Thursday, July 8, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (28)


"ကဲ ပစ္စည်းတွေ စုံလား ညီလေး''

"အင်းး စုံပါတယ် နဲနဲ ပျက်ဆီးတာတော့ ရှိတာပေါ့ ဗျာ သုံးနေတာကိုး''

"ကောင်းပြီ အခု အကိုတို့ သတင်းရတဲ့အတိုင်းဆိုရင် ငါ့ညီတို့က သပိတ်ထဲမှာ မပါဘူး သူတို့က ပါတယ် ဆိုတော့ ဘာဖြစ်လို့လဲ ''

"ဘာဖြစ်ရမှာလဲ ဗျ ဘင်ခရာထဲပါတဲ့ လူတွေကိုက တီးချင် ဆိုချင်လို့ ပါခဲ့ပြတာပဲ လေ ဒီလိုပွဲမျိုးဆို သူတို့လည်း နွဲချင်လို့ ပါကြတာပေါ့ ''

"မဟုတ်ဖူးလေ သူတို့ နိုင်ငံရေး ခံယူချက်ကရော''

"အလကားပါဗျာ ဘာနိုင်ငံရေး ခံယူချက်မှ မရှိကြပါဘူး မယုံရင်မေးကြည့်လေ ဒီမိုကရေစီ ဆိုတာ မပြောနဲ့ ကြားဖြတ်အစိုးရ ဆိုတာ ဘာလဲ လို့ မေးကြည့် သူတို့တယောက်မှ မသိဖူး ''

"ဟုတ်လား ကွ မင်းကတော့ ဘာလို့ သပိတ်ထဲ မပါတာလဲ ''

"သြော် ပါတီယူနစ်ရုံးမှာ အိပ်တယ် စားတယ် လူကြီးတွေ ပေးတာယူတယ် အဲလိုနေသူက သပိတ်ထဲပါရင် လူဟုတ်ပါ့တော့မလား ဗျ ခွေးဖြစ်သွားမှာ ပေါ့''

"ဟို ကောင်မလေးကရော သပိတ်ထဲ ဘာလို့ ခေါင်းဆောင်ဖြစ်နေတာလဲ '' 

(မယုယုနိုင်ကို လက်ညှိုးထိုးပြီး မေးတာပါ )

"သူက မိန်းကလေးတွေထဲမှာ သဘာအရင့်ဆုံး ၊ အသက်ကြီးဆုံးပဲ ကျနော်တို့ထက်တောင် သူက စောသေးတယ် သူပါနေလို့ မိန်းကလေးတွေကို ထိမ်းထိမ်းသိမ်းသိမ်းစောင့်ရှောက်နိုင်ခဲ့တာ ဗျ သူမလိုက်ရင်လည်း သူ့ကို ခြိမ်းခြောက်နေကြသူတွေ ရှိတယ်''

"သြော် ဟုတ်ပါပြီ  ဝါသနာအရ ဆိုချင် တီးချင်လို့ လိုက်ကြတယ် ခြိမ်းခြောက်လို့ လိုက်ကြတယ်ပေါ့ ''

"ဟုတ်ပါတယ် ''

"OK လေ တကယ်တန်းကျတော့ ညီ​​လေးတို့က တရားလိုနေရာ ရောက်နေသူတွေပဲ ညီလေးတို့ ထွက်ချက်တွေက သူတို့အတွက် အရေးပါတယ် ကွ ပြင်ဆင်ထွက်ဆိုချက် ပေးအုံးမလား ''

"မပေးပါဘူး ဒါအမှန်တွေပါပဲ ''

          အဲသလို ပြောပြီး ပြန်ခဲ့ပါတယ် ။ နောက်နေ့မှာ အားလုံးပြန်လွှတ်ပေးလိုက်ပါတယ် ။ မကြာခင်မှာပဲ မယုယုနိုင် နဲ့ အဲဒီ စစ်ဆေးနေတဲ့ အရာရှိနဲ့ ချစ်ကြိုက်သွားပါတယ် ။ နောက် ညားသွားကြပါတယ် ။ 

