Thursday, July 8, 2021

၁၂ ပဲရည်


          ကိုစိုးတယောက် ရောက်လာပြီး ပေါက်ကရပြော ပေါက်ကရမေး နေလို့ စကားပြောနေပြန်တယ် ။

"ငမျိုးရေ အခု တလော နမခ တိုင်းမှူးကို မေတ္တာပို့သူတွေ များနေပါ့လား ကွ ''

"များဆို စစ်ကိုင်းတိုင်းက ဇောင်းထနေတာ သူမှ နိုင်နင်းအောင် မကိုင်တွယ် နိုင်တာပဲ ဗျ ''

"နယ်မြေကျယ်တာလည်း ပြဿနာ ပဲ ကွ '' 

"ခင်ဗျားကလည်းဗျာ နယ်မြေကျယ်တာထက် အောက်ကလူ​တွေကလည်း တက်ညီလက်ညီ စောက်ဖျင်းပြိုင်နေကြလို့ ဗျ  ရှင်းရှင်းပြောရရင် လောက်ကောင်တွေ များနေလို့ပဲ''

"သတင်းက အရေးကြီးတာကွ ''

"မဟုတ်ဖူး ဗျ လုပ်ချင်ကိုင်စိတ်က ပိုအရေးကြီးတာ စစ်ကိုင်း တစက ဥက္ကဌက အနီပါလို့ ဝိုင်းပြောကြတယ် တပ်ချုပ်ကြီး နားကန်းနေတယ် ၊ တိုင်းမှူးက ထိုင်ရာမထ အောက်ခြေက စောက်သုံးမကျတဲ့ တပ်မှူးတွေကို တာဝန်ကျေပဲ ခိုင်းနေတယ် ၊ သူ့အခက်က စကထမှူး ကရော ဘာထူးလည်း ထိရောက်အောင် မကြီးကြပ်ဖူး စောက်ရှက်မရှိတဲ့ သူတွေ စစ်ကိုင်းတိုင်းမှာ စုပြုံရောက်နေတာပါ ဗျာ ''

"မဟုတ်ဖူးလေ ကွာ စစ်ရုံးက သိရင်တော့ မနေလောက်ပါဖူး ''

" စစ်ရုံးချုပ်က သိမသိတော့ မသိပါဘူး ဗျာ တန်ဆည်မြို့နယ် ကာပေါင်းကျရွာဆိုရင် အိမ်တွေ မီးရှို့တယ် ၊ လူသတ်တယ် ရွာက ဘုန်းကြီး ဦးစန္ဒိမာ ကိုယ်တိုင် သူ့ဘုန်းကြီး​ကျောင်းပေါ် ချော့ခေါ်ပြီး ဝိုင်းသတ်တာ ဗျာ ၊ KIA က ပြန်လာတာ ဘယ်သူ့သား မောင်ဘယ်သူ အတိအကျ သတင်းပေးကြတာပဲ ၊ ဓာတ်ပုံတွေ နဲ့  မီးရှို့သူတွေ အတိအကျ ဖော်ပြထားတယ် ဘယ်သူမှ ထိထိရောက်ရောက် အရေးမယူတာ အမှန်ပဲ ''

"အဲဒီရွာ ဒီလောက်ဆိုးသလား ''

"တူမီး တအိမ်တလက်ရှိတယ် ၊ သေနတ်အစစ်တွေ ရှိတယ် အတိအကျ နာမည်တွေ နဲ့ သတင်းပေးကြတယ် ဘာ်မအေလိုးမှ ဖိဖိစီးစီး အရေးမယူဖူး သွားကြည့်ပြန်လာ ဒါပဲ လုပ်ပြနေတယ် အလကားတာဝန်မကျေတဲ့ လူတွေပါဗျာ ''

"အေးကွ စစ်ကိုင်းတိုင်းက လူတွေ အကုသိုလ် ဝင်ကြတာပဲ ဟေ့ မင်းပြောတဲ့ သာလွန်မင်းအမိန့်တောင် ပြန်သတိရလာပြီ ''

"ဘာလဲ ဗျ မေ့နေပြီ ''

"သြော် အခွန်ကောက်ရုံကောက်ပြီး ပြည်သူကို မစောင့်ရှောက်တဲ့ မင်းမှုထမ်းကို အစာ စားပြီး ပျံထွက်သွားတဲ့ ငှက်ယုတ်လိုကျင့်ကြံလို့  သတ်ပစ်မယ်လို့ အမိန့်ထုတ်ခဲ့တာလေ ကွာ ''

