Saturday, July 10, 2021

မီးရထားက သံချောင်းသံ



         ကိုကြီးစိုးတယောက် မနက်အစောကြီး ရောက်လာတာ နဲ့ လက်ဖက်ရည်ဆိုင် ချီတက်ပြီး ဝါးကြောဖွင့် လေကန်လုပ်ကြပါပြီ ။ 

  "ဟေ့ကောင် မင်း မနေ့က တင်တဲ့ ပို့စ်က ထိရောက်သားပဲ ကွ''

"မဟုတ်ပါဖူး ဗျာ ကိုနောင်တော်လေးတို့ တင်ထားတာ တရက်စောပါတယ် ကျနော်က မရေးတော့ဖူး ဆိုပြီး အမပွား ပို့စ် ထဲ ဝင်မန့်လိုက်တာ အမက ရေးပါအုံး တိုက်တွန်းလို့ ထရေးလိုက်တာပါ ''

"ကော်ပီဆရာတွေ ကျေးဇူးနဲ့ ပျံ့နှံ့သွားတော့ ကောင်းတာပေါ့ ကွာ ''

"ဟုတ်တယ် မိတ်ဆွေတွေ ဖြန့်လိုက်တော့ ပိုကောင်းသွားတာပေါ့ အမှန်က တပ်မတော်အနေနဲ့ အရေးယူဖို့ လုပ်ပြီးသား နေမှာပါ ကျနော်ရေးလိုက်တာ နဲ့ တိုက်ဆိုင်သွားလို့ ဖြစ်ပါမယ် ၊ တကယ်ကျေးဇူးတင်ရမှာက ကိုနောင်တော်လေးတို့ရဲ့ မြန်မာနေရှင်နယ် ပို့စ် ပါ ဗျာ ''

"ဘာပဲပြောပြော အားလုံး ဝိုင်းတွန်းလို့ မြန်မြန်ရွေ့တာကွ နေပါအုံး ဟိုကောင် နယ်ထိန်းခေါင်းဆောင်ရော ''

"သူတို့လည်း အခုလောက်ဆို မြွေဖမ်းနေရောပေါ့ ဗျာ ''

"အေးကွ စဥ်းစားမရတာ နောက်ကြောင်းစီစစ်တဲ့ တပ်ရေး ဗိုလ်ကြီး က ဘာလို့ ထောက်ခံသလဲ တွေးမရဖူး ''

"ကောင်မလေးက ပိုက်ဆံရှိတယ် ၊ အပိုင်စခန်းဖြစ်တဲ့ အောင်ပင်လယ်ရဲစခန်းက နယ်ထိန်းခေါင်းဆောင်က အနီလောက်ကောင် လာဘ်စားတဲ့ရဲ အရာရှိ ၊ ဒီတော့ ဒီကောင်မလေးမှာ ပြစ်မှုကင်းရှင်းရှင်းကြောင်း ထောက်ခံစာက ငှက်ပျောသီး အခွံခွာရလို လွယ်လွယ်လေးပါ ဗျာ ''

"အေး ဒါဆို အဲဒီမိခင်တပ်ရင်းက အရာရှိတွေ ဒုက္ခ မရောက်လောက်ပါဖူး နော် ရာထူးတဆင့်တိုးဖို့ လွယ်တာ မဟုတ်ဖူးကွ ''

"ဒါကတော့ သူတို့ အပေါ် မူတည်တာပေါ့ ဗျာ ထောက်ခံစာ ရေးပေးလိုက်တဲ့ အောင်ပင်လယ်ရဲစခန်းကို မွှေနှောက်စစ်ဆေးပြီး တရားခံအစစ်ကို ဂုတ်ဆွဲပြရင် လွတ်ကင်းသွားပါ့မယ် ''

"အေးကောင်းတယ် ငါသာ အဲဒီတပ်ရင်းမှူးဆိုရင် အောင်ပင်လယ် ရဲစခန်း သွားပြီး တာဝန်ရှိတဲ့ ဂါတ်စာရေးကနေ နယ်ထိန်းခေါင်းဆောင်အထိ ပါးရိုက်ဖော်ထုတ်ခိုင်းမှာ ပဲ ''

