Saturday, July 3, 2021

ရည်ရွယ်ချက်



        ကိုကြီးစိုး ညနေစောင်းမှ ရောက်လာပြီး လေကန်ကြပါတယ် ။ 

"ဟကောင် မနက်က တပုဒ်ပဲ တင်တာတွေ့တယ် ငယ်ဘဝ အကြောင်း တင်အုံး ဟ ငါမသိသေးတဲ့ အကြောင်းတွေ ပါနေပြီ ''

"မဆလ ခေတ် ကျနော်တို့ လူပါးဝခဲ့ကြတဲ့ အကြောင်းတွေလား ''

"အေးကွ စိတ်ဝင်စားတယ် နေပါအုံး မနက်က မင်း အတော်လေး ရေးထားပါလား ကွ ဘာတွေ စိတ်တိုနေလို့ လဲ 505 တွေ ပြန်လွှတ်လို့လား ''

"မဟုတ်ဖူး ဗျ ၅၀၅ တွေ လွှတ်တာ အဖျားအနား အဆင့်တွေပါ ဗျာ နောက်ပြီးတော့ ကျနော့်စိတ်ရင်းအရ ပြစ်ဒဏ်ကြီးကြီး မလုပ်ထားပဲ ထောင်ကျနေတာလည်း မနှစ်သက်ပါဘူး ''

"နေပါအုံး မင်းက ဘာကို စိတ်တိုတာလည်း ''

"နစက တာဝန်မကျေလို့ အပြစ်မဲ့ ပြည်သူတွေ အသတ်ခံရတာ ၅၀၀ ရှိပြီ တခါမှ စာနာကြောင်း တမိနစ်လောက်တောင် တပ်ချုပ်ကြီး ပါးစပ်က ထုတ်မပြောသေးဘူး ထောက်ပံ့ဖို့ ဆိုတာ ဝေးရော အလကားလူစိတ်မရှိတဲ့ လူပါဗျာ.. ''

"ဟော..ပြောရင်း ဖောက်လာပြီ ထားပါကွာ အခုလို လွှတ်လိုက်တော့ ဘာဖြစ်မလဲ ''

"ဆိုးကျိုးကတော့ သပိတ်တွေ ဟိုတစ ဒီတစ သွေးတိုးပြန်စမ်းလာမှာပဲ ၊ ဒါပေမယ့် စိုးရိမ်စရာ မရှိပါဘူး PDF တွေလည်း ချိတ်ဆက်ပြတ်တောက်ကုန်ပြီ ၊ GZ တွေ အားနည်းသွားပြီ ခေါင်းဆောင်တွေ ဖမ်းထားလို့ နိုင်ငံရေးကစားကွက် အနေနဲ့ ပြန်လွှတ်တာပါ ''

"နေပါအုံး အခုပြောနေတဲ့ PR စနစ် အောင်မြင်နိုင်မလား ကွ''

"အချိုးကျ ဝေစုစနစ် ဆိုတော့ လူရာမဝင်တဲ့ ပါတီတွေရော လွှတ်တော်ထဲ ရောက်လာနိုင်မယ် ကောင်းတာ ရှိသလို ဆိုးတာလည်း ကြုံလာရမှာ ပဲ ''

"အ​ကောင်း အဆိုးက ဘာတွေလဲ ကွ ယှဥ်ပြောကြည့်ပါအုံး ''

"ကောင်းတာက အချိုးကျစနစ်ဆိုတော့ ကိုယ်အားပေးချင်တဲ့ ပါတီအတွက် ပေးလိုက်တဲ့ မဲ က အလဟဿ မဖြစ်တော့ဖူး ၊ တကယ့်ပါတီစုံ ဖြစ်သွားမယ် ''

"ကောင်းတာပေါ့ ကွာ နောက်ရော ''

"အစိုးရ အနေနဲ့ ဘက်ဂျက်ခိုးဖို့ ခက်သွားမယ် တနည်အားဖြင့် လာလ်ပေးလာဘ်ယူ နည်းသွားလိမ့်မယ် '' 

"အေး မဆိုးပါဘူး  ဟ ဒါဆိုရင်''

"ဆိုတာ လာမယ် တိုင်းပြည်တည်ဆောက်ရေး လုပ်တဲ့အခါ ဟိုက ကန့်ကွက် ဒီက ကန့်ကွက် နဲ့ ရှေ့မရောက်ပဲ တန့်နေလိမ့်မယ် ''