(အဲဒီအရာရှိ ပက်စပို့ရုံး ကို ပြောင်းသွားပြီးမှ မယုယုနိုင်နဲ့ တခါ 2008 လောက်မှာ ထပ်တွေ့ရပါတယ် )

         အဲဒီကာလတွေမှာ ကျောင်းတွေလည်း မဖွင့်နိုင်ပါဖူး ။ တောခိုသူတွေလည်း အများကြီးပါပဲ ။ ဦးခင်ညွှန့်ရဲ့ သတင်းစာရှင်းလင်းပွဲတွေကလည်း အင်မတန် စိတ်ဝင်စားဖွယ် ကောင်းလှပါတယ် ။ တသက်လုံးက မဆလ ပါတီရဲ့ နှုတ်ဆိတ်နေမှု အမှားတွေကို ဦးခင်ညွှန့်တို့ သင်ခန်းစာ ယူပြီး အားလုံးသိအောင် ဖွင့်ချခဲ့ပါတယ် ။ 
(ယခု တပ်ချုပ်ကြီး ရဲ့ ပြန်ကြားရေး နှုတ်ဆိတ်နေတာ မဆလ အမှားမျိုး လုပ်ဆောင်နေတဲ့ ပုံစံပါပဲ)

          ကျောင်းသားများကလည်း ရတဲ့နည်းနဲ့ မြေပေါ် မြေအောက် လှုပ်ရှားနေပါတော့တယ် ။ တောခိုမယ့် ကျောင်းသားတွေကို ဒေါ်စုကြည်ကိုယ်တိုင် မြှောက်ပေးပြီး တောခိုစေခဲ့ကြောင်း ယင်းကျောင်းသားခေါင်းဆောင်ကိုယ်တိုင် ဖွင့်ပြောခဲ့ပါတယ် ။

      အဲသလို ဆန့်ကျင်မှုတွေ ပြုလုပ်ပေမယ့် ဒေါ်စုကြည်တို့ကတော့ အာဏာလမ်းကြောင်း ဖြစ်တဲ့ ပါတီကို ထူထောင်ခဲ့ပါတယ် ။ ဘယ်လောက်လျှင်သလဲဆိုရင် နဝတက ပါတီမှတ်ပုံတင်ဖို့ ကြေညာပြီး နောက်တရက်မှာ NLD ပါတီက မှတ်ပုံတင်ပါတော့တယ် ။ 

        အဲဒီအချိန်တွေမှာ အဖမ်းအဆီးတွေ ရှိပါတယ် ။ သို့သော် ဘာမှ လုပ်မထားသူတွေ ဘာမှ မဖြစ်ပါဖူး ။ ခင်ဗျားဘာသာ ဖင်လှန်အိပ်နေ လုံခြုံပါတယ် ။ မဆလခေတ်က လူမိုက်တွေ နားရွက်မခတ်ရဲကြပါဖူး ။ 

          လူမှားဖမ်းဆီးခံရတာ ကျနော်တို့မြို့မှာ မရှိသလောက်ပါပဲ ။ လဖက်ရည်ဆိုင်ထဲ စကားကျယ်ကျယ်မပြောရဲဖူး ဘာညာ နဲ့ ယနေ့ ပြောနေကြပါတယ် ။ မဟုတ်ပါဘူး ပြောနေကြတာပါ ပဲ ။ သီချင်းသံ တညံညံကြားမှာ ဒီလိုပဲ အော်ပြောနေကြတာ အဖမ်းမခံရပါဖူး ။ 

        နောက်ကြောင်းမရှင်းသူတွေကတော့ ကြွက်တွင်းထဲ ပုန်းနေတောင် လိုက်ဖမ်းနိုင်ကြပါတယ် ။ 
ပြောချင်တာက ၈၈ မှာ အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်ခြင်း ဖမ်းဆီးခြင်း မရှိပါဖူး ။ ဖင်ယားခဲ့သူတွေသာ အဖမ်းခံကြရတာပါ ။

