Monday, September 9, 2024

ကိုယ် မဟုတ်တဲ့ သူ မို့ =====================



                   နေ့လည် ၂ နာရီမှာ ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ကိုကြီးစိုး ဖုန်း ဖြစ်နေတယ် ။

'' ကိုကြီးစိုး ပြောဗျာ ဘာကိစ္စ ''

'' အခု ငါတို့ ပသစ တပ်ဖွဲ့ထဲက ကလေးတွေက မေးနေတာတွေ ငါလည်း ကျကျနန မသိဘူး သူတို့လည်း သိစေချင်လို့ မေးစရာရှိလို့ကွ မင်းက ဟိုစပ်စပ် ဒီစပ်စပ် နဲ့ စာဖတ်တဲ့ စပ်ဖာလိုကောင်မို့ မေးမလို့ ဟေ့ ''

'' လုပ်ပြီ မေးလည်း မေးသေး လူလည်း စပ်ဖာ တဲ့  ကဲ မေးဗျာ သိတော့လည်း ဖြေရတာပေါ့ ''

'' အခု ဖြစ်နေတဲ့ စစ်ပွဲတွေမှာ အရင်ကထက်စာရင်  တပ်မတော်က အသာစီးရနေပြီ ဒါကို ဆက်ပြီးထိမ်းနိုင်မလား ဆိုတာ မေးချင်တယ်ကွ ''

'' ကိုကြီးစိုးရေ တပ်မတော်က အခု တိုက်နေတယ် ဆိုတာ ဘာမှ မဟုတ်သေးဘူး ဗျ သွေးပူလေ့ကျင့်ခန်း လုပ်နေသလောက်ပဲ ရှိပါသေးတယ် ''

'' ဟကောင် လေယာဥ်ပျံနဲ့ ဆော်လို့ အကြမ်းဖက်တွေ ငယ်သံပါအောင် အော်နေကြတာ သွေးပူလေ့ကျင့်ခန်းလား ဟ ''

'' တကယ်ပြောတာ ဗျ အခု ဗုံးကြဲနေတာတွေက ဒေသခံတွေ အဲဒီမြို့ရွာတွေက ရှောင်တိမ်းနိုင်အောင်ရယ် နောက်လူတွေ ပြန်မဝင်ကြသေးဖို့ရယ် သတိပေးတဲ့ အဆင့်နဲ့ လက်စမ်းနေတဲ့ အနေအထား ဗျ ''

'' ဒါဆို တကယ် တိုက်ပြီ ဆိုရင်ကောကွာ''

'' တကယ်ပြီဆိုရင် ပထမဆုံး အဲဒီမြို့ရဲ့ အမြှောက်တကမ်းမှာ ဟောင်ဝစ်ဇာအမြှောက်တပ်တွေ အခြေပြုမယ် ပြီးရင် လေယာဥ်အုပ်နဲ့  ဆက်တိုက်ဗုံးကြဲမယ် ၊ ပြီးရင် ဟောင်ဝစ်ဇာ 155 mm တွေ အတွဲလိုက်ပစ် 122 တွေ ဒရုန်းတွေ နဲ့ မြေကြီးကို ထယ်ထိုးသလို ပစ်မယ် ပြီးမှ ခြေလျှင်တပ်တွေ ဝင်ရှင်းလိမ့်မယ် ''

'' လားရှိုးကို အဲလိုသာ တိုက်ရင် မသာဘယ်စျေးလဲ မေးရမှာ ပေါ့ကွာ ''

'' မှန်တယ် ဒါကြောင့် တပ်ချုပ်ကြီးက ပြည်သူတွေကို မနေကြဖို့ သတိပေးစကားပြောသွာတာပဲ အခု ဗုံးကြဲနေတာ လေတပ်က အပျင်းပြေ တလုံးချ နှစ်လုံးချ ကြဲပြနေတဲ့ အဆင့်ဗျ ''

'' အေးကွ အဲလို အုံနဲ့ကျင်းနဲ့ တိုက်နိုင်ဖို့  စုဖွဲ့မှုတွေ လိုနေတာကိုး ကွ မင်းပြော သလိုသာ တကယ်တိုက်ရင် ခဏပါပဲ ကွာ ဒါနဲ့ ဘယ်တော့လောက် တိုက်္ကြမယ် ထင်သလဲ ကွ ''

'' စစ်ရေး စစ်ရာ လှို့ဝှက်ချက်တွေမို့ ဘယ်သိပါ့မလဲ ဗျာ သေချာတာက တိုက်လိမ့်မယ် လိုအပ်တာတွေ ဖြည့်ပြီးပြီ ၊ အခြေခံအကျဆုံး 155 mm အမြှောက်ကျည် နဲ့ ပေါင် ၅၀၀ ဗုံးတွေကို ပြည်တွင်းမှာ ထုတ်နေတာ ကြာပြီ ၊ 122 mm အတွဲလိုက်ဒုံးတွေလည်း ပြည်တွင်းမှာပဲ ထုတ်တယ် ၊ ရုရှားက အဆင့်မြင့်လက်နက်တွေလည်း ထောက်ပံ့မယ် ဆိုတော့ ပွဲက ပြီးနေပါပြီ ဗျာ ''

'' အစောကြီးကထဲက အဲလိုပြင်ဆင်ပြီး အမြစ်ဖြတ်ဖို့ ကောင်းတာ ကွာ ''

'' မှန်တယ် ဒါပေမယ့် ကိုကြီးစိုး သိထားဖို့က ကိုယ်က သူမှ မဟုတ်တာဗျာ တိုင်းပြည်ကံကြမ္မာလို့သာ ယူဆလိုက်ပေတော့ ဗျာ ''

'' အေးပါကွာ လက်နက်ပုံလေးတွေ ထည့်လိုက်အုံးကွာ ဗဟုသုတပေါ့ ''

'' ok ပါဗျာ ''

             ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...