Thursday, June 3, 2021

ရက်စက်ယုတ်မာ လိမ်ညာကောက်ကျစ် တန်ပြန်တိုက်စစ်



            ဒီကနေ့ ရိုးသားအေးချမ်းစွာ နေလိုကြတဲ့ ပြည်သူအပေါင်း နဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းသော အစိုးရတို့ ရင်ဆိုင်နေရသူတွေဟာ ခေတ်အဆက်ဆက်က ကြုံတွေ့ခဲ့ရဖူးတဲ့ နိုင်ငံတော် ဆန့်ကျင်သူများနဲ့ လုံးဝ မတူပါဘူး ။ 

     ယခင်ခေတ်က ပုန်ကန်သူတွေဟာ သူတို့လုပ်ရင် လုပ်တယ် ၊ သတ်ရင်သတ်တယ် ခွဲရင်ခွဲတယ် ခပ်ရှင်းရှင်းပဲ ဝန်ခံတယ် ၊ ရည်ရွယ်ချက်ကို ပြောပြရဲတယ် ။

      အခု ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ကြည့်လိုက် သောက်တလွဲ အလိမ်အညာတွေ နဲ့  ဗြောင်လိမ်ဗြောင်စား အရှက်မရှိ ပြောနေကြတာ တွေ့ရလိမ့်မယ် ။

  ..ကျောင်းတွေ မတက်ဖို့ ပေါ်တင်တားမြစ်တယ် ၊ ပါးစပ်တွေကနေ ပေါ်တင် ခြိမ်းခြောက်တယ်

...တပ်မတော်က ကျောင်းတွေတက်ဖို့ စည်းရုံးတယ် ရပ်ရွာက ကူညီပြီး လုံခြုံရေး ဆောင်ရွက်နေတယ် ၊ ပျူစောထီးက  GZ တွေ ဘာလုပ်မယ် အနီတွေ ညာလုပ်မယ် နဲ့ ကြွေးကြော်နေတယ် ။ 
 
...ကိုင်းလာပြီ ..ကျောင်းရှေ့ဗုံးကွဲတော့ ပျူစောထီးခွဲတာ တဲ့ တပ်မတော် ခွဲတာတဲ့ PDF ဆိုတာအဲဒီလို ဗြောင်လိမ်ဗြောင်စား ကလိမ်ကကျစ် တွေနော် ...

         နောက် CDM မလုပ်သူ ဝန်ထမ်းတွေကို ခြိမ်းခြောက်တယ် ၊ ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ကြတယ် ၊ ပြီးတော့ အဲဒီ Non  CDM တွေကပဲ ရန်ပြုလို့ သတ်ကြပါတယ်ဆိုပြီး ဖာဆန်ဆန် ဝါဒဖြန့်နေတဲ့ အောက်တန်းစားတွေ ပါ ။ 

       မီဒီယာပေါင်းစုံကနေ အဲသလို ဖြစ်သမျှ အကြမ်းဖက် ရက်စက်မှုတွေကို ဟိုလွှဲချ ဒီလွှဲချ နဲ့ ဘယ်လိုပဲ ပြုနေပါစေ 

..ကျောင်းတွေမတက်စေချင်သူ

..ရပ်ရွာတည်ငြိမ်ရေး မလိုသူ

..CDM လုပ်စေချင်သူ

         အဲဒါ ဘယ်သူတွေလဲ ဆိုတာ လူတိုင်းသိကြပါတယ် ။ ဒီတော့ 

..ကျောင်းတွေ ဘယ်သူ ဗုံးခွဲနေသလဲ

..ရပ်ကျေး အုပ်ကြီးတွေသတ်ပြ စျေးတွေ မီးရှို့ပြနဲ့ ရပ်ရွာ မတည်ငြိမ်အောင် လုပ်နေတာ ဘယ်သူတွေလဲ

..Non CDM တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာ ဘယ်သူတွေလဲ ဆိုတာ မင်းတို့ ဘယ်လောက် လိမ်လိမ် ဘယ်လောက်ပဲ ညာညာ တကမ္ဘာလုံးက သိပြီးသား ၊ 

       ဒီလောက် တိုင်းပြည်အနှံ့ ပြဿနာပေါင်းစုံ တက်နေချိန်မှာ နစက အစိုးရဟာ လုပ်သင့်တာတွေ မလုပ်ပဲ မှိန်းမျှောပြီး အချိန်ဆွဲနေကြတာ အလွန်ယုတ်မာသူတွေကို အခွင့်အရေးပေးနေတာပဲ ။ တနည်းအားဖြင့် ပြည်သူကို နစက ကိုယ်တိုင် ဒုက္ခပေးနေတာပါပဲ ။ 

     တည်ငြိမ်မှု မရှိတဲ့ တိုင်းပြည်ဟာ စီးပွားရေး ပညာရေး ကျန်းမာရေး အားလုံး ချွတ်ခြုံကြနေမှာ မြေကြီးလက်ခက်မလွဲဖူး ။ 