         ဒါကို မှနိကန်ကြောင်း သက်သေပြချင်တာက NLD လက်ထက်မှာ ထုတ်ဝေခဲ့တဲ့ ၈၈ အဖမ်းခံ ထောင်ထွက် စာရေးဆရာတွေ ရဲ့ စာအုပ်တွေကို လေ့လာကြည့်ပါ ။ သူတို့ဘယ်လို ဆန့်ကျင်ကြောင်း ၊ ဘယ်လို အဖမ်းခံရကြောင်း တွေ ပါရှိပါတယ် ။ 

         တပ်မတော်က မဲမဲမြင်ရန်သူလို့ သဘောထားပြီး မဆက်ဆံခဲ့ကြောင်း ပြောပြချင်ပါသေးတယ် ။ ကျနော့်သူငယ်ချင်း ညီထွေးဆိုတာ ဆီမီးခုံ မှာ ထန်းရေနဲ့ ဆန်ဆေးရေ မှားသောက်တဲ့ ကောင်လေ မှတ်မိကြမှာပါ ။ 

       သူက နိုင်ငံရေး ပိုးပါတယ် ဗျ ။ တနေ့ ဘာအထိမ်းအမှတ်နေ့လဲ မမှတ်မိတော့ဖူး ပင်နီတိုက်ပုံလေးမှာ လက်ပတ် အနက်လေး ပတ်ပြီး ထွက်သွားလေရဲ့ ။ 

        သရဝဏ်ခန်းမ ရောက်တော့ စစ်တပ်က ဖမ်းပြီး သရဝဏ်ထဲ ထည့်လိုက်တယ် ။ ကြောက်ကြောက်နဲ့ အထဲ ဝင်သွားတော့ နံရံကို ကျောပေးပြီး ရပ်နေရတဲ့ သူလို ကျောင်းသားတွေကို တွေ့ရတယ် ။ တပ်ကြပ်ကြီး တယောက်က သူ့ကို မြင်တော့

"ဟာ လာပြန်ပြီ မအေလိုးတွေ မကုန်နိုင်ဖူး ဟေ့ကောင် ဒီလာ နံရံကို ကပ်ရပ်နေစမ်း ငါလိုးမသားတွေ အတော်ဒုက္ခပေးတယ် ''

       အဲလိုလဲ ပြောရော ညီထွေးလဲ တန်းစီ ရပ်နေရတာပေါ့ ခဏနေတော့ နောက်စစ်သားတယောက်ဝင်လာပြီး...

"ကဲ ဆရာကြီး အလုပ်ရှုပ်တယ် ဒီကောင်တွေကို တခါတည်း ပစ်သတ်ကြစို့ ''

(ညီထွေးတို့ အရမ်းကြောက်နေကြပါပြီ )

"အေး  မအေလိုးတွေ လှည့်မကြည့်နဲ့ ခေါင်းငုံ့ထား ဟေ့ ရဲဘော်တွေ ကျည်ထိုး ''

"ဖြောင်း..ဖြောင်း..ဂလောက်. ဂလောက်.. ''

       အဲဒီ အသံတွေက သရဝဏ်ခန်းမထဲမှာ ဟိန်းနေတော့ ညီထွေးဆို သေးပါ ထွက်ကျချင်နေပါပြီ ။ အဲလိုနေတုန်း 

"ဆရာကြီး ခဏ ဒီထဲ မလုပ်နဲ့ မြို့လည်ခေါင်ကြီး မကောင်းဖူး မြစ်ဘေး ပစ်ပြီး မြစ်ထဲ ကန်ချလိုက်တာ အဆင်ပြေမယ် ''

"ဟုတ် ဗိုလ်ကြီး ဟေ့ကောင်တွေ ခေါင်းငုံ့ တယောက်ခြင်း ထွက် ကားပေါ်တက် ခွေးသားတွေ မော့ကြည့်ရင် တခါထဲ ပစ်သတ်မယ်''