"ဟေ အဲဒါလဲ ဟုတ်တာပဲ ကွ ''

"အဲဒီလို မဲခွဲရပြီဆိုရင် အဓိက ကျသွားမှာက 25 % ကိုင်ထားတဲ့ တပ်မတော်က အသက်ဖြစ်သွားပြီ ဒီတော့ တပ်မတော်က လွှတ်တော်မှာ သြဇာအာဏာ ပိုကြီးလာလိမ့်မယ် ''

"ဟိုက်.. ဒါလည်း တွေးစရာတွေပဲ ကွ ''

"အဖွဲ့အစည်း တခုဟာ သြဇာရော အာဏာကော ကိုင်ထားနိုင်ရင် ပြန်စွန့်ဖို့ ခက်ခဲတယ် ဒါတွေ ကြိုတင်တွက်ဆထားရမယ် ''

"အေး PR ရဲ့ အားနည်းချက်တွေက ဒါဆိုရင် ဘယ်လိုပြင်ရင် ကောင်းမလဲ ကွ ''

"နောက်ထပ်ရှိသေးတယ် လူမျိုးခြား ဘာသာခြားတွေ လွှတ်တော်ထဲ ရောက်လာနိုင်လို့ ဥပဒေ နဲ့ အတိအလင်း ပြဌာန်း ပိတ်ဆို့ထားသင့်တယ် ၊ ကျုပ်တို့ဆီက နိုင်ငံရေးသမား အများစုက ငွေ နဲ့ အာဏာ ရမယ် ဆိုရင် အမေရင်း နဲ့ သမီးရင်းတောင် ထိုးကြွေးဖို့ ဝန်မလေးတဲ့ လူယုတ်မာတွေ ပါနေတာ NLD က သက်သေပဲ ကြိုကာထားမှ စိတ်ချရမယ်''

"အေး ဒါလည်း ဟုတ်တယ်ကွ နေအုံး ကုလသမဂ္ဂမှာ NUG က မဲခွဲမယ် ဆိုလား ဘာလား အဲဒီ ကိစ္စပရော ''

"အရေးမပါတာ ဗျာ စိတ်ထဲ ထားမနေစမ်းပါနဲ့ ပြည်ပပြေးနေတဲ့ စောက်ရူးတွေက ပြည်တွင်းက စောက်ပေါတွေကို မက်လုံးပေး လေကန်နေကြတာပါ ဘယ်နိုင်ငံက လေထဲက ဝရမ်းပြေးအစိုးရ နဲ့ သံတမန် ဆက်ကြမှာလဲ ဗျ ''

"အေးဒါလည်း ဟုတ်တာပဲ ရုရှားကြီး နဲ့ ကိစ္စကရော ''

"အဲဒါကတော် မြကျောက်ကြီးရဲ့ ချိုတဲ့ အပိုင်းပဲ မြန်မာ့ကမ်းရိုးတမ်းကို ရုရှားက ကာကွယ်ပေးမယ်လို့ ကတိပြုလိုက်ပြီ သိပ်ပြီး အားစိုက်စရာ မလိုတော့ဘူး ကာကွယ်ရေး ကဏ္ဍအတွက်ကတော့ ၅ ကျပ်တန်ပေါက်တူး ရင်းပြီး ရမ်းတူးလိုက်တာ စိန်သိုက်တူးမိသွားတာပဲ ဗျ ''

"အေး စုံသလောက် ဖြစ်ပါပြီ ကွာ မင်းမနက်က စိတ်တိုတာ ၅၀၅ ကိစ္စ မဟုတ်ဖူး နစ်နာသူ ပြည်သူတွေကို ဥပေက္ခာပြုထားလို့ နော် ''

"ဟုတ်တယ် အဲဒါက မြကျောက်ရဲ့ ချဥ်တဲ့အပိုင်းတောင် မဟုတ်တော့ဖူး ပုပ်တဲ့ အနေအထားရောက်နေပြီ ''

"အေးပါကွာ သဘောပေါက်ပါပြီ ငယ်ဘဝလေး ညဆက်တင်စမ်းပါအုံး ဟ ''

"OK ရတယ် ခဏနေ ရေးတင်လိုက်မယ် ဘယ်အချိန် ပြီးမယ်တော့ မသိဖူး ''

"ရပါ့ဗျာ ကဲ ပြန်ပြီဟေ့.. ''

        မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...