Tuesday, June 29, 2021

ပျားရည်ခါးတဲ့ လ

တချိန်တုန်းက ကြိုတင် ဝေဖန်ခဲ့ပါတယ် ၊ အနီတွေ ဆွေ့ဆွေ့ခုန် ဝင်ဆဲနေကြတာ မြင်မကောင်းဖူး ၊ အခု ဘာတွေ ဖြစ်နေပြီလဲ.. ?

      အမှန်တရားဟာ ရံဖန်ရံခါ နောက်ကျတတ်ပေမယ့် ပျောက်ပျက်သွားတတ်တဲ့ အရာ မဟုတ်ဖူးဆိုတာ သိကြဖို့ ရှယ်ပေးလိုက်ပါတယ် ။

ပျားရည်ခါးတဲ့ လ 
============

      နိုင်ငံတကာကို အားကိုး နိုင်ငံတကာကို ဗန်းပြ နိုင်ငံတကာကို ကျွန်ခံ နေတဲ့ ဘုံကျွန်စိတ် နဲ့ NLD ပါတီရဲ့ အလိမ်အညာတွေလည်း နိုင်ငံတကာက သိကုန်ကြပါပြီ ။

      ယဥ်ကျေးမှု ပေတံအရ အနောက်အုပ်စုတွေက လူလိမ်ဆိုရင် သူတို့ အသိုင်းအဝိုင်းမှာ လက်မခံကြပါဘူး ။ လူတယောက်ကို ပါတ်ဝန်းကျင်က မင်းဟာလူလိမ်ပဲ လို့ သတ်မှတ်လိုက်ပြီဆိုရင် အဲဒီလူဟာ ဒီဝန်းကျင်မှာ သေသူလို ဖြစ်သွားပါတယ် ။ 

     သာရေး နာရေး ရပ်ရေး ရွာရေး စီးပွါးရေး ပညာရေး အစရှိသဖြင့် ဘယ်နေရာမှကို အဖက်မလုပ်တော့ပဲ ကျဥ်ထားလိုက်ကြလေ့ ရှိပါတယ် ။ 

      ဒေါ်စုကြည် အာဏာမရခင်မှာ အလွန်အထင်ကြီးခဲ့ကြတဲ့ အနောက်အုပ်စုဟာ ယခု အခါ အာဏာရပြီးနောက် သူမ လိမ်ညာတာတွေကို သိရှိပြီးနောက် သူတို့ရဲ့နိုင်ငံရေး ရည်မှန်းအတွက် အစိုးရမူဝါဒဖော်ဆောင်ရန် ရံဖန်ရံခါထောက်ခံခြင်းများမှ အပ ဘယ်သူကမှ နှစ်လိုခြင်း မရှိတော့ပါဘူး ။ 

      ပထမဆုံး လူလိမ်အဖြစ် သတ်မှတ်လိုက်ကြတာက ကုလသမဂ္ဂစင်မြင့်မှာ မိန့်ခွန်းပြောစဥ်က ဖြစ်ပါတယ် ။ ဒေါ်စုကြည်ဟာ သူမကိုယ်ကို သူမ ဒုတိယ သမ္မတပါဆိုပြီး လိမ်ညာခဲ့ပါတယ် ။ ကုလလို ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးရာ နေရာကြီးမှာ မျက်နှာပြောင်တိုက် လိမ်ညာခဲ့တာနော် ပြည်တွင်းက မုသားစကားတွေလောက်တော့ သနားတယ် ။

     အဲလိုလိမ်ညာခဲ့တာကို ပြည်ပမီဒီယာတွေက အစဖော်လို့ နိုင်ငံတကာက သိသွားတော့ အခုထိ ကုလအစည်းအဝေးကို သွားမတက်ရဲတော့ဘူး ။ 

      ပြောပါလိမ့်မယ် အတိုင်ပင်ခံပဲကွာ သမ္မတအထက်ကရာထူးပဲ ဒုသမ္မ​တလို့ ဘာလို့ပြောမှာလဲ ပေါ့ ။ အတိုင်ပင်ခံဆိုတာ တကယ်တမ်းကြတော့ ကမ္ဘာပေါ်မှာ အကြံပေးအဆင့်ကို ပြောတာပါ ။ ကုလစင်မြင့်ပေါ်တက်ခွင့်မရှိတဲ့ ဘောင်မဝင် တန်းမဝင် ရာထူးပါ ။ ဒါကြောင့် သမ္မတဖြစ်ချင်လွန်းလို့ ၅၉ (စ) ဇွတ်ပြင်ချင်နေတာပါ ။ 

     အဲလို တာထွက်မလှတဲ့အပြင် ဒီမိုကရေစီအော်ပြီး အာဏာရှင်လုပ်ရပ်တွေကြောင့် အနောက်အုပ်စုကလည်း အာရုံနောက်လာကြပါပြီ ။ 

     ယခုရွေးကောက်ပွဲကာလမှာတော့ အဆိုးဆုံးပါပဲ ။ မရိုးသားမှု ကြိုတင်ကြံစဥ်မှု ပွင့်လင်းမြင်သာမှု မရှိခြင်းတွေကြောင့် ပိုးစိုးပက်စက် ဝေဖန်ကြပါတယ် ။ fb က  ဝေဖန်တာမဟုတ်တော့ ပိတ်ပင်လို့ မရတော့ဘူးလေ 😁😁

       The Economist က ဝေဖန်မှုတွေက ရစရာမရှိအောင် ဖြစ်နေလို့ ကန့်ကွက်စာ ပို့ထားရသတဲ့ ။ 

      Washigton Post ကတော့ ပိုပြီးရှင်းပါတယ် ။ အောင်ပွဲခံနေကြတဲ့ အနီတွေကို ကြည့်ပြီး တိုင်းပြည် အစိတ်အပိုင်းတွေ ကွဲထွက်သွားပြီး ပြိုကွဲသွားမှာကိုတောင် မသိကြပဲ အောင်ပွဲခံနေကြတဲ့ ငပိန်းတွေ တဲ့ ။ 

      Nikkei Asia ကတော့ စီပွါးရေး နဲ့ ပတ်သပ်တဲ့ ပြည်ပရင်းနှီးမြှပ်နှံသူတွေဟာ ဒေါ်စုကြည် အာဏာဆက်ရနေသရွှေ့ လာကြမှာ မဟုတ်ဖူး လို့ ရေးထားပါတယ် ။ 

         နောက်ပြီး အင်မတန်ဂုဏ်ယူနေတဲ့ နိုလ်ဘယ်ဆုကိုတောင် မှားယွင်းပေးခဲ့မိသူ ၆ ဦးရှိတယ် ဆိုပြီး ဒေါ်စုကြည်ကိုပါ အဲဒီ ၆ဦးစာရင်းထဲထည့်ထားပါတယ် ။ ပြောချင်တာက မတန်မရာ ပေးမိပါတယ်လို့ ဆိုလိုသဗျ ။ 

          ဒေါ်စုကြည်အပေါ် နိုင်ငံတကာ ရဲ့ မျှော်လင့်ချက် ရေချိန်အမြင်တွေဟာ နိမ့်ကျလာနေပါပြီ ။ ယခုလို ရုပ်ပျက် ဆင်းပျက် မဲခိုးမှုတွေ ထင်ရှားပေါ်လွင်လာတော့ ပိုဆိုးပြီပေါ့ ။ သိက္ခာပျက် နိုင်ငံရေးသမား အဖြစ် ရှုမြင်သုံးသပ်ပြီး နောက်ဆက်တွဲ ဝေဖန်မှုတွေ ဆက်လာကြတော့မှာပါ ။ 

       ရွေးကောက်ပွဲ အနိုင်ရတာကို ဂုဏ်ယူပါတယ်ဆိုပြီး စာထုတ်ကြတဲ့အပေါ် သံခင်းတမန်ခင်း လုပ်ငန်းလို့သာ သဘောထား ဆောင်ရွက်တတ်ကြတာ ထုံးစံပါပဲ ။ 

    ကဲ ဒေါ်စုကြည်ရဲ့ ပျားရည်ခါးမဲ့လတွေ လာပါပြီ ဗျာ ။

ဇောက်တိ ဇောက်ထိုး နိုင်ငံရေး



          Covid ကာလမှာ အိမ်တွင်းပုန်းရင်း ရောက်တတ်ရာရာတွေကို တွေးနေမိရင် ကိုယ်ကောင်းစွာ သိမှီရလိုက်တဲ့ မဆလ ခေတ်ကနေ ဒီကနေ့အထိ နိုင်ငံဖြစ်စဥ်တွေ အခင်းအကျင်းတွေကို ပြန်စဥ်းနေမိပါတယ် ။ 

      အထူးသဖြင့် အများပြောနေကြတဲ့ စစ်အာဏာရှင် တွေ ဆိုတဲ့ ဦးနေဝင်း နဲ့ ဦးသန်းရွှေတို့ရဲ့  လုပ်ဆောင်ချက်တွေကို လေ့လာသုံးသပ်မိပါတယ် ။ 

     ပထမဆုံး အာဏာရှင်ဆိုတဲ့ ဦးနေဝင်း အကြောင်း စဥ်းစားမိပါတယ် ။ 1958 မှာ တိုင်းပြည်ရဲ့  ၃ ရပ်ကို ယာယီတာဝန်ယူပြီး ရွေးကောက်ပွဲ လုပ်ပေးခဲ့တယ် ။ ပြီးတာနဲ့ 1960 မှာ အနိုင်ရ ဦးနု အစိုးရကို တာဝန် လွှဲပေးခဲ့ရတယ် ။ 

      တခါ 1962 မှာ နိုင်ငံရေး ခွါပြဲမှုကတဆင့် ပင်လုံစာချုပ်ပါ အချက်တွေအရ ခွဲထွက်ခွင့် ပြဿနာတွေ ပေါ်လာပြန်ပါတယ် ။ နိုင်ငံရေးသမားတွေ အချင်းချင်း မညီမညွှတ် နဲ့ ဖြစ်ကြရပြီး တိုင်းပြည် ပြိုကွဲမယယ့် အနေအထားရှိတယ် ဆိုပြီး ဦးနေဝင်းက အာဏာသိမ်းလိုက်ပါတယ် ။

          တကယ်ပြိုကွဲမယ့် အနေအထားရှိနေလို့ သိမ်းလိုက်တာလား ? 

        1958  မှ 1960 အထိ အာဏာသုံးရပ်ကို တဦးတည်း သုံးစွဲနေရတဲ့ အရသာကို ပြန်လိုချင်လို့လား ?

           ၂ မျိုးစလုံးကြောင့်လား ဆိုတာကိုတော့ ဦးနေဝင်းမှ အပ ဘယ်သူမှ မသိနိုင်ပါဘူး ။ 

         အာဏာရှင်ကြီးဆိုတဲ့ ဦးနေဝင်းဟာ 26 နှစ်လုံး သူ့ခြေ သူ့လက် သူ့စိတ်တိုင်းကျ  စီးမံခွင့် ရှိနေဆဲ သူအာဏာပြင်းထန်နေဆဲကာလမှာ ပဲ ၈၈ အရေးအခင်း ဖြစ်လာတော့ အကြမ်းဖက် နှိမ်နင်းခြင်း မပြုခဲ့ပါဘူး ။ 

      ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အရေးမယူဖို့ မြို့နယ်ပါတီ ယူနစ်တွေကို လှို့ဝှက်စာပို့ပြီး တားမြစ်ထားပါတယ် ။ သူ့သေဆိုသေ ရှင်ဆိုရှင်ရမယ့် တပ်မတော်ကိုလည်း မနှိမ်နင်းခိုင်းပါဘူး ။ 

(လူမော်ဂျင်းမိနေသူကတော့ လက်ခံမယ် မထင်ဘူး)

         နောက်ဦးနေဝင်းဟာ သူ့ဘာသာ အနားယူပါတော့မယ် ဆိုပြီး တခါတည်း ကြေညာပါတယ် ။ ပြီးတော့ ပါတီစုံဒီမိုကရေစီ ကြိုက်သလား တပါတီကြိုက်သလား ပြည်သူတွေ ကြိုက်တဲ့စနစ် ပြောင်းပေးရမယ်လို့ သူ့ပါးစပ်က စတင်ပြောဆိုလိုက်ပါတယ် ။ 

(အဲဒီကျမှ သပိတ်မှောက်တဲ့ သူတွေက ဒီမိုကရေစီ ဆိုတဲ့ စကားလုံး ပြောတတ်လာတာပါ ။ မူလတုန်းက ဝေလေလေ အော်နေကြတာပါ ။ ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ ဗြောင်လိမ်တာပါ ဗျာ ။ အာဏာရဖို့ တိုက်နေကြတာပါ )

      ကဲ အာဏာရှင် ဦးနေဝင်းကို ဘယ်သူမှ ဖြုတ်ချတာ မဟုတ်ပါဘူး ။ သူ့ဘာသာ ဆင်းသွားတာပါ ။ ဦးစောမောင်ကို အာဏာသိမ်းဖို့ မနည်းတိုက်တွန်းရပြီး အာဏာမသိမ်းရဲပါဘူး ဆိုလို့  နောက်နောင်အရေးမယူပါဘူးဆိုပြီး ဦးနေဝင်းက စာချုပ်မှာ အာမခံ လက်မှတ်ရေးထိုးပေးမှ တပ်မတော်က ဒေါက်တာမောင်မောင်ရဲ့ လက်ထဲကအာဏာကို သိမ်းခဲ့တာပါ ။ 

         ဒါက ဦးနေဝင်းရဲ့ အာဏာကနေ ဆုတ်ခွါခဲ့တဲ့ သမိုင်းမှန်ပါပဲ ။ ကဲ နောက်တဦးကြည့်ပါအုံးမယ် ။ 

        ၈၈ မှာ စီနီယာတွေကို ကျော်ပြီး ဒု ချုပ်ဖြစ်လာတဲ့ ဦးသန်းရွှေဟာ 1992 မှာ တပ်ချုပ်ကြီးဖြစ်လာပြီး အာဏာပိုင် ဖြစ်လာပြန်ပါပြီ ။ 1992 ကနေ နည်းပေါင်းစုံနဲ့ ပြည်တွင်းပြည်ပ အနှောက်အယှက်တွေကို ကျော်လွှားပြီး နိုင်ငံအတွက် မရေတွက်နိုင်တဲ့ တည်ဆောက်မှုတွေ လုပ်ပေးခဲ့ပါတယ် ။

        တပ်မတော်တွက် အဆင့်အတန်း တခုအထိ ရောက်အောင် တွန်းတင်ပေးလိုက်ပါပြီ ။ နိုင်ငံတော်ရဲ့ ကာကွယ်ရေးအတွက် ထိုက်လျှောက် အင်အားတည်ဆောက်ပြီးပါပြီ ။ 

        ပြည်တွင်းအဖျက်သမား အုပ်စုတွေထဲ ထောင်တွေမှာ ငြိမ်ဝပ်ပိပြားနေပါပြီ ။ ဦးသန်းရွှေ ရဲ့ သြဇာအာဏာဟာ အထွဋ်အထိပ်ကို ရောက်ရှိနေချိန်မှာပဲ သူလည်း အာဏာစွန့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ 

     ဦးသန်းရွှေဟာ ဘယ်နေ့ဘယ်အချိန်မှာ အာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့ တိကျတဲ့ မူဝါဒနဲ့ စီစဥ်သွားတာ တွေ့ရပါတယ် ။ 

     ပထမဆုံး ပေါင်းလောင်းဆည် ၂ ခု တည်ဆောက်ပြီး လျှပ်စစ်ထုတ်ပါတယ် ။ ရွာတွေဖယ်ပြီး နေရာပြန်ချထားပေးရ တာနဲ့ လျှော်ကြေးပေးရတာ နဲ့ ထွက်လာမယ့် လျှပ်စစ်က တောထဲတောင်ပေါ် လူနေကျဲတဲ့ဒေသ ဆိုတော့ ဆည်မြောင်းဌာန နဲ့ လျှပ်စစ်ဝန်ကြီး ဌာနတွေက ဦးသန်းရွှေကြီး ရူးနေသလားလို့ ကွယ်ရာမှာ ကဲ့ရဲ့ကြပါတယ် ။

      လျှပ်စစ်ထုတ်ဖို့ အချိန်အနည်းငယ် အလိုမှာပဲ ဘယ်သူမှ ထင်မထားတဲ့ တောခေါင်ခေါင်ထဲမှာ နေပြည်တော်ကြီး တည်ဆောက်လိုက်ပါတယ် ။ ယခု အရှေ့တောင်အာရှရဲ့  အခန့်ညားဆုံး လွှတ်တော်ကြီးပါဝင် သမ္မတအိမ်တော် ၊ ဝန်ကြီးတွေရဲ့ နေအိမ်တွေ နဲ့ ပြည့်စုံစွာ တည်ဆောက်ပါတော့တယ် ။ 

      အစောပိုင်းက လူနေကျဲပါးတဲ့ ပေါင်းလောင်းဒေသက လျှပ်စစ်မီးတွေဟာ မြို့တော်အသစ်ကြီးကို ထိန်ထိန်ညီးစေမှ ဆည်မြောင်းရော လျှပ်စစ်ဌာနက ပုဂ္ဂိုလ်များပါ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ် ။ 

      ဆိုလိုတာက ဦးသန်းရွှေဟာ အာဏာလွှဲပြောင်းဖို့ကို နှစ်ရှည်လများကတည်းက စနစ်တကျ စီမံထားတာ တွေ့ရတာကို မြင်အောင် ကြည့်တတ်ကြဖို့ပါပဲ ။ 

      တနိုင်ငံလုံး သူ့ရဲ့ သြဇာအာဏာအောင်မှာ ငြိမ်ဝပ်ပိပြားနေတဲ့ ကာလမှာပဲ သူ့သဘောနဲ့သူ အာဏာစွန့်ပြီး ယခုတိုင် စာဖတ်နေတာ အားလုံးအသိပါပဲ ။ 

      ဒီးတော့ ကျနော်အမြင်ပြောရမယ် ဆိုရင် ဦးနေဝင်းရော ဦးသန်းရွှေကော ဘယ်သူကမှ နိုင်အောင် တိုက်ထုတ်ခဲ့တာ မဟုတ်ပါဘူး ။ သူတို့သဘော သူတို့စီမံကိန်း နဲ့ အာဏာစွန့်သွားကြတာပါ ။ 

     ပြည်သူ့သဘောကွလို့ ပြောမယ်ဆိုရင် ၈၈ အာဏာသိမ်းချိန်လေးကို ဥပမာ ပြန်ပြရပါ့မယ် ။ အာဏာသည် ပြည်သူ့သဘော မဟုတ် ကျည်ဆံ၏ သဘောသာ ဖြစ်ကြောင်းကိုပါ ။ 

        ယနေ့ စစ်အာဏာရှင်တွေပါ ဆိုပြီး နှစ်ပေါင်းများစွာ စွတ်စွဲ အပြစ်တင်ပြီး စစ်အာဏာရှင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ပေးထားခဲ့တဲ့အာဏာပိုင်တွေကရော တကယ့်ကို ရိုးသားတဲ့ အာဏာပိုင်တွေလားဆိုတာ လေ့လာကြည့်ပါအုံး ။ 

     အာဏာကို ၅ နှစ်မျှ ရရှိယစ်မူးသွားပြီး တိုင်းပြည်ကို အဖက်ဖက်က ဆုတ်ယုတ်ပျက်ဆီအောင် အုပ်ချုပ်ပြီးနောက်  နောက်တကြိမ်အတွက် ရွေးကောက်ပွဲကျင်းပရာမှာ မိမိအာဏာသက်ဆိုးရှည်ရေး အတွက် covid ရောဂါ ပြန့်နှံ့နေတဲ့ကြားထဲက ရွေးကောက်ပွဲ ကျင်းပပါတယ် ။  

   နောက်ဆက်တွဲအဖြစ် ပြည်သူတွေ ရောဂါအဆမတန်ကူးပြီး သေကြေ စီးပွါးပျက်ခဲ့ရပါတယ် ။ မဲလိမ် မဲခိုးပြီး ယုတ်ယုတ်မာမာ အာဏာရဖို့ ကောက်ပျစ်နေသူကိုရော အာဏာရှင်လို့ မခေါ်တော့ဘူး လား ဗျာ ။

      ဦးနေဝင်း နဲ့ ဦးသန်းရွှေတို့က လက်နက် နဲ့ အာဏာရယူပြီး   သူတို့မိသားစုတွေ ချမ်းသာအောင် လုပ်ခဲ့ကြသလို တိုင်းပြည်အတွက်လည်း ကြိုးစားတည်ဆောက်ပေးခဲ့တာတွေ အများကြီးပါပဲ ။ သူတို့ အာဏာအထွဋ်အထိပ် ရှိနေတဲ့ ကာလမှာပဲ သိက္ခာရှိရှိ စနစ်တကျ အာဏာစွန့်သွားကြတယ် ။

    ယခု NLD ကတော့ ကာလတိုအတွင်း ချမ်းသာအောင် ခိုးခဲ့ကြပြီး တိုင်းပြည်ကို ဆုတ်ယုတ်စေခဲ့တယ်  ။ အာဏာကို မသမာတဲ့ နည်းနဲ့ ထပ်မံရယူဖို့ ကောက်ကျစ်စွာ ကြံစည်ခဲ့တယ် ။ ဥပဒေချိုးဖောက်ပြီး အာဏာထပ်ယူဖို့ မဲခိုးတယ် ။ တရားနည်းလမ်းတကျ ဖြေရှင်းဖို့ တောင်းဆိုတာကို အရေးမလုပ်ပဲ ငါ တကော ကောနေလို့ အာဏာထိုင်ခိုက်ကနေ ကုတ်နဲ့ကော်ချ ခဲ့ရတယ် ။ 