        အကုန်လုံး ကြောက်ကြောက်နဲ့ ခေါင်းငုံ့ပြီး စစ်ကားပေါ်တက်ရတယ် ။ ကားပေါ်မှာလည်း ဘယ်မှကြည့်မရအောင် ခေါင်းငုံ့နေကြရတယ် ။ ရောက်ပြီ ဆင်းဆိုမှ ဆင်းကြတော့ စစ်တပ်ထဲ ရောက်နေမှန်းသိရတယ် ။ 

         စစ်တပ်က ရိပ်သာထည့်ထားတယ် ။ နေ့လည်ကျတော့ ခေါက်ဆွဲကြော်လာကျွေးပြီး video ပြပေးထားတယ် ။ နောက်မှ တပ်ရင်းမှူး ရောက်လာပြီး ဆုံးမစကားပြောတယ် ။ လူသုံးယောက် ချန်ပြီး ကျန်တဲ့သူတွေ ပြန်လွှတ်လိုက်တယ် ။ 

       သုံးယောက်ထဲမှာ ညီထွေးလဲ ပါတယ် ။ သူ့မိဘတွေက လာပြီး အကူအညီတောင်းလို့ ကျနော်အသိ တပ်ကြပ်ကြီးကတဆင့် သွားမေးလို့ အကြောင်းစုံ သိခဲ့ရတာပါ ။ စတင် လှုံ့ဆော်တဲ့သူ မပေါ်သေးလို့ ချန်ထားတဲ့ သုံးယောက်ကို စစ်နေတာပါ တဲ့ မနက်ကျရင် ပြန်လွှတ်ပါမယ်တဲ့ ။

          ဟုတ်ပါတယ် မနက်ကျတော့ ပြန်လွှတ်ပေးလိုက်ပါတယ် ။ အဲဒီ ကိစ္စကို ဆော်သြသူက အောင်းသင်းဆိုတဲ့ ကျနော့်သူငယ်ချင်းပါပဲ ။ သင်းဝင်းဆပ်ပြာ ထုတ်လုပ်သူပေါ့ဗျာ ။ အခု မြောက်ဒဂုံစက်မှုဇုံမှာ ဆပ်ပြာထုတ်နေဆဲပါပဲ ။ 

       ငယ်ပေါင်းတွေထဲက အဲဒီပွဲမှာ အဖမ်းခံရတာက မြတ်စိုး (ဘရဏီ သနပ်ခါး)  ၊ ညီထွေး ၊ မော်ကြီး (လမင်း ဖယောင်းတိုင်) တို့ ဖြစ်ပြီး တရားခံအစစ် အောင်သင်းက အိပ်ယာထ နောက်ကျပြီး လွတ်ပါတယ် ဗျာ ။ မိဘတွေက အောင်သင်းကို ဝိုင်းဆဲကြလေရဲ့ ။

      ပြောချင်တာက စစ်တပ်က အရမ်းမဲ့ လုပ်နေတာ မဟုတ်ပါဖူး ဆိုတာ လူငယ်တွေ သိအောင် ပြောချင်တာပါ ။ ကျနော်တို့ဆိုရင် ညဥ့်နက်သန်းခေါင် စက်ဘီးတစီး နဲ့ လွတ်လပ်အေးချမ်းစွာ ကူးချည်သန်းချည် သွားလာခဲ့ကြတာ ဘယ်သူမှ အန္တရာယ်မတွေ့ခဲ့ကြရပါဖူး ။ 

           အဲဒီကာလမှာ ထူးထူးဆန်းဆန်း ကျောက်ဆင်းတုဘုရားတွေက မျက်နှာတော်တွေ ဖောင်းလာတာ သိသိသာသာ တွေ့ရပါတယ် ။ တမြို့လုံး အုတ်အော်သောင်းနင်း လည်ပတ်ကြည့်နေကြရပါတယ် ။ အဲသလို ထူးဆန်းခဲ့တာ မြင်းခြံသား ၅၀ တန်းတွေ ကောင်းစွာ သိကြပါတယ် ။