"ထားပါ ဗျာ သူတို့ ကိစ္စတွေ ဖြစ်သွားပါပြီ ''

"အေး နောက်တခု ပြောအုံးမယ် ဆေးခြောက်အနွယ် (ဟမ့်)  စိုက်ပျိုးခွင့်ကို တရားဝင် ခွင့်ပြုပြီဆိုပြီး အမိန့်စာ ထွက်လာတာ ဖတ်မိတယ် ကွ ''

"တွေ့တော့ တွေ့တာပဲ အစစ်ဆိုရင်တော့ တောင်သူတွေ အတွက် တကယ့်သတင်းကောင်း ဗျ သူက ရေမလို မြေသြဇာ မလို ပိုးသတ်ဆေး အပင်အားဆေး စတာတွေ မလိုတဲ့ အတွက် စိုက်ပျိုးစရိတ် သက်သာတာပေါ့ ဗျာ ''

"အေး မှန်ပါစေ ဆုတောင်းပါတယ် ကွာ ''

"အင်း covid နဲ့  နိုင်ငံရေး နှိပ်စက်လို့ GDP -10 ပြနေတဲ့ တိုင်းပြည်ကို သမရိုးကျ ရူးကြောင်ကြောင် ပေါ်လစီလောက်နဲ့ ထူထောင်ဖို့ မဖြစ်နိုင်တာ အကြီးအကဲတွေ သိဖို့ ကောင်းပြီ ဗျာ ''

   16-2-2021.  ဂါတ်ဗိုလ်လုပ်ပေး ၊ ဒေါ်သီသီနွယ် ပေါင်းစားအမျိုးသမီး ၊ သန့်ဇင်မောင် ဝန်ကြီး သိ ၊ ဘူတာကြီး အိမ်ဆောက် ၊ ဘူတာ ကံထရိုက် ယူလိုက် ၊ သန့်ရှင်းရေး စျေးသည် ပြဿနာ တက်ကြ ၊ ဓာတ်ပုံတွေ ရိုက် ခြိမ်းခြောင် cdm စည်းရုံး ၊ ရထားထွက် ၊ ဘူတာ အကျော်ကနေ ဟမ်းစပီကာနဲ့ ပိတ်ဆို့ ဆန္ဒပြကြ ၊ ၆၆ အမှု ဖွင့် ၊ နေပြည်ရုံးချုပ် တိုင်းမန်နေဂျာ အမှုပိတိ ၊ ရဲစခန် ကိုက် ၂၀၀ ၊ လျှပ်စစ် ယူသုံး ၊ ယခုထိ နစက မကောင်းကြောင်း ရေး ။ ရာထူးတိုး တယောက်မှ မပါလာကြဖူး ၊ ခိုးဝှက်ပြန်ကြရတယ် ၊ တင်အောင်ဆန်း (ဗခက) MD / GM.  CDM မလုပ် ။

"အေးကွ အဲဒါတော့ ဟုတ်တယ်ဟေ့ ဒါနဲ့ တနေ့က ငါပြောထားတဲ့ မော်လမြိုင်ဘူတာ အကြောင်း စုံစမ်းလို့ ရပြီလား ''

"ရပြီ ဗျ ဒီကောင်က ထင်တာထက် ပိုရှုပ်နေတယ် မီရထားဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း က အခုမှ ဝင်လုပ်ရတာ ဆိုတော့ သူဘာမှ မသိနိုင်တဲ့ အချက်တွေပါ လာတွေ့ရတယ် ဗျ ''

"ဟေ..လုပ်စမ်းပါအုံး ကွ ''

"မော်လမြိုင်ဘူတာမှာ ရဲစခန်းနဲ့ ကိုက် ၂၀၀ လောက် အကွာမှာ ကျူးကျော်မြေထဲမှာကိုပဲ တိုက်တလုံး ခပ်တည်တည် ဆောက်ထားတယ် ၊ EPC က လျှပ်စစ်မီး ယူသုံးတယ် အားလုံးက မသိချင်ယောင် ဆောင်နေတဲ့ လူတယောက်ရှိတယ် CDM လုပ်ကြဖို့ ဦးဆောင်ခဲ့သူ ဖြစ်တယ် ။ အခုထိ နစက ကို ဆဲနေတုန်းပဲ ဗျာ ''

