Friday, July 9, 2021

ဘယ်သူမပြု မိမိမှု


           မနက်က တင်လိုက်တဲ့ စစ်ရုံးက အရာရှိကို မူလခြေလျှင် တပ်ရင်းသို့ ပြန်ပို့မယ်လို့ ကြားပါတယ် ။ 

      စစ်ရုံးမှာ အစမ်းခန့်သဘော တွဲဖက် ခန့်ထားတာ ဖြစ်လို့ လက်ထပ်ခွင့်ကိစ္စကို မိခင်တပ်ရင်းကသာ ဆောင်ရွက်ခဲ့ခြင်းလို့ ကြားသိရပါတယ် ။ 

       မိန်းကလေးက ကိုယ်ဝန်ရှိနေလို့ မဂ်လာမဆောင်ပဲ ယူခဲ့တယ်လို့လဲ သတင်းထွက်နေပါတယ် ။

      မိန်းကလေး ဖက်ကလည်း ပိုက်ဆံချမ်းသာလို့ ဒီအရာရှိက ဇွတ်အဓ္ဓမ ဖျားယောင်းယူသယောင် ပို့စ် တင်ထားတာ တွေ့ရပါတယ် ။ 

         တပ်က အရာရှိအနေနဲ့ မိခင်တပ်ရင်းမှာ ဆက်လက် အရေးယူခံရမှာ ဖြစ်သလို မိန်းကလေးကိုလည်း ၅၀၅ ပုဒ်မ နဲ့ အရေးယူသွားပါမယ်လို့ သတင်းရရှိပါတယ် ။ 

......ဒီလို တုန့်ပြန်ဆောင်ရွက်မှု အတွက် ဝမ်းသာကျေနပ်မိပါတယ် ။ 

      အောင်ပင်လယ် ရဲစခန်းက ငါးသိန်းယူပြီး လာဘ်စားကာ သစ္စာဖောက် လောက်ကောင် ဖြစ်နေတဲ့ နယ်ထိန်းခေါင်ဆောင် သတင်းတော့ မကြားသိရသေးပါဘူး ။ 

      မနက်က အမပွား အကောင့်လည်း ဒီကိစ္စ ပို့စ် တင်လိုက်တာ တလ ပိတ်ခံထိသွားပါတယ် ။ 

      မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...