   ကိုင်း ဘယ်သူ့ကို အာဏာရှင် အာဏာရူး ဘွဲ့ပေးသင့်သလဲ စဥ်းစားသာကြည်တော့ဗျာ ။ 

       မျိုးဝင်း

ခေါင်းကိုင်တို့ရဲ့ စိတ်ထား



       တ်ုင်းပြည်ကို ခေါင်းဆောင်လုပ်မယ့်သူတွေရဲ့ စိတ်နေသဘောထားဟာ အင်မတန်မွန်မြတ်ဖို့ လိုအပ်တယ် ။ ဒီလိုရေးတော့ မေးကြပါတယ် မင်းကော ဘယ်လောက် ကောင်းလို့လဲ တဲ့ ။ 

       မှန်တယ် မျိုးဝင်း မကောင်းဘူးပဲ ဆိုပါတော့ ။ မျိုးဝင်း မိသားစု နဲ့ မိတ်ဆွေအချိုပဲ မျိုးဝင်းရဲ့ မကောင်းတဲ့ဒဏ်ရဲ့ ရိုက်ခတ်မှုဒဏ် ခံရမှာပါ ။ ခေါင်းဆောင်တွေ အရည်အချင်းညံ့ရင် စိတ်ဓာတ်ညံ့ရင် တိုင်းပြည် တခုလုံး ခံစားရမှာပါ ။ 

       မနေ့က ဒေါက်တာ အောင်မိုးညို ပြောသွားပါတယ် ။ ကယားမှာလည်း နေရာရွေးတာ နဲ့ ပါတ်သပ်ပြီး ဝေဖန်မေးမြန်းတော့ သူတို့ကသာ အဝေးက တကူးတက လာရောက်ပြီး တွေ့ဆုံ ကြတာမို့ အထက်စီးက ဆက်ဆံတာ မဟုတိကြောင်း ဘာညာ ပြောနေပါတယ် ။ 

      အဲဒါ ပြဿ     နာ မဟုတ်သေးဖူး ။ ဆက်ပြောတယ် တပ်မတော်က ပါတီ ၃၄ ခုနဲ့ တွေ့ဆုံတော့ သူ့ဆီခေါ်တွေ့တာ မှ အထက်စီးက ဆက်ဆံတာတဲ့ ၊ သူတို့က နေပြည်တော်ကို လာခဲ့ဆိုပြီး ခေါ်တွေ့တာ မဟုတ်ဖူး တဲ့ ။ 

      မဆီမဆိုင် ပုပ်ခတ်သွားတာ အောင်မိုးညိုရဲ့ ယုတ်ညံ့တဲ့ စိတ်ဓာတ်ပဲ ။ ယခင်ကလည်း အများကြီး ပြောခဲ့တာတွေ ရှိပါတယ် ။ 

      နောက်ထပ် မယုံကြည်လောက်အောင် ယုတ်ညံ့လှသူတယောက် အကြောင်း ထပ်သိရပြန်တယ် ။ ဖော်ကောင်က ၈၈ နိုင်ကျဉ်းဟောင်း Ko Pite Tin ဖြစ်ပါတယ် ။ 

       သူတို့ မြစ်ကြီးထောင်မှာ ကျနေတော့ ဆယ်ယောက် အုပ်စုလိုက်ကြီး ဖြစ်ပါတယ် ။ ဝေးကွာတဲ့ အတွက် ဆယ်ယောက်လုံး ထောင်ဝင်စာ ဘယ်သူမှ လာမတွေ့နိုင်ကြဘူး ။ သူတို့နဲ့ ယုံကြည်ချက်မတူတဲ့ ဆရာဝန်တဦး( NLD ) ထိပ်သီးတယောက်လည်း ထောင်ထဲမှာ အတူပဲ နေကြရတယ် ။ မတည့်ကြဘူး ။ 

  ဆရာဝန်ကတော့ သူ့အိမ်က စားစရာ အလျံပယ်အဆက်မပျက် ပို့ပေးနေလို့ ပြည့်စုံတာထက်ပိုသတဲ့ ။ မစားနိုင်လို့ မှိုတောင်တက်ကုန်ဆိုပဲ ။ သူများလည်း မကျွေးဘူး ။

       ဒီလိုနဲ့  ဆယ်ယောက်လုံး အဟာရပြတ်ပြီး ကျန်းမာရေး မကောင်းတော့ ဟောခန်းထဲမှာ တန်းစီထားပြီး ဆေးသွင်းနေကြရတယ်  ။ အားလုံးမူးဝေနေပြီး ဝေဒနာ ခံစားနေရတုန်း သူတို့ခြေရင်းမှာ လာပြီး ဆရာဝန်က တဟားဟား ရီကာ သီချင်းတွေ အကျယ်ကြီး  အကြာကြီး ဆိုပြီး ဝေဒနာ ခံစားနေရတဲ့ ၈၈ နိုင်ကျဉ်း ဆယ်ယောက်ကို လှောင်ပြောင် ပျော်ပါးနေသတဲ့ ။ 

       ရန်သူကိုတောင် ဆေးကုရမယ် ကြင်နာရမယ် ဆိုတဲ့ ဆေးကျောင်းဆောင်ပုဒ်ကိုတောင် ပစ်ပယ်ပြီး ယုတ်မာရက်စက်စွာ လှောင်ပြောင်ခံရလို့ ၈၈ ပူးတွေ အံ့သြကြရသတဲ့ ။ အဲဒီ လူယုတ်မာ ဆရာဝန်က  ဒေါက်တာဇော်မြင့်မောင် ပဲ ။

https://m.facebook.com/story.php?story_fbid=3425017244207797&id=100000986642278
(Ko Pite Tin ရဲ့ ပို့စ်ပါ)

       ဒါတွေပဲလား မဟုတ်သေးဘူး ။ ဦးဝင်းမြင့်ကို ထိမ်းသိမ်းထားတုန်းက အတူအဖမ်းခံရတဲ့ ဦးသိန်းညွှန့်အိမ်က ဦးသိန်းညွှန့် မိန်းမ ပို့သမျှ ရိက္ခာတွေနဲ့ ကာလရှည်ကြာ ကပ်စားခဲ့ရတယ် ။

        လွတ်လာကြတော့ ဦးသိန်းညွှန့်အိမ်က ရှစ်ပေ စလောင်းနဲ့ ဘောလုံးပွဲတွေ သတင်းကြည့်ရင်း ဦးသိန်းညွှန့်ကတော် အန်တီအေး ကျွေးသမျှ အားမနာတမ်း စားသောက်ခဲ့ရတယ် ။ 

      သူသမ္မတဖြစ်တော့ ဦးသိန်းညွှန့်မိန်းမ အန်တီအေး ရောဂါဖြစ်နေပြီ ။ ဆေးရုံပေါင်းစုံ တက်နေရပြီ ။ဦးဝင်းမြင့်ဟာ သမ္မတရာထူးနဲ့ ဘာသောက်လုပ်မှ မရှိပဲ တခါမှ လာမမေးဘူး ။ 

       အသဲအသန် ဖြစ်ချိန်မှာ တပ်ချုပ်ကြီး သိသွားပြီး တက်မတော်ဆေးရုံမှာ အကောင်းဆုံးကုသစေခဲ့တယ် ။ နောက်ဆုံးအချိန်ထိ အန်တီအေးဟာ စစ်ဆေးရုံက နွေးထွေးတဲ့ ပြုစုမှုများအတွက် ကျေးဇူးအထူးတင်ကြောင်း ပြောပြီး ဆုံးပါးသွားရတယ် ။ 

        အန်တီအေး နာရေးမှာ ဦးသိန်းစိန်က ကူငွေ နဲ့ အဟာရခြင်း ပေးပို့ခဲ့ပေမယ့်အန်တီရဲ့ ကျေးဇူးရှိခဲ့တဲ့ ဦးဝင်းမြင့်ကတော့ ပန်းတပွင့် ရေတပေါက် မပို့ခဲ့ဖူး ။ ကျေးဇူးကန်းတဲ့ အဖြစ်ကို မြင်အောင်ကြည့်ကြစမ်းပါ ။ 

       နောက်ဆုံးတယောက် ဒေါ်စုကြည်ကို ကြည့်အုံး ။ အမွေဆိုင် မောင်နှမ နှစ်ယောက်ထဲ ရှိတာကို မပေးနိုင်ဘူးဆိုပြီး လက်ဝါးကြီးအုပ်ခဲ့တဲ့ လောဘ အံ့သြစရာပါ ။ 

       ဥပဒေအရ ပေးရမယ်ဆိုတော့ ဒီအိမ်ကြီးကို ပြတိုက်လုပ်ဖို့ လှူမှာ ဖြစ်လို့ လက်မှတ်ထိုး လွှဲပေးပါဆိုပြီး ကြားလူနဲ့ တောင်းခိုင်းပြန်တယ် ။ အကြောင်းသိ အကိုရင်းက ဒါဆို မိစုသာ အရင် လက်မှတ်ထိုးပြီး လှူလိုက်ပါ သူလည်း တစက္ကန့်အတွင်း ထိုးပေးပါမယ် ဆိုတော့ တုတ်တုတ်မလှုပ်တော့ဘူး မောင်နှခြင်းတောင် ကလိမ်ကကျစ်လုပ်ရဲတာ မြင်အောင်ကြည့် ။ 

        ဒီလို လူစုတ် လူညံ့တွေ ဦးဆောင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းအောင် တည်ဆောက်ပြနေပါတယ် ဆိုပြီး လိမ်ညာနေတာတွေ ကို ပြည်သူတွေ သိဖို့ ကောင်းပါပြီ ။ 

        ဒီလိုယုတ်ညံ့သူတွေ စုပေါင်းပြီး အာဏာရမ္မက်အတွက် မဲခိုးကြတာ မဆန်းပါဘူး ဗျာ။ ဒီလူတွေကို ဘုရားတဆူ ဂူတလုံးကိုးကွယ်နေကြတဲ့ နီပိန်းတွေရဲ့နိမ့်ကျတဲ့ အသိဥာဏ်နဲ့ ဗဟုသုတကိုပဲ အံ့သြမိပါရဲ့ ။

       သာမန် စိတ်ဓာတ်ညံ့ပါတယ် ဆိုတဲ့ သူတွေထက် အဆများစွာ ညံ့ဖျင်းတဲ့ သူတွေက တိုင်းပြည်ဦးဆောင်တာကို မှန်လှပါဘုရား လုပ်ပေးရအောင် ပြည်သူအားလုံး နီပိန်းတွေ မဟုတ်ဖူး ။ 

    မျိုးဝင်း

အမြတ်ဆုံးအလှူ



         Covid ပြဿ     နာ ဖြေရှင်းခန်းအတွက် NLD အစိုးရကြီး ဖြေရှင်းပေးနေတဲ့ နည်းလမ်းတွေဟာ အင်မတန် ခမ်းနားလှပါတယ် ။ 

       ပထမလှိုင်းမှာ နိုင်ငံတကာက ပတ်ပြီး အလှူခံတယ် ။ ပြည်တွင်းမှာလည်း ရသလောက်အလှူခံတယ် ။ ဒီလောက်နဲ့ ဘယ်ရမလဲ ပြည်သူတွေ အားကိုးနေတဲ့ ပရဟိတအဖွဲ့တွေပါ ဘွားတော်က ထမီနဲ့ အုပ်ပစ်ပြီး သူထဲ ထည့်လိုက်သေးတယ် ။ ဖွဲ့ ဖွဲ့ သမျှ ဥက္ကဌ တဲ့ ဟေ့..... ။ 

       ကဲ ပြည်သူကို ကူညီပြီ တအိမ်ထောင် ငွေ တသောင်းခွဲ ၊ ထောက်ပံ့ကြေးရမယ့်သူက သူတောင်းစားအဆင့်တောင် ကိုယ်ပိုင် ခွက် မရှိမှ ပေးမတဲ့ ။ ချွင်းချက်ကတော့ ဥက္ကဌ အမျိုးတွေ အားလုံး ရစေရမယ် ဆိုပဲ ။ 

           Q စင်တာအတွက်ကတော  ပရဟိတက အလှူရှင်တွေ ရှိရင်စား ၊ မရှိရင် လူတယောက် တရက် ၅၀၀၀ိ / ကိုင်း ပြီးမှ စာရင်းတင် ဘက်ဂျက်ဆွဲမယ် တယောက် ခြောက်သိန်း ဒါပဲ 😁😁

         ကိုင်း ရခိုင်မှာ ဖြစ်ပြီ ပွားပါစေ များပါစေ အစိုးရအတွက် အကျိုးပေးတဲ့ covid ကွဲ့ ။ ပြည်သူတွေ သေနေပြီလား ထားစမ်းပါ ရွေးကောက်ပွဲ မဲ ခိုးဖို့က အရေးကြီးတယ် ။ ရောဂါပြန့်ပြီလား ဘက်ဂျက်က အဆင်ပြေတယ် ။ 

.........Q ဝင်လို့ + ပြသလား စီဗစ်နဲ့ ဘာမီတွန်တိုက်လိုက်ပါ ပြီးတော့ သိန်း ၂၀ စာရင်းပြ လိုက် ။ 

........ဘာ သေတဲ့လူတွေ များနေပြီ ဟုတ်လား ။ ဟန်ကြလိုက်လေ တယောက်ကို သိန်း ၅၀ စာရင်းပြ ပွ ပဟဲ့ စောက်ကျိုးနဲ covid လာတာ နောက်ကျပါ့ ။ 

    မဲပေးမယ့် ငစနူလေးတွေ နဲနဲကျွေးလိုက်စမ်းပါ အုံး ။ ကတိပါပေးလိုက် နိုင်ရင် လေးသောင်း ပေးမဟဲ့ ။ ဘာ လေးသောင်းမရလို့ ဆူပူနေသလား တိုင်စာရေးပြီး ပို့ခိုင်း ချွေးသိပ် ပြီး အိပ်ကြပါစေ ၊၊

............မဲသူခိုး လုပ်ဇတ် မပေါ်အောင် အုပ်ကြီးတွေကို အဟုတ်မတီးနဲ့ ငနုံငအ ပြည်သူတွေကို လိမ်သာ လိမ် ထားဟ ။

      ကိုင်း တတိယလှိုင်းနဲ့ ထပ်ခြောက် အလှူငွေ ကောက်ကြအုံးစို့ ။ 

- အူကြောင်ကြောင် စစ်တပ်က သန်းတထောင်တဲ့လား ။ 

- အိုး ခရိုနီ / ပြာ တွေလည်း လာကြသဟ ။ 

- ဘာရယ်..  အမေ့်ကိုယ်ပိုင်ငွေ ဘယ်လောက်လှူမလဲ ဟုတ်စ မသာတွေ မေးစရာလား ငါ့ဟာငါတောင် ဝမ်းဆက်ဖိုး မနည်းရှာနေရတာ ။ 

         နိုင်ငံတော်က ဘွဲ့တံဆိပ်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ လှူသူကလှူ မြိုင်နေတာပဲ ။ ဘာလဲ မင်းက ပုဇွန်လုံးလုပ်ပြီး ကန့်လန့်တိုက်နေတာလား ဆိုပြီး ဝေဖန်မလို့လား ။ မင်းမလှူပဲ အာချောင်နေတယ်လို့​ဝေဖန်မလို့ လား ။ 

      ဒီမယ် စိတ်ချ ကျုပ်ကလည်း လှူမှာပါ ။ ကျုပ်အလှူဟာ

 ၁ ။သူများတွေထက် ထူးခြားရမယ်

၂ ။ နိုင်ငံတော်အစိုးရအတွက် အလွန် အသုံးဝင်ရမယ်

၃ ။ NLD ပါတီရဲ့ သင်္ကေတလည်း ဖြစ်ရမယ်

၄ ။ ဘွဲ့တံဆိပ်အတွက် သူများတွေလို လျှောက်လွှာတင်ပြီးမှ ရယူဖို့ မလိုပဲ နိုင်ငံတော်ကိုယ်၌က လှိုက်လှဲစွာ ပေးအပ်မယ့် အလှူမျိုး ဖြစ်ရမယ် ဗျ ။ 

      ဘာလှူမှာလည်း ဟုတ်လား သူများတွေလို ငွေသန်းပေါင်း ထောင်သောင်းချီပြီး လှူစရာ မလိုပါဘူး နိုင်ငံတော်အတွက် အလွန်လိုအပ်နေတဲ့ ဒီပစ္စည်းတွေ လှူမှာ ဗျား ။

       လှူတတ်ပါစေ ချစ်မိတ်ဆွေ တို့

         မျိုးဝင်း

(NLD ရဲ့ covid plan ကြီး ပြန်သတိရကြဖို့...... 😁😁)

လွမ်းစရာရှိရင် နာစရာနဲ့ဖြေ


           GZ လေးတွေ တောထဲမှာ KNU က သတ်လိုက် ၊ KIA က သတ်လိုက် နဲ့ ဘဝ ပျက်နေကြပြီ ။ ဒါကို VIDEO ဖိုင်တွေ နဲ့ ခိုင်မာတဲ့ သက်သေအဖြစ် ထွက်လာနေကြတယ် ။ 

        ဒီတော့ ဒီဖက်က အမျိုးသားရေး သမားတွေ စုတ်တသပ်သပ် နဲ့ သနားနေလိုက်ကြတာ ။ ကယ်ပါအုံး ကူပါအုံး နဲ့  လာပြောနေတဲ့ ဂရုဏာရှင်တွေလည်း တွေ့နေရပါတယ် ။ 

 - ဒီလိုတွေ ဖြစ်ခဲ့ကြတယ် ။

 - ဒီလိုတွေ ဖြစ်လာလိမ့်မယ် ။ 

          ဆိုပြီး သိတဲ့သူတွေက ဝိုင်းတားကြတယ် ။ မရကြပါဘူး အစုလိုက် အပြုံလိုက် သားသတ်ရုံဆီ အလုအယက် သွားကြတယ် ။ NUG နဲ့  CRPH ကို ဘုရားတဆူ ဂူတလုံး လုပ်ပြီး ကိုးကွယ်ကြတယ် ။ 

       မီဒီယာပေါင်းစုံ မြှောက်ပေးကြတာကို ဂွေးတက်အောင် က ခဲ့ကြတယ် ။ အခု တောထဲမှာ ရက်ရက်စက်စက် အသတ်ခံနေရတော့ NUG က မအေလိုးကြီးတွေ ဘာပြောကြတာ တွေ့ရသလဲ....?

      မီဒီယာဆိုတဲ့ တိရိစ္ဆာန်တွေ ဖွင့်ချတာ တွေ့မိကြသလား...... ?

      လူအခွင့်အရေး အော်နေတဲ့ အနောက်အုပ်စုက ခွေးသူတောင်းစား တွေ ဘာသံထွက်လာကြပြီ လဲ.......?

      တပ်မတော်ကနေ ဖမ်းဆီးထားတဲ့  ဗုံးခွဲ မီးရှို့ လူသတ် နေတဲ့ အကြမ်းဖက် PDF တွေ နဲ့ အာဏာရူးတွေ အတွက် စာရင်းတွေ နဲ့ စာနာ ပြနေတဲ့ AAPP အဖွဲ့ ဘာပြောနေကြသလဲ..... ?

        CDM မလုပ်လို့ အသတ်ခံရတဲ့ Non CDM တွေ....

       စျေးရောင်းလို့ မီးရှို့ခံရတဲ့ စျေးသည်တွေ........

        ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးလုပ်လို့ အသတ်ခံရသူတွေ.......

       NLD အာဏာရအောင် သံပုံးမခေါက်လို့ ရက်ရက်စက်စက် အသတ်ခံရသူတွေ......

       CDM မလုပ်တဲ့ ဝန်ထမ်းလင်မယားရဲ့ လသားကလေး တဦးကို လည်ပင်းညစ်သတ်သွားတဲ့ လူယုတ်မာတွေ.......

         အဲဒီလို လုပ်ခဲ့ကြတာ တောထဲက ပြန်လာကြတဲ့ GZ တွေ ချည်းပါပဲ ။ အဲသလို အပြစ်မဲ့သူတွေ အပေါ်  ရက်ရက်စက်စက် လက်ရဲဇာတ်ရဲ သတ်ဖြတ်ဖို့ ကြံစည်ပြီး သင်တန်းသွားတက်နေတဲ့ လူယုတ်မာ အလောင်းအလျှာလေးတွေကို ခင်ဗျားတို့က ကယ်ခိုင်းနေကြပြန်ပါပြီ ။ 

       တကယ့်တရားခံ လူယုတ်မာ အုပ်စု ဆာဆာ ၊ ဇော်ဝေစိုး ၊ ပန်ဆယ်လို ၊ မင်းကိုနိုင် ၊ ဇာနည်ထိုက် ၊ DVB ၊ BBC ၊ RFA ၊ မြန်မာနောင်း ၊ ​ဧရာဝတီ ၊ မိဇ္ဇမ နဲ့ လူယုတ်မာ NLD ပါတီဝင်တွေ ဘာလုပ်နေကြသလဲ....... ?

        တပ်မတော်က ကယ်ပေးပါ ဟုတ်သလား.. ? ကိုယ့်ကို သတ်ဖြတ်ဖို့ တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့  ရန်သု့ဆီ ခစားနေတဲ့ သူပုန်လောင်းတွေကို ပြန်ကယ်ဖို့ ဆိုပြီး အဖိုးတန် တပ်မတော်သားတွေရဲ့ အသက်ကို စွန့်စားခိုင်းနေကြတာလား.... ?

         အခု တောထဲမှာ အသတ်ခံနေကြရတာက...သာမန် လူငယ်တွေ မဟုတ်ဖူး....

- သံဃာတွေကို ဆဲဆို သတ်ဖြတ်ခဲ့သူတွေ...

- ထမီတန်းမှာ သံဃာတော်ရဲ့ ပုံတော်တွေ ကပ်ခဲ့တဲ့သူတွေ.....

- မိဘတွေကို စွန့်လွတ်တယ်ဆိုပြီး တပြန်စီး ကြွေးကြော်ခဲ့သူတွေ ......

- ဆရာ / ဆရာမတွေကို CDM မလုပ်ပဲ စာသင်နေလို့ ဖာခေါင်း ၊ ဖာသည်ဆိုပြီး လွန်လွန်ကျူးကျူး စော်ကားသူတွေ..... 

- အပြစ်မဲ့ ကလေးတွေ ပညာသင်ကြားနေတာကို ဗုံးခွဲ သတ်ဖြတ်နေသူတွေ......

