Thursday, September 5, 2024

စစ်ပွဲသတင်းအချို့ ================



                 သံဖြူဇရပ် ရေး ထားဝယ် လမ်းဘေး စက်သုံးဆီဆိုင်အနီးမှာ KNU နဲ့ PDF တို့သည် ခရီးသွားကားများအား ဆက်ကြေးကောက်နေကြောင်း သတင်းရရှိ၍ တာဝေးပစ်  Guided အမြှောက်ဖြင့် တိကျစွာ ပစ်ခတ်သဖြင့် အကြမ်းဖက် ၄ ဦး နေရာတင် တစစီဖြစ်ပြီး အများအပြား ပြင်းထန်ဒဏ်ရာများရရှိသွားကြပါတယ် ။

            မြဝတီအနီး လှုပ်ရှားနေသော အောင်ဇေယျစစ်ကြောင်းသည် ရင်ကွဲတောင်နှင့် ကပ်လျှက်တည်ရှိသော မိုက်ကရိုဝေ့ဖ် တာဝါတိုင်ကုန်း နှင့် ထိစပ်တောင်ကြောတခုလုံးအား သိမ်းပိုက်ပြီး ရင်ကွဲတောင်ကို ဆက်လက်သိမ်းပိုက်ရန် တိုက်ခိုက်နေပါပြီ ။

         မွန် နဲ့ ကရင်အစပ်က အနမ်းကွင်း စခန်းအား KNU ပဒက် နဲ့ မွန်အကြမ်းဖက်တို့ ပူးပေါင်းပြီး ဝိုင်းတိုက်နေတာ ရက် ၂၀ လောက် ရှိပါပြီ ။ မာကျောတဲ့ ခံစစ်ကြောင့် အကြမ်းဖက်တွေ များစွာကျဆုံးနေပါတယ် ။ စစ်ကူ စစ်ကြောင်းများကလည်း ဖြတ်တောက်ထားတဲ့ ပိတ်ဆို့ရေးတပ်များကို ထိုးဖောက်၍ အနမ်းကွင်းအနီး ရောက်ရှိနေပါပြီ ။

                မနေ့က တပ်ချုပ်ကြီးရဲ့ လွှိုင်ကော်ခရီးစဥ်မှာ တပ်ချုပ်ကြီးရှိနေစဥ် မပစ်ခတ်ရဲသော ကယားသူပုန် နဲ့ PDF လေးဟာ တပ်ချုပ်ကြီး ပြန်သွားမှ အရှက်ပြေ ၁၂၀ နဲ့ ၃ ချက် ပစ်ပြခဲ့ပါတယ် ။ အဲလို အရှက်ပြေပစ်ခဲ့တဲ့ တည်နေရာ နမ့်မယ်ခုံရှိ KSP ရုံးကို ယနေ့ တပ်မတော်လေက သွားရောက်ဆုံးမခဲ့ရာ ပစ်မှတ်များအား တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရပါတယ် ။

            ကသာမြို့နယ် မိုးတားလေး ရှိ KIA နဲ့ PDF များကို နယ်မြေရှင်းလင်းရေး တိုက်ခိုက်ရေး တပ်များက ချေမှုံးခဲ့ရာ စုစုပေါင်း ၅၀ ခန့် ပြန်မလာနိုင်တဲ့ ခရီးထွက်သွားပြီလို့ သိရပါတယ် ။

             ယော ပသစတို့လည်း နယ်မြေရှင်းလင်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေပါပြီ ။ ကိုယ်တိုက်တော့ သူပြေးနေကြရတာပါပဲ ။

              နာမည်ကျော် တောင်ခမ်းအမြှောက်စခန်းကတော့ TNLA နဲ့ ပဒက်အပေါင်းတို့အတွက် သခ်ျိုင်းဖြစ်နေပါပြီ ။ မနေ့ကပဲ ရာချီနေတဲ့ အလောင်းတွေကို မမြှပ်နိုင်တော့လို့ ရွာသားတွေခေါ်ပြီး မီးရှို့ကြရကြောင်း သတင်းထွက်လာပါတယ် ။

           ဒီနေ့လည်း မရမက အတင်းတက်လုံးပေမယ့် ထုံးစံအတိုင်း အသေအပျောက်များတာပဲ အမြတ်ထွက်နေပါတယ် ။ တောင်ခမ်းကို သိမ်းပြီးပြီလို့ လိမ်ညာကြပေမယ့် ဓာတ်ပုံလေး တပုံတောင် မရိုက်ပြနိုင်လို့ ခေါတ်သစ်လို လိမ်နေကြသတင်းဌာနတောင် လိမ်မရဖြစ်နေပါတယ် ။

           တောင်ခမ်းအတွက် လက်နက်ကြီးတွေ သံချပ်ကာတွေ လာနေပြီလို့ သတင်းထွက်နေပေမယ့် အဲဒါတွေ သုံးတာနဲ့ လေတပ်က ချက်ခြင်းလာပြီး ဖျက်ဆီးမှာ တွက်ဆပြီး မသုံးရဲကြသေးပါဘူး ။

            ဒါတွေက တပ်မတော်ဖက်က ထိုးစစ်သတင်းတွေပါပဲ ။ သူတို့ဖက်က တောင်သာပုဒတ်စာကုန်း ပသစ ရွာကို ဝင်တိုက်ကြပါတယ် ။ ပသစ မှ အင်အားခြင်း မမျှလို့ အနောက်ဖက်ရှိ ထနောင်းကုန်း ပသစ နှင့် ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်ခဲ့ကြရပါတယ် ။ အထိခိုက် အကျဆုံး မရှိဘူးလို့ ကြားသိရပါတယ် ။

              ကဲ ရန်သူဖက်က လာတိုက်တာဆိုလို့ တောင်ခမ်း နဲ့ တောင်သာပဲ တွေ့ရပါတယ် ။ ကျန်တဲ့ အတိုအထွာတွေကတော့ PDF တို့ ခရီးသည်တင်ကား ဝိုင်းပစ်တာတို့ ၊ လက်နက်မရှိတဲ့ ပြည်သူကိုသတ်တာတို့ ၊ ဒရော့ဗုံးနဲ့ အရပ်သားတွေကို တိုက်ခိုက်တာတို့ စတဲ့ အတိုအထွာတွေပဲ ရှိတော့တာ တွေ့ရပါတယ် ။

     
           နိုင်ငံရေး နဲ့ ဆက်စပ်နေတဲ့ MNDAA ရဲ့ NUG နဲ့ မဆက်ဆံတော့ဘူးဆိုတဲ့ ကြေညာချက် ၊ ဘဂ်လားက AA နဲ့ ဒုက္ခသည်အရေး ဆွေးနွေးမယ်ဆိုတဲ့ ပြောဆိုချက် ၊ ထိုင်းရဲ့ လှုပ်ရှားမှု ၊ တရုတ်ရဲ့ လှုပ်ရှားမှုတွေကိုတော့ သီးသန့် ရေးမှ အဆင်ပြေပါမယ် ။

           ကိုရွှေမျိုးဝင်း 

5-9-2024.  9:20

ခွေးဆိုတာ ကြောက်လို့ပြေးပြရင် လိုက်ကိုက်ပေမယ့် ခုလို တုန့်ပြန်ရင် ပြန်ပြေးတတ်တာမျိုးရယ်.......

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...