Saturday, July 3, 2021

တောင်းဆိုမှု နဲ့ မျှော်လင့်ချက်



         နိုင်ငံရေးကိစ္စ မရေးဖြစ်တာ နှစ်ရက်ရှိပါပြီ ။ နိုင်ငံရေး ကစားကွက်တွေ နဲ့ လူတွေ ရဲ့ ထင်မြင်ယူဆချက်တွေ ၊ မျှော်လင့်ချက်တွေ နဲ့က ကွဲပြားခြားနား လေတော့ မိမိတို့ရဲ့ အယူအဆ ကောက်ချက်တွေကို ချပြဖို့ ခဲယဥ်းတဲ့ ကာလ ဖြစ်နေလို့ပါပဲ ။ 

       အမျိုးသားရေးသမားတွေ ထင်နေတာက တပ်မတော်သည် ငါတို့ ယုံကြည်တဲ့ အဖွဲ့အစည်း ၊ ငါတို့ကို အပြည့်အဝ ကာကွယ်ပေးရမယ် ၊ ငါတို့ ဆန္ဒအတိုင်း ဆောင်ရွက်ရမယ် လို့ တထစ်ချ မှတ်ယူထားသူတွေ များနေပါတယ် ။ 

       တကယ်တန်းကျတော့ တပ်မတော်သည် သူ့ကိုယ်သူပဲ အဓိကထားပြီး ကြည့်လုပ်နေတာပါ ပဲ ။ တပ်ချုပ်ကြီးသည်လည်း အခြေအနေအရ သူကောင်းမယ်ထင်တာပဲ လုပ်နေတာပါပဲ ။ သူလည်း ဘယ်အကြံပေးစကားမှ နားမထောင်ပါဖူး ၊ သူလုပ်ချင်တဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ကိစ္စတွေပဲ သူအကောင်အထည် ဖော်နေတာပါ ။

        ပြည်သူတွေ သေနေတယ် တပ်ချုပ်ကြီး သိတာပေါ့ မသိဖူးထင်တဲ့သူ ရူးနေလို့ပဲ ။ ခပ်တင်းတင်း ခပ်ကြမ်းကြမ်း ကိုင်တွယ်ရင် ရမယ်ဆိုတာလည်း သိတာပဲ ။ သူမလုပ်ချင်လို့ မလုပ်တာလေ ။ အချိန်အခါ အရ လုပ်သင့်ပြီထင်ရင် သူလုပ်လိမ့်မယ် ။ ပြည်သူဘယ်လောက်သေသေ သူမလုပ်ချင်ရင် လုပ်မှာ မဟုတ်ဖူး ။ ​သေ​​နေတဲ့ ပြည်သူထဲမှာ သူ့ သား သမီး မပါဘူး လေ ဒါ အရှိတရားပဲ ။ 

     နောက်ပြီး ၅၀၅ တွေ လွှတ်ပေးတဲ့ ကိစ္စ ။ ဒီဖက်ကနေ အော်တဲ့သူက အော်နေကြတယ် ဖာတဲ့သူက ဖာနေပြတယ် ။ အော်လည်း မနေနဲ့ ဖာလည်းမနေနဲ့ လုပ်ပိုင်ခွင့်ရှိသူ အားလုံးက အကွက်ကျကျ လုပ်နေတာ တခုမှ မပါသေးဖူး ။ မီးစင်ကြည့် ကနေကြချည်းပဲ ။

        နီပိန်းတွေက သူတို့အကွက်တွေ လှတယ်ပြောလိုက် ၊ ဘောပိန်းတွေက အဘ အကွက်တွေ လှတယ် ပြောလိုက် နဲ့ တကယ်တန်းကျတော့ ဘယ်မအေလိုးမှ အကွက်လှတာ မဟုတ်ဖူး အရူးချီးပန်း လျှောက်လုပ်နေကြချည်းပဲ ။ လုပ်ပြီးမှ ဟိုလိုလုပ်တာ ဒါကြောင့် ဒီလိုလုပ်တာ ဟိုဟာကြောင့် နဲ့ ဖာသည်တွေ လုပ်နေကြတာလည်း တိုင်းပြည်ဖျက်နေတာ နဲ့ အတူတူ ပဲ ။ 

        အနီတွေ ယုတ်မာလို့ တိုင်းပြည် ကသောင်းကနင်း ဖြစ်နေရတယ် ။ ဒါ အမှန်တရားပဲ ၊ သူတို့ စောက်ဖိုးမတန် စောက်သုံးမကျလို့ တိုင်းပြည် ဗွက်ပေါက်ပြီး အစစ ပျက်ဆီးနေတယ် ဒါ ပဲ ။

     တပ်မတော်ကရော ဘာမှ မထူးဖူး ။ စတက်လာကတည်း က ရူးကြောင်ကြောင် မူဝါဒ နဲ့ တက်လာတယ် ။ အကြမ်းဖက်ခံရအောင် ဟ ပေးပြီး အပြစ်မဲ့ ပြည်သူတွေ သေကြေနေတာကို လက်ပိုက်ကြည့်နေခဲ့တယ် ။ 