"ဟ စွမ်းလှချည်လား ကွ ဘယ်ကောင်လည်း ကွ ''

"ယောကျာ်း မဟုတ်ဖူး ဗျာ မသီသီနွယ် ဆိုတဲ့ အမျိုးသမီး ပါပဲ ''

"သူက.....? "

"သန့်ရှင်းရေးဌာနက တဲ့ ဗျာ ''

"ဟေ တံမျက်စည်းလှည်းတဲ့ ဌာနက...... ''

"ပေါ့တော့တော့ မတွက်နဲ့ ကိုစိုးရ ဒီအမျိုးသမီးက မော်လမြိုင်ဘူတာကြီးကနေ NLD လက်ထက်က မီးရထားဝန်ကြီး သန့်ဇင်မောင် နဲ့ သိကျွမ်းသလို အခု လက်ရှိ DM / GM တွေ အထိ ကိုင်ထားနိုင်လို့ ဒီလို ဘူတာကျူးကျော်မြေမှာ လုပ်ချင်သလို လုပ်ရဲနေတာ ဗျို့ ''

"ဟ အဲဒီလိုလား ကွ ငါက ဘူတာမှာ ရှိတဲ့ ဝန်ထမ်းတွေ စျေးသည်တွေ တက္ကစီဂိတ်တွေ ရန်တိုက်ပြီး ပြဿနာရှာတာလောက် သိထားတာ ကွ ''

"သူ့ကြောင့် အချုပ်ကျ ထောင်ကျ ဖြစ်ခဲ့ရတဲ့ မီးရထားရဲ တွေတောင် မနည်းတော့ဖူး ဗျ အထက်အရာရှိ DM GM တွေက အစ အဲဒီအမျိုးသမီးကို ဖူးဖူး မှုတ်နေတာကိုး ''

"NLD လက်ထက်က ဝန်ကြီး နဲ့ သိတာကိုး ကွ အခုကော ''

"အခု ပိုဆိုးတယ် ဗျာ ဝန်ကြီးအသစ်က ဘာမှ မသိတော့ DM. GM တွေ လိမ်သမျှ လက်မှတ်ထိုးပေးနေတဲ့ ငပေါကြီးကို ဖြစ်နေပါပေါ့ ဗျာ ''

"ဟေ  ဘယ်လို    ဘယ်လို ''

"ဒီလို ဗျ  16-2-2021 မှာ ရန်ကုန် မော်လမြိုင် မီးရထား ထွက်မယ်ဆိုပြီး လုပ်ကြရောဗျို့ ''

"ဟ အဲဒီ အချိန်က CDM လုပ်နေတာ လေ ''

"မှန်တယ် ဂါတ်ဗိုလ်က CDM ဆိုတော့ ကျန်တဲ့ လက်မှတ်စစ်တို့ ဘာတို့ စက်ခေါင်းမောင်းတို့က NON CDM တွေ စုပြီး ရထားထွက်ကြပါရော ''

"အင်း ဒီတော့....''

"ခုနက မသီသီနွယ်က လူစုပြီး ဘူတာ အထွက်နေ ပိတ်ဆို့တားတာပေါ့ ဟမ်းစပီကာ တလက် နဲ့ သူဦးဆောင် တားမြစ်တယ် CDM ဝန်ထမ်းတွေကို သူခေါ်လာပြီး ရထား မထွက်နိုင်အောင် ပိတ်ဆို့ထားတယ် နောက် အရပ်သားတွေပါ များလာလို့ ရထားမထွက်ရတော့ဖူး ဗျ ''

"ဒီတော့....... ''

"အဲဒီ အမျိုးသမီးကို ၆၆ နဲ့ တရားစွဲပါရော ''

"အင်း....ထောင်ကျရောလား ''

"ကျနေရင် ဘယ်ရေးမလဲ ဗျ အခုဟာက နေပြည်တော်ရုံးချုပ်က မန်နေဂျာက အမှုပိတ်ပေးပါ ဆိုလို့ ပိတ်ပေးလိုက်ရသတဲ့ ''

