခြင်း ဖြစ်ပါတယ် ။ ယင်းနယ်မြေများရှိ အရပ်သားပြည်သူများအနေနဲ့ ကြိုတင် တိမ်းရှောင်ဖို့တော့ လိုအပ်ပါလိမ့်မယ် ။

           တပ်မတော်အကြောင်းကို လေ့လာဖူးသူများကတော့ ရိပ်စားမိကြမှာပါ ။ တပ်မတော်ရဲ့ သမိုင်း ငါတို့လက်ထက်မှာ မရိုင်းစေရဆိုတဲ့ စိတ်ကတော့ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ သာမန်ရဲဘော်သာမက သူတို့ရဲ့ အိမ်ထောင်ဖက်ရဲမေများထိ နက်နက်ရှိုင်းရှိုင်းခံယူထားကြမှာပါပဲ ။

            မှားခဲ့တာတွေ နောက်မှာ ထားခဲ့ပြီး အမှန်တရားနဲ့အတူ ရှေ့ခရီးဆက်လှမ်းနိုင်ဖို့ ကျနော်တို့လည်း ပူးပေါင်းကြရပါမယ် ။ တပ်မတော်ရဲ့ စွမ်းဆောင်ရည်ကို မယုံကြည်သူများအနေနဲ့ လတ်တလော သူပုန်အုပ်စိုးရာ နယ်မြေများတွင် သွားရောက်အခြေချစေချင်ပါတယ် ။

            တကယ်တမ်းကျတော့ မကျေနပ်လို့သာ တပ်မတော်ကို ဝေဖန်ဆဲဆိုနေကြတာပါ ။ သူပုန်ကိုတော့ တပ်မတော်ထက်ပိုပြီး အားကိုးယုံကြည်လို့ မရမှန်း အားလုံးရဲ့ နှလုံးသားထဲက စွဲမှတ်ပြီးသားပါပဲ ။
PDF ကတော့ အစောကြီးထဲက အကြမ်းဖက်ကြေညာပြီးသားမို့ ဘဝတူ သူတို့ရဲ့ ဆရာသမားတွေနဲ့အတူတူ ကြေမွပျက်ဆီးကြရမှာ အသေအချာပါပဲ ဗျာ ။

        ကဲ တပ်မတော်သား အပေါင်းတို့ရေ ဖိုက်တင်းပါဗျာ ။ တိုင်းပြည်ရဲ့ အနာဂါတ် ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ၊ ဘာသာ သာသနာ အားလုံးက ခင်ဗျားတို့ရဲ့ သေနတ်ပြောင်းဝ အစွမ်းအစပေါ်မှာ မူတည်နေပါပြီ ဗျာ ။ တိုက်တရာ အောင်ပွဲ တထောင် ကို ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစွာနဲ့ ရယူနိုင်ပါစေလို့ ဆုတောင်းရင်း.....

         လေးစားအားကိုးစွာဖြင့်....

          ကိုရွှေမျိုးဝင်း

ဘိုးဘွားတို့ရေး သွေးချွေးမြေပုံ
ပဲ့ မကုန်အောင်  ငါတို့ရဲ့ အား
ငါ တို့ ဒါး နဲ့  ထိမ်းသိမ်းသွားရမည် ။

      

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...