      စီးပွားရေးအတွက် လုံခြုံစိတ်ချရတဲ့ ကူးသန်းရောင်းဝယ်မှု မပြုရဲကြတော့ အားလုံးသော ကုန်စည်စီဆင်းမှုတွေ အားမပါပဲ စီးဆင်းနေရလို့ ကုန်စျေးနှုံးတွေ တရိပ်ရိပ်တက်နေတယ် ။ ဒါတွေတပ်ချုပ်ကြီး သိမှာ မဟုတ်ဖူး သူ့အိမ်မှာက ဝယ်စားစရာမှ မလိုတာပဲ ။ 

      ပညာရေးကတော့ မြင်တဲ့အတိုင်းပဲ ဗရုတ်သုတ်ခ အခြေအနေတွေမှာ ဘယ်မိဘက ရဲရဲတင်းတင်း ကျောင်းထားရဲမှာလဲ ၊ ဖြစ်သွားတော့လဲ တပ်ချုပ်ကြီး နဲ့ နစက က လှည့်ကြည့်မှာ မဟုတ်ဖူးဆိုတာ သေချာတယ်လေ ၊ သူတို့အုပ်ချုပ်မှု ပေါ့လျှော့လို့ အသတ်ခံရ အရှက်ခွဲရတဲ့ အရပ်သားပြည်သူတွေကိုတောင် ကားစပ်လေးနဲ့ မစောင့်ရှောက် အားမပေးခဲ့တဲ့ တပ်ချုပ်ကြီးကို ဘယ်သူက ယုံကြည်အားကိုးကြမှာလဲ ။

     ကျန်းမာရေးကတော့ အဓိက ကျတဲ့ စီးပွားရေးနဲ့ ချိတ်ဆက်နေတော့ ငွေမရှိရင် အခေါင်းသာဝယ်ထားပဲ အပိုပြောမနေတော့ဘူး ။ 

      ကဲ ဒါတွေကို မထိမ်းချုပ်နိုင်တာ ဘာကြောင့်လဲ   ?

     တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ တပ်မတော်ကြီး စွမ်းဆောင်ရည် အလွန်အမင်း နိမ့်ကျသွားလို့လား ဆိုပြီး မေးစရာ ရှိပါတယ် ။ 

    ကျနော်ကတော့ တပ်မတော်ကြီး တခုလုံးသည် နှစ်ပေါင်းများစွာ ပြင်ဆင်ဖွဲ့စည်း လေ့ကျင့်ထားပြီး အမြဲတမ်း Update ပြုလုပ်နေတဲ့ အတွက် စွမ်းဆောင်ရည် နိမ့်သွားတယ်လို့ ဘယ်လိုမှ ယူဆလို့ မရပါဘူး ။ 

        ဒါဆိုရင် ရပ်ရွာတွေ ဘာကြောင့် မတည်ငြိမ်ရတာလဲ ၊ မထိမ်းနိုင်​ဖြစ်နေရလဲ ဆိုရင် ယခု အုပ်ချုပ်နေတာ အူကြောင်ကြား မူဝါဒ ဖြစ်နေတာက တရားခံပါပဲ ။ ဘယ်သူတာဝန်ရှိတယ်ဆိုတာကို ပြတ်ပြတ်ထင်ထင် ခွဲမသိရပါဘူး ။ 

       ပြောချင်တာက တပ်ချုပ်ကြီးဟာ တနိုင်ငံလုံးကို သူတယောက်တည်းပဲ ကိုင်တွယ်ထိမ်းချုပ်ထားတာပါ ။ စစ်ကိုင်းတိုင်း သောင်းကျန်းတယ် တိုင်းမှူး မင်းနယ်မှာ မင်းအပြတ်ရှင်း ငါ့အမိန့်မစောင့်နဲ့ ဆိုတာမျိုး သူဖက်က အာဏာပါဝါ မပေးထားပါဘူး ။

      ရခိုင်ကိစ္စတုန်းက တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ် လုပ်ခဲ့တဲ့ ရှေ့တန်းက ရဲဘော်ကနေ ဗိုလ်ချုပ်တွေအထိ သူက ထိုးကျွေးခဲ့ဖူးတဲ့ ရာဇဝင်ရှိလေတော့ သူ့ကို ယုံကြည်အားကိုးပြီး ပြတ်ပြတ်သားသား လုပ်ဝံ့တဲ့ တိုင်းမှူးလည်း မရှိတော့ဘူး ၊ မလုပ် မရှုပ် မပြုတ် မူနဲ့ တိုင်းမှူးတွေ မှိန်းလိုက်နေကြတာပဲ ။ 

       နောက်ပြီး လုံခြုံရေးစနစ်က တိုင်းမှူးတွေ လက်ထဲ ဝကွက်အပ်ထားတာလည်း မဟုတ်ဖူး ။ သက်ဆိုင်ရာ ထွေအုပ်တွေ ၊ ရဲတွေ မနိုင်မှ တပ်မ သွားရှင်းရတဲ့ တောမရောက် တောင်မရောက် စနစ်ပဲ ဖြစ်နေတာလည်း ကြီးမယးတဲ့ ပြဿနာပါပဲ ။ 