      ဒီကာလတွေမှာ ကျနော်တို့ အများဆုံးသွားကြတာက ကိုကြည်လင်ဦး အိမ်ကိုပဲ ဖြစ်ပါတယ် ။ သူ့မိန်းမ မသန်းဝင်း ရိုးပုံကို ပြောပြပါအုံးမယ် ။ အဲဒီနှစ် သကြ်န်ပြီးတော့ နှစ်ဆန်း တရက်နေ့မှာ အဖေက ဘုရားဆင်းတုတွေကို ရေသပ္ပါယ်ရင်း အညှိအကြေးတွေ ဆေးကြောခိုင်းလို့ ကျနော် လုပ်နေပါတယ် ။ 

         ဘုရား တရား နဲ့ နေလာတဲ့ သူတော်ကောင်းဆိုတော့ ဆယ်တန်း နှစ်ခါကျပြီးမှ ဘုရားဆင်းတုမှာ ဘုလေး ကိုးဖု ပါနေတာ သိပါတော့တယ် 😁😁

      အဲဒါနဲ့ အဖေ့ကို ...

"အဖေ့ဘုရားဆင်းတုက မသပ်မရပ်နဲ့ ဗျာ ဒီမှာ ဘုတွေ နဲ့ ''

"ဟကောင်ရ အဲလို တမင်ထည့်ထားရတာ ကွ ဆင်းတု အမျိုးအစားအရ ထည့်ကို ထည့်ရတဲ့ အမျိုးအစားရှိတယ် ကွ''

        အဲဒါ မှတ်ထားပြီး ကိုကြည်လင်ဦးဆီ သွားပါတယ် ။ ရောက်တော့ ကိုကြည်လင်ဦး မရှိဖူးတဲ့ ၊ သူတို့အိမ်က အာလူးကြော်လုပ်ငန်း စလုပ်နေတော့ အလုပ်သမားတွေ နဲ့ မသန်းဝင်းပဲ ရှိပါတယ် ။ ဒါနဲ့ ကျနော်က...

"မသန်းဝင်းရေ ကျောက်ဆင်းတုတွေ ဖောယောင် ဖောင်းကြွလာတာ မှတ်မိလား ဗျ ''

"အေး ငါတို့လဲ ကိုးတောင်ပြည့်တို့ ဘာတို့ အကုန်လည်ကြည့်ကြတာ ဟုတ်တယ် တော့ ''

"အင်း အခုဟာက ပိုထူးဆန်းတယ် ဗျ အိမ်က ​​ကြေးဘုရားဆင်းတုတွေမှာ ဘုလေး ကိုးဖု ထွက်လာနေပြီ ဗျ ''

"မဟုတ်ပဲ နဲ့ ပေါက်တီးပေါက်ရှာ ''

"သြော် မယုံရင် ခင်ဗျား ဘုရားစင်က ဘုရား သွားကြည့်လေ ''

"အေး ဟုတ်ရင် ဟုတ်ပေါ့... ''

          ချက်ခြင်း သွားကြည့်ပြိး ဝမ်းသာအာရနဲ့...

"ဟုတ်တယ်တော့ တကယ်ဟုတ်တယ် ဒီမယ် ဒီမယ် လာကြည့်ပါအုံး ကျုပ်အိမ်က ဆင်းတုမှာလည်း ဘုလေး ကိုးဖု ထွက်လာပြီတော့ ''

"ဘုရားကို စားပွဲပေါ်တင်ပြီး အညှိတွေ ပြောင်အောင် ဆေးကြော ရေမွှေး ပန်း ဆီမီး အဲဒါတွေကို အိမ်ရှေ့မှာပဲ ပူဇော်လိုက် မသန်းဝင်း ကျနော်တောင် အိမ်မှာ လုပ်ခဲ့ပြီးပြီ ခင်ဗျား အသိတွေလည်း ပြောလိုက်အုံး ''

        အဲသလို ပြောလိုက်တော့ မသန်းဝင်းလည်း ပျာယာခတ်အောင် လုပ်ပြီး ထမီစွန်တောင်စွဲ သူအိမ်နားက လူတွေကို အားပါးတရ လိုက်ပြောတာပေါ့ ။ အမှတ် ၁ ရပ်ကွက်ထဲမှာ အုံးအုံးကြွက်ကြွက် ဖြစ်သွားပြီး ကျနော်လည်း လစ်လာတာပေါ့ လေ ။ 

       လူတွေက ဘာသာရေးကို ကျနော့်လိုပဲ ဘာမှ မသိသူတွေ အများကြီးကိုး ဗျ ။ ကိုကြည်လင်က နောက်နေ့ကြတော့ အိမ်လာရင်း ပြောပါတယ်...