"ဟိုက် ဒါဆို နေပြည်တော် မီးရထား ရုံးချုပ်က အကြီးအကဲ ကိုယ်တိုင်က..... ''

"CDM တွေကို မြှောက်ပေးနေတဲ့ အယောင် non CDM လောက်ကောင်ပဲ ဗျ ''

"သူနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးတာလည်း ဖြစ်နိုင်တာပဲ ကွ ''

" ဆရာဝန် အုပ်စု နဲ့ ကျောင်းဆရာ အုပ်စု ပြီးရင် တတိယ အကြီးဆုံး CDM အုပ်စု က မီရထားပဲ ဗျ အဲဒါ အဲလို ခွေးသူတောင်းစား အယောင်ဆောင် non CDM တွေ လက်ချက်ကြောင့် ဗျ ''

"အခြားသက်သေရော ရှိသေးလား ''

"16-2-2021 နေ့ တုန်းက CDM လုပ်နေကြလို့ ရထားမထွက်နိုင်တာကို NON CDM သမား ဝန်ထမ်းကောင်းတွေက ကြိုးစားပြီး ရထားထွက်ဖို့ အားထုတ်ခဲ့ကြတယ်နော်''

"အေး လေ ''

"ပိတ်ဆို့ထားလို့ ထွက်မရပဲ နောက်ပြန်ဆုတ်ခဲ့ရတဲ့ ဝန်ထမ်းတွေကို သတ်မယ် ဖြတ်မယ် လုပ်ကြလို့  တိမ်းရှောင်နေခဲ့ရရှာသေးတယ် ဗျာ ''

"အင်း  ဟုတ်ပြီ ''

"အခု မီးရထားဌာန မှာ ဝန်ကြီးအသစ် လက်ထက် ရာထူးတိုးပေးတော့.....''

"အဲဒီ မော်လမြိုင်က Non CDM တွေ OK ပြီပေါ့ ကွာ''

"ရမ်းတုတ်နေပြန်ပြီ...အဲဒီ အသက်စွန့်ပြီး နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ကြတဲ့ 16-2-2021 က ဝန်ထမ်းကောင်း Non CDM တွေ တယောက် မှ မပါလာဖူး ဗျ ''

" ဟင်....ဒါဆိုရင်...? "

"မီးရထား ဝန်ကြီးဌာနရဲ့  DM တွေ GM တွေ ဘယ်လောက်ယုတ်မာသလဲ ဆိုတာ ပေါ်လွင်နေတာပေါ့ ဗျာ ''

"ဒါဆိုရင် ဘာလုပ်သင့်သလဲ ကွ''

"ခင်ဗျားကလည်း ဗျာ နစက အနေနဲ့ ဖြစ်စဥ်သိသွားရင် ဟုတ်မဟုတ် မော်လမြိုင်ဘူတာကို သွားစစ်ဆေးကြည့်ပေါ့ ဗျာ မှန်နေရင် လိုအပ်သလို DM GM တွေကို အလုပ်ဖြုတ် ထောင်ချပစ်ဗျာ ဒါမှ နောင်ကို မလုပ်ရဲကြမှာ ''

" ကောင်းတယ် ကွာ ငါက နဲနဲလေး စုံစမ်းခိုင်းတာ မင်းက အားလုံးထောင့်စေ့အောင် စုံစမ်းပေးတယ် ကျေးဇူးပဲ ''

"ကဲ ကျေးဇူးတင်ရင် ပါဆယ်ထပ်ဆွဲသွားမယ် ပြောရတာ မောသွားပြီ တခွက်ထဲနဲ့ မတန်ဖူး ''

"ယူပါဗျာ တန်ပါတယ် နေအုံးဟ ငယ်ဘဝ ဆက်ရေးအုံးလေ မနေ့ကလည်း မရေးဖူး ''

"ပါဆယ် နဲ့ တန်အောင် ခိုင်းပြီ ငယ်ဘဝက စိတ်လန်းနေမှ ရေးလို့ ကောင်းတာ ဗျ ဒါမှ ပြန်စဥ်းစားလို့ ပေါ်လာတာ ကဲ ဒီနေ့ ရေးပါ့မယ် ဗျာ စိတ်ချပါ'' 

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...