- လူယုတ်မာတွေ ခိုင်းသမျှ အသိဥာဏ်မသုံးပဲ လိုက်ကိုက်နေတဲ့ ခွေးရူးလို လူငယ်တွေ.......

      ခင်ဗျားတို့ လတ်တလော တက်နေတဲ့ နှစ်မိနစ်စာ Video လေးကြည့်ပြီး ရမ်းသန်း စပိအောက် မနေကြပါ နဲ့ ။ 

     အရာရာဟာ အကြောင်းကြောင့် အကျိုး ဖြစ်ကြရတာပါ ။ ခံစားမှုတွေ သိပ်မထားကြပါနဲ့ ။ လွမ်းစရာရှိရင် နာစရာ နဲ့ ဖြေတတ်ကြပါစေ ။ 

     အဲဒီကောင်တွေ တောထဲက ပြန်ထွက်လာရင် ရပ်ရွာတွေထဲမှာ ဘုန်းကြီးသတ် ၊ စျေးမီးရှို့ ၊ ကျောင်းတွေ ဗုံးခွဲ ၊ လူတွေသတ် ၊ ဆတ်ကြေးတောင်း နဲ့  ရောင်စုံဒုက္ခပေးကြမယ့် တိုင်းပြည်အမှိုက်တွေ ဆိုတာ မမေ့ကြပါနဲ့ ။

        ကျနော်တို့က သားသမီးခြင်း စာနာစွာနဲ့ အကျိုးအကြောင်း ရှင်းပြ နားချခဲ့ပေးပြီးပါပြီ ။ မိဘရင်းစကား နားမထောင်လို့ပဲ ဖြစ်ဖြစ် ၊ မိဘကိုယ်တိုင် မြှောက်ပေးလို့ပဲ ဖြစ်ဖြစ် ပြင်မရတော့ဖူး ။ ​ကြားထဲက​နေ စိတ်ညစ်ခံမနေကြပါ နဲ့ ။ 

        သဗ်ဗသေတ်တာ ကမ်မသကာ

            မျိုးဝင်း

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (34)



        လှသိန်းတို့ ပထမဆုံး ဥပဒေတွေ ပြင်ကြတယ်

    ရက်ပေါင်း ၁၈၀ အနည်းဆုံး နေပြီးမှ မဲထည့်ခွင့်ဆိုတာကို ရက် ၉၀ လို့ပြင်တယ် ...

      နောက် မဲခိုးဖို့ အတွက် ပြည်ပက စပိုင် ကွန်ပြူတာတွေကို လက်ခံကြတယ်....

     ပြည်ပထောက်ပံ့ငွေ နဲ့ ပစ္စည်း ဒေါ်လာ ၄၆ သန်း ရယူပြီး ပါတီ နဲ့ ရွေးကော် စမန်ခုတ်ပြနေတယ်...

      မဲစာရင်း အမှားတွေ တမင်လုပ်တယ် စစ်ဆေးတော့ ပြင်တယ် ၊ နောက်ဆုံး အတည်ပြု မဲလိမ်စာရင်းကို ဖွက်ထားတဲ့ အထိ ယုတ်မာခဲ့တယ်....

     Covid အကြောင်းပြပြီး ဥပဒေ အမျိုးမျိုး ထုတ်ပြန်ကာ ပြိုက်ဖက် ပါတီတွေ အပေါ် ယုတ်မာခဲ့ကြတယ်......

       ညွှန်ကြားချက် အမျိုးမျိုးကို ဥပဒေကျော်လွန် ထုတ်ပြန်ပြီး ကြိုတင်မဲ အချိန် ၁၀ ရက်လောက် စိတ်ကြိုက်ကောက်ခံခဲ့တယ်......

        မှတ်ပုံတင် မရှိသူတွေတောင် ရပ်ကျေး ထောက်ခံစာတွေ နဲ့  မဲပေးလို့ရအောင် အလွန်အကျွံ လုပ်ခဲ့ကြတယ်....

        မဲ ပုံးလိုက်လဲတယ် ၊ မှတ်ပုံတင်တခုနဲ့ မဲရုံကူးထည့်ကြတယ် ၊ အခြားပါတီထည့်တဲ့ မဲစာရွက်တွေ ဖျောက်ပစ်တယ်....

(မဲစာရွက် လိုနေတဲ့ မဲရုံတွေ ခိုးနည်း) 

      NLD ပါတီ အတွက် မဲပုံးထဲ ကြိုတင်ထည့်ထားပြတယ်.....

(မဲ လက်မှတ် ပိုနေတဲ့ မဲရုံတွေ ခိုးနည်း)

       အဲဒီလို စိတ်ကြိုက်ခိုးဖို့ ဆန္ဒမဲ လက်မှတ် ဘယ်နိုင်ငံမှာ ရိုက်ပါတယ် ၊ အစောင်ရေ ဘယ်လောက် ရိုက်ပါတယ် ဆိုတာကို မဖမ်းခံရတဲ့ မထုတ်ပြန်ပဲ လျှို့ဝှက်ထားခဲ့ကြတယ် ။ 

       ပညာရေးဝန်ထမ်းတွေဟာ မဲခိုးမှုတွေမှာ ပါဝင်ခဲ့ကြတာ အများစုပဲ ။ CDM လုပ်နေတဲ့ ဆရာတွေထဲမှာ မဲ သူခိုး 80 % ပါနေတယ်လို့ ယူဆပါတယ် ။ 

       လေ့လာဆန်းစစ်သူတွေကို လက်မခံရဲခဲ့ဖူး ။ ဦးတင်အေးတုန်းက ကြိုက်သလောက်လာခဲ့ အားလုံး ချပြတယ် ။ လှသိန်း ၊ မြင့်နိုင် မဲသူခိုးတွေ ဘာတခုမှ မပွင့်လင်းတာ မဲသူခိုးတွေ ဖြစ်နေလို့ပဲ ။ 

        ဒီပြဿနာတွေ မလာခင်ကတည်းက ပြိုင်ဖက် ပါတီတွေက NLD ရဲ့ UEC က ယုတ်မာပက်စက်နေတာ သိနေလို့ တပ်ချုပ်ကြီးကို တိုင်ကြတယ် ။ ရိုးသားစွာ ယှဥ်ပြိုင်ကြဖို့ တပ်ချုပ်ကြီးက သတိပေးပြီး တရားမျှတမှု ဖြစ်အောင် စောင်ကြည့်ပေးပါမယ်လို့ ကတိပေးခဲ့တယ် ။

     တပ်ချုပ်ကြီးက နိုင်ငံရေး သမားတွေ ရိုးသားကြပါ ဆိတ်ခေါင်းချိတ်ပြီး ခွေးသား လိမ်မရောင်းပါနဲ့ လို့ ဒေါ်စု​ကြည်ကို ​​ရှေ့တည့်တည့် ထား​ပြီး ဗြောင်ကျကျပြောခဲ့တယ် ။ 

        ဥပဒေ နဲ့ အညီ လုပ်ကြဖို့ အကြိမ်ပေါင်း များစွာ ပြောခဲ့တယ် ။ NLD ပါတီကတော့ UEC ဗန်းပြပြီး မဲခိုးဖို့ ကြံစည်ရင်း ပြည်သူတွေကို သူတို့ချမှတ်ထားတဲ့ covid ဥပဒေအား ဖောက်ဖျက် မဲဆွယ်လာပါတယ် ။ 

      အခြားသူတွေ မဲဆွယ်လာရင် နှောက်ယှက်ကြပြန်ပါတယ် ။ နောက်ဆုံး မဲခိုးပဲဲကြီး ကျင်းပပါပြီ ။ 

     ကြိုတင်ကြံစည်ထားတဲ့ အတိုင်း ခိုးမဲပေါင်း ဆယ်သန်း လေးသိန်း ကျော် နဲ့ အနိုင်ရရှိပါတယ် ဆိုပြီး ကြေညာပါတယ် ။ လက်စ လက်န များစွာနဲ့ ခိုးထားတဲ့ အချက်တွေကို တပ်မတော်က ဖော်ထုတ်ပါတယ် ။ 

       ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ် ။ UEC ဟာ သမ္မတအမိန့််နဲ့ တပ်မတော်ရဲ့ တောင်းဆိုမှုကို အရေးမလုပ်ပါဘူး ။ တပ်မတော်ကတော့ တဆင့်ပြီး တဆင့် ဥပဒေအတိုင်း ညှိနှိုင်းဖို့ ကြိုးစား နေပါတယ် ။ 

     နောက်ဆုံးမှာ လွှတ်တော်အသစ်မစမှီ  သက်တမ်းလက်ကျန်ရှိနေတဲ့ လွှတ်တော်ကနေ ဖြေရှင်းဖို့ ကြိုးစားပေမယ့် NLD လက်ကိုင်တုတ် လွှတ်တော်နာယက ဦးတီခွန်မြတ်က လက်မခံပဲ covid ကို အကြောင်းပြ ပိတ်ပြန်ပါတယ် ။ 

     တပ်မတော်ဟာ နောက်ပိတ်ဆုံး ကြိုးပမ်းမှု အဖြစ် တပ်ချုပ်ကြီး ကိုယ်တိုင် လက်ရေးမူနဲ့ ဒေါ်စုကြည်ထံသို့ ဖြေရှင်းပေးပါရန် တောင်းဆိုပါတယ် ။ 

     သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က အာဏာမသိမ်းပါဘူး လို့ အာမ မခံနိုင်ကြောင်း ဖြေသွားသလို  တပ်ချုပ်ကြီးကလည်း နိုင်ငံအတွက် ကျနော် မလုပ်ရဲတာ ဘာမှ မရှိပါဘူး လို့ ပြောကြား သတိပေးခဲ့ပါတယ် ။ 

      တပ်မ​တော်ဖက်မှ အာဏာသိမ်း ဖြစ်စဥ် မပေါ်ပေါက်စေရန်  သိသာထင်ရှားစွာ အချက်ပြပေးနေပေမယ့် ငါ တကော ကော နေတဲ့ ဒေါ်စုကြည်က ဘာရမလဲ သာဝရယ် ဘာညာ နဲ့ လမ်းဘေး စကား နဲ့ တုန့်ပြန်ရင်း ကိုယ့်သေတွင်း ကိုယ်တူးနေပါတော့တယ် ။ 

     လွှတ်တော်ကို ဇွတ်ခေါ်ပြီး နိုင်ငံတော် အာဏာကို အတင်းအဓမ္မ ရယူရန် ကြံစည်ပြီး လုပ်ဆောင်နေတဲ့ အတွက် တပ်မတော်ဟာ ၂၀၀၈ ခြေ / ဥ အား ထိမ်းသိမ်းစောင့်ရှောက်ပါမည်ဟု သစ္စာဆိုထားသော အဖွဲ့ကြီး ဖြစ်ရကား ပုဒ်မ ၄၁၇ ကို ချိုးဖောက်နေတဲ့ NLD အာဏာရူး မဲသူခိုးများ လက်တွင်းမှ 1-2-2021 နေ့မှာ ပဲ နိုင်ငံတော် နှင့် အာဏာအရပ်ရပ်ကို လက်ရှိ ခြေ / ဥ အရ ယာယီသမ္မတကြီး ဦးမြင့်ဆွေ ထံမှ တဆင့် လွှဲပြောင်းရယူလိုက်ကြပါတယ် ။

(အမတ်အဖြစ် အနိုင်ရရှိထားသော သမ္မတကြီး ဦးဝင်းမြင့်ဟာ လွှတ်တော်ဟောင်း သက်တမ်း ကုန်ဆုံးချိန်မှာ သမ္မတ မဟုတ်တော့ပဲ သာမန် အမတ်တဦးသာ ဖြစ်နေတဲ့ အတွက် ဒုတိယ သမ္မတ (1)  ဦးမြင့်ဆွေသည် ယာယီသမ္မတ ဖြစ်နေချိန် ကာလ မှာ အချိန်ကိုက် လှုပ်ရှားသွားတာ တွေ့ရပါတယ်)

      ဤသို့ဖြင့် မြန်မာ့သမိုင်းကြောင်းသည်ကား တဖန်ပြောင်းလဲ လာရချေပြီ တကား ။

           မျိုးဝင်း

စိတ်ခံစားမှု နဲ့ EQ


            မနေ့ညက ကိုယ့်ဘာသာကို ငယ်ဘဝ အကြောင်းတွေ ပြန်တင်ပြီး အေးအေးဆေးဆေး ဇာတ်ကားကြည့်နေမိပါတယ် ။ fb ပေါ်ကို ပို့စ် တင်ပြီးတာနဲ့ ဘာသတင်းမှ မဖတ်ဖူး ဇာတ်ကားပြန်ကြည့် ပါတယ် ။

         ကြည့်ကောင်းတုန်း ဖုန်းဝင်လာတယ် ၅၀၅ ကိစ္စရေးပါအုံး တဲ့ ။ ​fb တချက်ပြန်ကြည့်တော့ အနုပညာ သမား ၂၄ ယောက်ကို အမှုပြန်ရုတ်တာနဲ့ ပတ်သက်ပြီး အမျိုးသားရေး သမားတွေ ကမ္ဘာပျက်နေကြပြီ ။ 

           နောက် ငယ်ဘဝ မန့်လေးတွေ ပြန်ဖတ်ချိန်မှာ ၅၀၅ မန့်တွေ အများကြီး တွေ့ကြရပြန်တယ် ။ ကျနော်လည်း အကြောင်းရင်း ရှာကြည့်ရပါပြီ ။ အများစု မကျေနပ်တာက ချစ်သုဝေ နဲ့ သားငယ် ကို မကျေနပ်ကြတာ ။ 

         ထားတော့ ကျနော်လည်း မကျေနပ်ပါဘူး ။  အရေးကြီးတဲ့ ဘာကြောင့်ဆိုတာကို အဖြေရှာကြည့်မိပါတယ် ။ ဒီလူတွေက သူတို့ မှားခဲ့ပါတယ် နောက်နောင် ဒါမျိုး မလုပ်တော့ပါဘူး ဆိုပြီး ဝန်ခံကတိလက်မှတ်အစောဆုံး ထိုးခဲ့သူတွေ ။ 

       အနုပညာလောက မှာ ထပ်ပြီး ကွဲသွားတယ် ။ နစကဆီ ဒူးထောက်သူတွေ ဘာညာ ပေါ့ ။ အရေးကြီးတာက သူတို့ဆီက ထွက်ဆိုချက်တွေ နဲ့ သက်သေတွေက အကြီးစား လောက်တွေ အတွက် ဆိုက်ယာနိုက်အဆိပ်တွေပဲ ။

       ချစ်သုဝေကို ကင်းလွတ်ခွင့်ပေးလိုက်တာ တောထဲက ကလေးတွေကို အချက်ပြလိုက်တာပဲ ။ ဒေါ်စုကြည်ရဲ့ အမာခံတောင် အရေးမယူဖူး မင်းတို့ ဝေလေလေ အဆင့်တွေ ထွက်ပြေးခဲ့ကြတော့ ဆိုတဲ့ မက်ဆေ့ ပို့လိုက်တာ ။ နောက် ချစ်သုဝေ ဆီက အတွင်းစကားတွေ ဘယ်လောက် နှိုက်ထုတ်လို့ ရပြီလဲ ဆိုတာ တွက်ဆကြည့်နိုင်ပါပြီ ။ မြကျောက်သရက် သည် ဒီလောက်တော့ဖြင့် မချဥ်ပါဖူး ။

      သားငယ် အဆင့်ဆိုတာ နိုင်ငံရေး အဆင့်မှာ သုံးစားမရပါဘူး ။ ကမ္ဘာကြီးက IQ ကို အရေးထားသလို EQ လို့ ခေါ်တဲ့ သည်းခံစိတ် ကိုလည်း တန်ဖိုးထားပိုင်းဖြတ်နေတာ သတိပြုမိဖို့ လိုပါမယ် ။ 

         နစက အနေနဲ့ သူတို့ ဒီလို လွှတ်ပေးမယ် ဆိုတာ အစောကြီးကတည်းက ပြောခဲ့တာလေ ၊ ခင်ဗျားတို့က ဘာတွေ ခံစားနေကြတာ တုန်း ။ ဇော်မဲလုံးကြီး သတင်းစာရှင်းလင်းပွဲ မှာ ကြိုပြောသွားတယ် လေ.......

           တပ်မတော်က စစ်မျက်နှာ ဝိတ်လျော့လိုက်တာပါ ။ အခုလို လွှတ်​​ပေး​တော့ ဝရမ်းပြေး အချင်းချင်း မလွှတ်တဲ့ သူတွေက မနာလိုစိတ် နဲ့ စိတ်ဝမ်းကွဲပြီ ။ အပုပ်ချကြလိမ့်မယ် ။ ပုန်ကန်သူတွေ စိတ်ဝမ်းကွဲတာ နိုင်ငံတော် အတွက် အမြတ်ထွက်ပါတယ် ။ 

            တပ်မတော် ဝန်းရံသူတွေ ဟာ စိတ်ခံစားမှု များနေပါတယ် ။ GZ လေးတွေ အသတ်ခံနေကြရတော့ သနားနေကြတာလည်း ဒီလူတွေပါပဲ ။ GZ တွေ ဗုံးခွဲ လူသတ် မီးရှို့ လုပ်နေလို့ စိတ်ဆိုးနေကြတာလည်း ဒီလူတွေ ပါပဲ ။ 

           တချိန်တုန်းက ဘရွှေကြီးတောင် ဗုံးခွဲမှု နဲ့ ပတ်သက်ခဲ့တဲ့ မင်းသမီးဇင်မာဦးကို သတင်းပေး ပြန်မွေးပြီး လွှတ်ပေးခဲ့ဖူးတယ် ဗျ ။ 

           နောက်ထပ်လည်း လွှတ်ပေးအုံးမှာ သိပ်ပြီး ခံစားမနေကြပါ နဲ့ ။ အရမ်းစော်ကားထားတဲ့သူ လွှတ်ပေးလေ အဲဒီလူပေးထားတဲ့ အတွင်းသတင်း နဲ့ သက်သေနဲ့ တကွ ခိုင်လုံလေ ဖြစ်နေတယ်လို့ သဘောပေါက်သင့်တယ် ဗျ ။

      ပြန်လွတ်တဲ့ သူတွေထဲက တပ်မတော်ကို ချက်ခြင်း ပြန်ဆဲတဲ့ သူတွေ ၊ အရေးမစိုက်ဖူး ဆိုတဲ့ အပေါက်နဲ့ လက်သုံးချောင်း ထောင်ပြသူတွေများ တွေ့ခဲ့ရင် ခင်ဗျားတို့ ပြုံးပြုံးကြီး ကြည့်သာနေလိုက် အဲဒါ ဒလံ အကြီးစားတွေပဲ ဗျ ။ 

           မြကျောက်သရက်သီးကို စျေးကြီးပေး ဝယ်စားနေကြတာ အဲသလို ချို / ချဥ် ဖြစ်နေလို့ တဲ့ ။ 

          ဒီလို ​လွှတ်ပေးလိုက်တာ မြို့ပြ GZ တွေကို 80 % လောက် ချုပ်မိပြီဆိုတဲ့ အချက်ပြမှုလည်း ဖြစ်နေတယ် ဗျ ။ အခုဆို အကြွင်းအကျန်လေးတွေ ထလှုပ်နေတဲ့ အနေအထားပဲ ရှိပါတော့တယ် ။ 

        လှုပ်တဲ့သူလည်း ငရဲပြည်ကို ဗီဇာမပါပဲ တိုက်ရိုက်ပို့နေတာ အားလုံးအသိပဲလေ ။

      မိတ်ဆွေတွေကို ပြောချင်တာက စိတ်ခံစားမှုကို ကိုယ့်အသိ ကိုယ့်အတွေးအခေါ် ကိုယ့်ဗဟုသုတ လေးလောက်နဲ့ ခံစားပြီး ပေါက်ကွဲမနေကြပါ နဲ့ ဗျာ ။ ကိုယ်ပဲ စိတ်ဆင်းရဲ ရတာကိုး ။ 

      သာဝ ဆဲထားတဲ့ သားငယ် လွှတ်ပေးလို့ စိတ်ဆိုးနေသလား.... ? သူတောင် အဆဲခံနိုင်တာ ခင်ဗျားတို့က နာစရာလား ဗျ...? မကျေနပ်ဖူးလား ဒီကောင် သီချင်းဆိုတဲ့ အချိန် ခဲ နဲ့ ထုလို့ရတာ အမြတ်လို့ သဘောထား....... 