"ဟေ့ကောင် မင်းမနေ့က မွှေသွားတာ ကုသိုလ်တော့ရတယ် ဒါပေမယ့် ဘုန်းကြီးက အဲဒါ မူလကတည်းက ပါတဲ့ ဘုတွေလို့ ပြောလိုက်လို့ မင်းကို လူရှုပ်လေးပဲ ဆိုပြီး ပြောနေကြလေရဲ့ ဗျာ ''

"ဟဲ ဟဲ ကျုပ်က ခင်ဗျားမိန်းမ အူတူတူကို  စတာပါဗျာ ကျန်တာတွေက ခင်ဗျားမိန်းမ ဖွတာပါ ''

"အေးပါ ဗျာ ငါမရှိတော့ မင်းဂွင်တွေ့သွားတာပေါ့ ''

         အဲဒီအကြောင်းကို ချောင်းဒေါင်းသား သူငယ်ချင်း နဲ့ ရန်အောင်မြင် ဘုရားကြီး ရှေ့က ပလာတာသုတ်ဆိုင်မှာ စားသောက်ရင်း ပြောဆိုရီမောနေမိပါတယ် ။ ချောင်းဒေါင်းသားက ငါတို့ ထပ်စကြရအောင်ကွာ တဲ့ ။

       ဘယ်လို စကြမှာလည်းကွ ဆိုတော့ ကိုကြည်လင် အပြင်ထွက်အောင် ​စောင့်ကြည့်ပြီး သူမရှိမှ မသန်းဝင်းကို ဒီလို ဝင်စကြမယ်ဆိုပြီ တိုင်ပင် ကြပါတယ် ။ 

      နှစ်ယောက်သား တိုင်ပင်ပြီး စက်ဘီးကိုယ်စီနဲ့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်က ထိုင်စောင့်ပြီး ကိုကြည်လင် အထွက်ကို စောင့်နေပါတယ် ။ ကိုကြည်လင်က စက်ဘီးလေး နဲ့ ထွက်လည်းသွားရော နှစိယောက်သား မသန်းဝင်းဆီ ကပျာကယာသွားပြီး...ချောင်းဒေါင်းသားက အမောတကော နဲ့ ပြောလိုက်ပါတယ်....

"မသန်းဝင်းတို့များ မြို့ပေါ်နေပြီး မြို့ထဲ ဘာဖြစ်နေလဲ မသိဖူးလား ဒီအတိုင်းအိမ်ထဲ ကုပ်နေတော့တာပဲ ''

"ဟဲ့ ဘာဖြစ်လို့လဲ ပြောပါအုံး''

"ကျုပ်တို့ နှစ်ယောက် ရန်အောင်မြင် ဘုရားရှေ့က ပလာတာဆိုင် သိတယ် မဟုတ်လား ''

"အမလေး တောင်သာသူဆိုပေမယ့် သိပါ့ သုံးခါ စားဖူးတယ် ဘာဖြစ်လဲ ''

"အဲဒီမှာ မုန့်စားနေတုန်း...ဟေ့ကောင် ဆက်ပြောကွာ မောတယ် ''

"ကျုပ်တို့ စားနေတုန်း ရန်အောင်မြင်ဘုရားဆိုတာ အထက်မြန်မာပြည်က အကြီးဆုံး ထိုင်ကိုယ်တော် ဆင်းတုကြီးကလေ ''

"အေးပါ ဘုရားလည်း သိပါတယ် ဆက်ပြော ''

