Monday, July 12, 2021

မျိုးဝင်း ဟူသည်


        ဆရာတော်ကြီးများအား နည်းပေါင်းစုံ နဲ့ စော်ကားထားတဲ့ လူယုတ်မာ အစုအဖွဲ့ကို အားပါးတရ ဆဲပြီးပြီ ။ 

        မတန်ပါဘူး မဆဲပါနဲ့ ဆိုတဲ့ မိတ်ဆွေများ ခင်ဗျား ၊ အကြံပေး တားမြစ်ကြတာ ကျေးဇူးတင်ပါတယ် ။ 

     ကျနော် ငယ်ဘအကြောင်း ရေးနေတဲ့ ရည်ရွယ်ချက်တခု ကျနော့်ကို မိတ်ဆွေတွေ ရှိတာထက် အထင်ပိုကြီးမှာ စိုးရိမ်မိလို့ ဗျ ။ 

     မျိုးဝင်းဆိုတာ သာမန် ဘွဲ့ရ တယောက်ပါ ၊ လောဘ ဒေါသ မောဟ သူများနည်းတူ အတူတူရှိတာပါပဲ ။ လူကြီးလူကောင်းတွေလို မကျင့်ကြံ နိုင်သေးတဲ့ သာမန် အဆင့်ပါပဲ ။ 

     အဲဒါကြောင့် ဆဲမိရင် ရိုင်းသလိုဖြစ်သွားရင် နားလည်ခွင့်လွှတ်နိုင်အောင် ကြိုကန်ထားတာပါ ဗျာ ။ 

         သူတပါး ပေးထားတဲ့ အရံအကောင့် လေး link ချပေးလိုက်ပါတယ် ။ ဒီအကောင့်က စိတ်မချရတော့လို့ပါ ။ ဆဲတာလည်း များသွားပြီကိုး ။

      နောက် MPT ဖုန်း နံပါတ် ယူထားသူများ ကျနော် Mytel နံပါတ် ပြောင်းသုံးဖို့ စိတ်ကူးထားပါတယ် ။ 

     နေ့လည် 12 :35 မှာ ငွေစစ်ဆေးတာ 11638 ကျပ်ကျန်သေးတယ် ၊ ညနေ ၇ နာရီ ပြန်စစ်တော့ 2368 ကျပ်ပဲ ကျန်ပါတော့တယ် ။ စာသင်ချိန် ၃ နာရီလောက် နားနေခဲ့ပါတယ် ။ 

      MPT အော်ပရေတာ ကို မေးတော့ အင်တာနက် သုံးလို့တဲ့ ။ သူခိုးတွေမှန်း သိပေမယ့် ကြိတ်မှိတ် သည်းခံ သုံးခဲ့ပါတယ် ။ ယခုတော့ သည်းခံစိတ် ကုန်သွားပါပြီ ။ လက်ကျန်ငွေ ကုန်တာနဲ့ MPT ကို မသုံးတော့ဖူးလို့ ဆုံးဖြတ်ထားပါတယ် ။ 

      မျိုးဝင်း

https://www.facebook.com/profile.php?id=100053407116034

အရံဖွင့်ထားတဲ့ အကောင့်ပါ ။

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...