     ရဲကတော့ ရဲထုံးစံ သေးတဲ့ အမှု ကြီးအောင် ကြီးတဲ့ အမှု သေဒဏ်ကြအောင် စောင့်ကြည့်ပြီးမှ ဂွင်ဖန်ကြတာ အရိုးစွဲနေပြီ ။ တောင်ဒဂုံက ကျောင်းလုံခြုံရေးတွေကို ဒါးနဲ့ ခြိမ်းခြောက်တဲ့လူကို တကယ်မခုတ်လို့ အရေးယူမရဖူး ဆိုတဲ့ ရဲတွေကို ကြည့်လေ ဘယ်လောက် ကျက်သရေတုန်းသလဲ ဆိုတာ ။ အဲဒီမအေလိုးတွေ သူတို့ဖမ်းချင်ရင် ဖရဲသီးစိတ်ရောင်းစားတဲ့သူလည်း ဒါးပါလို့ ဆိုပြီး ဖမ်းခဲ့ကြတယ် ။ 

         ထွေအုပ်ဆိုတာကတော့ NLD လက်ထက်မှာ ပွဲတော်ကြီး တွေ့ခဲ့ကြတဲ့ ငနဲတွေ ပါပဲ ။ ဘာလိုင်စင် ညာလိုင်စင် ဘာအခွန် ညာအခွန် နဲ့ NLD က နားမလည် ပါးမလည် သူခိုးတွေနဲ့ ပေါင်းပြီး ၅ နှစ်လုံး လုပ်စားလာတဲ့ သူဝှက်ကြီးတွေ ဗျ ။ သူတို့ကလည်း NLD ပြန်လာစေချင်လို့ အတွင်းလှိုက်ပြီး ပူးသတ်နေတာ ။ 

      အဲလို ရဲ နဲ့ ထွေအုပ်ပေါင်းပြီး အကြမ်းဖက်သတင်းပေးနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဆီ သတင်းပြန်ပေးပြီး ပြေးအုံး လုပ်နေကြလို့ ဗွက်ပေါက်နေတာကို နစက မသိဖူးဆိုတာ ကျုပ်ကတော့ ယုံကြည်ဖို့ ခက်ပါတယ် ။

        ဒီခေတ်ကြီးမှာ အောက်က သတင်းပို့မှ သိပါတယ်ဆိုတဲ့ ခေါင်းဆောင်ဟာ အလွန့်အလွန် ညံ့တဲ့ ခေါင်းဆောင် သို့မဟုတ် ညံ့ချင်ယောင်ဆောင်တဲ့ (သူ့ဖက် မလှည့်အောင်) ခေါင်းဆောင်ပါပဲ ။

         ကဲ အရေးကြီးဆုံး ဖြစ်တဲ့ တည်ငြိမ်အေးချမ်းအောင် ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ ကိစ္စ ဆွေးနွေးကြမယ် ဗျာ ။ 

        စီမံချက်ကြီးတခု လုပ်ကြရပါ့မယ် ။ ပထမဆုံး ရဲ နဲ့ ထွေအုပ်တွေကို ဖြုတ်သင့်ဖြုတ် ပြီး နယ်တွေ လဲပစ်ရမယ် ။ နောက် တနိုင်ငံလုံး လော့ဒေါင်းချ ပြီး ပုံစံ ၆၆ ပြန်စစ်ရမယ် ။ လူပိုလူလို တိတိကျကျ စစ်ဆေးရမယ် ။ ခရီးလွန်သူ ပြောင်းရွှေ့သူတွေကို ရောက်ရာ အရပ်ကနေ ဆက်သွယ် အတည်ပြုနိုင်ရမယ် ၊ ဆက်သွယ်မရရင် အဲဒီမိသားစုကို အရေးယူစောင့်ကြည့်ရမယ် ။ 

      လော့ဒေါင်းကာလ အတွင်း ဘယ်သူမှ ကူးသန်းခွင့် မရှိအောင် တင်းကျပ်စွာ ချုပ်ကိုင်ထားရမယ် ။ သုံးရက်မကြာဖူး တနိုင်ငံရှိ ဝရမ်းပြေးတွေ ၊ အကြမ်းဖက်တွေ မိကို မိရမယ်ဗျာ ။ ကဲ လုပ်နိုင် မလုပ်နိုင် ၊ လုပ်သင့် မလုပ်သင့် ၊  ဖြစ်နိုင် မဖြစ်နိုင် ဝိုင်းဝန်းတွေးဆ အကြံဥာဏ်တွေ ပေးကြပါအုံး ဗျာ ။

       မျိုးဝင်း

(GZ တွေက ဗုံးခွဲသတ်ဖို့ ကြိုးစားနေတဲ့ ကလေးတွေ ပါ)

1 comment:

Maharzaw said...

ဇော်ဂျီနဲ့မနည်းဖတ်ယူရသဗျာ။အကိုမျိုးဝင်းခင်ဗျာ FB ကို copy ယူခွင့်ပြုပါခင်ဗျာ။

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...