     ချစ်သုဝေ လွှတ်ပေးလို့ စိတ်ဆိုးနေသလား...... ? သူ့ဆီက အဖိုးတန် အတွင်းသတင်း ရနေတာလို့ သဘောပေါက်ရမယ်.. နောက် ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ အကြွေးဆပ်ဖို့ တရားပြန်ဆွဲလို့ ရပြီဆိုတာ သဘောပေါက်ထားလိုက်ပါ ဗျာ ။ 

      ကဲ မျိုးချစ်မိတ်ဆွေတွေ စိတ်ခံစားမှုတွေ လျှော့ထားပြီး ကျန်းမာရေးသာ ဂရုစိုက်ကြပါဗျာ ။ မြကျောက်ကြီးကတော့ သူ့မူအတိုင်း ချိုလိုက် ချဥ်လိုက် နဲ့ သွားနေမှာပါ ။ အချိန်တန်တော့လည်း မသမာသူတွေ ကျဆုံးသွားမှာ ပါပဲ ဗျာ ။ 

           မျိုးဝင်း

Sunday, June 27, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (33)



         ICJ ကနေ တရားစွဲတယ် ဆိုတဲ့ နို့တစ်လဲ ပို့လိုက်ရော NLD က ရှေ့နေပါ ငှားပြီးပြီ ဆိုတဲ့အကြောင်း ၂၄ နာရီ အတွင်း သတင်းထုတ်ပြန်ခဲ့ပါတယ် ။ 

      NLD ပါ​တီရဲ့ ဥပတိရုပ် ပျက်လောက်တဲ့ ကိစ္စ နှစ်ခု ရှိပါတယ် ။ ကိုဖီအာနန် အစီခံစာကို လိုက်နာပါ့မယ် ဆိုပြီး စာထုတ်ပြန်တာလည်း ၂၄ နာရီ အတွင်းပဲ ။ ICJ ကို ရင်ဆိုင်ပါမယ် ဆိုတာလည်း ၂၄ နာရီ အတွင်းပဲ ချက်ချင်း တုန့်ပြန်ခဲ့ပါတယ် ။ ဒါဟာ ဘယ်အချက်ကို ပြနေသလဲ ဆိုရင် 

-ဒေါ်စုကြည် တယောက်တည်း သဘောနဲ့ ဘယ်သု့မှ မတိုင်ပင်ပဲ ထက်ရာစိုင်းနေခြင်း

- တိုင်းပြည်အပေါ် ကြိုတင် အကောက်ကြံ ယုတ်မာထားခြင်း ဆိုတဲ့ အချက် နှစ်ချက်ကို ထင်ရှားစေပါတယ် ။ 

       ICJ ပြဿနာကို ရှင်းတော့လည်း ထုံးစံအရဆိုရင် ရှေ့နေတွေ သွားရှင်းရမှာပါ ။ ဒါကိုပဲ ဒေါ်စုကြည်ဟာ သူကိုယ်တိုင် နန့်နန့်တက် သွားရှင်းပါတယ် ။ သွားတော့လည်း တပ်မတော်သား ခြံခုန်တွေပဲ ခေါ်သွားပါတယ် ။ မိခင် အဖွဲ့အစည်း အပေါ် သစ္စာဖောက်ခဲ့သူ ဆိုတာ တိုင်းပြည်အပေါ်မှာလည်း သစ္စာဖောက်ဖို့ ဝန်မလေးတဲ့ လောက်ကောင်တွေ မို့ပါပဲ ။ 

          ICJ မှာ ထုံးစံအရ တရားသူကြီး ၁၇ ဦး ရှိပါတယ် ။ ၁၅ ဦးက ပင်တိုင် ကျန် ၂ ဦးက တရားလို ၊ တရားခံ က ငှားကြရတာပါ ။ ကိုယ်ငှားတဲ့ တရားသူကြီးက ကိုယ့်ကို မဲပေးကြတာ ထုံးစံပါပဲ ။ ဒါပေမယ့် ထူးခြားစွာပဲ ဒေါ်စုကြည် ထွက်ဆိုချက်တွေကြောင့် မြန်မာက ငှားထားတဲ့ တရားသူကြီးကိုက ဂမ်ဘီယာနိုင်ငံဖက်ကို မဲပေးခဲ့လို့ 
၁၇ မဲ ၀ မဲ နဲ့ စောက်ရှက် ကွဲခဲ့ရပါတယ် ။ 

      အရည်အချင်း မရှိတာထက် အဲလိုဖြစ်အောင် ဒေါ်စုကြည် တမင် ယုတ်မာခဲ့လို့ ဖြစ်ပါတယ် ။ ICJ ထွက်ဆိုချက်ကို NLD အနေနဲ့ တရားဝင် မထုတ်ပြန်ရဲကပါဖူး ။ ဘာကြောင့်လည်းဆိုတော့ တိုင်းပြည်ကို သစ္စာဖောက်ပြီး တပ်မတော်ကို ချောက်ချခဲ့တဲ့ အတွက် မထုတ်ပြန်ရဲတာပါ ။ 

        ကျနော် အသေးစိတ်ရေးဖူးပါတယ် 

- ဘဂ်ါလီတွေကို အကြမ်းဖက်လို့ မသုံးပဲ တော်လှန်သူတွေ တဲ့ ။

- သုတို့က ရာစုနှစ်ပေါင်းများစွာကတည်းက မြန်မာပြည်မှာ နေခဲ့တာတဲ့ ။ 

- ရခိုင် ဗုဒ္ဓဘာသာ အစွန်းရောက် အကြမ်းဖက်တွေက တိုက်ခိုက်သတဲ့ ။ 

- တပ်မတော်က လိုအပ်တဲ့ အင်အားထက် မလိုအပ်ပဲ  အလွန်အကျွံ အင်အားသုံးပြီး ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် တိုက်ခဲ့ကြသတဲ့ ။ 

        ကိုင်း အကြမ်းဖျင်း အဲသလို ယုတ်မာစွာ ထွက်ဆိုခဲ့ပါတယ် ။ 

     ဆရာမကြီး ဒေါ်ရင်ရင်နွယ်က ကာလကို အလျှော့မပေး နဲ့ ပျော့ရင် နင်းတတ်တာ ကုလအကျင့်ပဲ ၊ ICJ ကို ကိုယ်က လက်မခံရင် ဘာမှ မဖြစ်ဖူး ဆိုပြီး အကြံပေးခဲ့ပါတယ် ။ 

      ကုလမှာ အဆင့်မြင့်ကိုယ်စားလှယ်အဖြစ် တရုတ်လို ဗီတိုအာဏာရ တိုင်းပြည်ကြီးမှာ တာဝန်ထမ်းဆောင်ခဲ့သူ ၊ တရုတ် သမ္မတကနေ  ဂျက်ကီချမ်း အထိ တွေ့ချင်လို့ပါ ဆိုရင် တလေးတစား လာတွေ့ရသူ ဆရာမကြီး အကြံကိုလည်း ကုလမှာ နေ့စား စာပေးစာယူ လောက် လုပ်ခဲ့ရသူ ဒေါ်စုကြည်က လက်မခံပါဘူး ။ 

      ဘယ်လက်ခံမလဲ သူက တိုင်းပြည်ဖျက်ဖို့ ကြံစည်နေတဲ့ ယုတ်မာသူကိုး ဗျ ။ ဒီနေရာမှာ ဒေါ်စုကြည်ရဲ့ ပညာအရည်အချင်းကို မသိသူတွေ အတွက် ပြောပြချင်ပါတယ် ။ 

        အောက်စဖို့စ် ဝင်ခွင့်ရဖို့ လော့မောင့်ဘက်တန်က ဘုရင့်ဆွေမျိုး အခွင့်သြဇာသုံးပြီး လုပ်ပေးခဲ့တယ် ။ ပညာရေးမှာ ဓားမနောက်ပိတ်ခွေး အဆင့် 3th အဆင့်ကနေ ဘွဲ့ရခဲ့တယ် ။ 3 th အဆင့်ဆိုတာ တကယ်တန်း စာမေးပွဲ ကျတယ် လစာ မှန်မှန်ပေးရင် အအောင်ပေးလိုက်တယ် ။ လစာ မပေးရင် အကျပေးတယ် ။ သူ့အဆင့် မှန်းသာ ကြည့်တော့ ။

         ထား​တော့ဗျာ ICJ မှာ အဲလိုဖြစ်ပြီး အခု တရားရင်ဆိုင်ကြရအုံးမယ် ။ ဒေါ်စုကြည် ရှုံးတဲ့ အဆင့်က တရားစွဲသင့် မစွဲသင့် အဆင့်မှာ ရှုံးထားတာပါ ။ တကယ်စစ်ရင် နှစ်ပေါင်းများစွာ ကြာအုံးမယ် ။ 

     နောက်ဆုံး ဘာလုပ်ပါ ညာလုပ်ပါ အမိန့်ချမယ် ။ မလုပ်ဖူးကွာ ယီး ဖြစ်လားဆိုပြီး ဘာမှ လုပ်မပေးဖူး ဆိုပါတော့ ။ ICJ က ကုလ ကောင်စီမှာ တင်ပြမယ် ။ တရုတ် နဲ့ ရုရှား တနိုင်ငံက ဗီတို နဲ့ ပယ်ချမယ် ပွဲပြီး ပြီ ဒါပဲ ။ 

     ရှေ့မှာ ICJ ဆုံးဖြတ်ချက် မလုပ်ပေးတဲ့ အမှုတွေ မရေနိုင်ဖူး ။ ပူပန်နေကြမှာ စိုးလို့ တဆက်တည်း ရေးလိုက်တာပါ ။ 

         ဒီလိုနဲ့ မဲပေးရမယ့် ရာသီ ရောက်ခါနီးလာပြန်ပါပြီ ။ တရုတ်ပြည် ဝူဟန်က စတဲ့ COVID ကလည်း ကမ္ဘာကို ပတ်နေပါပြီ ။ အာဏာရူး ဒေါ်စုကြည်ကတော့ ပြင်ဆင်မှု မလုပ်ပဲ မဲဆွယ်နေပါတော့တယ် ။ 

        လေဆိပ်တွေ မပိတ်တော့ ပြည်တော်ပြန်တွေကနေ ကူးလာပါတယ် ။ ဗုဒ္ဓဘာသာ တရားပွဲတွေ ၊ အလှူတွေ ၊ မဂ်လာဆောင်တွေ ဖမ်းပါတယ် ။ ခရစ်ယာန် တရားပွဲ မပိတ်ပါဖူး ။ အင်းစိန် ခရစ်ယာန် တရားပွဲကနေ ကူးလိုက်တာ အားလုံး ပြန့်သွားပါတယ် ။ 

       ဒေါ်စုကြည်ဟာ သာမန်ပိတ်စနဲ့ mask ချုပ်ဖို့ တိုက်တွန်းတယ် ။ ဘယ်မှာ ချုပ်မလဲ ဆိုတော့ Q စင်တာကနေ ချုပ်ပြီး အပြင်ကို ပေးကြပါတဲ့ ။ ဒီလောက် စောက်ကျက်သရေတုန်း တဲ့ အကြီးအကဲ မတွေ့ဖူးပါဘူး ဗျာ ။ 

       မြန်မာပြည်သူတွေ ရဲ့ ကံတရားလို့ ပြောရမလားမသိဖူး covid ပထမလှိုင်းက အငေအပျောက် မရှိသလောက် နဲ့ ငြိမ်သွားပါတယ် ။ ဒါကိုပဲ အစိုးရ အစီအမံ ကောင်းလို့တဲ့ အံ့​သြပါ့ ။

        မဲစာရင်းတွေ ထုတ်ပြန်ပါပြီ ။ ပေါက်ကရ အမှားတွေ ဗလပွ နဲ့ မို့ ပြောကြပါတယ် ။ ပြန်ပြင်တယ် မှားတုန်းပဲ ။ covid ဒုတိယလှိုင်း ဘဂ်ါလားမှာ ဝင်ပြီ ။ အနောက်နယ်စပ်ကို ဖွင့်ပေးထားတယ် ။ ပြည်သူတွေ ပြောလည်း စောက်ဂရုမစိုက်ပါဘူး ။ လင်ပါသားတွေ အတွက် ဒလဟော ဖွင့်ထားပါတယ် ။ 

      အကျိုးဆက်ကတော့ မြန်မာပြည် covid ဒုတိယလှိုင်း ဝင်လာရတာပါပဲ ။ သူများလှူထားတဲ့ စစ်ဆေးတဲ့ စက်တောင် ရအောင်သယ်မထားဖူး ။ 95 N Mask အတုတွေ နဲ့ ဆရာဝန်တွေကို ကုသစေတယ် ။ တကယ့်ကို ဗရန်းဗတာ ပါပဲ ။ 

      တပ်မတော်မှာ စစ်ဆေးနိုင်တဲ့ စက်ရှိပေမယ့် ဆေးမရှိလို့ မစစ်နိုင်သေးဘူး ။ ဆေးရလာတော့ ကူပြီး စစ်ဆေးပေးမယ် ဆိုတာ လွှဲမပေးခဲ့ဖူး ။ အစိုးရ လက်ထဲက စစ်ဆေးတဲ့ စက်ကိုလည်း မီးစက် မရှိလို့ ဆိုပြီး မစစ်ဆေးပေးဖူး ။ 

      ပြည်သူ့အသက်တွေ နဲ့ ရင်းပြီး covid နဲ့ နိုင်ငံရေး ကစားခဲ့တဲ့ ယုတ်မာမှုတွေ မြင်အောင်ကြည့်စမ်းပါ ။ သေချင်သလောက် သေလို့ရတယ် ။ ဆေးဖိုး စာရင်း လိမ်စားပြတယ် ၊ အင်မတန်ယုတ်မာတဲ့ ဆေးလောက အဖြစ် ​မြင်တွေ့ရပါပြီ ။ 

       ဆရာဝန်တွေဟာ covid အကြောင်းပြုပြီး သြဇာအာဏာ ကြီးလာပြတယ် ။ ဒါကို သာယာနေပြီး အာဏာစွဲသွားကြပြီ ။ နိုင်ငံရေးသမား NLD ပါတီကလည်း covid ဗန်းပြ ကစားလို့ ရနေပြီ ။ ဘဏ္ဍာငွေ နဲ့ ပြိုင်ဖက်အပေါ် နှိပ်ကွပ်မှု တွေ စိတ်ကြိုက်လုပ်လို့ ရနေပါတယ် ။ 

         Q ဝင်သူတွေကို အလှူရှင်တွေက ကျွေးတယ် အဲဒါကို ဒေါ်စုကြည်က တယောက် ခြောက်သိန်း စာရင်းပြတယ်  ။ Q + တွေကို စီဗစ်ပဲ တိုက်တယ် တယောက်  ၁၅.သိန်း တဲ့ ။ အရေးပေါ် ICU သမား သိန်းခြောက်ဆယ် တဲ့ ၊ အောက်စီဂျင်တောင် လောက်အောင် မပေးနိုင်ပဲ စာရင်းပြတာပါ ။ အဲသလို ဘဏ္ဍာတွေကို ဗြောင်ခိုးခဲ့တာ ဒေါ်စုကြည် ကိုယ်တိုင်ပါပဲ ။

     အဲသလောက်နဲ့ မရပ်ပါဖူး ။ ပြည်သူတွေ အားကိုးနေရတဲ့ အဖြူရောင် ပရဟိတတွေကို သူ ဥက္ကဌ လုပ်တဲ့ ကော်မတီလက်အောက် ဝင်ရမယ်ဆိုပြီး အမိန့်ထုတ်ပြန်ပါတယ် ။ NGO ဆိုတဲ့ အဓိပ္ပါယ်ကို က အစိုးရ နှင့် မသက်ဆိုင်သော အစုအဖွဲ့ ဆိုတာကို မသိလောက်အောင် အာဏာရမ္မက် ဖုံးကွယ်နေပေပြီ ။ 

        ဒီကြားထဲမှာ မဲပေးမယ့် စည်းမျဥ်းတွေကို ဥပဒေအား ကျော်လွန်ပြဌာန်းပါတယ် ။ မဲခိုးဖို့ပါ တပါတည်း အကွက်ကျကျ လုပ်ပုံတွေကတော့ မသပ်မရပ် နဲ့ လူတိုင်းသိသာစေခဲ့ပါတယ် ။ 

     မဲခိုးဖို့ လှသိန်းတို့ ဘယ်လိုတွေ ကြိုတင် ယုတ်မာထားသလဲဆိုတော့.........   

          မျိုးဝင်း

Saturday, June 26, 2021

ရုရှားတွေ ဘာကြောင့် ကူညီသလဲ



          ရုရှားနိုင်ငံအနေနဲ့ မြန်မာပြည်ကို စစ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး အကူညီပေးခဲ့တာ များလှပါပြီ ။ ယခု အရေးကြီးတဲ့ စစ်ဘက်သုံး ရေယာဥ်အကြီးစား ဆိပ်ကမ်း အသုံးပြုခွင့် သဘောစာချုပ် ချုပ်ဆိုခဲ့ပြတာ သူဘာပြန်လိုချင်သလဲလို့ တွေးစရာတွေလည်း ရှိနေပါတယ် ။ 

       ရုရှားအတွက် ကမ္ဘာ့မြောက်ခြမ်း နဲ့ တောင်ဖက်ခြမ်းကို ကူးလူးဆက်ဆံနိုင်ဖို့ အိန္ဒိယ သမုဒ္ဒရာ နဲ့ ပစိဖိတ် ဒေသရှိ ဆိပ်ကမ်းတခုကို သုံးစွဲခွင့် ရလိုက်တာဟာ အလွန် တန်ဖိုးကြီးပါတယ် ။ 

         အမေရိကန် နဲ့ တရုတ်  အားပြိုင်မှု ကြားထဲမှာ ညှပ်နေတဲ့ မြန်မာပြည်ဟာ တတိယအင်အားစု ရုရှားကိုပါ ကစားကွက်ထဲ ထိုးသွင်းလိုက်တဲ့ အတွက် တုန့်ပြန်မှုတွေကတော့ စောင့်ကြည့်ရပါအုံး မယ် ။ 

          လာအိုက ရုရှားလေတပ် နဲ့ မြန်မာက ရေတပ် ဆိပ်ကမ်း တို့ဟာ ချိတ်ဆက်မိမိ မြန်မာပြည်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ် ။ 

      ရုရှားအတွက် မဟာမိတ်ရှာရင်း အင်အားဖြန့်ကျက်ရာမှာ အရှေ့တောင်အာရှ အတွက် မြန်မာ နဲ့ ဗီယက်နမ်ကို လက်တွဲနိုင်ခြင်းဟာ သူတို့အတွက် အကောင်းဆုံး လုပ်ဆောင်ချက်လို့ ယူဆပြီး မြန်မာပြည်ကို ကူညီကြတာပါ ပဲ ။ 

        နောက်တချက်ကတော့ မမြင်ရတဲ့ သံယောဇဥ်ကြောင့် ကူညီခြင်းလို့လဲ ယူဆပါတယ် ။ ဘာကြောင့်လဲ ဆိုရင် မြန်မာစစ်ဖက်အရာရှိတွေ ရုရှားမှာ သက်တန်းပေါင်းစုံ တက်နေကြတာ နှစ်ပေါင်း အစိတ်လောက် ရှိပါပြီ ။ 

      နိုင်ငံပေါင်းများစွာ လက်ခံသင်ကြားပေးနေတဲ့ အထဲမှာ ရုရှားဆရာတွေဟာ မြန်မာလူမျိုးတွေကို အတော်လေး ချစ်ခင် သံယောဇဥ် ကြီးတယ်လို့ ကြားသိရပါတယ် ။ 

     ဘာကြောင့်လဲ ဆိုရင် ကျနော်တို့ရဲ့ ချစ်စရာကောင်းတဲ့  ဓလေ့ထုံးစံကြောင့်ပါပဲ ။ ဆရာဆိုရင် ဘုရားစင်ပေါ်တင် ကိုးကွယ်ကြတဲ့ လူမျိုး ၊ ခင်ပွန်းကြီး ဆယ်ပါးကို မပစ်မှားဖို့ ဆိုဆုံးမလေ့ ရှိတဲ့ လူမျိုးတွေ ဖြစ်လေတော့ ရုရှားဆရာတွေ အပေါ် ရိုသေလေးစားစွာ ဆက်ဆံကြမှာ သေချာပါတယ် ။ 

     ကိုယ့်ကို အလေးထား ဂရုတစိုက် ဆက်ဆံတတ်တဲ့ တပည့်တွေကို ဆရာတွေက ပိုပြီး ချစ်ခင်ကြတာ သေချာပါတယ် ။ ဆရာတပည့် အဆင့်ထက် ပိုမိုနွေးထွေးတဲ့ မေတ္တာအရင်းခံ ဆက်ဆံရေးကြောင့် မြန်မာ့တပ်မတော် ရဲ့ အခက်အခဲတွေကို ကူညီပေးနိုင်ဖို့ ဒီလို သြဇာကြီးတဲ့ ဆရာတွေက တိုက်တွန်းကြမှာ သေချာပါတယ် ။ 

        ကာလတခု ဖြတ်သန်းပြီးချိန်မှာ အစေဆုံး ရုရှားပြန်တွေ ထိပ်တန်းရာထူးတွေ ရနေသလို ၊ ကျောင်းနေဖက် ရုရှား အရာရှိတွေ နဲ့  ဆရာတွေကလည်း ပိုမိုကြီးမားတဲ့ သြဇာအာဏာရ ထိပ်တန်း ပုဂ္ဂိုလ်တွေ ဖြစ်နေကြမှာပါပဲ ။ 

     အဲဒီလို သမိုင်းကြောင်းတွေကြောင့်သာ ဒီကနေ့လို အခြေအနေထိ တိုးတက်လာတဲ့ စစ်ရေးမဟာမိတ် အဆင့်ထိ ရောက်လာရတာပါ ။ ယုံကြည်မှု နဲ့ မေတ္တာတရား ဆိုတာ ဝယ်ယူလို့ မရနိုင်ပါဘူး ။ 

         မြန်မာပြည်အတွက် အရှေ့မြောက် တရုတ်နယ်စပ်က ကချင် ၊ ဝ ၊ ကိုးကန့် အတွက် လိုရမယ်ရ  SAVE  ဖြစ်အောင် စီစဥ်ထားလျှင် စိတ်ပူစရာ မလိုတော့ပါဘူး ။ 

          မျိုးဝင်း

စပိုင် နိုင်ငံတော်လား ?