       ပြီးတော့မှ ပေါကြောင်ကြောင်နဲ့ မထိမရောက် နှိမ်နင်းတယ် ။ အခုဆို ဖမ်းပြီးသားတွေ ပြန်လွှတ်ပေးတယ် ။ ၅၀၅ နဲ့ ဖမ်းတာ နိုင်ငံရေးပုဒ်မ ဖြစ်နေလို့ နိုင်ငံတကာ ဖိအားကြောင့် ဘာညာ ဆင်ခြေပေးကြတယ် ။ 

        အဆင်တွေ အကွက်တွေ မဟုတ်ဖူး ၊ အကြမ်းဖက်အုပ်စု ပြိုကွဲနေပြီ သူတို့ ခေါင်ချုပ်တွေ ဖမ်းမိထားလို့ ထိမ်းချုပ်နိုင်ပြီ ထင်ပြီး တပ်ချုပ်ကြီးက နာမည်ကောင်းရရေး လွှတ်ပေးတာပဲ ။ နိုင်ငံရေး ပုဒ်မဆိုတာ ဘယ်တိုင်းပြည်ပဲ ဖြစ်ဖြစ် ရှိနေတာပဲ ။ ဖမ်းတော့ လပြွတ်ဖြစ်လား ကွာ ဆိုပြီး ခပ်တင်းတင်း တုန့်ပြန်ရမှာ မဟုတ်ဖူးလား ။ 

      ထားတော့ သူ့ဘာသာ ဘယ်သူ့လွှတ်လွှတ် ကိုယ့်ကိစ္စမဟုတ်ဖူး ။ အမျိုးသားရေး သမားတွေ သိထားဖို့က ခင်ဗျားတို့ကို တပ်ချုပ်ကြီးက တန်ဖိုးထားတယ် ထင်နေသလား ။ 

    လုံးဝ တန်ဖိုးမထားဖူး ဆိုတာသေချာတယ် ။ ကိုယ့်ကိုကိုယ် အထင်ကြီးမနေကြနဲ့  ။ ပြည်သူတွေ ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပါ့မယ်လို့ ကတိသစ္စာ ဆိုထားရတဲ့ တပ်မတော် က အာဏာအရပ်ရပ် ယူထားပြီးမှ အသတ်ခံရ ၊ အရှက်ခွဲခံထားရတဲ့ သူတွေ ၊ အိုးအိမ်စည်းစိမ် မီးရှို့ ဖျက်ဆီးခံရသူတွေ အပေါ် တပ်ချုပ်ကြီးက ဘယ်နှစ်ခါ စာနာကြောင်း ထုတ်ပြောဖူးပြီလဲ ။ 

     ငွေကြေး ပစ္စည်း အထောက်အပံ့ သူပေးခဲ့ဖူးပြီလား ။ တကယ်တန်းကျတော့ တပ်ချုပ်ကြီးက သူ့ဖို့သူ ပဲ လုပ်နေတာပါ ။ အရေးကြီးဆုံးဖြစ်တဲ့ တပ်မတော်ကို ထောက်ခံမိလို့ နစ်နာသူတွေကို လှည့်မကြည့်သေးပဲ ခုထိပစ်ထား​နေတဲ့ တပ်ချုပ်ကြီး ဆီက ခင်ဗျားတို့က ဘာတွေ မျှော်လင့်နေကြတာလဲ... ?

       သူ့ကိုဆဲနေတဲ့သူတွေ ၊ သူ့ကို သတ်ဖြတ်ဖို့ လှုံ့ဆော်နေသူတွေ အပေါ် သူဟာ ဘာပဲ ပြောပြော စေတနာထားနိုင်တယ် ၊ မေတ္တာထားနိုင်တယ် ။ ဒါကို ဘာမှ ပြောစရာ မလိုပါဘူး ။

          ပြောရမှာက သူ့ကို ထောက်ခံလို့ ဘဝပျက်ရ အသက်ပျောက်ရတဲ့ သူတွေကို မကာကွယ်တာ ၊ နှုတ်၏စောင်မခြင်း ၊ လက်၏စောင်မခြင်းတွေ နဲ့ မစောင့်ရှောက်ပဲ နေစိမ့်တဲ့ လူစိတ်မရှိတဲ့ သဘောထားကို ဝေဖန်ရပါမယ် ။ 

      နောက်ဆုံးပြောရမယ် ဆိုရင် အနီလည်း ပြည်သူကို ဖျက်ဆီးနေသလို တပ်ချုပ်ကြီးလည်း ပြည်သူကို တကယ်မချစ်ပါဖူး ။ 

     အနီ ကော တပ်မတော်ရော အကွက်တွေ လှမနေကြပါ နဲ့ တကယ်တမ်းကြတော့ ငါး ပွက်ရာ ငါးစာချပြီး ပြည်သူကို ဒုက္ခပေးနေကြနေကြတဲ့ မအေလိုးတွေ ချည်းပါပဲ ။ 

      မျိုးဝင်း

(အကောင့်ကျလည်း မတတ်နိုင်ဖူး အသစ်ဖွင့်ရင်လည်း လင့်ချ ပေးနေကြ မသဲသဲ အကောင့်တောင် သုံးရက် ပိတ်ခံထားရသတဲ့ )

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...