"အဲဒီ ဆင်းတုကြီးက ဗြုန်းဆို မတ်တပ်ထရပ်လိုက်တာ ဗျာ အပေါ်က သွပ်မိုးတွေကို လန်ပျံ ပွင့်ထွက်သွားတာပဲ မသန်းဝင်းရေ ''

"ဟယ် ဟုတ်လို့လား နင်တို့ မြင်လိုက်တယ်ပေါ့ ''

"အိုးးးးကျုပ်တို့ နှစ်ယောက်လုံးတင်မက ဘူး အဲဒီနားက လူတွေလည်း အကုန်မြင်ကြတာပဲ မုန့်တောင် မစားနိုင်ကြတော့ဖူး နောက်ပြီး ဘုရားကြီးက ပြောပါသေးတယ် ဟေ့ကောင် ဘာတဲ့ မင်းလည်းကြားပါတယ် ''

"ဟားးးးးညောင်းတာ တဲ့ ''

"ဟင် တကယ်လား ငါကြည့်ချင်လိုက်တာ ''

"အဲဒါကြောင့် အမြန်လာပြောတာ ခင်ဗျား ယောကျာ်း နဲ့ သွားကြည့်လေ ''

"မရှိဖူးဟဲ့ ခုနမှ စျေးဝယ်သွားတယ် ''

"ပြဿနာပဲ ဘုရားကြီးက အညောင်းပြေသွားလို့ ပြန်ထိုင်သွားရင် တွေ့ရမှာ မဟုတ်ဖူး ''

"ဟဲ့ ငါက ဘယ်လို လုပ် သွားရမှာလဲ ''

"ကျနော့်စက်ဘီး ယူထားလိုက် အဖော်တယောက်ခေါ်ပြီး သွားလိုက်ပေါ့ ကျနော်က ချောင်းဒေါင်းသားနဲ့ ပြန်လိုက်မယ် နက်ဖြန်မှာ စက်ဘီး မယ် ''

"အေးးအေး ကောင်းတယ် ငါ အဖော်စပ်အုံးမယ် ''

"ပြီးရော မြန်မြန်သွား ကျနော်တို့ ပြန်ပြီ ''

         နှစ်ယောက်သား ပြန်လာပြီး ဆေးရုံနားလမ်းထောင့်ကနေ မသန်းဝင်းကို စမလို့ စောင့်နေပါတယ် ။ မိနစ်နှစ်ဆယ်လောက်ကြာတော့ အူတူအတ မသန်းဝင်းရဲ့ စည်းရုံးမှုစွမ်းရည်ကို မြင်ရပါပြီ ။ 

       မသန်းဝင်းနဲ့ အတူ စက်ဘီးတွေ နဲ့ အုပ်စုလိုက်ကြီး ထွက်လာတာ တွေ့ရသလို လမ်းဆုံက လူတွေကလည်း မေးမြန်း ပူးပေါင်းလိုက်တော့ လူအုပ်ကြီး ဖြစ်သွားပါပြီ ။ 

      ကျနော်တို့လည်း အဲဒါ နဲ့ မပြောရဲတော့ပဲ ပြန်ပြေးလာရပါတယ် ။ ကောလဟာလ ကြီးက တမြို့လုံး ပျံ့နှံ့သွားပြီး ကျနော်တို့ ရည်ရွယ်ချက် ဖြစ်တဲ့ မသန်းဝင်းကို စနောက်ရုံ အဆင့် မဟုတ်တော့ပဲ အဲဒီကာလ တုန်းက တမြို့လုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားခဲ့တာ မှတ်မိသူ မြင်းခြံသားတွေ ရှိနေပါသေးတယ် ။ 

       ပြဿနာ နောက်ဆက်တွဲ အဖြစ် မနက်လင်းတာ နဲ့ အိမ်ကို သယ်လာသူက ကိုကြည်လင်ဦးပါပဲ ။ သူက ကျနော့်စက်ဘီး လာပေးရင်း ပြောတာ ကြောက်စရာပါပဲ ။

"မင်းတို့ နှစ်ယောက်ကို..........?''

           မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...