Post  အဟောင်း ပါ ပဲ  အမှုရှာနေတဲ့ နစက  
လေ့လာ သုံးတပ်လို့ ရ အောင် ပြန်တင်ပေးတာပါ 😁😁

စပိုင် နိုင်ငံတော်လား ?
===============

      ရေးဖူးတယ် fb team ကနေ ချက်ခြင်းတခါတည်း ပို့စ်ကို ဖျက်ပစ်တယ် ။ ok ထပ်ရေးမယ် ထပ်တင်တယ် ဒီလို ဖျက်တဲ့ ပို့စ် ဆိုတာမျိုးက အချက်အလက် သူတို့ ငြင်းမရဘူးဆိုရင် ဖျက်တတ်တယ် ။ ကော်ပီယူပြီး save ထားမှ အဆင်ပြေပါမယ် ။

        မြန်မာပြည်မှာ ဒီမိုစနစ်နဲ့ အုပ်ချုပ်ပြီ ဆိုကတည်းက ဂျော့ဆိုးရော့ ဆိုတဲ့ မကောင်းဆိုးဝါးကြီးက အကွက်ချောင်းရေခဲ့တာ အားလုံးအသိပါပဲ ။ 

     ဂျော့ဆိုးရော့ဟာ 2013 -14 -15 နှစ်စဉ်လာပြီး ဦးသိန်းစိန်နဲ့ တွေ့တယ် ။ တွေ့တိုင်းလည်း သူတစိုက်မတ်မတ် တောင်းဆိုတာ တခုတည်းပဲ ။ အဲဒါကတော့ သူ့တပည့် ဦးသောင်းထွန်းကို ဝန်ကြီးတနေရာ ပေးဖို့ တောင်းဆိုတာပဲ ။ 

     ဦးသိန်းစိန်ကတော့ ဒါဟာ ပြည်တွင်းရေးစွတ်ဖက်တာ အချုပ်အခြာ အာဏာကို စော်ကားလို့ သတ်မှတ်ပြီး လုံးဝ လက်မခံခဲ့ပါဘူး ။ ဂျော့ဆိုးရော့ ပေးမယ့် အကူအညီတွေကိုလည်း စွန့်လွှတ်ခဲ့ရမှာပေါ့လေ ။ 

       အစိုးရ အပြောင်းအလဲ ဖြစ်ပြီးနောက် NLD အစိုးရလက်ထက် 13-1-2017 နေ့မှာ ဂျော့ဆိုးရော့ လာပြီး ဒေါ်စုနဲ့တွေ့ကြတယ် ။  

         OK  14-1-2017 မှာ ဦးသောင်းထွန်းကို အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးအကြံပေးခန့်အပ်တယ် ။ 

      နိုင်ငံခြားရေးဝန်ကြီးဌာန ရှိနေပါလျှက် နိုင်ငံခြားစီးပွါးဆက်ဆံရေး အတွက်ဆိုပြီး ဝန်ကြီးဌာနအသစ်ဖွဲ့ပြီး ဦးသောင်းထွန်းကို ဝန်ကြီးခန့်ခဲ့တယ် ။ 

    ဟုတ်ပြီ ဦးသောင်းထွန်း ဝန်ကြီးဖြစ်ပြီ ၊ အမျိုးသားလုံခြုံရေး အကြံပေးဖြစ်ပြီ ။ သူဘာတွေလုပ်ပြသလဲ ? ရခိုင်အရေးမှာ သူတို့တောင်းသမျှ ပေးလိုက်ပါတဲ့ မပေးရင် R 2 P နဲ့ ရင်ဆိုင်ရမယ်တဲ့ ။ သူကပြန်ပြီး ခြိမ်းခြောက်ခဲ့တယ် ။ ဘယ်သူ့အလိုကျ ပြောခဲ့တာလဲ စဉ်းစားပေါ့ လေ ။ 

      နောက်တယောက်ကတော့ ဒုတိယသမ္မတ ဦးဗန်ထီးယူ ဖြစ်ပါတယ် ။ သူဟာ ကိုယ်ရေးရာဇဝင်မှာ နိုင်ငံခြားကို မသွားဖူးဘူးလို့ လိမ်ညာခဲ့ပါတယ် ။ 

    တကယ်တော့ သူဟာ 7-6-2009 ကနေ 2015 အထိ နယူးဇီလန်ကို ၆ ခေါက်တိတိသွားခဲ့ပါတယ် ။ ပတ်ပို့စ် နံပါတ် A 321604 နဲ့ဖြစ်ပါတယ် ။ ဇနီးသည် နဲ့ မိသားစုအားလုံး နိုင်ငံခြားမှာ နှစ်ရှည်နေခဲ့ကြပါတယ် ။ 2015 ကျမှ မြန်မာပြည်ကို ပြန်လာကြပါတယ် ။ 

     NLD ပါတီက သူ့ကို ဒုတိယ သမ္မတအဆိုတင်သွင်းတော့ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက ဥပဒေနဲ့ မညီလို့ ကန့်ကွက်ခဲ့ပါတယ် ။ နိုင်ငံခြားမှာ နေခဲ့ရင် အစိုးရရဲ့ တာဝန်အရ စေလွှတ်ခြင်း မရှိပါက အဲလို ရာထူးယူလို့ မရပါဘူး ။ 

        ခြေ / ဥ နဲ့ မကိုက်ညီလို့ ခြေ / ဥ ဥပဒေခုံရုံးကို မေးမြန်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ် ။ ဒါပေမယ့် အဲဒီအဆိုကို ပယ်ချပြီး ခန့်အပ်ခဲ့ပါတယ် ။ ဒီတချက်တည်းလား ဆိုတော့ မဟုတ်ပါဘူး ။ အရေးကြီးတာ လာပါပြီ ။ 

    ဦးဗန်ထီးယူဟာ 15-1-2015 နေ့မှာ Flight No SQ 998 နဲ့ ပြန်ရောက်လာပါတယ် ။ ပါတ်ပို့စ် နံပါတ်က M 413428 ဖြစ်သွားပါပြီ ။ 

      - 17-7-2015 မှာ NLD ပါတီထဲ ဝင်ခဲ့ပါတယ် ။ 

     - ပါတီဝင်သက်တမ်း ၄ လ ခန့်မှာပဲ ထူးဆန်းစွာ အမတ်လောင်း ဖြစ်ခဲ့ပါတယ် ။ 

     - 3-2-2016 အမှာ အမတ်ဖြစ်သွားပါပြီ ။

      - 15-3-2016 နေ့မှာ ပိုမိုထူးဆန်းစွာနဲ့ ဒုတိယသမ္မတ ဖြစ်သွားပါတယ် ။ 

        မြန်မာ့နိုင်ငံရေး လောကကြီးမှာ ပါတီဝင် သက်တမ်း ၈ လ လောက်နဲ့ ဒုတိယသမ္မတ အထိ တက်ဖြစ်သွားတာ အံ့သြစရာပါပဲ ။ ကမ္ဘာပေါ်မှာတောင် မရှိလောက်ပါဘူး ။ 

     အဲလိုဖြစ်တော့ ပါတီအတွင်းမှာ ဆူညံပူညံသံတွေ ထွက်လာလို့ သစ်ခုတ်သမားတွေ ပန်းပုဆရာတွေ နဲ့ ပလီတိခြောက်ချက် ပြောခဲ့ကြတာ မှတ်မိကြမှာပါ ။ 

       လေ့လာသူ လူအများ သုံးသပ်ကြတာကတော့ CIA ရဲ့ တောင်းဆိုမှုကြောင့်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ် ။ ဟုတ်မဟုတ်ကတော့ မိမိဘာသာ ဆန်းစစ်ကြည့်ကြဖို့ပါပဲ ။ 

      နောက်တယောက် ထင်ရှားစွာပြောချင်တာက ဒေါ်စုအကြံပေးဟောင်း ဂျိုးဖစ်ရှာ ဖြစ်ပါတယ် ။ တကမ္ဘာလုံးရဲ့ ထောက်လှန်းရေးလောကသားတွေ သိထားကြတဲ့ ဗြိတိသျှရဲ့ MI 6 အဖွဲ့ဝင် ဂျိုးဖစ်ရှာကို အတွင်းဆုံး စည်းထဲအထိ သွင်းခဲ့တာ ဒေါ်စုပါ ။ 

     ဝလုံး နဲ့ ကျော်စိုးဦး တို့ ထောင်ကနေ လွှတ်ပေးမှာကို ပြည်ထဲရေးဝန်ကြီး မသိခဲ့ရပေမယ့် ဂျိုးဖစ်ရှာက ကြိုတင်သိနေတယ် ။ သူကိုယ်တိုင် လာကြိုပြီး ၂၄ နာရီ မပြည့်ခင် သစ္စာဖောက် ၂  ယောက်ကို အမေရိကန်ဆီသို့ ဂျိုးဖစ်ရှာ ခေါ်သွားနိုင်အောင် NLD အစိုးရ လုပ်ပေးခဲ့ပါတယ် ။ 

    ယနေ့အထိ အကြံပေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံခြားသား ၉၀ ကျော်ဟာ ဝန်ကြီးဌာနတွေရဲ့ အတွင်းရေးတွေကို အားလုံးသိသွားကြပါပြီ ။ ကံကောင်းတာက ကာကွယ်ရေး နဲ့ ပြည်ထဲရေးကို ထိုးဖောက်မရအောင် ချုပ်ခဲ့တဲ့ ၂၀၀၈ ခြေ / ဥ ကြောင့်ပါပဲ ။ 

     အဲဒါကြောင့်ပဲ အရပ်သားအစိုးရလက်အောက်မှ စီမံခန့်ခွဲနိုင်အောင် တောင်းဆိုနေကြတာပါ ။ 

    ကဲ စပိုင် နိုင်ငံတော်ဆိုတာ ယုံပြီလား ။ ငြင်းချင်သလား ?  ဦးဗန်ထူးယူ နဲ့ ဦးသောင်းထွန်း တို့ဟာ လက်ရှိရာထူးအမြင့်စားတွေ နဲ့ ပုဂ္ဂတွေဖြစ်ပါတယ် ။ အထက်ပါ အချက်များ မဟုတ်ခဲ့ရင် တရားစွဲနိုင်ပါတယ် ။ တရားရုံးကြမှ ပုတ်သင်ဥတွေ ထပ်ပြီး အပေါ်ခံနိုင်ရင်ပေါ့လေ ။

(NLD လျှမ်းလျှမ်းတောက်ကာလ တုန်းက ဒဲ့ ရေးထားတာပါ တယောက်မှ မလှုပ်ရဲကြပါဘူး မှန်လား မှားလား တွေးကြည့်ကြပါ)

             မျိုးဝင်း

လိုအပ်ချက်များ



          ကိုစိုးတယောက် လက်ဖက်ရည်ဆိုင်က ဖုန်းဆက်ခေါ်လို့ လိုက်သွားရပြန်ပါတယ် ။ စားသောက်ပြီးတော့ လေကန်ရတာပေါ့ လေ...

"ငမျိုးရေ အခုတလော ကောလဟာလ တွေ အရမ်းများနေပြီး မင်းလုံးဝ မရေးတဲ့ အကြောင်းတွေ စဥ်းစားမိလို့ကွ ''

"ဘာတွေလဲ ဗျ ''

"ပထမဆုံး ပန်ဆယ်လို HD ကြီး ဒီလောက် ဟော့ နေတာ မင်း လုံးဝ မရေးဖူးနော် ''

"ကြည့်လည်း မကြည့်ဖူး စိတ်လဲ မဝင်စားဖူး သူ့လယ်ကွက် သူ့ဘာသာ ခရမ်းခေါင်းသီး စိုက်စိုက် ၊ ပြောင်းဖူးစိုက်စိုက် ကိုယ့် အလုပ်မှ မဟုတ်တာ ဗျာ ခင်ဗျားလို နေရာတကာ ငံတန်တန် လုပ်မနေနိုင်ပါဘူး ''

"ဟိုက်..လုပ်ချလိုက်ပြန်ပြီ ကဲ ထားပါကွာ ဒါနဲ့ အဲဒီကောင်မကို သူလျှိုလွှတ်ထားသလိုလို ဘာလိုလို ပြောနေကြတာကရော ဟုတ်ရင် ဟုတ်တယ် မဟုတ်ရင် မဟုတ်ဖူး စုံစမ်းရေးစမ်းပါအုံး ''

"လာပြန်ပြီ ဗျာ ဒီအတိုင်း ပြောနေကြတာ ကိုယ့်အတွက် အမြတ်ချည်းပဲ သူတို့ချင်း သတ်လို့ သေလည်း အေးတာ ပဲ လေ ''

"တကယ် စပိုင်ဆိုရင် နှမျှော စရာကွာ ''

"ဘာနှမျှောနေရမှာလည်း တသက်လုံးက တက်မတော်အပုပ်ချ စီးပွားရှာခဲ့ပြီးမှ တပ်မတော်အတွက် စပိုင်လုပ်ပေးတေည့ကော သူ့သစ္စာက အမြဲ ယုံကြည်ရမှာလား ဗျာ ဒီလောက်သုံးပြီး တော်ရောပေါ့ ''

"အေး ကွ ဒါလည်း မှန်တာပဲ ဒီတော့ ကောလဟာလကို ရေးစရာ မလိုဖူးပေါ့ ''

"မလိုဖူးလေ ဒါမျိုးတွေက စိတ်ဓာတ်စစ်ဆင်ရေး အရ လိုအပ်တယ် တချို့ပို့စ်တွေက သတင်းမှားတွေ ကိုယ်သိနေတာပဲ ဝင်မငံဖူး ကျော်သွားလိုက်တယ် GZ တွေ အတွက် သတင်းဆိုးဖြစ်နေရင် လိုအပ်တဲ့ ကောလဟာလ မို့ ပဲ ''

"ဒါဆို မင်းကိုယ်တိုင် ရေးလေ''

"ACC မှာ သူ့ပရိတ်သပ်နဲ့သူရှိတယ် ဗျ ကျနော့်မိတ်ဆွေတွေက အကျိုးအကြောင်း ခိုင်လုံမှ ယုံကြည်သူတွေ ပေါက်ကရ ရေးလို့ မရဖူး ''

"နေအုံးကွ လက်နက် ကိစ္စအတွက် နောက်ထပ် အဝင်မခံရအောင် ဘယ်လို ပိတ်ဆို့ကြရမလဲ ကုန်စည်စီးဆင်းမှုလည်း မထိခိုက်အောင် ပေါ့ ''

"အခု တွေ့နေတဲ့ လက်နက်တွေက ၂၀၁၈ - ၁၉ ကတည်းက ဝင်ထားတဲ့ လက်နက်တွေလို့ ကြားတယ် ဗျ ''

"သြော် နဂိုကတည်းက ကြံစည်ထားတာပေါ့ ဒါကြောင့် မဲခိုးတဲ့ ကိစ္စကို ဗြောင်လုပ်ပြီး ပြန်မရှင်းပဲ နေကြတာကိုး ''

"ဟုတ်တယ် ခုနမေးတဲ့ သယ်ယူပို့ဆောင်ရေး အတွက် စစ်ဆေးဖို့ နည်းကောင်းတွေ ရှိတယ် ဗျ မလုပ်ခဲ့ကြတာ ပဲ ''

"အေး ဘယ်လိုလဲ ကွ ''

"LAY LWIN MAF ဆိုတဲ့ အကောင့်က ရေးဖူးတယ် ဗျ ၂၀၁၂ - ၁၃ လောက်တုန်းက "ယာဉ်နှင့်ကုန်ပစ္စည်းစစ်ဆေးရေးစံနစ်ပါမော်တော်ယာဉ်"(Mobile Truck & Cargo Scanner Vehicle) တွေ ဝယ်ဖို့ ပြောဖူးတယ် ဦးသိန်းစိန်ရဲ့ ဝန်ကြီးတွေက လက်မခံဖူးတဲ့ ''

"အဲဒီကားတွေက ''

"ရွှေ့ပြောင်း စစ်ဆေးလို့ ရတယ် 
X-Ray, Infrared စတဲ့..ဓာတ်ရောင်ခြည်သုံးစနစ်တွေပါတဲ့.ခေတ်မီစံနစ်ဖြစ်လို့ အချိန်မကုန်ပဲ အတွင်းက ကုန်စည်တွေကို တိတိကျကျ စစ်ဆေးနိုင်တယ် ''

"ကောင်းလှချည်လား ကွ ဘာလို့ မဝယ်ကြတာလည်း ''

"ကားတွေက အမေရိကန်ထုတ်တွေ ဒေါ်လာ တသန်း တန်ကနေ သုံးသန်း တန် အထိ ရှိတယ် ဘာလို့ မဝယ်တာလည်း ဆိုတော့ လဝက ၊ ပထရ ၊ အကခ ဆိုတဲ့ ဌာနတွေက သူခိုးတွေ ခိုးမရမှာ စိုးလို့ အကြောင်းအမျိုးမျိုး ပြပြီး ပိတ်ဆို့ထားလို့ပေါ့ ဗျာ ''

"ဟိုက်...လာဘ်စားလို့ မရမှာစိုးရိမ်ပြီး ခွင့်မပြုကြတာပေါ့ ''

"အားမနာတမ်းပြောရရင် ဟုတ်တယ်ဗျာ အခုထိ အဲဲဒီ လမ်းတကျောက ဂိတ်မှန်သမျှ လာဘ်စားနေကြတုန်းပါပဲ ''

"အင်း မင်းဆိုရင် ဘယ်လို လုပ်မှာလဲ ''

"အဲလို ကားမျိုး အစီး ၁၀၀ လောက်ဝယ်ပြီး အထိုင်အစီး ၅၀ ထားမယ် ရွှေ့လျှား အစီး ၅၀ နဲ့ ပိုက်စိတ်တိုက်စစ်လိုက်ရင် သေနတ် နဲ့ ခဲယမ်း မပြောနဲ့ မူးယစ်ဆေးလဲ သွင်းရမှာ မဟုတ်တော့ဖူး ဗျ ''

"အေး ကုန်မယ့် ဒေါ်လာ သန်း ၃၀၀ ဆိုတာ မနည်းဖူး နော် ''

"ပိုလျှံသွားမယ့် ဝန်ထမ်းလစာ နဲ့ ခံစားခွင့်တွေရယ် ၊ တိုးပြီး ရလာမယ့် အခွန်အခရယ် ၊ သိမ်းဆည်းဖမ်းမိနိုင်မယ့် မှောင်ခို ပစ္စည်း တန်ကြေးရယ် တွက်ကြည့်ရင် အရင်းကြေကာလ သုံးလ ပေါ့ ဗျာ ''

"အေးဟ ဟုတ်တယ် ကွာ ဒါပေမယ့် ခက်တာက တို့တိုင်းပြည်မှာ ကိုယ်ကျိုးရှာ သမားတွေပဲ အခိုင်အမာ နေရာ ရနေတာ ခက်တယ် ကွ ''

"ခေါင်လုံရင် အကုန်လုံအောင် လုပ်လို့ရပါတယ် ဗျာ မခက်ပါဘူး ''

"အေးပါ ကွာ ဒီနေ့တော့ အာသာပြေပြီဟေ့ ပြန်ကြစို့ နေအုံးကွ ရုရှား က မြန်မာကို ဘာလို့ ဒီလောက် ကူညီနေတာလည်း ရေးအုံးကွာ ''

"အေးပါ ဗျာ ရေးပါ့မယ် ''

         မျိုးဝင်း

Friday, June 25, 2021

မှန်းဆသည်ထက် ပိုမိုကောင်းမွန်သော



          တပ်ချုပ်ကြီး ရုရှားကို သွားတဲ့ ခရီးစဥ်အတွက် ကြိုတင် တွက်ဆထားမိတဲ့ ကာကွယ်ရေး လက်နက်တွေ အကြောင်း စိတ်ကူးယဥ်ဖူးပါတယ် ။ 

      ရေငုပ်သဘော်အသစ် ၊ SU 30 ထက်မြင့်သော တိုက်လေယာဥ်  57 အထိ ၊ လေကာစနစ်သစ်များ ၊ အစရှိသည်တို့ကို တွေးဆပြီး ရေးသားခဲ့ဖူးပါတယ် ။

      အံ့သြစရာ ကောင်းတာက တပ်ချုပ်ကြီး ပထမဆုံး ကြည့်နေတဲ့ လက်နက်ပါပဲ ။ ဘာလဲဆိုတော့ စနိုက်ပါ ကို ဦးဆုံးလေ့လာနေပါတယ် ။ အမှန်အတိုင်း ပြောရလျှင် အဲသလောက်သေးသေးမွှားမွှား ကို စိတ်ဝင်စားမယ်လို့ မထင်မိပါဘူး ။ ကိုယ်တိုင်လည်း ထုတ်နေတာကိုး ။ 

        ဒါပေမယ့် တပ်ချုပ်ကြီး ကြည့်နေတဲ့ စနိုက်ပါရဲ့ ပါဝါကို ကြည့်ပြီးမှ သဘောပေါက်သွားပါတယ် ။ သူက တမိုင်အကွာအထိ ပစ်လို့ရပါတယ် ။ ထူးခြားချက်က တမိုင်အကွာရှိ  ၅ လက္မအထူ ကွန်ဂရစ်ကို ဖောက်ထွင်းထိမှန်နိုင်တဲ့ အစွမ်းသတ္တိပါပဲ ။ 

         နံရံကို ထွင်းဖောက် ထိမှန်အောင် ပြင်းထန်တိကျတဲ့ စနိုက်ပါကို ဝယ်ယူမယ့် စာရင်းထဲ ဦးစွာ ထုတ်ပြန်ခဲ့တာ မြို့ပြတိုက်ပွဲစိတ်ကူးယဥ် ​နေတဲ့ GZ တွေ အတွက် တွေးကြည့်ရင် သွေးပျက်စရာပါပဲ ။ စနိုက်ပါဆိုတာ လေယာဥ်လို ၊ သဘော်လို အမှာစာရမို့ ထုတ်လုပ်တာ မလုပ်ပါဖူး ။ လိုချင်ရင် စျေးထဲက သီးမွှေးငှက်ပျောသီး ဝယ်သလို ''ရော့ - အင့် '' ရပါတယ် ။ 

           နောက်ထပ်ကြည့်နေတာက AI နည်းပညာပါတဲ့ စက်ရုပ်တပိုင်း အကြမ်းဖက် နှိမ်နင်းရေး ယာဥ်ဖြစ်ပါတယ် ။ Uran 9 ဆိုတဲ့ လူမဲ့ယာဥ်ဟာ AI (ဥာဏ်ရည်တု) နည်းပညာကြောင့် သူ့ဘာသာ ပစ်မှတ်ရှာ သူ့ဘာသာ ဆုံးဖြတ်ပြီး ပစ်ခတ်နှိမ်နင်းနိုင်စွမ်း ရှိပါတယ် ။ 

        အထက်က နံရံဖောက် စနိုက်ပါရယ် လူမဲ့ Uran 9 ရယ် ပေါင်းလိုက်ရင် တပ်ချုပ်ကြီးရဲ့ အစီအစဥ်အရ မြို့တွင်းအကြမ်းဖက်ဖို့ တွေးနေတဲ့ GZ တွေ အတွက် ဘယ်နေရာက ဘယ်ရန်သူ နဲ့ တိုက်နေရမှန် မသိပဲ အူကြောင်ကြောင် နဲ့ ဘဝပြောင်းရမယ့် အနေအထားပါပဲ ။ 