"အင်း အဲဒီအမိန့်သာ အခုထိ တည်နေရင်တော့ အာဏာပါးကွပ်သားပါ စစ်ကိုင်းတိုင်း တခုတည်းနဲ့ လက်ပန်းကျသေရလိမ့်မယ်ဟေ့ ''

"အမှန်ပဲ စစ်ကိုင်းတိုင်း ကျက်သရေယုတ်တာ တပြည်လုံး မှာ အဆိုးဆုံးပဲ ''

"ပါတီတွေကလည်း လှုပ်ဖို့ မလိုဖူးလား ကွ ''

"သြော်သူတို့က လပြွတ်ပဲရှိတဲ့ သူတွေလေ ဘာသွားလှုပ်ရမှာလည်း ''

"မဟုတ်ဖူးလေ ကွာ မင်းပြောခဲ့သလို တပ်ချုပ်ကြီး နဲ့ သွားတွေ့ပြီး ပြောပြရမှာပေါ့ ကွ ''

"ကျနော်သတင်းကြားတာကတော့ သွားတွေ့ပြီး တင်ပြပြီးပြီ သူတို့ပြောတာကို ဆုံးအောင်နားထောင်တယ်တဲ့ နောက်ပြီး ကျနော် ဘာလုပ်ရမယ်ဆိုတာ သိပါတယ် လို့ ပြောလိုက်လို့ ပြန်လာကြရတယ် တဲ့ ဗျာ ''

"သြော် ဒီလိုကိုး..မင်းတော့ မသိဖူးကွ ငါကတော့ ကြံ့ခိုင်ရေးလည်း သဘောမကျဖူး ကွာ ''

"အင်း ဘယ်သူ့သဘောကျလည်း NLD လား ''

"ဟာ လုပ်ပြီကွာ သဘောပြောတာပါ ကွ ''

"ဘာလို့ သဘောမကျတာလည်း ဗျ ''

"လာဘ်စားတာ ပျောက်အောင် မလုပ်ဖူးလေ ''

"အင်း ဦးသိန်းစိန်ရဲ့ အားနည်းချက်က အဲဒါပဲ ဗျ ကိုယ့်လူကို ညှာတာပေါ့ လေ ဒါနဲ့ ကျနော်မေးမယ် မြန်မာပြည်မှာ လုံးဝ လာဘ်မစား ၊ ကိုယ်ကျိုးမရှာတဲ့ အသင်းအဖွဲ့ တွေ့ဖူးလား ဗျ 
"

"အင်း ဒါကတော့ ဆွမ်းလောင်းအသင်းကနေ ဘုရားဂေါပက အထိ ခပ်ရှားရှားပဲ ကွ ''

"ပြောချင်တာက အခွင့်အရေး ရရင် ရသလို လုပ်တတ်ကြတာ အရိုးစွဲနေပြီ ဗျ ကြံ့ခိုင်ရေး နဲ့ NLD ယှဥ်ကြည့်လေ ''

"အေးကွ NLD ငါးနှစ် သုံးတဲ့ ငွေက ကြံ့ခိုင်ရေးထက် ပိုများပြီး လုပ်ငန်းပြီးတာ ကျတော့ ကြံ့ခိုင်ရေးက လက်ဆုပ်လက်ကိုင် ပြနိုင်တာတွေ ချန်ခဲ့နိုင်တယ် ကွ ''

"အဲသလို တွေးနိုင်ရင် ခင်ဗျား မကြိုက်တာတွေ လျော့ပါးသွားပါလိမ့်မယ်ဗျာ ကျုပ်တို့ ပြည်သူတွေလည်း ဟိုလူ့ မကြိုက် ဒီလူ့ မကြိုက်နဲ့ ရောဂါတခုလိုကို ဖြစ်နေကြပြီ ဗျ ''

"အေး အဲဒါ ဘာကြောင့်လဲ ကွ ''

"အုပ်ချုပ်သူတွေ ရဲ့ ရိုးဖြောင့်မှု နဲ့ စွမ်းဆောင်ရည်တွေဟာ စံမမှီတဲ့ ၁၂ ပဲရည် အဆင့်တွေ မို့လို့ပေါ့ ဗျာ ''

"နင့်မေလွှား မင်းကောက်ချက်က ခေတ်အဆက်ဆက်က အစိုးရတွေ နဲ့ လက်ရှိအစိုးရ ပေါင်းပြီး ပုဒ်မ မျိုးစုံနဲ့ ငပိကျော် ရေရှည်စားရမယ့်ကိန်းမြင်တယ် လစ်ပြီဟေ့ ''

           မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...