         လေတပ်အတွက်ကတော့ မထင်မှတ်တဲ့ SU 25 အသံ ထွက်နေတယ် ။ ကျနော်တို့ မျှော်လင့်နေတာ SU 30 SME အထက်လေ ဘယ်နှယ့် SU 25 လဲပေါ့ ။ ဒါနဲ့ SU 25 ကို ပြန်လေ့လာမိတယ် ။ 

     ကဲ ဒီသတင်း မှားပါစေသာ ဆုတောင်းကြပေတော့ ၊ ဘယ်သူတွေ ဆုတောင်းရမှာလည်း ဆိုရင် EAOs တွေ ဆုတောင်းရမှာပါ ။ သူက မြေပြင်ထိုးစစ်အတွက် သီးသန့်ထုတ်ထားတာပါ ။ အရမ်းခေတ်နောက်ကျပြီ မတွက်နဲ့ SU 24 နဲ့ ခေတ်အမှီဆုံး ​အဂ်လန်ရေတပ် စစ်သဘော်ကို မောင်းထုတ်ခဲ့တာ ရက်ပိုင်းပဲ ရှိပါသေးတယ် ။ 

          လေကာစနစ်အတွက်လည်း လေ့လာနေတာ တွေ့ရပါတယ် ။ ဒါပေမယ့် အရမ်းစျေးများတဲ့ S 400 အတွက်တော့ အနာဂါတ်အတွက်ပဲ ချန်ထားမယ်ထင်ပါတယ် ၊ ရုရှား S 400 ကို အတုခိုးထားတဲ့ တရုတ် S 400 တွေ ဝယ်ထားတာ ဦးသိန်းစိန်လက်ထက်က ရှိနေသေးတာကိုး ။ 

          ရေတပ်အတွက်ကတော့ မှန်းဆထားသလိုပဲ မင်းရဲသိခ်သူထက် မြင့်တဲ့ ညီတော်တွေ ပါလာနိုင်ပါတယ် ။ တကယ်တန်းကျတော့ အခုပြောနေတာတွေက အပရိက အဆင့်တွေပါပဲ ။ တကယ့်အနှစ်က နှစ်နိုင်ငံ အကြီးစား စစ်သဘော်တွေ နားခိုနိုင်မယ့် ဆိပ်ခံကြီး တည်ဆောက်ဖို့ သဘောတူ စာချုပ်ပဲ ဖြစ်ပါတယ် ။

       စာချုပ်က အနာဂါတ် ကာကွယ်ရေး အတွက် အလွန်အရေးလှပါတယ် ။ အခြေစိုက် စခန်း မဟုတ်ပဲ ရိက္ခာဖြည့် ၊ ဆီဖြည့် ၊ ခဲယမ်းဖြည့် ဆိုတဲ့ လုပ်ငန်းစဥ်တွေကို မြန်မာ့ကမ်းရိုးတန်းမှာ ရုရှားစစ်သဘော်တွေ လာလုပ်ကြပါလိမ့်မယ် ။ 

       အဲလို လုပ်ပြီဆိုတာနဲ့ ဒီ ရုရှား စစ်သဘော်တွေ ရဲ့ လုံခြုံရေးကိစ္စတွေကို သူတို့ဘာသာ ဆောင်ရွက်ကြပါလိမ့်မယ် ။ ဆိပ်ကမ်းလုံခြုံရေး အတွက် ကာကွယ်ရေး လက်နက်တွေက ဘာတွေ ပါလာမလဲ တွေးကြည့်ပါ ။ 

        အဆင့်မြင့်ဆုံး လေကာစနစ်တွေ ပါလာရပါမယ် ၊ ဝေဟင် မြေပြင် ​ရေ​ပြင် ကာကွယ်ရေးသာမက ရေအောက် ကာကွယ်ရေး စနစ်တွေပါ ပါလာမှာ သေချာပါတယ် ။ 

       နတ်မျက်စိလို့ ခေါ်ရမယ့် ဂြိုလ်တုကနေ အချိန်ပြည့် စောင့်ကြည့်နေပါလိမ့်မယ် ။ အဲဒီလို အဆင့်ရောက်ဖို့ မြန်မာတပ်မတော် ပုံမှန်ကြိုးစားနေရင် နောက် အနှစ် ၂၀ တောင် မသေချာပါဖူး ။ အခုစာချုပ်အရ အမြဲဆန်းသစ် နေတဲ့ ရုရှားရဲ့ ခေါတ်အမှီဆုံး ကာကွယ်ရေး စနစ်တွေ နဲ့ ငွေမကုန်ပဲ ရနေနိုင်တဲ့ အစီအမံပါပဲ ။ 

      တရုတ်ကို အားကိုးနေရတာ ဝိတ်လျော့သွားသလို အနောက်အုပ်စုရဲ့ ယုတ်မာစွာ အခြေချနေထိုင်ရေး မဟာစီမံချက် မျော်လင့်ချက် အိပ်မက်ကြီး ပျက်ပြယ်သွားတာ ဧရာမ အကျိုးကျေးဇူးရပါမယ် ။ 

       ယနေ့ မြန်မာပြည်ကို ဒုက္ခပေးနေတဲ့ အမေရိကန်ရဲ့ ရည်ရွယ်ချက်က တရုတ် နဲ့ အိန္ဒိယကို ခွထိုင်ပြီး အနီးကပ် စောင့်ကြည့် ဒါးနဲ့ထောက်ထားနိုင်မယ့် မြန်မာ့မြေမှာ အခြေစိုက်စခန်း ထားနိုင်ရေး ဖြစ်ပါတယ် ။ 

     ယခုလို အမေရိကန် နဲ့ နျူလက်နက် ပါဝါတူ ရုရှားကို မဟာမိတ်အဆင့် လက်ခံလိုက်တော့ သူတိုးလို့ မရတာ သိသွားပါမယ် ။ မြန်မာအပေါ် ထားနေတဲ့ မျှော်လင့်ချက် လက်လျှော့သွားတာနဲ့ ပြည်တွင်းသစ္စာဖောက်တွေ အပေါ် အာရုံမကျတော့ပဲ လစ်လျူရှူသွားမယ် ဆိုရင် ပွဲပြီးပါပြီ ။

       တရုတ်အနေနဲ့လည်း နယ်စပ်ရှိ EAOs တွေ နဲ့ ကစားနေတဲ့ နိုင်ငံရေး ကစားကွက်ကို ပြန်လည်သုံးသပ်ပါလိမ့်မယ် ။ ဒီဆိပ်ကမ်း စာချုပ်ဟာ မြန်မာအတွက် ပင်လယ်ဖက်က လာနိုင်မယ့် အန္တရာယ်တွေ အတွက် အင်မတန် ခိုင်ခန့်တဲ့ တံတိုင်းကြီး ဖြစ်ပါတယ် ။ 

    ကုန်ကုန်ပြောရရင် ခိုးဝင်စက်လှေအစ ခိုးဝင်းငါးဖမ်းလှေ သစ်မှောင်ခိုစက်လှေ အဆုံး အဝင်အထွက်လုပ်လို့ မရနိုင်တော့ပါဘူး ။ အဲဒါကြောင့် ဆိပ်ကမ်းစာချုပ် ချုပ်ဆိုနိုင်ခြင်းသည်ကား တပ်ချုပ်ကြီးရဲ့ မဟာအောင်ပွဲ ၊ တနည်း မြန်မာပြည်အတွက် မဟာအောင်ပွဲ အဖြစ် ရှုမြင်မိကြောင်းပါ ခင်ဗျာ ။

(အဖျက်သဘော နဲ့ ရုရှားစစ်သဘော်တွေ ရှိနေရင် နျူလက်နက်တွေ နဲ့ အချိန်ခံရမယ် ပြောမနေပါနဲ့ နျူလက်နက်ဆိုတာ မိနစ်ပိုင်း အတွင်း လိုရာ ချိန်တွယ်ပစ်ခတ်လို့ ရနေတဲ့ စနစ်ဖြစ်နေပါ ပြီ)

          မျိုးဝင်း

လှုပ်လေ မြှပ်လေ



            NLD ရဲ့ သဘောက်ကတွေ ကြုံးဝါးနေကြတာ ဘာတဲ့ 30 ရက်နေ့ မြို့သိမ်းတိုက်ပွဲ တဲ့လား ။ 

     မိတ်ဆွေတွေကလည်း စိုးရိမ်နေကြမှာပါပဲ ။ ဟုတ်ကဲ့ သာမန်တွေးကြည့်ရင်တော့ စိုးရိမ်စရာပါပဲ ။ ဘာကြောင့်လဲ ဆိုရင် မိထားတဲ့ လက်နက် အနေအထား ကြည့်ပြီး စိုးရိမ်ကြရတာပေါ့ ။ မမိလိုက်တဲ့ အရေအတွက် ဘယ်လောက်များနေမလဲ ဆိုတာ စိုးရိမ်စရာပါပဲ ။ 

      ကဲ NUG နဲ့  PDF တို့ ပြောထားသလို 30 ရက်နေ့ ဘာဖြစ်နိုင်မလဲ တွေးကြည့်ကြရအောင် ဗျာ ။ 

     မြို့တွေမှာ တိုက်ကွက်ဖော်ပြီ ဆိုတာ နဲ့ တပ်မတော်ကလည်း တုန့်ပြန်မှာပဲ ။ အိမ်တွေ တိုက်ခန်းတွေကြားကနေ တိုက်ကြမှာပေါ့ ။ လမ်းပေါ်က PDF ကတော့ မသာဘယ်စျေးလဲ ဖြစ်သွားမှာ သေချာတယ် ။ 

      တိုက်ခန်းတွေထဲ ပစ်ရင် ဘာဖြစ်မလဲ ။ မန္တလေးက နမူနာပြထားပြီ RPG လာမှာ ပဲ ။ လက်ခံထားတဲ့ တိုက်ခန်းပိုင်ရှင် မိသားစုလိုက် ဆွမ်းသွပ်ပေးမယ့် လူတောင် ကျန်မှာ မဟုတ်ဖူး စဥ်းစားကြပေါ့ ။  

         တပ်မတော်က စစ်ဆင်ရေးနယ်မြေဆိုရင် စစ်ရေး အမြင်နဲ့ပဲ ဆော်ပလော်တီးမှာ နော် ။ ကျည်လာတဲ့ အရပ်ကို သူ့ထက်သာတဲ့ လက်နက်နဲ့ ဆော်မှာ ပဲ ။ စပိအောက်ချိန်တောင် ရလိုက်မှာ မဟုတ်ဖူး ။ 

      ဒီတော့ သူတို့ ကြွေးကြော်သလို 30 ရက်နေ့ တိုက်ပါစေသာ ဆုတောင်းကြစမ်းပါ ။ ဒါမှ အမြစ်ပြတ် ကိုင်လို့ ရကြမှာပါ ။ 

     မတိုက်ဖူးလား ကိစ္စမရှိပါဖူး ၊ မိထားတဲ့ လူစွမ်းကောင်းတွေ အများကြီး ဖော်ကောင်ချည်းပဲ အေးအေးဆေးဆေး လိုက်ဖော်ထုတ် ဖမ်းဆီးနေမှာ ပါ ။ 

      အကယ်၍ ကြွေးကြော်ထားသလို မတိုက်နိုင်ရင် နဂိုက မှ လေလှိုင်း အစိုးရပါဆို အခုလည်း လေပါပဲ ကွာ ဆိုပြီး သူတို့လေလှိုင်း မိနေတဲ့ ထောက်ခံသူတွေ စိတ်ပျက်သွားလိမ့်မယ် ။ 

       အခုအနေအထားက NUG နဲ့ PDF အတွက် လှုပ်လေ မြှပ်လေ အနေအထားပဲ ။ မန္တလေးကိစ္စကြောင့် သူတို့ အဖွဲ့ သွေးပျက်သွားကြတယ် ။ ဒါကြောင့် တောက်တဲ့အဖမ်းခံရတာ မဟုတ်ဖူး ဘာညာ နဲ့ သိက္ခာမရှိတော့တဲ့ မီဒီယာတွေ နဲ့ ပြန်လိမ်နေကြတာပဲ ။ 

      ရှင်းရှင်းလေးပဲ မဟုတ်ဖူးဆိုရင် အဲဒီကောင် live လွှင့်လိုက် ပြီးရောလေ ။ အခုတော့ တပ်မတော်က အထောက်အထားတွေ နဲ့ ပြောနေတာကိုပဲ ဖင်ပိတ် ဗြောင်လိမ်နေရတဲ့ သွေးပျက်နေရတဲ့ အနေအထားပါပဲ ။ 

       ဒီတပွဲ အတွက် တပ်မတော်ဖက်ကလည်း တိကျပြတ်သားတဲ့ အမိန့် ပေးထားပြီလို့ ကြားသိရပါတယ် ။ သက်ဆိုင်ရာ စစ်တိုင်းမှူးများ မိမိနယ်အတွင်း စိတ်တိုင်းကျ နှိမ်နင်းခွင့်ပေးလိုက်ပါပြီ ။ အဓိကကျတဲ့ မိမိနယ်မြေအတွင်း အကြမ်းဖက်မှု ပပျောက်အောင် လိုအပ်တဲ့ အင်အားသုံးခွင့်ပြုထားပြီလို့ ကြားရပါတယ် ။ 

     သေချာတာကတော့ ဒီလိုအမိန့်ပေးလို့မှ အမြစ်ပြတ် မလုပ်နိုင်တဲ့ စစ်တိုင်းမှူးတွေ အနာဂါတ် မလှမှာ သေချာပါတယ် ။ ဒီတော့ သူတို့ကလည်း အစွမ်းကုန် လုပ်ပြကြမှာ သေချာပါတယ် ။ 

       မြေပြင်က အချိန်ကုန် လူပမ်း ဖြစ်နေတဲ့ တပ်ဖွဲ့တွေကတော့ လက်သွေးနေတာ ကြာပါပြီ ။ 

      မြို့ကြီးတွေ နဲ့ နာမည်ကြီး မြို့တွေ အတွက်တော့ နှစ်များစွာ လေ့ကျင့်ထားတဲ့ အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့တွေ နဲ့ ညားရဖို့ အကြောင်းရှိနေပါတယ် ။ သူတို့ လက်စွမ်းကတော့ မန္တလေးမှာ အမြည်းကျွေးတာ ကြည့်ပြီး သိနိုင်ပါပြီ ။ 

      PDF တွေ လက်ခံပြီး တိုက်ခိုက်ဖို့ စိတ်ကူးထားတဲ့ တိုက်ခန်းရှင်များ နဲ့ အိုးပိုင် အိမ်ပိုင်များ အကြမ်းဖက် ဥပဒေ နဲ့ ပြစ်ဒဏ်တွေကို လေ့လာစေချင်ပါတယ် ။ မျိုးဆက်တွေ လမ်းဘေးမရောက်စေချင်ရင် အေးအေးနေကြဖို့ အကြံပြုပါတယ် ။ 

      30 ရက်နေ့ လှုပ်ရှားမှု အတွက် NUG နဲ့  PDF အတွက်ကတော့ လှုပ်လေမြှပ်လေမို့ ကြိုက်တယ် ။ 

      မျိုးဝင်း

(မနေ့က ACC ကျသွားပြန်ပါပြီ ပို့စ် နှစ်ပုဒ်ပဲ တင်လိုက်ရပါတယ် ၊ အသစ်ထပ်ဖွင့်ပါတယ် ၊ ဖွင့်ပေးကြတဲ့ မိတ်ဆွေအားလုံး ကျေးဇူးတင်ပါတယ်)
https://www.facebook.com/profile.php?id=100070146300709

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (32)


          ဒီမိုကရေစီပါတီကြီး ဆိုပြီး ဂျင့်ထည့်ထားတဲ့ NLD ပါတီရဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို လေ့လာကြပါအုံး ။ fb ပေါ်ကနေ ရေးသမျှကို ငွေပေးဖြတ်တောက်ခိုင်းနေကြပါတယ် ။

      ဝေဖန်မှုတွေကို အနည်းငယ် မှားယွင်းတာ နဲ့  တသက်လုံးက မကြားခဲ့ဖူးတဲ့ ပုဒ်မ ၁၂၄ (က) လို တသက်တကျွန်း ပြစ်ဒဏ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ ယုတ်ယုတ်မာမာ တရားစွဲပါတယ် ။ 

     ယခင်က ထောင်ဒဏ် ၂ နှစ်မျှသာ ချမှတ်နိုင်တဲ့ ၆၆ (ဃ) နဲ့ ၅၀၅ ဆိုတဲ့ ပုဒ်မတွေကတော့ အပျင်းပြေ တရားစွဲတဲ့ ပုဒ်မတွေ ဖြစ်ကုန်ရပါပြီ ။ 

       ဒီလို ယုတ်မာတဲ့ အပြုအမူတွေ အပေါ်မှာတော့ လူ့အခွင့်အရေး အော်ပေးမယ့် ပြည်ပငွေဝယ်ကျွန် မီဒီယာ အများစု နှုတ်သီးရိုက်ခံထိထားတဲ့ ခွေးနာတွေလို မအူကြ မဟောင်ကြပါဖူး ။
......လွတ်လပ်စွာ ပြောဆိုခွင့်ကို အဲသလို ပိတ်ပင်တားမြစ်ခဲ့သလို ဆန္ဒပြပွဲများကိုလည်း ရက်စက်ယုတ်မာစွာ ဖြိုခွဲခဲ့တာပါပဲ ။

          မန္တလေး သံဃာတွေရဲ့ ထိုင်သပိတ်ကို ညဖက်မှာ အကြမ်းဖက် ဖမ်းဆီးခဲ့တယ် ။

      ရခိုင်တွေ ဆန္ဒပြတော့ သေနတ်နဲ့ ပစ်သတ်တဲ့အထိ နှိမ်နင်းခဲ့တယ် ။ 

      ကယားမှာ ရုပ်ထုပြဿနာ ဆန္ဒပြတော့ ဖမ်းဆီး ထောင်ချခဲ့တယ် ။ 

      အားလုံးသော ဖမ်းဆီးအရေးယူမှုတွေ အတွက် NLD နဲ့ ထောက်ခံသူတွေ ရေလဲသုံး ပြောခဲ့ကြတာကတော့ ဥပဒေချိုးဖောက်လို့ အရေးယူခံကြရတာမို့ သူတို့ မှန်တယ် တဲ့ 😁😁

        အခွန်များစွာ တိုးမြှင့်ကောက်ခံလာတော့လည်း ဘာသံမှ မထွက်လာပါဖူး ။ ဒေါ်စုကြည်ဟာ တကယ့်ကို အရှက်ကင်းမဲ့စွာ နဲ့ စကားတွေကို ဗလောင်းဗလဲ ပြောနေတာ တွေ့ရပါတယ် ။ 

      မိမိအာဏာ မရခင်တုန်းက ပြည်သူတွေ ဆင်းရဲပြီး တိုင်းပြည် မတိုးတက်တာ အစိုးရ တာဝန်ပဲ တဲ့ ။ 

(အာဏာရလာတော့ တိုင်းပြည်မတိုးတက်တာ ပြည်သူ့တာဝန်တဲ့ အလွန်ဖာကျတဲ့ စကားကို ပြန်လေ့လာ ပါ)

        မိမိအာဏာမရခင်က မီတာခ တက်ဖို့ ကြေညာတော့ ပြည်သူကို အနိုင်ကျင့်တာ တဲ့ ။

(အာဏာရလာပြီးတော့ မီတာခတွေ မကြေညာပဲ တက်ယူတော့ ကြိုပြောရင် ပြည်သူတွေ စိတ်ဆင်းရဲမှာ စိုးလို့ပါ တဲ့ ၊ တကယ့်အောက်တန်းစား လမ်းဘေး ကလေကချေ အဆင့်ပါ ပဲ)

       အာဏာမရခင်က အစစအရာရာ ပြည်သူကို အသိပေး တိုင်ပင်ပြီး ပြည်သူ့သဘောအတိုင်း ဆောင်ရွက်မယ်တဲ့ ။

(အာဏာရပြီးတော့ ပြည်သူ့ဆန္ဒဆိုပေမယ့် လိုအပ်သလိုပဲ ဆောင်ရွက်ရမယ် ၊ လူချစ်များရအောင် ဇာတ်ကနေတာ မဟုတ်ဖူး ဆိုကာ ပြည်ဖျက်လုပ်ငန်းတွေ အားပါးတရ လုပ်ပါတော့တယ်)

        အာဏာမရခင်က ဦးသိန်းစိန် အစိုးရဲ့ 2013 ခု နှစ်မှာ စံချိန်တင် GDP 8.4 % တိုးလာတော့ စစ်မှန်တဲ့ တိုးတက်မှု မဟုတ်ဖူး တဲ့ ၊ သုံးနှစ်ကာလမှာ ဒီထက်တိုးတက်ရမတဲ့ ။ 

  (သူမလည်း အာဏာရသွားကော ၅ နှစ်အထိ ဘာတခုမှ မတိုးတက်ပဲ ဆုတ်ယုတ်နေတာ ထောက်ပြကြတော့ ၅ နှစ်ဆိုတဲ့ အချိန်တိုအတွင်း ဘယ်လိုလုပ် တိုးတက်အောင် လုပ်ပြနိုင်မလဲ တဲ့  တကယ့်ကို လမ်းဘေးအောက်တန်းစားအဆင့်ပါပဲ)

       အာဏာမရခင်က အမတ်တွေကို လူမကြည့်နဲ့ပါတီကြည့် မဲပေးတဲ့ သူသင်ပေးမယ် သူဆုံးမမယ်တဲ့ ။

(အာဏာလည်း ရသွားရော အပြိုင်အဆိုင်းခိုးလိုက်ကြတာ တနသ်ာရီ ဝက်တကောင်ပဲ အရေးယူပြပြီး ထိပ်ဆုံးကနေ ညစောင့်ထိ ဝက်ဝက်ကွဲ ပါပဲ)

      အာဏာမရခင်က သပိတ်မှောက်တာ ၊ ဆန့်ကျင်တာ ၊ ဝေဖန်တာ လူ့အခွင့်အရေးတဲ့ ။

(အာဏာလည်း ရသွားကော NLD ကို ဝေဖန်တာ တိုင်းပြည်ဖျက်တာ တဲ့.. တိုးတက်မှုကို အနှောက်အယှက်လုပ်နေတာတဲ့ တသက်လုံးက သပိတ်မှောက်ပြီး လုပ်စားခဲ့တဲ့ သူက အဲသလိုပြောတော့ ရီစရာပဲ ဗျာ)

         ဗလောင်းဗလဲ ပြောသမျှ ရေးနေရင် ကုန်ဖွယ်မရှိတော့ပါဘူး ။ ပြောချင်တာက အာဏာမရခင်က ပြောခဲ့သမျှဟာ အားလုံး အလိမ်အညာတွေချည်း ဖြစ်နေပြီး ကျနော်တို့က တကယ့် ပြည်ပကျွန် သစ္စာဖောက်ကြီးကို အာဏာအပ်နှင်းမိခဲ့တာပါပဲ ။ 

        ဒီနေရာမှာ ပြောစရာရှိပါတယ် ။ ဝေဖန်တဲ့ နေရာမှာ တိကျတဲ့ အထောက်အထားနဲ့ ဆိုရင် သုတို့ လန့်ပါတယ် ။ မဟုတ်တာတွေ အများကြီး လုပ်ထားကြတော့ သူတို့အကြောင်း နှိုက်နှိုက်ချွတ်ချွတ် တိတိကျကျ ရေသားဝေဖန်မှုတွေ အတွက် တရားမစွဲရဲကြပါဖူး ။ 

      အဲဒါကြောင့် ကျနော်လည်း အဖမ်းမခံရတာပါ ။ နာမည်တပ်ပြီး ဒဲ့ ဖိုက် နေတဲ့ ကျနော့်ကို မိတ်ဆွေတွေက စိုးရိမ်ပြီး သတိပေးကြပါတယ် ။ ကျနော်ကတော့ ကျနော့်ရဲ့ သတင်းဇစ်မြစ် မိတ်ဆွေတွေဆီက ခိုင်မာယုံကြည်ဖွယ် အချက်တွေကြောင့် ရဲတင်း မှန်ကန်စွာပဲ ဝေဖန်ခဲ့ပါတယ် ။ 

       ကျနော်ကံကောင်းတာက ဘယ်သူမှ မသိတဲ့ အညတရ ဖြစ်နေပြီး နိုင်ငံရေး ၊ စီးပွားရေး ၊ ဘာသာရေး လောကမှာ ဘယ်သူမှ မသိတဲ့ တကိုယ်တော် ဖြစ်နေခြင်း ၊ အတွင်းရေးများ သိနေခြင်း အတွက် ကျနော့်နောက်ခံကို စိုးရိမ်နေကြခြင်း တို့ကြောင့် ငါးနှစ်လုံး ဘေးမသီ ရန်မခ ခဲ့တာပါ ။

        မိတ်ဆွေတယောက်က မန့်ဖူးပါတယ် ။ ဘယ်ကမှန်း မသိတဲ့ မျိုးဝင်းဆိုတဲ့သူ ပေါ်လာတာ NLD အတွက်တော့ ကံဆိုးတာ ပဲ တဲ့ ။ ပြောချင်တာက သတင်းမှန် အချက်အလက်အမှန် ၊ အထောက်အထား ခိုင်လုံရင် ရဲရဲတင်းတင်းသာ ဝေဖန်ကြပါ ။ မဟုတ်ရင်တော့ မဖမ်းခံရဖွယ် ရှိနေပါတယ် ဆိုတာကိုပါပဲ ။ 

        ဗလောင်းဗလဲ NLD ပါတီဟာ စွမ်းဆောင်ရည် နိမ့်ပါးလှတဲ့ အမတ်တွေ နဲ့ ပြည်ဖျက်လုပ်ငန်းတွေ လုပ်နေကြတာကို တပ်မတော်က မှတ်တမ်းယူနေကြတာ သိမှာ မဟုတ်ပါဘူး ။ 

     NLD အမတ်ဆိုတာကလည်း သိပြီးကြတဲ့ အတိုင်းပဲ လေးတန်းအောင် အမတ်တွေ ၊ ကကြီး ခခွေး ကြည့်ဖတ်တာတောင် မှားနေတဲ့ လူတွေ ၊ ခေါင်းစဥ်တခြား အဆိုတင်တာတခြားဖြစ်နေတဲ့ ဆရာဝန်အမတ်တွေ ၊ နောက်ဆုံး ဒေါ်စုကြည်ကိုယ်တိုင်တောင် တင်သွင်းပြီးသား အဆိုကြီး ယောင်တောင်တောင်နဲ့ ထပြီး တင်သွင်းခဲ့တဲ့ ဗရမ်းဗတာ အဆင့်တွေကိုး ဗျ ။   

          လူတော်လူကောင်း အမတ်အချို့ရှိပါတယ် ။ သို့သော် လူတော် လူမှန်တွေ အတွက် နေရာမရှိတဲ့ NLD ပါတီဖြစ်လေတော့ကား ပါတီက နုတ်ထွက်ကြရတာပါ ပဲ ။ 

       တိုင်းပြည်တခုလုံး အနုတ့လက္ခဏာ ပြနေချိန်မှာ ဒေါ်စုကြည်ဟာ လူသူမသိတဲ့ ဂမ်ဘီယာဆိုတဲ့ မွတ်ဆလင် နိုင်ငံပေါက်စလေးကို သံတမန် ချိတ်ဆက်လိုက်ပါတယ် ။ မိုင်းပေါင်းများစွာ ကွာဝေးပြီး ဘာအကျိုးစီးပွားမှ အဆက်အစပ် မရှိတဲ့ နိုင်ငံပေါက်စလေးကို ဘာကြောင့် သံတမန်အဆင့် ချိတ်ဆက်ရသလဲ ဆိုတာ ထိုအချိန်က ဘယ်သူမှ သတိမထားမိခဲ့ကြပါဖူး ။ 

      တကယ်တန်းကျတော့ ကိုယ့်တိုင်ပြည်ကို ပြန်ပြီး ဒုက္ခပေးဖို့ အမြဲ အကွက်ဆင်နေတဲ့ ဒေါ်စုကြည်ရဲ့ ယုတ်မာမှုက အချိန်ကြတာ နဲ့ အစွယ်ထွက်လာပြန်ပါတယ် ။ 

     အဲဒါကတော့ ရခိုင်ပြဿနာကို အစပြုပြီး အဲဒီ အမြှောက်တလက် ၊ လေယာဥ်တစင်း ပဲ ရှိတဲ့ ပေစုတ်စုတ် နိုင်ငံလေးက မြန်မာပြည်ကို ICJ တရားရုံးမှာ တရားစွဲသတဲ့ ။ 

    အဲဒါကိုပဲ ပြည်တွင်းသစ္စာဖောက်မကြီးက ဝမ်းသာအားရလက်ခံ ဖြေရှင်းဖို့ လုပ်ပါတော့တယ် ။ တကယ်တော့ အဲဒီလို ဖြစ်အောင် တမင်အကွက်ချ လုပ်ဆောင်ခဲ့တာပါ ပဲ ။ 

      ICJ မှာ ဘာတွေ ယုတ်မာမလဲ အသေးစိတ် လေ့လာကြည့်တော့.........

        မျိုးဝင်း

Thursday, June 24, 2021

တနွယ်ငင် တစင်ပါ


        ကိုစိုးကတော့ အချိန်မှန်ပဲ လင်းတာနဲ့ ရောက်လာတယ် ။ လက်ဖက်ရည်မှာသောက်ပြီးတာနဲ့....

"ငမျိုးမင်းညက ညဉ့်နက်မှ ပို့စ် တွေ ထတင်နေပါလား ကွ ''

"ဟုတ်တယ် Hemp အပင် အကြောင်း ဖတ်ရင်း တည်းဖြတ်ရင်း အိပ်မရဖြစ်နေလို့ တခါတည်း ရေးပြီး တင်လိုက်တာ ''

"ငါက ဆိပ်ကမ်းစာချုပ် နဲ့ လိုင်ဇာ ကိစ္စ ပိုပြီး စိတ်ဝင်စားတယ် ''

"ဆိပ်ကမ်းစာချုပ်က အရေးကြီးတယ် ဗျ နှစ်ကျပ်ကွက် ကစားနေတာပဲ ''

"ဘယ်လို နှစ်ကျပ်ကွက်လဲ ကွ ''

"မြန်မာ့ရေတပ်အတွက် လက်ရှိစစ်ဘော်တွေထက် ကြီးမားတဲ့ စစ်ဘော်တွေ တည်ဆောက်လိမ့်မယ် ဗျ ၊ နောက်ပြီး ရုရှားစစ်သဘော်ကြီးတွေ ဆိပ်ကမ်းကပ်ပြီး နားခွင့်ပေးလို့ ရသွားလိမ့်မယ် ''

"အခြေစိုက် ခြေချခွင့်မပြုရ လို့ ခြေ / ဥ မှာ အတိအလင်း ပြဌာန်းထားတယ်လေ ''

"အခြေချတပ်စွဲတာ မဟုတ်ဖူး အလည်လာတာ လေ 😁😁''

"သြော် အေးကွာ ပေါက်ပြီ ဒါနဲ့ လိုင်ဇာ နဲ့ မိုင်ဂျာယန်းက..... ''

"KIA က အနေအစားကျပ်နေပြီ ၊ တဖက်မှာ သွေးတိုးစမ်း တိုက်ကွက်ဖော်ပြပြီး မြူတာပေါ့ ဗျာ လိုင်ဇာ ချောင်သွားအောင်လေ ၊ အဲဒါကြောင့် တပ်မတော်က နဲနဲ ဆုံးမပြလိုက်တာ ''

"အေး ဒီတပွဲတော့ အပြတ်ရှင်းမှ ကောင်းမယ်ဟေ့ နောက်ပြီး ဗိုလ်ချုပ်ရာပြည့်ကို အကြံပေးတဲ့ အဖွဲ့ကရော ''

"အကြမ်းဖက်တွေကို အကြမ်းပြန်ဖက်တော့မယ် ဆိုတဲ့ မက်ဆေ့ ပေးလိုက်တာ ပဲ ''

"အေးကွာ ဒီကောင်တွေ ယုတ်ယုတ်မာမာ နဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်နေတာ ၄၉၀ ရှိပြီကွ ''

"မညှာတော့ပါဖူး တောက်လျှောက် ပစ်နေတာပါ သူတို့အတွက် ရွှေလက်နဲ့ကြိုတဲ့ကာလ ကုန်သွားပြီ ဘူးလက် အလှည့်ရောက်ပြီ လေ ''

"မန္တလေးက ပြဿနာ နောက်ဆက်တွဲ မိနေတာ အများကြီးပဲ ကွ ''

"လေကြီး မိုးကြီး ဆေးသမား တော်လှန်ရေး ငကြောင်တွေပါဗျာ စစ်ဖိနပ်နဲ့ နံကြား နှစ်ချက် မကန်ရဘူး သားက စိတ်မပါပဲ အဖော်ကောင်းလို့ လုပ်မိတာပါ ဆိုပြီး အကုန်ဖော်တော့ တာပဲ ''

"အေးကွ ဟိုကောင်မ ဖာဆယ်လို ဗန်းပြ အလှူခံနေတဲ့ ခေါင်းဆောင်ဆိုတဲ့ကောင် မိသွားတော့ အကုန်ပေါ်တာပေါ့ အလှူခံရတဲ့ ငွေတွေ ဖာဆယ်လို ရတာပေါ့ ကွာ''

"အဲဒီ အဖွဲ့က တကယ် အရှက်နည်းတဲ့ အဖွဲ့တွေဗျ အကြောင်းအမျိုးမျိုးပြပြီး အလှူခံစားနေကြတာ ရွံစရာပဲ ''

"ဟုတ်ပါ့ ကွာ အဲဒါကတော့ လူတွေသေလေ သူတို့ ဂွင်တွေ့လေပဲ ဟေ့ ''

"ဟုတ်ပါ့ ဗျာ ကဲ ပြန်ကြစို့ ''

"နေအုံးကွ တို့နိုင်ငံ အနေအထား ဘယ်လို ဖြစ်နိုင်မလဲ ကွ ''

"ပြည်ပရန်ကတော့ စဉ်းစားစရာ မလိုတော့ဖူး ပြည်တွင်းရန်ကလည်း အခုလို ကိုင်ပြီဆိုရင် စိတ်အေးလက်အေး နေပေတော့ မကြာတော့ဖူး တနွယ်ဆွဲမိရင် မြုံလိုက်ပါအောင် ဆွဲတတ်တယ် ''

"ကဲ ကွာ တနွယ်ငင် တစင်ပါအောင် လုပ်တတ်ကြတာမို့ စိတ်တော့ နည်းနည်းအေးရပါပြီ ကွာ ''

          #မျိုးဝင်း

(မန္တလေး ဆေးကြောင် PDF တို့ရဲ့ အလှူတော်)

မြကျောက် တပ်ချုပ်ကြီး



           ကိုကြီးစိုးတယောက် အစောကြီး ရောက်လာတာနဲ့ ကပျာကရာ မျက်နှာသစ်ပြီး လိုက်သွားရပါတယ် ။ လက်ဖက်ရည်ဆိုင်မှာ စားသောက်ပြီးတာ နဲ့....

"ငမျိုးရေ ငါလည်း ညက ပျင်းတာ နဲ့ မင်း ပို့စ် အဟောင်းတွေ ပြန်ဖတ်ပြီး မေးစရာလေးတွေ ပေါ်လာတယ်ကွ''

"ဘာမေးမှာလဲ ဗျ ''

"ဒီလိုကွ အခု GZ ကလေးတွေ မကြောက်မရွံ့လုပ်နေတာတွေ ၊ နောက် ဒီလိုခေတ်ပျက်ကြီးမှာ မျိုးချစ်တွေ မကြောက်မရွံ့ GZ တွေကို ဝေဖန်နေတာ တွေကို မြင်ပြီး သတ္တိဆိုတာ ဘာလဲ လို့ မေးချင်လာတာ ကွ ''

"သူများတွေက သတ္တိကို အမျိုးမျိုး အဓိပ်ပါယျ ဖွင့်နေကြတယ် ကျနော်ကတော့ ရိုးရိုးရှင်းရှင်း ပဲ တွေးမိတယ် သတ္တိမဲ နဲ့ သတ္တိဖြူ နှစ်မျိုးရှိတယ် ''

"အေး ဘာတွေလဲ ကွ ''

"အနာဂါတ် မျှော်လင့်ချက် ကင်းမဲ့နေသူတွေ ၊ သံယောဇဥ်ထား တွယ်တာရမည့်သူများအပေါ် ဥပေက္ခာပြုရက်သူတွေ ၊ ဆင်ခြင်တုံတရား မရှိသူတွေ ထင်ရာ လုပ်ရဲတာကို သတ္တိမည်းလို့ မှတ်ထား ဗျာ''

"ဟိုက်.....ပေါက်ကရ အတွေးအခေါ် လာပဟေ့ ''

"ခင်ဗျား စဥ်းစားကြည့် GZ ကလေးမိုက်တွေ အနာဂါတ်အတွက် ဘာညာ နဲ့ နိုင်ငံရေးကြောင်ပါးတွေ မြှောက်ပေးတာ နဲ့ မိဘ ဆွေမျိုးတွေကို ပစ်သွားပြီး ထင်ရာစိုင်းနေတာပဲ လေ ''

"နောက်တမျိုး ကျတော့ ''

"နောက်တမျိုးက မိမိတိုင်းပြည် နဲ့ လူမျိုးအတွက် ဘာဖြစ်ဖြစ် လုပ်ရဲသူ ၊ ပုဂ္ဂိုလ်ရေး သံယောဇဥ်ထက် တိုင်းပြည်ကို ပိုချစ်သူ ၊ အနာဂါတ်ရဲ့ ကောင်းခြင်း ဆိုးခြင်းကို ဥပေက္ခာပြုရဲသူတွေကို သတ္တိဖြူ လို့ သတ်မှတ်တယ် ဗျာ''

"အေး ဟုတ်ပြီ နောက်တခု ကွာ အခု တပ်ချုပ်ကြီးကို မင်းပြင်းပြင်းထန်ထန် ဝေဖန်နေတာ ဖတ်ရသလို ချီးကျူးတာတွေလည်း ဖတ်ဖူးတယ် သူ့ကို ဘယ်လို မြင်သလဲ တဲ့တဲ့ ပြောကြည့်စမ်းကွာ မင်း သတ္တိ အမဲလား အဖြူလား သိရအောင်....''

"သြော် ကိုကြီးစိုးက လက်ဖက်ရည် တခွက် နဲ့ ကျုပ်ကို အရောက်ပို့ဖို့ ညကတည်းက တွေးပြီး အခု မနက်လင်းလို့ မျက်နှာမသစ်ရသေးဖူး အစောကြီး ပြေးလာပြီး ချောက်ချတာပေါ့ လေ ''

"အမလေး ကွာ အဲဒီသဘော မဟုတ်ပါဖူး ကွ ငါတို့ မြင်းခြံထောင်ကြီးက ကျယ်ပြီး အစားအသောက်လည်း သိပ်မဆိုးတော့ပါ ဘူး ဟ အလုပ်မရှိတဲ့ မင်း နဲ့ ကုန်စျေးနှုံး တက်နေတာနဲ့ အတော်ပါပဲ ''

"ကိုင်း ခင်ဗျားက သိချင်မှတော့ မဖြေရင်လည်း သိက္ခာကျအုံး မယ် ဒီတော့ ဖြစ်ရပ်မှန် နဲ့  ဥပမာပေး ပြောပြမယ် ''

"အေးပြောစမ်းပါအုံး ''

"နအဖ ခေတ်တုံးက ပြည်မြို့နယ်ထဲက တပ်မ (၆၆) ကို ဗိုလ်ချုပ်ကြီးခင်ညွှန့် ရောက်လာတယ် ဗျ ''

"အင်း သူတန်ခိုးထွားနေတုန်းကပေါ့ ဘာဆက်ဖြစ်လဲ ''

" တပ်မမှူးက ဧည့်ခံရတာပေါ့ ထမင်းစားပြီးတော့ အချိုပွဲ အလှည့်မှာ သရက်သီးပန်းကန်ထဲက သရက်သီး စိတ်လေးတွေကို ကြည့်ပြီး ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ့နားက ဧည့်ခံနေတဲ့ တပ်မမှူးကို မေးတယ် ဗျ''

"အေး ဘာမေးသလဲ ''

"ဖိုးသက်ထွန်း (၆၆ တပ်မမှူး) ဒါ ဘာသရက်မျိုးလဲ ကွ ''

"မြကျောက်ပါ ဗိုလ်ချုပ်ကြီး ''

"သြော် တို့ဆီမှာ စျေးအကြီးဆုံး သရက်သီးပဲ ကွ နောက်ထပ်ရှိသေးလား ''

"ရှိပါသေးတယ် ဗိုလ်ချုပ်ကြီး''

"အေး ဒါးနဲ့ လက်ဖက်စားဇွန်းရယ် သရက်သီးရယ် ယူခိုင်း ကွာ''

      ခဏနေတော့ မြကျောက် သရက်သီး နဲ့ ဒါးရယ် ပန်းကန်လွတ်ရယ် ရောက်လာပါတယ် ။ သရက်သီးကို အတုံးလေးတွေ မလှီးစေပဲ အခြမ်းကြီး နှစ်ခြမ်းကို အခွံ မခွာပဲ လှီးပြီး ပက်လက်လှန်ထားစေပါတယ် ။ ပြီးမှ လက်ဖက်စားဇွန်း နဲ့ ကော်ခပ်ပြီး စားသတဲ့ ။ တပ်မမှူးကြီးကိုလည်း အဲဒီလို စားစေပြီး ဆက်ပြောတယ်....

"မြကျောက်သရက်သီးက တလုံး လုံး ချိုအီနေတာ မဟုတ်ဖူး ဖိုးသက်ထွန်းရ သူက ဒီနေရာက နင့်နေအောင် ချိုလိုက် ဟိုနေရာက နဲနဲချဥ်လိုက် အဲသလိုကွ ဒါကြောင့် ဒီလိုစားကြည့်မှ ချိုလိုက် ချဥ်လိုက် နဲ့ အရသာပြောင်း နေတာကွ ဒါကိုက မြကျောက်ရဲ့ အရသာ ဖိုးသက်ထွန်း ရ .......အဲသလို ပြောခဲ့ဖူးတယ် ဗျ ''

"အင်း မစားဖူးတော့ မသိပါဖူး ကွာ အဲဒီ စျေးကြီးတဲ့ ချိုချဥ် မြကျောက် သရက်သီး နဲ့ ငါမေးတာ နဲ့ ဘာဆိုင်သလဲ ကွ ''

"ခင်ဗျားမေးတဲ့ မေးခွန်း တပ်ချုပ်ကြီးအပေါ် ဘယ်လိုမြင်သလဲ ဆိုတာပြောရမယ်ဆိုရင် မြကျောက်သရက်သီးလိုပဲ ချိုတဲ့နေရာက နင့်နေအောင် ချိုသလို ချဥ်တဲ့ နေရာတွေကလည်း ချဥ်တာပဲ ဗျ   ဒါပေမယ့် သေချာတာက တိုင်းပြည်အတွက် သာမန်လူတွေထက် တန်ဖိုးကြီးတယ် ''

"ဟိုက် အတော်လူပါးဝတဲ့ အဖြေပဲ ကွ ငပိကြော်ကျွေးရမလိုလို ၊ ဂုဏ်ပြုရမလိုလို နဲ့ ငါကတော့ အူကြောင်ကြောင် ဖြစ်သွားရပြီဟေ့ ''

"ခံရပါများတော့ ချောက်ချတာတွေ ရိုးနေပြီ လေ😁😁😁''

"အေး နောက်ဆုံးမေးခွန်း ကွာ အထက်က သတ္တိ နှစ်မျိုးမှာ မင်းက အမဲလား အဖြူလား ''

"ကျုပ်က ပြုတ်စရာ ရာထူးမရှိဖူး ၊ အလုပ်မရှိဖူး ၊ မှန်တယ်လို့ ယုဆပြီးရင် တဇွတ်ထိုး လုပ်ချင်ရာလုပ်တတ်တဲ့ အကျင့်ဆိုး နဲ့ ထင်ရာ လျှောက်ပြော လျှောက်ရေးနေတဲ့ အဆင့်ပါ ဗျာ သတ္တိ မရှိပါဘူး ''

"လာပြန်ပြီ တကယ်တန်းကြတော့ မင်းသတ္တိက ဟိုမရောက် ဒီမရောက် ဖြူညစ်ညစ် ပါကွာ ''

"ဟိုက် ထွက်ခတ် ခတ် ပြန်ပြီ ပြန်ကြစို့ ဗျာ မြကျောက်တပ်ချုပ်ကြီး သားတွေ တကယ်လုပ်နေတာ အနှောက်အယှက် ပေးသလို ဖြစ်နေလိမ့်မယ် ''

           မျိုးဝင်း

       အရံ ACC ဖွင့်ထားရပြန်ပါပြီ ဗျာ 😁😁

https://www.facebook.com/profile.php?id=100069830592858

       Page အသစ် ပါ

https://www.facebook.com/ကိုမျိုးဝင်း-100284628986013/

စပွန်ဆာ ကွင်းဆက်တဲ့လား.... ?



         ညနေစောင်းမှ ကိုစိုးရောက်လာလို့ စကားပြောရပြန်ပါတယ် ။

"ငမျိုးရေ မနက်က ပို့စ် ပျက်ရုံတင်မကဘူး မင်း page ပါ အဖျက်ခံရပြီ ဗျာ ''

"ဟုတ်တယ် မဆန်းပါဖူး ထပ်ဖွင့်မှာပေါ့ ဗျာ ''

"page လိုဟာမျိုး မကျအောင် လုပ်လို့ မရဖူးလား ကွ ''

"ရတယ်ဗျ ဒေါ်လာဆောင်ထားရင် တော်ရုံမကျဖူး ဒေါ်လာ ၂၀ ၊ ၃၀ လောက်ဆို ဖြုတ်မချတော့ဖူး ''

"သြော် အဲလိုလား နေအုံးကွ ငါ့ fri မဟုတ်ပဲ ဟိုကောင်ကွာ မကြညးဖူးတဲ့ အဆိုတော် သေသွားတာတွေ ခဏခဏ တက်နေတာ စိတ်ညစ်တယ် ကွ ''

"အဲဒါငွေပေးပြီး ဖြန့်ခိုင်းထားလို့ လေ နေပါအုံး မိုးချုပ်မှ ဘာစိတ်ကူးပေါက်ပြီး လာတာလဲ ''

"ဒီလိုကွ မင်းမနကိတင်တဲ့ ပို့စ် ကို ဖြုတ်ချတာ အကြောင်းရှိမယ်ကွ သူတို့ နောက်ကွယ်က လူတွေ ပါနေတာ ရိပ်မိကုန်မှာ စိုးလို့ ပိတ်တာလား လို့ မေးချင်တာ ကွ ''

"သူတို့ နောက်မှာ သူဌေးတွေ ရှိတာပေါ့ ဗျာ ''

"အေးကွ အဲဒါ ဘယ်လို ဖော်ထုတ်ရင် ကောင်းမလဲ မင်းစဥ်းစားမိသလား ''

"လုပ်ချင်ရင် လွယ်ပါတယ်ဗျာ ''

"ဟကောင် ဟုတ်မှလုပ်အုံး နောက်ကွယ်က လက်မည်း သူဌေးတွေ ဖော်ထုတ်နိုင်ရင် ထိရောက်မယ် ကွ ''

"ဒီ ရက်ပိုင်းမှာ ဖြူဖြူထွေး နဲ့ နေဆန်း ဆိုတဲ ဆယ်လီတွေ နဲ့ ကြေညာနေတဲ့ လုပ်ငန်းရှင်တွေ ထဲက လုပ်ငန်းတွေ ရပ်ပါပြီ ဆိုတဲ့ လုပ်ငန်းရှင် သူဌေးတွေကိုသာ ဖမ်းစစ်ကြည့်စမ်းပါ ဗျာ အဲဒီလူတွေပဲ NUG နဲ့  PDF ကို ပံ့ပိုးနေကြတာ ဗျ ''

"ဟိုက်....ဟုတ်သားပဲ ဟ ငါမတွေးမိဖူး သူတို့က တပ်မတော် ဆန့်ကျင်ရေး မလုပ်တဲ့ အနုပညာရှင်တွေ နဲ့ လက်မတွဲတော့ပါဘူး ဆိုတာက တပ်မတော်ကို မကျေနပ်တာလို့ ပြောနေတာ နဲ့ အတူတူပဲ ကိုး ''

"သေချာတာပေါ့ ကျုပ်သာ အာဏာပိုင်ဆို အဲဒီ လုပ်ငန်းရှင်တွေ ဆွဲစိပြီး ကိုင်လှုပ်လိုက်ရင် အမြစ်ပါ ကျွတ်ပါလာမယ် ''

"အေး ကွ အဲဒါသိဖို့ ရေးအုံး ကွ''

"အင်း အခုရေးတင်လိုက်မယ် ခင်ဗျားလည်း ပြန်တော့ မှောင်ရင်ကို ပစ်ချင်နေတာ နော် စနိုက်ပါမှန်ပြောင်းမှာ နာမည်ပေါ်တာ မဟုတ်ဖူး အဆော်ခံရလိမ့်မယ် ''

"အေး ပြန်ပြီဟေ့ ''

         မျိုးဝင်း

အဖြူရောင် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး(31)



          ဒေါ်စုကြည်ဟာ သူမအာဏာမရခင်က အလိုရမ္မက်နည်းသလိုလို နဲ့ ပြောဆိုခဲ့တဲ့ စကားတွေဟာ အလိမ်အညာတွေမှန်း သိစေခဲ့ရပါပြီ ။ 

       ပထမဆုံး သူမရဲ့ အာဏာရမ္မက် တပ်မက်လှပုံကို ကြည့်ပါ ။ ၅၉ (စ) အရ လင်ယူမှားပြီး သမ္မတလုပ်ခွင့်မရှိတဲ့ အတွက် ၅၉ (စ)ကို ဖျက်ဖို့ အကြိမ်ကြိမ်ကြိုးစားတာ မရတော့ သမ္မတ အထက်ကနေ နိုင်ငံတော် အတိုင်ပင်ခံဆိုပြီး ဘောင်မဝင် တန်းမဝင်ရာထူးကို ဇွတ်ယူခဲ့ပါတယ် ။ 

      တပ်မတော်က ဥပဒေနဲ့ မညီလို့ ကန့်ကွက်ပေမယ့် မဲ အသာစီးနဲ့ ဇွတ်ယူခဲ့ပါတယ် ။ ဝန်ကြီးဌာန လေးခု လည်း ယူပြန်ပါတယ် ။ သူမအနေနဲ့ သြဇာကြီးပြီးသား ဖြစ်ကာ နောက်ကွယ်က ထိမ်းချုပ်လို့ ရနေပါလျှက် ထင်ပေါ်ကျော်ကြားရုံမျှ မက အာဏာကိုပါ ရယူချင်တဲ့ အတွက် ဒီလို လုပ်နေတာပါ ။ 

        ကုလမှာ ဒုတိယ သမ္မတပါဆိုပြီး ကမ္ဘာသိ လိမ်ရဲတဲ့ စာရိတ္တကိုပဲ တွေးကြည့်ပါတော့ ဗျာ ။ 

       အာဏာရလာတာ နဲ့  သိန်းဆယ်ချီတန်တဲ့ ဝတ်စုံတွေကို တနေ့တမျိုး ဝတ်ဆင်လာပါပြီ ။ အဖိုးတန် လက်ဝတ်ရတနာများကိုလည်း မထပ်ရလေအောင် ဝတ်ဆင်လာပါပြီ ။ ဒီဇိုင်းကာလာ အနေအထားတွေကတော့ အသက်အရွယ် နဲ့ မလိုက်ဖက်ပဲ ကလက်တက်တက် ပြီတီတီ မျက်နှာပေးနဲ့ ဟန်မူရာတွေဟာ နိုင်ငံအတွက် ရှက်ဖွယ် ဖြစ်နေပါပြီ ။ 

       ကျည်ကာကားဝယ်စီးပါတယ် ။ နောက်ဆုံးထွက်ခတ် ခပ်ပြီး ရဟတ်ယာဥ်တောင် စျေးကြိးတဲ့ အမျိုးအစား ဝယ်စီးသွားပါသေးတယ် ။ ပြောချင်တာက ကျမ ကောင်းအစားကြီး စီးရမှာ ရှက်တယ်ဆိုတာ မစီးနိုင်သေးခင် သပျစ်သီးချဥ်ပြတဲ့ မြေခွေးယုတ် စိတ်ဓာတ်ဆိုတာ ဖော်ပြနေတာပါပဲ ။ 

      နောက် မြေပါမစ် မယူဘူး ဆိုပြီး ယူခဲ့ကြတဲ့ ဗိုလ်ချုပ်တွေကို ပုတ်ခတ်ပြီး ပြောခဲ့ပါတယ် ။ ဟုတ်ပါသလား ကြည့်ကြပါစို့ ။

       အမွေဆိုင်အိမ်ကို အကိုဖြစ်သူအား မပေးချင်လို့ မောင်ပိုင်စီးထားလို့ အမှုဖြစ်ခဲ့တယ် ။ အဲဒီမြေကို လှူမှာမို့လို့ စွန့်လွှတ်ပေးပါ ဆိုပြီး အကိုဖြစ်သူကို ကလိမ်ကကျစ် လိမ်တောင်းပြန်တယ် ။ 

    အကြောင်းသိ အကိုရင်းက တကယ်လှူမှာ ဆိုရင် စုကြည်ကို အရင်ဆုံး လက်မှတ်ထိုးခိုင်းလိုက် သူ ထိုးပြီးရင် နောက် တစက္ကန့် အတွင်း ကျုပ်ထိုးပေးမယ် လှူစမ်းပါ ဆိုပြီး တုန့်ပြန်တော့ ဒီနေ့ထိ ရူးချင်ယောင် ဆောင်နေပါတယ် ။ 

    နောက် ပုပ္ပါးက ခြံကြီးကိုလည်း ဇော်မြင့်မောင်ရဲ့ ပါတနာစီပွားရေး သမားတွေက လာဘ်ထိုးဝယ်ပေးတာကို ယူခဲ့ပြန်ပါတယ် ။ 

      နောက် ရန်ကုန်မြို့လယ်က တိုက်နဲ့ခြံကို မိထွေး ကနေ လင်ပါသား အမည်ပေါက် ခြံနဲ့တိုက်အား စာရွက်စာတမ်းမရှိပဲ ရောင်းစာတာ စျေးချောင်လို့ သူခိုးစျေး နဲ့ ဒေါ်စုကြည် ဝယ်လိုက်ပါတယ် ။ အမည်ပေါက် ကန့်ကွက်ရန် ကြေညာကို ယုတ်မာစွာ နဲ့ သကြ်န်ရုံးပိတ်ရက်နဲ့ အချိန်ကိုက် ကြေညာတယ် ။ ပိုင်ရှင်အစစ်ကလည်း ကန့်ကွက်တယ် ။ 

      စည်ပင်ဥက္ကဌက ဒေါ်စုကြည် နောက်လိုက် ဘွဲ့လိမ်မောင်မောင်စိုးလေ ။ ပိုင်ရှင်အစစ်ရဲ့ ပိုင်ဆိုင်မှု မူရင်းစာရွက်တွေကို ဥပေက္ခာပြုပြီး ဒေါ်စုကြည် အမည်ပေါက် ဥပဒေမဲ့ အာဏာတလွဲသုံးပြီး ပြောင်းပေးခဲ့တယ်။
ပိုင်ရှင်က သတ္တိကောင်းတယ် ဒေါ်စုကြည်ကို တရားစွဲထားတယ် ။ အဲဒီအမှု မပြီးလောက်သေးဖူး ။ 

      နောက် ပြင်ဦးလွင် ဖက်က တော်ဝင်နှင်းဆီဆိုတဲ့ ဧကရာချီနေတဲ့ ခြံကြီးကို လာဘ်ရထားတဲ့ ငွေတွေနဲ့ လူသူမသိအောင် ဝယ်ထားတယ် ။ အဖိုးတန် နှင်းဆီပင်တွေ အများကြီး စိုက်ပျိုးထားတယ် ။ တရုတ်က ဒေါ်အောင်ဆန်းစုကြည် နှင်းဆီ ဆိုပြီး မျိုးစပ်ပေးထားတဲ့ နှင်းဆီပင်တွေ အများကြီး ရှိနေတာ အဲဒီ ခြံထဲမှာပါပဲ ။ 

       သူမဟာ လောဘ နှခမ်း မသတ်နိုင်ပဲ နေပြည်တော်မှာ အချက်အချာကြလှတဲ့ နေရာက မြေဧက ၉၃ ဧကကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အကြောင်းပြပြီး သူ့အမည်ပေါက် နဲ့ သူခိုးစျေး တဧက သိန်း ၅၀ နဲ့ ရအောင်ယူထားပါတယ် ။ 

     ပရဟိတ ဗန်းပြအဖြစ် လရောင်တော သင်တန်းကျောင်း ဘာညာ နဲ့ မဖြစ်စလောက် လုပ်ပြနေပြီး သူနေဖို့ ဧရာမ အဆောက်အဦးကြီး ဆောက်နေပြန်တာ တွေ့ရပါတယ် ။ ပရဟိတဆိုလို့ ခင်ဗျားတို့ အမေ့အိမ် အခမဲ့ ပညာဒါန ကျောင်းတွေ မှတ်မိသေးလား ဗျ ။ ဟန်ပြဆိုတော့ သူလည်း အာဏာရကော အကုန်ပျောက်သွားတာ သတိထားမိကြပါသလား ။ 

      အဲလောက်ရထားတာ မကျေနပ်သေးပါဖူး ၊ နောက်ထပ် နိုင်ငံပိုင် စိုက်ပျိုးရေးသုတေသန ခြံကို ဖောင်ဒေးရှင်း အမည်နဲ့ ထပ်မံ ရယူပြန်ပါတယ် ။ ၂၃ ဧက ရှိပါတယ် ။ 

      ဒါပဲလားဆိုတော့ မဟုတ်သေးဖူး ဗျ ။ အတိုင်ပင်ခံရာထူး အရ ဆိုပြီး ပေ ၅၀၀ ပတ်လည်လောက်ရှိတဲ့ မြေပါမစ်ကြီး ထပ်ယူသေးသဗျ ။ ကဲ ဒီလောက်ဆိုရင် ဒေါ်စုကြည်ရဲ့ အာဏာရမ္မက် နဲ့ ပစ္စည်းဥစ္စာအပေါ် လောဘဇော တိုက်ပုံကို သိသာနေပါပြီ ။ 

         NLD ပါတီ အမတ်တွေဟာ အခြားပါတီက အဆိုမှန်ရင် ကောင်းကောင်းဆိုးဆိုး ကန့်ကွက်နေပြီး ပြည်ဖျက်ပြနေပါတော့တယ် ။

          မြန်မာတိုင်းရင်းသားတွေ သဘာဝဘေး အန္တရာယ်ကြုံကြတော့ ဘက်ဂျက်မရှိဖူးလို့ ပက်ပက်စက်စက် ပြောခဲ့တဲ့ လူကယ်ပြန် ဝန်ကြီးယုတ်က ဘဂ်ါလီ အတွက်ကျတော့ ဘာတွေ လုပ်ပြနေသလဲ လေ့လာကြည့်ကြပါအုံးမယ် ။ 

          တိုင်းရင်းသားတွေ အတွက် တရက် ငွေ ၅၀၀ိ / နှုံးတခါ ၊ နှစ်ထောင်နှုံး တခါ ထောက်ပံ့သတဲ့ ။ ထမင်းတပွဲ ဘယ်လောက်ဆိုတာ သူတို့မသိ ပါဖူး ။ ရေကြီးရင် ကုန်းပေါ်ဆောက်နေကြတဲ့ ။ 

      သဘာဝ ဘေးအန္တရာယ်က ကျမတို့ လုပ်တာ မဟုတ်ဖူး တဲ့ ။ ကောင်းပြီ ကိုယ့်လူမျိုးတွေသာ အဲလိုပြောခဲ့ကြတာပါ ။ ရခိုင်မှာ ပြည်တော်ပြန်လာမယ့် ဘာသာခြားတွေ အတွက် နေအိမ် ၊ လမ်း ၊ လျှပ်စစ် ၊ ကျောင်း အားလုံး အခမဲ့ ထောက်ပံ့တယ် ။ 

     နောက်ပြီး အရင်းအနှီး ထုတ်ပေးမယ်တဲ့ ၊ လတ်တလောစားသောက်ဖို့ ဆန် ဆီ ဆား နဲ့ အသားငါး ဝယ်စားဖို့ တနေ့ ၃၀၀၀ိ / ထောက်ပံ့မယ်တဲ့ ။ ဘဂ်ါလီမတွေ ကိုယ်ဝန်ဆောင်ရင် ကလေး နှစ် နှစ်သားအထိ တလကို ၃၀၀၀၀ိ / ထောက်ပံ့မယ်တဲ့ ။ 

      ကျနော်တို့ တသက်မကျေနိုင်တဲ့ အစီအမံတွေပါပဲ ။ တိုင်းရင်းသား အစစ်တွေ အိုးအိမ်ပျက်ဆီတော့ သံတချောင်း အုတ်တခဲ သွပ်တပေ မကူညီခဲ့ဖူး ။ တိုင်းရင်းသူတွေ မီးဖွားလို့ ပိတ်စတထွာ နို့မှုံ့တဇွန်း မထောက်ပံ့ဖူး ။ ခိုးဝင်လာတဲ့ ကျူးလူမျိုးခြားကြမှ ဒီလို ပံ့ပိုးနေတဲ့ NLD ပါတီကတော့ မြန်မာ့မြေမှာ လုံးဝ မရှိသင့်တော့တဲ့ အမျိုးသား သစ္စာဖောက် ပါတီအစစ်ပါပဲ ။ 

        မွန်ပြည်နယ်မှာ တောင်ပြိုပြီး အိမ်တွေ ပျက်ဆီးတော့ ခိုးဝင် မိသားစု ၂၁ စု ပါသွားတယ် ။ ချက်ခြင်းပဲ အာစီတိုက်တွေ ၂၃ လုံးဆောက်ပြီး အလကားပေးသတဲ့ ။ ပရိဘောဂတွေ နဲ့ အစ်နေ့ သတ်ဖို့ နွားပါ မကျန် ထောက်ပံ့ခဲ့တယ် ။ 

       အတူတူပြိုကျသွားတဲ့ ဗုဒ္ဓရှေးဟောင်း စေတီ နဲ့ ဘုန်းကြီးကျောင်း ကြတော့ ကိုယ့်ဘာသာ ပြန်ဆောက်ကြတဲ့....ထွီ ။ ဗုဒ္ဓဘာသာ ဗမာလူမျိုး ကျနော် NLD ကို ချီးထက်ရွံခဲ့တာ မှားသလား ဗျာ ။ 

         အဲဒါတွေရဲ့ ဇစ်မြစ်က ဒေါ်စုကြည်ပဲ ။ ကိုနီလို လူကို ဘုရားတဆူ ဂူတလုံး ကိုးကွယ်နေမှတော့ သွားပြီပေါ့ ။ ကံကောင်းလို့ ကြည်လင်းလိုလူ ပေါ်လာပြီး ဟန့်တာနိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။ 

         ရခိုင်က ဘာသာခြားတွေကို ကမန်ပါဆိုပြီး ရန်ကုန်ကို ပြောင်သွင်းလာတယ် ။ YBS တွေ နဲ့ ခိုးသွင်းကြတယ် ။ စက်လှေတွေနဲ့ ခိုးသွင်းကြတယ် ။ မြန်မာလူမျိုး နဲ့ ဗုဒ္ဓဘာသာ ပျက်သုန်းပျောက်ကွယ်ရေး အတွက် ဒေါ်စုကြည် အားထုတ်လုပ်နေပါပြီ ။ 

       ၂၀၀၈ နဲ့ ခြေချုပ်မိနေတဲ့ တပ်မတော်လည်း အရိပ်အကဲ ကြည့်နေရုံမှ အပ ဘာမှ လုပ်မရပါဘူး ။ မီဒီယာပေါင်းစုံ နဲ့ fb ကို ထိမ်းချုပ်ပြီး သတင်းအမှောင်ချကာ တိုင်းပြည်ကို ချောက်ထဲတွန်းချနေတဲ့ NLD အတွက် တတ်သိနားလည်သူ ပြည်သူ အချို့က ရန်သူတွေ ဖြစ်လာပါတယ် ။ 

         NLD က ဒေါ်စုကြည် အတိုင်းပါပဲ ရှေ့စကား နောက်စကား မညီပဲ စောက်ရှက်မရှိ လုပ်တဲ့ နေရာမှာ ပါ ။ ပြောတော့ ဒီမိုကရေစီတဲ့ လုပ်နေတော့ ကွန်မြူနစ်ထက် ဆိုးတဲ့ ဖက်ဆစ်အစိုးရ အတိုင်းပါပဲ ။ အမျိုးသားရေး သမားတွေ နဲ့ ဆန့်ကျင်ဖက်တွေကို ဘယ်လို ယုတ်မာခဲ့ကြသလဲ ကြည့်ပါအုံး.........။

        မျိုးဝင်း

(မနက်က တင်တဲ့ တနွယ်ငင် တစင်ပါ ပို့စ်ကြောင့်  မျိုးဝင်း ACC တပတ် ပိတ်သတဲ့ ဗျာ ၊ မန္တလေး PDF သတင်းကြောင့် လေ)

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...